RAVE: ကြက်ငှက်တုပ်ကွေးရောဂါကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဒုတိယအကြိမ်သစ်အဖြစ် ထပ်မံတွေ့ရှိသည်။
ကြက်ငှက်တုပ်ကွေးရောဂါကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဒုတိယအကြိမ်သစ်အဖြစ် ထပ်မံတွေ့ရှိကြောင်းသိရသည်။
မရမ်းကုန်းမြို့နယ်ရှိ မွေးမြူရေးခြံ၌ ကြက်ငှက်တုပ်ကွေးရောဂါပိုး H5N1 တွေ့ရှိသည်ဟု မြန်မာနိုင်ငံတိရစ္ဆာန်မွေး မြူရေးနှင့်ကုသရေးဦးစီးဌာန (တိမွေးကု) က ယမန်နေ့က အတည်ပြုပြီး ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့(FAO) အပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အစီရင်ခံသည်ဟု မြန်မာနိုင်ငံဆိုင်ရာ FAO ဌာနေကိုယ်စား လှယ် ဒေါက်တာတန်ဇန်ပင်းက ပြောသည်။
ကနဦးစမ်းသပ်ချက် အတည်မပြုမီ (၂) ရက်ခန့်၌ ထိုမွေးမြူရေးခြံတခြံ၌ ရောဂါဖြစ်ကြောင်း စတင်တွေ့ရှိခြင်းဖြစ် ပြီး ရောဂါပိုးတွေ့သည့် ကြက် (၆၈) ကောင်သေဆုံးကာ ရောဂါရှိသည်ဟုသံသယဖြစ်သည့် ကြက် (၁,၂၉၂) ကောင်ကို ယမန်နေ့၌ သုတ်သင်ပြီးဖြစ်သည်ဟု ဒေါက်တာတန်က ပြောသည်။
“တိမွေးကုရဲ့ ကနဦးစမ်းသပ်တွေ့ရှိချက်အရ H5N1 ပေါ့စတစ်ပါ။ နောက်ထပ်အသေးစိတ် စမ်းသပ်စစ်ဆေးနေပါ တယ်။ အဖြေရဖို့ (၂) ရက်စောင့်ရပါမယ်” ဟု ဒေါက်တာတန်က ပြောသည်။
ရောပိုးတွေ့ရှိသည့်နေရာကို ပိုးသတ်ဆေးဖြန်းခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ထိုနေရာကို သီးသန့်ခွဲခြားခြင်း စသည် တို့အပါအ၀င် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ကူးစက်ရသည့်အကြောင်းရင်း ကို ရှာဖွေနေဆဲဖြစ်သည်ဟု ၎င်းကပြောသည်။
“ဒီဗိုင်းရပ်စ်ဟာ သဘာဝငှက်ရိုင်းတွေကနေကူးစက်တာလာ
း၊ တခြားအကြောင်းကြောင့်လားဆိုတာ ရှာဖွေနေပါ တယ်။ ဒီ့ထက်ပိုပြီး စူးစမ်းလေ့လာဖို့လိုပါသေးတယ်” ဟု ဒေါက်တာတန်က ပြောသည်။
ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ချုပ်နှင့် FAO တို့ကလည်း ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ၌ အကူအညီများပေး နေသည်။
ရန်ကုန်ရှိဈေးအချို့၌ ယနေ့နံနက်မှစ၍ ကြက်ဘဲရောင်းဝယ်ခြင်းကို မြို့တော်စည်ပင်သာယာရေးကော်မတီက ထိန်းချုပ်ရန်စတင်နေကြောင်း ရန်ကုန် မြို့ခံတဦးက ပြောသည်။
၎င်းက “မနက်က အင်းစိန်ဈေးနဲ့ မြောက်ဥက္ကလာ (၂) ရပ်ကွက်ဈေးမှာလိုက်ဖမ်းတယ်။ ကြက်ဥသွားဝယ်တော့ ၀ယ်နေတုန်းတန်းလမ်းကြီး လိုက်ဖမ်းတာ။ နောက်ပြီး ကြက်ငှက်တုပ်ကွေးဖြစ်ပြီ၊ ကြက်သားမရောင်းရဆိုတဲ့
စာတွေလိုက်ကပ်ဖို့လုပ်နေတာ မြင်ခဲ့တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးကြက်ငှက်ရောဂါဖြစ်ပွားမှုကို ယမန်နှစ်ဧပြီတွင် မန္တလေးတိုင်း၌ စတင်တွေ့ရှိသည်။
ရောဂါနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် တိမွေးကုက လုပ်ဆောင်ခဲ့ပြီး ရောဂါဖြစ်ပွားမှု ထပ်မတွေ့တော့ဟု စက်တင်ဘာ၌ ထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ လူကိုကူးစက်မှု မတွေ့ရှိသေးဟု မြန်မာစစ်အစိုးရက ကြေညာထားသည်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် လူ (၂၅) ဦးကို ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခဲ့ပြီး (၁၇) ဦးသေဆုံးပြီးဖြစ်သည်။ ဤရောဂါ ကြောင့် ၂၀၀၃ခုမှစ၍ ကမ္ဘာတ၀န်း လူ (၁၆၇) ဦးသေဆုံးခဲ့ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာသည်။
ယခုလ (၂၇) ရက်တွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် လူကိုကူးစက်မှုတခုအား အိမ်နီးချင်းလောနိုင်ငံ ဗီယံကျင်းမြို့တော်ရှိ အသက် (၁၅) နှစ်အရွယ်မိန်းကလေးတဦး၌ တွေ့ရှိသည်။
ကြက်ငှက်တုပ်ကွေးရောဂါ လူအချင်းချင်းကူးစက်ကာ ကမ္ဘာ့လူသားသန်းချီသေဆုံးမည်ကို ကျွမ်းကျင်သူပညာ ရှင်များက စိုးရိမ်လျက်ရှိသည်။
Source : www.khitpyaing.org
Thursday, March 01, 2007
ကြက်ငှက်တုပ်ကွေးရောဂါကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဒုတိယအကြိမ်သစ်အဖြစ် ထပ်မံတွေ့ရှိသည်။
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
5:59 PM
No comments:
Post a Comment