Art is My Life: ငါပြော သလို

Thursday, March 08, 2007

ငါပြော သလို

တစ်ခါတုန်းက ရွာတစ်ရွာတွင် ဘိန်းစား တစ်ယောက်ရှိသည်။ ဘိန်းစားသည် ဘိန်းလေးစားလိုက် ဘိန်းဖိုးရရုံလေး အလုပ်လုပ် လိုက် နောက်ဆုံ ဘာမှ မရှိလျှင် ခိုးစားလိုက်နဲ့ နေသည်။ ယင်းဘိန်းစားတွင် သားတစ် ယောက်ရှိသည်။ သူကိုယ်တိုင်က ဘိန်းစား ဖြစ်နေပေမယ့် သူ့သားကိုတော့ သူလို ဘိန်စား သူခိုး မဖြစ်စေချင်။ ဒါကြောင့် သူ့သားကို ငယ်စဉ် ကတည်းက ဆုံးမစကားများ ပြောကြားလေ့ ရှိသည်။ သူ့သားက တဖြည်းဖြည်း အရွယ် ရောက်လာသည်။ သား၏ အပြု အမူ များသည် တဖြည်း တဖြည်းချင်း ဖအေ ဖြစ်သူ၏ ခြေရာကို နင်းလာသည်။ ဖခင် ဖြစ်သူက ဆုံမ ပေမယ့် သားဖြစ် သူဆီက အဖေ လည်းလုပ် တာပဲ ဆိုသော ကွန်းပလိန်း ပြန်ပြန် လာသည်။ ဒီတော့ ဖခင်မှာ ကိုယ်တိုင် ကလည်း ဘိန်းကို မဖြတ်နိုင် သားဖြစ်သူ ကိုကျတော့ လည်း ဘိန်းစား မဖြစ် စေချင်။ ဒါကြောင့် သူ့သားကို ဘယ်လို ဆုံးမရမလဲ ဆိုတာ နေ့စဉ် နဲ့အမျှ စဉ်းစားနေတော့သည်။


မောင်မောင် ဆယ်ကျော်သက် ဘ၀က အင်မတန် လေးစား ခဲ့သော စာရေးဆရာ ကြီး တစ်ဦး ရှိသည်။ သူကိုးတန်းနှစ် လောက်ကတည်းက ယင်းစာရေးဆရာ ကြီး၏ စာအုပ်များ ကို ဖတ်ရှုကာ ဘ၀ အောင်မြင် လိုစိတ်များ ထက်သန် ပြင်းပျ ခဲ့ဘူးသည်။ သူ၏ အရေးသား များသည် ဘ၀တွင် အောာင်မြင်ရုံ မဟုတ်ဘဲ လူတွေနှင့် ပေါင်းသင်း ဆက်ဆံ ရာမှာ တစ်ဘက်သားကို စိတ်ချမ်းသာ သွားစေဖို့ ဘယ်လို ပြုမှု နေထိုင် သင့်သည် ဆိုတာ မျိုးတွေကို လည်းလမ်း ညွှန်ထားသည်ကို ဖတ်ရသည်။ ဆရာကြီး၏ စာများကို ဖတ်ပြီး မောင်မောင် မှာလည်း ဆရာကြီးကို မလေး စားပဲ မနေနိုင်အောင် ရှိတော့သည်။

တစ်ရက်တော့ မောင်မောင် ဆရာ ကြီးနှင့် ရုပ်ရှင် ပွဲတော် တစ်ခုတွင် ဆုံဖြစ်သည်။ နဂိုကပင် လေးစား ရင်းစွဲ ရှိသော ဆရာကြီး ကို အပြင်မှာ တွေ့ရတာ ကြောင့် မောင်မောင် ၀မ်းသာ သွားသည်။ မိလေးစား သော ဆရာကြီးကို အပြင်မှာ တွေ့ခိုက် ရိုသေ သမှုနှင့် သွားရောက် နုတ်ဆက် လိုက်သည်။
အဲဒီနေ့ နောက်ပိုင်းမှာ မောင်မောင် တစ်ယောက် အဲဒီဆရာကြီး ရေးသော မည်သည့် စာကိုမျှ မဖတ်တော့ပါ။ ဘာဖြစ်လို့လဲလို့ သူငယ်ချင်း များက မေးတော့ သူ့စာတွေကို ဖတ်ရမှာ ဖီးငုတ်သွားလို့ ပါလို့သာ ပြန်ပြောဖြစ်ခဲ့သည်။

ကျွန်တော် သူငယ်ချင်း များနှင့် ဘလော့က ပို့တွေ ကိုပေါင်းပြီး စာအုပ် ထုတ်ဖို့ ရာအတွက် ပြင်ဆင် ခဲ့သည်။ ဘလော့ တွင်ရေးသား နေသူများ အားလုံးသည် လူငယ်များ ဖြစ်ကြသည်။ ဒီစာ အုပ်လုပ် ခြင်းသည် မည်သူတစ် ဦးတစ် ယောက်ကမှ အကျိုး အမြတ်ရ၍ မဟုတ်။ ကိုယ်ရေးတဲ့ စာလေးကို ပုံနှိပ်ထားသော စာအုပ် တစ်အုပ် တွင် ပထမဆုံး မြင်တွေ့ လိုက်ရသည့် အရသာကို စာရေးသူများ ဘာနှင့် မျှလဲနိုင်မည် မဟုတ်ပါ။ စာအုပ် လေးဖြစ်မြောက် သွားခြင်းသည် လူငယ်များတွင် ဒီလို စွမ်းအင် တွေရှိနေ သည်ဆိုတာကို ဖော်ပြခြင်း ဖြစ်သည်။ ဒါကြောင့် ဒီစာအုပ် ဖြစ်မြောက် ရေးအတွက် ပါဝင်ကူညီ ဖြင်းသည် လူငယ် တစ်စုကို မြှင့်တင် ပေးရာလည်းရောက်ပါသည်။ ဒါ့ကြေင့် ကျွန်တော် စာအုပ် ပုံနှိပ်ရေး ကိစ္စများကို လူငယ် ဆိုင်ရာ စာပေမျာကို ရေးသား ထုတ်ဝေနေသော စာရေး ဆရာကြီး တစ်ဦးနှင့် တွေ့ဆုံ၍ စာအုပ် အကြောင်းကို ပြောဖြစ်သည်။ ကျွန်တော် တို့ဘက်က သူ့စာအုပ်တိုက် အမည်ကို ထုတ်ဝေသူ အဖြစ် သုံးခြင်း အတွက် သူများ နည်းတူ တန်ရာတန် ကြေးကို ပေးမည် ဖြစ်ကြောင်းကိုလဲ ယင်းစာရေး ဆရာ ကြီးကို ပြောခဲ့ပြီး ဖြစ်ပါသည်။ စာမူတွေကို ဘယ်သူတွေ ရေးမှာလဲ ဆိုတော့ ဘလော့ အကြောင်း အရာများ ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ယင်းစာရေး ဆရာ ကြီးသည် ဘလော့ အချို့တွင် လက်ရှိ အစိုးရကို ဆန့်ကျင်သည့် စာများရေး ကြသည်ကို သိရှိ ထားပုံ ပေါ်ပါသည်။ သူ့စာအုပ်တိုက် ထုတ်ဝေသူ အမည်ခံ ပြီးစာအုပ် ထုတ်မည့် ကိစ္စကို ငြင်းဆို လိုက်တော့သည်။ သူရေး နေကျ စာတွေထဲက လူငယ်တွေ ကို တိုးတက် စေချင်ပါသည် ဆိုသော သူကို ဘယ်လိုများ အဓိပ္ပယ် ဖွင့်ထားလဲ ကျွန်တော် မစဉ်းစား တတ်တော့ပါ။

မောင်မောင်က စာရေး ဆရာကြီးကို တွေ့တယ် ဆိုရင်ပဲ ဆရာ့ စာအုပ်တွေကို အမြဲဖတ်နေ ပါကြောင်း ဘယ်စာအုပ်တွင် ဆရာ ဘယ်လို ရေးခဲ့သော စာသား များသည် လူငယ် များအတွက် ဘယ်လို အကျိုးဖြစ် ထွန်းစေပါ ကြောင်း ပြော ပြီး စာရေး ဆရာကြီး ကိုသွား နုတ်ဆက် မိသည်။ စာဖတ် ပရိတ် သတ်များ လာနုတ် ဆက်တာ များလို့ ငြီးငွေ့ နေပုံ ပေါ်သော စာရေး ဆရာကြီးက မောင်မောင်၏ ပြောဆို နုတ်ဆက် မှုများကို အရေး ထားခြင်းမရှိ။ မကောင်းတတ်၍ အင်း အော် အဲ အော်အော် လောက် သာပြန်ပြောခဲ့သည်။

နောက်ဆုံးတော့ ......

အဖေ လဲလုပ်တာပဲ လို့ ကွန်ပလိန်း ခဏခဏ တက်သော သားဖြစ်သူ ကို ဘိန်းစားက ပြောလိုက်တော့သည်. . . .
ဟေ့ကောင် ငါပြော သလိုလုပ် ငါလုပ် သလို လိုက်မလုပ်နဲ့

1 comment:

Thyda said...

Good!