Art is My Life: ယနေ့ကျင်းပပြုလုပ်တဲ့ မြန်မာဘလော့ဂ်များရဲ့ တွေ့ဆုံဆွေးနွေးပွဲအကြောင်း

Sunday, July 08, 2007

ယနေ့ကျင်းပပြုလုပ်တဲ့ မြန်မာဘလော့ဂ်များရဲ့ တွေ့ဆုံဆွေးနွေးပွဲအကြောင်း

ဒီနေ့ မြန်မာဘလော့ဂ်ကာများရဲ့ တွေ့ဆုံဆွေးနွေးပွဲကို မြေနီကုန်းမှာရှိတဲ့ Service+ အင်တာနက် စင်တာမှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီပွဲကို ညီလင်းဆက် သန့်ဇော်မင်း နေဘုန်းလတ် မောင်ပွတ် စစ်အိမ် မယ်လိုဒီမောင် ဘာညာ ဘလာဂေါက် တက်စလာ ကျွန်တော်နဲ့ Voice သတင်းဂျာနယ်က သတင်းတစ်ယောက် တက်ရောက်ခဲ့ပါတယ်။
ကျွန်တော်တို့ အစည်းဝေး ပထမပိုင်းမှာ မြန်မာဘလော့ စာအုပ်ကိစ္စများကို ဦးစွာ ဆွေးနွေးပြီး ဒုတိယပိုင်းမှာ ဘလော့ဂ်ကာ အစည်း အရုံးအကြောင်းကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။

ဘလော့စာအုပ် မှာတော့ စတားအရေအတွက် ဘယ်လောက်ကနေ စပြီးဖြစ်ချမယ်ဆိုတာ ဆုံးဖြတ်ခဲ့ပါတယ်။ စတား ဆုံးဖြတ်ချက်အရ တချို့သော ခေါင်းစဉ်တွေမှာ အပုတ်ရေ အနည်းငယ်လို နေတာကို တွေ့ရပါတယ် အဲဒါတွေကို ထပ်မံရွေးချယ်သွားရပါမယ်။ ဘယ်အပိုင်းမှာ ဘယ်နှစ်ပုတ်လိုတယ် ဆိုတာကိုတော့ ကိုနေဘုန်းလတ်နဲ့ မောင်ပွတ်တို့က အသေးစိတ်ထပ် မံတင်ပေး သွားပါမယ်။

ဘလော့ဂ်အစည်းရုံးနဲ့ ပတ်သက်လို့ကတော့ အပြင်မှာ ပေပါမဖွဲ့ခင်မှာ အွန်းလိုင်း Register ပုံစံမျိုးနဲ့ သွားဖို့စီစည်ထားရှိပါတယ် အသေးစိတ်အချက် လက်များကို မောင်ပွတ်တင်ပေးသွားပါမယ်။

No comments: