Art is My Life: ရယ်မလား ငိုမလား မေ့ထားမလား

Sunday, March 11, 2007

ရယ်မလား ငိုမလား မေ့ထားမလား


မိတ်ဆွေ စိတ်မကောင်း ဖြစ်သွားလား ၀မ်းမနည်းပါနဲ့ ကျွန်တော် သေသေးပါဘူး။ နာမည် ဆင်တာပါ။ သူငယ်ချင်းတွေက ဒီနေ့ထုတ် ကြေးမုံ သတင်းစာကို ကြည့်ပြီး ကျွန်တော့ကို ဖုန်းနဲ့ လှမ်းလှမ်း နောက်ကြတယ်။

တကယ်တော့ စိုးဇေယျာထွန်း ဆိုတာ ကျွန်တော်နဲ့ နာမည်ဆင်တာပါ။ မတူပါဘူး။ ကျွန်တော့ နာမည်က စိုးဇေယျထွန်း ပါ။ ယပက်လက် ယပင်းမှာ သူက ရေးချပါတယ်။ ကျွန်တော်က ရေးချ မပါပါဘူး။

သူငယ်ချင်း တွေကလဲ သားလေး စိုးဇေယျာ အမျှမျှလို့ နောက်သလို ကျွန်တော်ကလည်း အေးကွာ ငါ့သားတွေအတွက် အမွေ မထားနိုင်ခဲ့တာကို အဖေ စိတ်မကောင်းပါဘူးကွာ လို့ပြန်နောက်တယ်။ အစပိုင်းကတော့ တကယ်ပျော်လို့ နောက်ကြရယ်ကြတာပါ။ နေ့ခင်းပိုင်း လောက်ရောက်တော့ ကျွန်တော့ ရယ်သံတွေက အသက်မပါတော့ သလိုဘဲ။

ကျွန်တော် ကြိုးစားပြီး ရယ်ကြည့်တယ်။ ရယ်လို့ ရပေမယ့် ရင်ထဲမှာ မရယ်နိုင်ဘူး။ ဘာဖြစ် သွားပါ့လိမ့်။

ကျွန်တော့ဆရာက ဟေ့ကောင် မင်းကျိန်းကြေတာကွ တဲ့ သူကအားရ ပါးရ ရယ်ပြီးပြောတယ်။ ကျွန်တော့ ဆရာ စကားကြောင့် ကျွန်တော့ ကို ကျွန်တော် ပြန်မေး ကြည့်တယ်။ ကျွန်တော် တကယ် ကျိန်းကြေရဲ့လား . . . .

ဟုတ်ပါပြီ ကျွန်တော် ကျိန်းကြေပါ ပြီတဲ့ အဲဒီလို ကျိန်းကြေတာက ဘယ်နနှစ်ခံမှာလဲ။ ၁၀ နှစ်လား နှစ် ၂၀ နှစ် ၃၀ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အဲဒီထက် ဘယ်လောက် များကျော် နိုင်ဦးမှာလဲ။

စဉ်းစားကြည့်လိုက်တော့ သြော် ငါတစ်နေ့ သေရဦးမှာပါလား။ သေတာတော့ ဟုတ်ပါပြီ။ သေပြီးရင် ဘာဖြစ်မလဲ။ ကျွန်တော် မသိ။ အဲဒါထားလိုက်ဦး လူသေရင် မိသားစု ၀င်တွေ ငိုကြတယ်။ ကျွန်တော် သေရင်လဲ ကျွန်တော့ မိသားစု ၀င်တွေ ငိုကြမှာပါပဲ။ ပြီးရင် သတင်းစာမှာ ၀မ်းနဲကြောင်း ကြော်ငြာ ထည့်မယ်။ တစ်နှစ်ပြည့်ရင် သတင်းစာ ထဲမှာ လွမ်းဆွတ်ကြောင်း ထည့်မယ်။ နှစ်နှစ်ပြည့်ရင် နှစ်နှစ်ပြည့် လွမ်းဆွတ်ကြေင်းပေါ့။ အဲလို သတင်း စာမှာ ပါလာတဲ့ လွမ်းဆွတ်ကြောင်း ကြော်ငြာကို ကြည့်ပြီး ကျွန်တော့ မိသားစု ၀င်တွေ ဟားတိုက်ပြီး ရယ်နေမလား။ လွမ်းဆွတ်နေမလား ၀မ်းနည်းနေမလား။ ကျွန်တော် ထင်ပါတယ် အနည်းဆုံး အားဖြင့်တော့ ကျွန်တော် အသက်ရှင်စဉ်က ပုံရိပ်တွေကိုတော့ ပြန်မြင်နေကြ ဦးမှာပါ။ အဲဒီအချိန်မှာ ကျွန်တော့ လွမ်းဆွတ်ကြောင်း ကြော်ငြာကို ကြည့်ပြီး ၀မ်းနည်း ငိုကြွေး မနေတောင် ရယ်နိုင်ကြမှာတော့ မဟုတ်ပါဘူး။

ဒါဆိုရင် ဒီနေ့ သတင်းစာ ထဲမှာ ကြော်ငြာပါ လာတဲ့ စိုးဇေယျာထွန်း ရဲ့ မိသားစုကရော . . . . သေချာပါတယ်။ သူတို့ မငိုရင်တောင် အနည်းဆုံးတော့ သတိရ ၀မ်းနည်း နေကြမှာပါ။ အဲဒီအချိန်မှာ နာမည်ဆင်တဲ့ ကျွန်တော် နဲ့ သူငယ်ချင်း တသိုက် လွမ်းဆွတ်ကြောင်း ကြော်ငြာကို ကြည့်ပြီး ဟားတိုက် ရယ်နေကြတာ တကယ်ဖြစ်သင့်လား . . .

ကောင်းပြီ မရယ်ရင်ကော ငိုနေရမှာလား သာမန်ကြော်ငြာတစ်ခုလို ပဲမေ့ထားလိုက်မလား မိတ်ဆွေ ရင်းတစ်ယေက်ရဲ့ ကြော်ငြာလိုခံစား လိုက်ရမလား ဘာလုပ်လိုက်ရမလဲ

1 comment:

Thet Htoo@Myat Lone said...

ဟုတ်ကဲ့။ ရှင်ဆန်ဒါဓိက စာအုပ်ခေါင်းစဉ်လိုပေါ့ "လမ်းခွဲတာ ၀မ်းနည်းစရာလား" တဲ့။ ကျွန်တော်တို့ဟာ အကြိမ်ပေါင်းများစွာ ခွဲခွာခဲ့ဖူးပါပြီ။ ဒါပေမယ့်လည်း ခွဲဖို့ခက်ကြတုန်း။ ကျွန်တော် mylot ဆိုတဲ့ community site တစ်ခုမှာ topic တစ်ခုတင်ဖူးတယ်ဗျ။ ခင်ဗျား မနက်ဖြန်သေရမယ်ဆိုတာသိရင်ဘာလုပ်မတုန်း လို့။ အဲဒီမှာ လာဖြေတဲ့သူတွေရဲ့ Response တွေကိုဖတ်ရတာ ဖတ်ရင်းနဲ့ ၀မ်းနည်းလာတယ်ဗျ။ တကယ်ပဲ သေခါနီးလူတွေရဲ့ ဆန်ဒတွေကို နားထောင်နေရသလိုပဲ။ တစ်ချို့ကလည်း တော်တော်ရင့်ကျက်ပါတယ်။ စာအုပ်ကိစ္စက ကျွန်တော်လုပ်ပေးနိုင်တာရှိရင်ပြောပါခင်ဗျား။ myth59@goowy.com ကို mail ပို့လို့ရပါတယ်။

http://www.mylot.com/w/discussions/19523.aspx