ကြွေလွင့်သူ အကယ်ဒမီ ဒွေး
အကယ်ဒမီဒွေးရဲ့ ဈာပနကို ယနေ့နံနက် လေးနာရီ လေးဆယ့်ငါးမိနစ်မှာ မီးသင်္ဂြိလ်ခဲ့ပါတယ်။ မူလက နံနက်ကိုးနာရီမှာ သင်္ဂြိလ်ဖို့ စီစဉ်ခဲ့မေမယ့် ဂျာနယ်တစ်စောင်တွင် ယင်းသတင်း ပါရှိသွားသောကြောင့် နံနက် ခြောက်နာသို့ ပြောင်းရွှေ့ခဲ့ပါတယ်။
ဒါပေမယ့် ဒီနေ့မနက် ဒွေးကို လာရောက်အားပေးကြတဲ့ ပရိတ်သတ်တွေ အလွန်ပင် များလွန်း တာကြောင့် မနက်လေးနာရီ လေးဆယ့်ငါးမိနစ်ခန့်မှာ မီးသဂြိ င်္လ်ခဲ့ရပါတယ်။ အခုလို မူလသတ်မှတ် ချိန်ထက်စောစီးစွာ သင်္ဂြိလ်ခဲ့တဲ့ အတွက် အချို့သော သရုပ်ဆောင်တွေနဲ့ ဆွေးမျိုးတွေဟာ ဒွေးရဲ့ နောက်ဆုံးခရီးကို မမှီလိုက်ကြပါဘူး။
ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ပြောပြချက်အရ ဒွေးကို ခင်မင်ရင်းနှီးတဲ့ အနုပညာရှင်တွေထဲက ဆယ်ရာခိုင်နှုန်းလောက်တာ နောက်ဆုံး ခရီးကို မှီလိုက်တယ်လို့ ဆိုပါတယ်။
အချိန်ကို ဂျာနယ်မှာ မထည့်ဖို့ အတန်တန် မေတ္တာရပ်ခံထားတဲ့ကြားက ထည့်ဖြစ်အောင် ထည့်ခဲ့တဲ့ဂျာနယ်ကိုတော့ မြန်မာနိုင်ငံ ပုံနှိပ်ဥပဒေအရ အရေးယူပေးဖို့ တိုင်ကြားထားတယ်လို့ သိရပါတယ်။
Friday, July 13, 2007
ကြွေလွင့်သူ၏ နောက်ဆုံးခရီး
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
11:42 AM
2 comments:
အဲလိုမျိုးဂျာနယ်တွေကိုတော့ တကယ်ကို ပြင်းပြင်းထန်ထန်အရေးယူသင့်တယ်ဗျာ။ သူတို့ဂျာနယ်ရောင်းကောင်းဖို့အတွက်ပဲကြည့်တယ် shit
ပုံတွေနဲ့တကွ ပြည့်ပြည့်စုံစုံတင်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တကယ့်အရည်ချင်းရှိတဲ့ သရုတ်ဆောင်တစ်ယောက် ဆုံးပါးသွားတဲ့အတွက် စိတ်လုံးဝ မကောင်းပါဘူး ဗျာ။
ကိုတိုး
Post a Comment