Art is My Life: နိုင်ငံကျော် သတင်းထောက် တစ်ဦး၏ ဖွင့်ဟ၀န်ခံချက်

Thursday, March 15, 2007

နိုင်ငံကျော် သတင်းထောက် တစ်ဦး၏ ဖွင့်ဟ၀န်ခံချက်

ကဲဗျာ ဒီတခါတော့ အယ်ဒီတာမင်း က သင်္ကြန် အတင်းတွေ (မှားလို့) သတင်းတွေ နဲ့ အတူ သတင်းဒေါက် မှားပြန်ပီ သတင်းထောက် တွေရဲ့ သင်္ကြန်အပေါ် ခံစားချက်တွေပါ ရေးပေးပါလို့ တောင်းဆိုလို့ လာပြန်ပါတယ်။ ငါ နိုင်ငံကျော် သတင်းထောက် ကြီးပဲလို့ အိုက်တင်ခံ နေချင်ပေမယ့် သနားစဖွယ် အယ်ဒီတာရဲ့ မျက်နှာကို ငှဲ့ကွက်လို့ သင်္ကြန်တွင်း ခံစားချက်တွေကို ဖွင့်ဖောက်ရေးပေး လိုက်ပါတယ်။

မှတ်မိပါသေးတယ်ဗျာ ကျွန်တော်တို့ ခပ်ငယ်ငယ်က သင်္ကြန်ရောက်ရင် တူးပို့တူးပို့ ဆိုင်းသံလေးတွေ ကြားရတာကြောင့် တူးပို့တူးပို့ သင်္ကြန် ရယ်လို့ ခေါ်ကြပါတယ်။ နောက်ပိုင်း မှာတော့ ဒုံဂွမ်ဒုံဂွမ်နဲ့ ဒရမ်သံတွေ ကြောင့် ဒုံဂွမ် သင်္ကြန်ဖြစ်ခဲ့ ရပြန်ပါတယ်။ ယနေ့ ဒီဂျေတွေ စီဆတ်တွေ ဘီသမင်တွေ လက်စွမ်းကြောင့် တူးပို့တူးပို့နဲ့ ဒုံဂွမ်ဒုံ၈ွမ် ပေါင်းမိသွားပြီ ဖြစ်တာကြောင့် ဒီနှစ် သင်္ကြန်ကို တူးပို့ဒုံဂွမ် ဂျန်ဂျန် လို့နာမည် ပေးရင် ကောင်းမလားလို့။

အဲလို တူးပို့ဒုံဂွမ် သံတွေက ဖေဖ်ာဝါရီလ ကုန်ပြီဆိုတာနဲ့ နေရာ အနှံ့မှာ ကြားနေရပါပြီဗျ။ သတင်းထောက် ဆိုတာလဲ ကဗျာဆန်ဆန် ပြောရရင် အရိုးနဲ့ အသားနဲ့ အသွေးနဲ့ နှလုံးသားနဲ့ ဖွဲ့စည်း တည်ဆောက် ထားတဲ့ လူတွေပဲမို့ ဂီတ သံဇဉ်လေးတွေ နားထဲ ၀င်သွားတာနဲ့ ခံစားချက်တွေ ထဲမှာ သင်္ကြန်ရနံ့လေးတွေက သင်းလို့ပေါ့။

အဲလိုသင်္ကြန်ရနံ့တွေ သင်းလာတယ်လို့ ပြောတော့ အလိုက် မသိတဲ့ သူငယ်ချင်း သတင်းထောက် တစ်ယောက်က မင်းရနေတဲ့ အနံ့က ဘီယာနံ့နဲ့ မှားတာများ မဟုတ်ဘူးလားတဲ့။ အဲလိုအဲလို လာမေးတော့ ဟေ့ကောင် သိရင်လည်း တိတ်တိတ်နေ လျှာမရှည်နဲ့ ဒါမျိုးတွေ ဂျာနယ်မှာ ထဲ့ရေးရင် သတင်းထောက်တွေ သိက္ခာကျ မှာပေါ့ကွလို့ ပြောလိုက် ရပါသေးတယ်။

သင်္ကြရောက်တော့ မယ်ဆိုတော့ ပျိုမဒီကလျှာ ကလည်း အပြတ်ကဲမယ်ဆိုပဲ။ နှစ်ရက်က မဏ္ဌပ် ထိုင်မယ် နောက်ဆုံးရက်မှာ လျှောက်လည်မယ်တဲ့ ဗျ။ အလိုက်မသိတဲ့ ပျိုမဒီကို ပိုက်ဆံမရှိတဲ့ သတင်းထောက် ကိုကိုက ညီမရယ် အမေက လွမ်းတယ်ဆိုလို့ တောပြန်ရမယ်လို့ ပြောလိုက်ရပါတယ်။ အဲလိုအဲလို နိုင်ငံကျော် သတင်းထောက်ကြီး ဘိုင်ပြတ်နေတာကို မသိရှာလေသော တောက ဆွေမျိုးတွေက သင်္ကြန်ပြန်လာဖို့ ဖုန်းတဂွမ်ဂွမ် ဆက်လို့ခေါ်နေ ကြပြန်ပါသေးတယ်။ သတင်းထောက်က ပိုက်ဆံမရှိပေမယ့် အာကတော့ ရှိတယ်ဗျာ။ ညီလေးရယ် အစ်ကိုမှာကွာ မိသားစု ရေးထက် ၅၄ သန်းသော ပြည်သူတွေ သိသင့် သိအပ်သော သတင်းတွေ ရေးပေးရမှာမို့ ပြန်မလာ နိုင်သေးပါ ဘူးလို့ ပြောနေတုန်း Reception ထိုင်တဲ့ ကောင်မလေးက လမ်းစရိတ် မရှိလို့ မပြန်ရင် မပြန်ဘူးပေါ့ ကြီးကြီး ကျယ်ကျယ် လျှောက်ပြောနေသေးတယ် လို့ လှမ်းအော်လိုက်တာကြောင့် ညီတော်မောင် မကြားအောင် တယ်လီဖုန်းခွက်ကို ကဗျာကယာ လက်နဲ့အုပ်လိုက် ရပါသေးတယ်။ တော်တော်ကို အထူအပါး နားမလည်တဲ့ Reception ပေပဲ။

ကဲဗျာ ပြသနာတွေကတော့ ရှင်းသွားပါပြီ။ ရှင်းစရာ ကျန်သေးတာက သင်္ကြန်တွင်းမှာ နိုင်ငံကျော် သတင်းထောက်ကြီး ဘယ်သွားနေမလဲ။ ရန်ကုန်မှာ နေပြန်ရင် မဒီကလျှာရဲ့ ဘေးရန်က မသေးဘူး။ တောမပြန်ရင် သူနဲ့ မဏ္ဌပ် လိုက်ထိုင်ရမှာ။ ပိုက်ဆံလဲကုန် ဘီယာလဲ ငတ်။ ဘီယာ ဆိုတာကလည်း ကြင်ရာမှာ မဒီကလျှာထက် စီနီယာ ဖြစ်တာကြောင့် သူများသောက်လို့ ကိုယ်မသောက်ရရင် မအီမသာ ဖြစ်မှာ သေချာတယ်ပေါ့ဗျာ။ ဒီတော့ သတင်းထောက် ကျော်ကြီးမှာ တစ်ကိုယ်ထဲ စဉ်းစား အတွေးတွေထဲမှာ အချင်းများလို့နေပြန် ပါတော့တယ်။ ဟေ့ကောင် မင်းဘာလုပ်မှာလဲ။

ဘုန်းကြီးဝတ်မလား။ ပိုဆိုးတောပေါ့ ညစာပါ ငတ်မှာ။ တရားစခန်းဆိုရင် ကော။ တော်ပါ ဘီယာ မှသောက်လို့ မရတာ။ ဟေးကောင် စဉ်းစာနော် မင်းမှာ ရွေးစရာ ဒီလမ်းပဲ ရှိတော့တယ်။ တစ်လမ်းက ပိုက်ဆံလဲကုန်မယ် ဘီယာလဲ ငတ်မယ်။ ဒီလမ်းက ဘီယာတော့ ငတ်မယ် ပိုက်ဆံမကုန်ဘူး။ အဲ …… မဆိုးဘူးဗျာ

နောက်ဆုံး ရရှိတဲ့ သတင်းမှာတော့ နိုင်ငံကျော် သတင်းထောက်ကြီး တစ်ယောက် အလှုငွေ ထည့်စရာ မလိုပဲ ထမင်း အလားကား ကျွေးမည့် တရားစခန်းများကို လိုက်ရှာလျှက်ရှိနေ ပါကြောင်း ခိုင်လုံသော သတင်းရပ်ကွက် မှ သိရှိရပါသည်။

မှတ်ချက် ။ ။ မြန်မာနိုင်ငံမှ သတင်းထောက်များသည် ဘီယာကို များများ မသောက်ကြပါ။ တစ်ကြိမ်မှာ တစ်ခွက်သာ သောက်ပါသည်။ တစ်ခွက်မှာ တစ်ပီပါ ဆံ့ပါသည်။

5 comments:

နိုင်းနိုင်းစနေ said...

ဖတ်လို့လဲကောင်း ရီလဲရီရတယ်...
ခုခေတ်သင်္ကြန်က ပိတောက်နံ့ထက် ဘီယာနံ့က ပိုသင်းနေသလိုပဲနော်.

Unknown said...

soezeya
u blog ko i akhu hma tay char read ya tal...ayin ka i use ta` computer hmar myanmar font ma shi loe ma read ya bu....today taw free phyit nay tar na` computer ka la` myanmar font ya loe naw...
u blog ka ayan mike tal..
nout hma naw...i busy twar pyan p...u ko pyaw nay yin na`....

Yan said...

ဆရာသမားက တော်တော်လက်ဆိပ် ရှိတာပဲဗျ. စာဖတ်ရတာ ချောနေတာပဲ. စကာြးေ့ရေးနည်း သင်တန်းတောင် ဖွင့်လို့ရလောက်တယ်...
ဆက်ကြိုးစားပါ. ကိုစိုးဇေယျရေ..

Y.

Thet Htoo@Myat Lone said...

တူးပို့ ဒုံဂွမ် ဂျန်ဂျန် ကြိုက်တယ်ဗျို့

99 said...

“ဘုန်းကြီးဝတ်မလား..ပိုဆိုးတာပေါ့..ညစာပါငတ်မှာ..။” ဆိုတာလေး ကြိုက်တယ်ဗျာ။
ကိုစိုးဇေယျက တော်တော်အရေးကောင်းတာပဲ..
ဟာသရသမြောက်တယ်..
အချက်အလက်တွေလည်း စုံမှစုံပဲ..။