Art is My Life: ဒွေး၏ အရိုးများ ချောင်းဝဘုန်းကြီးကျောင်းတွင် လွမ်းစေတီတည်

Tuesday, July 17, 2007

ဒွေး၏ အရိုးများ ချောင်းဝဘုန်းကြီးကျောင်းတွင် လွမ်းစေတီတည်

ဒွေးတို့ လမ်းထိပ်က လူအုပ်



ရုပ်ရှင်သရုပ်ဆောင် ဒွေးရဲ့ အရိုးတွေကို အထဲမှာ ထည့်ထားပြီး ကိုးတောင် အမြင့်ရှိတဲ့ လွမ်းစေတီင်္ တစ်ဆူကို ချောင်းဝ ဘုန်းတော်ကြီး ကျောင်းအတွင်းမှာ ယနေ့တည်ခဲ့ပါတယ်။ အခုတည်တဲ့ စေတီဟာ အရင်ကဒွေး လှုဒန်းခဲ့တဲ့ အကယ်ဒမီ ကျောင်းဆောင် နားလေးမှာ ဖြစ်ပါတယ်။

ဒီနေ့ ဒွေးရဲ့ ရက်လည်ဆွမ်း သွပ်တဲ့နေ့ ဖြစ်တာကြောင့် မနက်မိုးမလင်းခင် ကတည်းက ဒွေးရဲ့ ပရိတ်သတ်တွေ ဘောက်ထော်က ဒွေးအိမ်လမ်းထိပ်မှာ ရောက်ရှိလို့နေကြပါတယ်။ နံနက် ခုနှစ်နာရီ လောက်လဲ ရောက်ရော ဒွေးနေတဲ့ လမ်းထိပ်မှာ လူအုပ်ကြီးက တိုးလို့ မပေါက်နိုင်အောင် ရှိနေပါတယ်။

ဒွေးရဲ့ ကျန်ရစ်သူ မိသားစုက လာသမျှ ပရိတ်သတ်တွေ အားလုံးကို လမ်းထိပ်မှာ ရှိတဲ့ ဘုန်းကြီး ကျောင်းအတွင်းမှာ မုန့်ဟင်းခါး ကျွေးပါတယ်။ မုန့်ဟင်းခါးကတော့ လူသုံးထောင်စာ လုပ်ထားတယ်လို့ ဆိုပါတယ်။

နံနံ ရှစ်နာရီလောက်မှာ ဒွေးရဲ့ အိမ်ကနေ အရိုးအိုးကို ချောင်းဝ ဘုန်းကြီးကျောင်းကို သယ်ခဲ့ကြပါတယ်။ ချောင်းဝ ဘုန်းကြီးကျောင်း ရောက်တော့လည်း အရိုးအိုးအလာကို စောင့်နေတဲ့ ပရိတ်သတ်ကြီးက မနည်းပါဘူး။ ဒါကြောင့် အရိုးအိုး သယ်မဲ့ လမ်းတွေတောင် ပိတ်နေပါတယ်။

ဒွေးရဲ့ အရိုးနဲ့ လွမ်းစေတီတည်မဲ့နေရာ





ချောင်းဝ ဘုန်းကြီးကျောင်းထဲမှာ စောင့်နေတ့ ပရိတ်သတ်


အရိုးအိုး မြုတ်နှံဖို့ အတွက် သတ်မှတ်ထားတဲ့ နေရာလေးမှာ ဒွေးရဲ့ဇနီးက ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒွေးရဲ့ သားက အရိုးကို ရှစ်ခိုးခဲ့ပြီး ကျန်တဲ့ ဆွေးမျိုးတွေ အနုပညာရှင်တွေက အရိုးအိုးဘေးနားလေးမှာ ထိုင်ပြီးဆုတောင်းကြပါတယ်။

ဇနီးဖြစ်သူက အရိုးအိုးကို နေအိမ်မှ ဘုန်းကြီးကျောင်းသို့ သယ်လာစဉ်


အရိုးအိုး မထည့်မှီ တွေ့ရစဉ်


အရိုးအိုး ထည့်နေစဉ်


အရိုးအိုးဘေးတွင် ဆုတောင်းနေစဉ်

သားဖြစ်သူမှ ရှိခိုးနေစဉ်


ကျော်ဟိန်းလာမယ်လို့ တစ်စွန်းတစ အသံတွေ ကြောင့် လူတွေမပြန်ကြသေးပဲ ကျော်ဟိန်းအလာကို တိုးဝှေ့စောင့်နေကြပါတယ်။ ခဏလောက်နေတော့ ချောင်းဝ ဆရာတော် ထွက်လာပါတယ်။ ချောင်းဝ ဆရာတော်ရဲ့ လက်ထဲကို လူတစ်ယောက်က ဒွေးရဲ့ အရိုးအိုး ထည့်ပေးလိုက်ပါတယ်။ ချောင်းဝ ဆရာတော်က ဒွေးရဲ့ အရိုးအိုးကို ကိုင်ပြီး ငိုပါတယ်။

ငိုရင်းနဲ့ ဒွေးဟာ သူ့ကျောင်းမှာ နှစ်ညလာအိပ် ဖူးတယ်လို့လဲ ပြောပါတယ်။ ချောင်းဝ ဆရာတော် ငိုတော့ ဘေးနားမှာရှိတဲ့ ဒကာတွေ ဒကာမတွေလဲ လိုက်ငိုကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်လဲ ပြန်လာခဲ့ပါတော့တယ်။

တချို့သော လူတွေကတော့ ပရိတ်သတ်တွေရှင်းမှ ဘယ်သူတွေ တိတ်တိတ်လေး လာငိုကြမလဲ ဆိုတာကို စောင့်ကြည့်နေရစ်ခဲ့ကြပါတယ်။

4 comments:

P.Ti said...

စေတီအစား တခြားအထိမ်းအမှတ် လုပ်သင့်တယ်လို့ ထင်တယ်။ ဆရာတော်ကလည်း တားမြစ်သင့်တယ်။ ဒွေးဆိုတာ နာမည်ဘယ်လောက်ကြီးကြီး သာမန် ပုထုဇဉ်လေ။ စေတီဆိုတာက ဗုဒ္ဓဘာသာတွေက ဗုဒ္ဓဘုရား ကှိုမှန်းပြီး ရှိခိုးပူဇော်ဖို့ တည်ကြတာလေ။

akela said...

အလားကား.. လူတွေ.

Unknown said...

သဘင်သည်(အနုပညာသည်)တွေ သေဆုံးတဲ့အခါ အပါရ်ကိုလားတယ်လို ဆရာတော်တပါးမိန့် တာကြားဘူးပါတယ်....အဲဒီတော့

မငယ် လေး said...

ကိုသားကြီးအတွက်စိတ်မကောင်းဖြစ်ပေမဲ.သူ.အရိုးကိုဘုရားတည်မယ်ဆိုတာကတော.ဗုဒ္ဒဘာသာအနေနဲ.မကောင်းပါဘူးဘုရားကိုရှိခိုးတဲ.အချိန်ကျရင်တော်တော်လေးအခက်တွေ.နိုင်ပါတယ်