ဝမ်းနည်းစွာ ငိုကြွေးနေကြသူများ
ဒွေး၏ ရုပ်ကလပ်ကို ကားပေါ်တင်ရန် သယ်ဆောင်လာစဉ်
ဒွေးရုပ်ကလပ်ကို အအေးတိုက်သို့ ပို့စဉ်
ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဒွေး( ၄၂ နှစ် ) သည် ယနေ့ ညနေ သုံးနာရီတွင် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားကြောင်းသိရသည်။
နောက်ဆက်တွဲ ရရှိသော သတင်းမှာ ဒွေးကို မနက်ဖြန် ရေးဝေးသုသန်မှာပဲ သင်းကြိုမယ်လို့ ကြားပါတယ်။ ဒါပေမယ့် နယ်ရောက်နေတဲ့ သူ့အဖေကို စောင့်နေတာမို့ ဘယ်အချိန်လဲ ဆိုတာတော့မသိရသေးပါဘူး။ ဒီနေ့ ဒွေးသတင်းပါတဲ့ ဂျာနယ်ကို မိတ္တူဆွဲပြီးရောင်းနေကြတယ်။ တစောင်ကို နှစ်ရာနဲ့။
9 comments:
စိတ်မကောင်းစရာ သတင်းပဲဗျာ
ရုပ်ရှင်လောကရဲ့ ကြယ်တစ်ပွင့် ကြွေသွားပြန်ပြီပေါ့
ကိုဒွေး ကောင်းရာ သုဂတိလားပါစေဗျာ။
အော်..စိတ်မကောင်း လိုက်တာနော်..
လူ့ဘ၀ကြီးက ခပ်တိုတိုပဲ ဆိုတာ.. သတိဝင်တွားမိဒယ်.. :((
အေးဗျာ. ဘယ်လိုဖြစ်ရတာလဲလို့ ကိုယ့်ကိုယ်ကို ထပ်ခါထပ်ခါ မေးနေမိတယ်.
အကြွေစောလိုက်တာဗျာ...
ဒီသတင်းကိုကြားကြားချင်း လုံးဝ မယုံကြည်မိဘူး.. ကိုစိုးဇေယျ ဆီမှာ တွေ့တော့မှ
တကယ် အမှန်ဆိုတာ သိရတော့.. ပြောမပြနိုင်လောက်အောင် ၀မ်းနည်းကြေကွဲရပါတယ်..
သေခြင်းတရားဆိုတာ.. မြန်ဆန်လိုက်တာ..
ကိုသားကြီး တစ်ယောက်.. ကောင်းရာသုဂတိလားပါစေ..
အခု မှပဲ ဒီသတင်း ကြားရတာ။ ကြားတုန်းက မယုံနိုင်ဘူး။ နောက် မမေဒါဝီရဲ့ ဘလော့ဂ် နဲ့ ကိုစိုးဇေယျာ ဘလော့ဂ်ကို ရောက်မှပဲ သိတော့တယ်။
သရုပ်ဆောင် တကယ် ကောင်းတဲ့ လူတစ်ယောက်တော့ ဆုံးရှုံးပြန်ပြီပေါ့။
....
ကိုဒွေး ကောင်းရာ သုဂတိလားပါစေ။
စိတ်မကောင်းပါဘူး .. ဟိုးအရင်ထဲက အိမ်ကလူတွေအားပေးခဲ့တဲ့ ဒွေးရဲ့ဇာတ်ကားတွေကို သတိရနေဆဲပါ။
ကောင်းရာသုဂတိဘုံဘ၀ကိုရောက်ပါစေ။
ကိုတိုး
ဝမ်းနည်းစရာ သတင်းပါဗျာ။ ကြားကြားချင်း ယုံတောင်မယုံနိုင်ဘူး။ ဘ၀ ဆိုတာ တိုတိုလေးပါပဲလို့ သံဝေဂရမိပါတယ်။
ကို ဒွေး ကောင်းရာသုဂတိလားပါစေဗျာ။ ..
ကိုဒွေး သတင်းကြားရတာ စိတ်မကောင်းပါဘူးဗျာ။ ကိုဒွေးကောင်းရာ သုဂတိလားပါစေ။ စကားမစပ် ကိုစိုးဇေယျ ဘလော့ခ်ကို ကျွန်တော် လင့်ချိတ်ထားတယ် နော်။ ပြီး တော့လေ ကိုဒွေးရဲ့ ရုပ်ကလပ်လို့ မသုံးဘဲ ဒွေးရဲ့ ရုပ်အလောင်းလို့ ပြောင်းသုံးကြည့်ပါလား ခင်ဗျာ။ ရုပ်ကလပ်ဆိုတာ ဘုန်းတော်ကြီးတွေမှ သုံးရတာမို့ပါခင်ဗျာ။
our human life.! Rest In Peace.! at the end..****
Post a Comment