Sunday Talks ဆိုလို့ MRTV 4 က Sunday Talks နဲ့ အမှတ်မှားစေလိုပါ။ ယခု ဆန်းဒေးတော့ ကတော့ ကျွန်တော်တို့ မြန်မာဘလော့ဂ်ကာ တွေဝိုင်းဖွဲ့ ဆွေးနွေးကြမဲ့ စကားဝိုင်းလေးတစ်ခု ရယ်ပါ။ ဒီတစ်ပတ် တော့ပစ်ကလေးကတော့ မြန်မာဘလော့ဂ်ကာ အစည်းရုံး လို့မည်ရပါတယ်။
ရန်ကုန်မြို့ အခြေစိုက်ဘလော့ဂ်ကာတွေ ရန်ကုန်မှာ ခေတ္တရောက်ရှိနေတဲ့ ဘလော့ဂ်ကာတွေ အားလုံး တက်ရောက်ပေးကြဖို့ ဖိတ်ကြားအပ်ပါတယ်။
သေချာပေါက် တက်ရောက်ကြမည့် လူများ
နေဘုန်းလတ်၊ မယ်လိုဒီမောင်၊ ညီလင်းဆက်၊ ကိုဖြိုး၊ ဘလာဂေါက်၊ မောင်ပွတ်၊ သန့်ဇော်မင်း၊ မိုးလှိုင်ည၊ စစ်အိမ်၊ မျက်လုံး၊ စိုးဇေယျ နှင့် စိတ်ဝင်စားသူများ တို့ဖြစ်ကြပါတယ်။
တက်ရောက်နိုင်ဖွယ်ရှိသူများ
ဘာညာ၊ မေဓာဝီ၊ အိမွန်စိုး
သေချာပေါက်မတက်နိုင်သူများ
တက်စလာ ( လာစရာ ဘတ်စ်ကားခ မရှိသောကြောင့်ဟု သတင်းရသည် )၊
အချိန်
လာမည့် တနင်္ဂနွေနေ့
နေ့လည်တစ်နာရီတိတိ
နေရာလေးကတော့ Service+ အင်တာနက်ထရိန်နီစင်တာ
ရတာနာလမ်း Koda ဓာတ်ပုံဆိုင်ပေါ်ထပ် မြေနီကုန်း စမ်းချောင်းပဲ ဖြစ်ပါတယ်
ဖုန်းနံပါတ်
ဇော်ဇော်မျိုးလွင်၊ မထိုက် 01 500 457
နေဘုန်းလတ် 09 51 50 802
လမ်းညွှန်
မြေနီကုန်း မှတ်တိုင်ရောက်ရင် ဆိုက္ကားဆရာကို ရတာလမ်းဘယ်နားမှာလဲ လို့မေးပါ။
ရတနာလမ်းထဲရောက်ရင် ပြည့်သူ့ ဦးယာဉ်ဘက်ကို လမ်းလျှောက်လာပါ။ ပြီးရင် Koda ဓာတ်ပုံဆိုင်ကို ရှာပါ။ တွေ့ရင် ဓာတ်လှေကား စီးပြီး သုံးလွှာကို တက်လာပါ
မှတ်ချက်။ ။ ကော့မင့်ကို ဖတ်ဖြစ်အောင် ဖတ်ပေးပါ
5 comments:
တက်ရောက်သူ အားလုံးကို အအေး နှင့် ကော်ဖီတိုက်ကာ 2 Gig မင်မိုရီ စတစ် လေးချောင်း၊ အင်တာနက် နာရီ ခြောက်ဆယ် သုံးစွဲခွင့် လက်မှတ်နှစ်စောင်၊ Mp4 512 ပလေယာ ဆိုနီ အမှတ်တံ ဆိပ်တစ်လုံး တို့ကို ကံစမ်းမဲ ဖောက်ပေးပါမည်။
မှတ်ချက်။ ။ ကံထူး၍ မဲပေါက်သူတိုင်း မိမိပေါက်မဲ၏ ကျသင့်ငွေကို လက်ငင်းပေးခြေရမည်။
တက်ရောက်သူ အားလုံးကို အအေး နှင့် ကော်ဖီတိုက်ကာ 2 Gig မင်မိုရီ စတစ် လေးချောင်း၊ အင်တာနက် နာရီ ခြောက်ဆယ် သုံးစွဲခွင့် လက်မှတ်နှစ်စောင်၊ Mp4 512 ပလေယာ ဆိုနီ အမှတ်တံ ဆိပ်တစ်လုံး တို့ကို ကံစမ်းမဲ ဖောက်ပေးပါမည်။
မှတ်ချက်။ ။ ကံထူး၍ မဲပေါက်သူတိုင်း မိမိပေါက်မဲ၏ ကျသင့်ငွေကို လက်ငင်းပေးခြေရမည်။
ကျွန်တော်ကတော့ လာမလာမသေချာဘူး.. ကြိုးစားပြီးတော့ လာခဲ့မယ်ဗျာ..
ဒီဗွီဒီတော့လာယူတယ်- ရီမိုင်းတော့ လုပ်မသွားဘူး။ ကောလင်းသားတွေ လူဆိုးပဲ-
ကျွန်တော်လာခဲ့ချင်လိုက်တာဗျာ. ကိုစိုးဇီရကြီး စပွန်ဆာလုပ်ပေးပါဗျို့….
ခုလိုမျိုး စာအုပ်ကိစ္စတွေနဲ့ မအားလပ်တဲ့ကြားထဲက မြန်မာဘလော့ဂါအစည်းအရုံးအတွက်ပါ ထည့်စဉ်းစားပေးတဲ့ ရန်ကုန်ဘလော့ဂါများကိုလည်း ချီးကျူးလေးစားပါတယ် ခင်ဗျာ..
အားလုံးအဆင်ပြေချောမွေ့ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်..
Post a Comment