Art is My Life: ဘလော့နှင့် သီချင်း

Saturday, March 03, 2007

ဘလော့နှင့် သီချင်း

ဘလော့တွေမှာ ဖွင့်လိုက်တာနဲ့ သီချင်းလေတွေ တက်လာအောင် လုပ်ထားကြတာကို တွေ့ရပါတယ်။ သီချင်းတွေကတော့ အစုံပါပဲ တချို့ကလည်း ကိုယ်နှစ်သက်ရာ နှစ်သက်ကြောင်း သီချင်းလေးတွေကို တင်ပေးထားပါတယ်။ တချို့ကြတော့လည်း ကိုယ်ပိုင်ခံစား ချက်တွေကို ကိုယ်တိုင် ဂစ်တာသံလေးနဲ့ တင်ထားတာကိုတွေ့ ရပါတယ်။ သေချာနား ထောင်ကြည့်တော့ သီချင်းလေး တွေကကောင်းပါတယ်။ သို့သော် . . .
ပြသနာက ဘာလဲဆိုတော့ … ကွန်ပျူတာမှာက သီချင်းတစ်ပုတ် ဖွင့်ထားတယ်။ ဘလော့တစ်ခု ဖွင့်လိုက်တော့ သီချင်းတစ်ပုတ် တက်လာတယ်။ နောက်ဘလော့တစ်ခု ဖွင့်လိုက်တော့ နောက်တစ်ပုတ်က ထပ်တက်လာပြန်ရော။
အဲဒီတော့ ဘယ်လိုဖြစ်သွားလဲ ဆိုတော့ မျိုးကြီးက ကွန်ပျူတာထဲကနေ နားညှီးအောင်အော် နေချိန်မှာ အယ်စိုင်းဇီက မိုးရေထဲကနေ ငိုနေတယ်။ ဆောင်ဦးလှိုင်ကလည်း ခပ်ဆွေးဆွေး ဥာည်းနေတယ်။ ဘလော်ကာတစ်ယေက် ကလည်း ခံစားချက်တွေကို ဂစ်တာ တစ်လက်နဲ့ ဖောက်ခွဲနေတယ်။ ကဲမိတ်ဆွေ စိတ်ကူးနဲ့တာ နားထောာင် ကြည့်ပေတော့။
စိတ်ကူးကောင်းကောင်း နဲ့ ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေနဲ့ လာလည်သူတွေ အပမ်းပြေပါစေကြောင်း စေတနာကောင်းနဲ့ ဖျော်ဖြေပေး တာဖြစ်ပေမယ့် တစ်ခါတစ်ရံတွင် ထိုသို့ ဖြစ်တတ်ပါကြောင်း ………

4 comments:

Anonymous said...

ကိုယ်နားမထောင်ချင်တဲ့သီချင်းကို အဲဒီဘလော့ခ်ဆိုဒ်မှာ Stop လုပ်လိုက်ပေါ့ အကိုရ .. ဘာခက်လို့တုန်း

Wai Yan said...

ကျွန်တော်လည်း ခဏခဏကြုံဖူးတယ်ဗျာ။ ဖွင့်ထားတဲ့ ဘလော့တွေကများနေတော့ ဘယ်ကထွက်တဲ့အသံတွေမှန်းမသိတော့ဘူး။ ဒီဂျေနဲ့ ရီမစ်စ်လုပ်ထားသလိုဖြစ်နေတယ်။ အော်တိုပလေးမလုပ်ထားကြရင်တော့ ကောင်းမှာပါ။

Yan said...

ဟုတ်တယ်၊ဟုတ်တယ်။ ကျွန်တော်လည်းအဲလိုဖြစ်ပြီးကတည်းက ကိုယ်ချင်းစာတဲ့အနေနဲ့ ကျွန်တော့်ရဲ့ Music Player မှာ autoplay=false လုပ်လိုက်တယ်။ နားထောင်ချင်တဲ့သူ ကိုယ့်ဘာသာ click လုပ်ဖို့ option ပေးလိုက်တာပေါ့။ ခံစားချက်တွေကတူလိုက်တာဗျာ။ ဘယ်ကလာတာလဲ။ မြန်မာပြည်ကပဲလား။ စိုင်းဇီလေးကိုတော့ ငိုခွင့်ပေးထားလိုက်ပါဗျာ။ နော့!

Anonymous said...

“ခပ်ဆွေးဆွေး ညည်းနေတဲ့ ဆောင်းဦးလှိုင်” ကတော့ အမရဲ့ ဘလောခ့်ပဲဖြစ်မယ်..
ဆောင်းဦးလှိုင်တင်မကပါဘူး…အကုန်အဆွေးချည်းပဲ..အကုန်လုံးငြီးငြူနေကြလေရဲ့ ..ဟားဟား တခါတလေ ကိုယ့်ဘာသာနားထောင်ပြီး စိတ်တောင်ပျက်ပါရဲ့
Autoplay=false နဲ့ ပိတ်လို့ရကြောင်းပြောပြပေးသော ကိုရန်ကိုလဲကျေးဇူးပါ..