Art is My Life: ဘာကြောင့်လဲ

Tuesday, March 13, 2007

ဘာကြောင့်လဲ

စက်ရုံ တစ်ရုံတွင် အလုပ်သင် အင်ဂျင်နီယာလေး တစ်ယောက် တာဝန်ထမ်း ဆောင်နေသည်။ သူသည် လျှပ်စစ် အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး စက်ရုံ၏ ၀ါရာရိန်း ပိုင်းကို တာဝန်ယူရသည်။ သူအလုပ် ဆင်းပြီး များမကြာမှီ သူတာဝန်ယူ ထာသည့် အပိုင်းတွင် ဖြူး ပြတ်လေသည်။ ဖြူးကို ပြန်တပ်လိုက်သည်။ ဒီတော့ ပြန်ကောင်း သွားသည်။ သို့သော် နောက်တစ်ရက် ရောက်တော့ ထပ်ပြတ်ပြန်သည်။ ဖြူးကို ပြန်လဲလိုက်ပြန်သည်။ ကောင်းသွားသည်။ သို့သော် နောက် နှစ်ရက်လောက် နေတော့ ပြန်ပြတ်ပြန်သည်။ အလုပ်သင် အင်္ဂျင်နီယာလေး ကလဲ ပြန်တပ် လိုက်ပြန်သည်။ ဒီလိုနဲ့ ဖြူးဟာ ပြတ်လိုက် ကောင်းသွားလိုက် ပြန်ပြတ်လိုက် ပြန်တပ်လိုက် နဲ့ သံသယာ လယ်လို့နေပါတော့တယ်။

တစ်ခါတုန်းက တိုင်းပြည်တစ်ခုတွင် အဂတိ လိုက်စားမှု များလွန်း သောကြောင့် နိုင်ငံ အစိုးရက အဂတိ လိုက်စားမှု ပပျောက်ရေး အစီမံတစ်ခုကို ချမှတ်လိုက်သည်။ ယင်းအစီမံတွင် အကျင့်ပျက် ၀န်ထမ်းမျာကို တိုင်ကြားရန် တယ်လီဖုန်း နံပါတ်များ ထုတ်ပြန် ပေးထားပြီး တိုင်ကြားရာတွင် အထောက်ထား ခိုင်လုံပါက အလုပ်မှာ ထုတ်ပယ်သည် အရေးယူ လေသည်။ ယင်းကဲ့သို့ အရေး ယူခြင်းကြောင့် ၀န်ထမ်းများ တစ်ယောက် ပြီးတစ်ယောက်သာ ထုတ်ပယ်ခဲ့ရသည် အဂတိ လိုက်စား မူကတော့ ပပျောက် သွားခြင်းမရှိပေ။

တိရိစ္စာများသည် အကောင်ပေါ် မူတည်၍ သဘောသဘာဝ ကွဲပြားချားနား ကြသည်။ သမင်တို့ သည်မုတ် ဆိုး၏မြှား ထိပါက ခြေဦးတည့်ရာသို့ တန်းပြေးသည်။ ခွေးဆိုးတစ် ကောင်ကို လှေင်ထားပြီး ခဲနှင့်ပစ်ပါက ခဲကို ဒေါသတကြီး လိုက်ကိုက်လေ့ရှိသည်။ ကျားတစ် ကောင်ကို မြှားနှင့် ပစ်ပါက မိမိကို ပစ်သော များတံများကို တစ်ချောင်းပြီး တစ်ချေင်း ကိုက်စား ပစ်တတ်သည်။ ခြင်္သေ့ကို များနှင့် ပစ်ပါက များဦးတည်လာရာ အရပ်သို့ တူရှုသွား၍ ရန်သူကို ရှာဖွေတိုက် ခိုက်လေ့ရှိသည်။

တစ်ရက်သော အခါတွင် အလုပ်သင် အင်ဂျင်နီယာလေးက သူ့အထက်က ၀ါရင့် အင်ဂျီနီယာကြီး ကို ဖြူးကြိုးကို ဘယ်အရွယ်လောက် တပ်ရင် အခိုင်းဆုံး ဖြစ်မလဲလို့ သွားရောက် မေးမြန်းလေသည်။ ထိုအခါတွင် အင်ဂျင်နီယာကြီးက စက်ရုံတွင် ဖြူးခဏဏ ပြတ်သည့် အဖြစ်ကို သိရှိသွားပြီး အင်ဂျင်နီယာလေးကို အောက်ပါအတိုင်း ပြောလိုက်တာ့သည်။

ဖြူးပြတ်တာကို ခဏခဏ လဲနေလို့ ကတော့ ၀ါယာကြိုးတွေ သာကုန်သွားမယ် နောက်ထပ်လဲ ပြတ်နေဦးမှာပဲ။ ဘာကြောင့် ပြတ်တာလဲ ဆိုတော့ လိုင်းမှာ ချို့ယွင်းချက် တစ်ခုရှိနေလို့ ပေါ့။ အဲဒီလို ဖြူးပြတ် စေတဲ့ အဓိက အကြောင့်အရင်း ဖြစ်တဲ့ လိုင်းချို့ယွင်းချက် ကို မရှာသေး သရွှေ့ကတော့ ခဏခဏပြတ်နေဦးမှာပဲ။

No comments: