Art is My Life: လူမသိ သူမသိ သို့သော် သတ္တိရှိသည်

Saturday, March 03, 2007

လူမသိ သူမသိ သို့သော် သတ္တိရှိသည်

အချိန်ကား ၁၉၄၄ ခုနှစ်
ဖက်ဆစ်ဂျပန်တို့ကို မြန်မာပြည်သူတွေ မုန်းတီးနာကျဉ်းနေချိန်။ ဖိုးသောက်ကြာ ကအသက် ၁၇ နှစ် အရွယ်ကောာင်း။
ခောတ်ကာလကလည်း လူမှန်းသိတတ်စ ကလေးတောင် လွတ်လပ်ရေးလို့ ကြွေးကြော် နေချိန်သည်။ လူတိုင်းလွတ်လပ်ရေး လို့အော်နေချိန်မှာ ဖိုးသောကြာလည်း ဗိုလ်ချုပ်ကို ထောက်ခံတဲ့ ကျောင်းသား သံမဏိတပ်သား အဖွဲ့ကိုဝင်ခဲ့သည်။ အဲဒီအချိန်တုန်းက လွတ်လပ်ရေးကို ကြွေးကြော်လုပ်ရှား ကြရာမှာ လက်မောင်းမှာ ၀လုံး တံဆိပ်တွေ ကပ်ထားတဲ့ `၀´ အဖွဲ့၊ လက်ရုံးတံဆိပ်ကို သုံးတဲ့ လက်ရုံးအဖွဲ့ နှင့် အင်္ကျီ အစိမ်းရောင်ကို ၀တ်ဆင်သည့် သံမဏိကျောင်းသားတပ်ဖွဲ့ တို့က လူသိများတဲ့ အဖွဲ့ကြီးများဖြစ်ကြသည်။ ဖိုးသောကြာ အနေဖြင့် သံမဏိကျောင်းသား တပ်ဖွဲ့ကို ၀င်ခဲ့တာ နိုင်ငံရေးအမြင်အရ နားလည် တတ်ကျွမ်း၍မဟုတ် မိမိနေထိုင်ရာ ညောင်တုန်းတမြို့လုံးရှိ ကျောင်းသားများ အာလုံး သံမဏိကျောင်းသား အဖွဲ့ဝင်များဖြစ်သောကြောင့်သာ ၁၃ နှစ်သား ကတည်းက ၀င်ခဲ့ခြင်းဖြစ်သည်။
အဖွဲ့ ၀င်ချိန်တွင် ဖိုးသောကြာသည် မိဘအုပ်ထိန်းမှု အောက်တွင်ရှိသော ကလေးတစ်ဦးမျှသာ ဖြစ်သောကြောင့် စစ်မျက်နှာပြင်တွင် မပါဝင်ရဘဲ မြို့ပေါ်တွင် နေထိုင်ပြီး သတင်းပေးရသော အလုပ်ကိုသာ လုပ်ရသည်။ မြို့ထဲမှာ ဂျပန်အင်းအား ဘယ်လောက် ၀င်လာသည် ဘယ်နေရာမှာ တပ်စွဲထားသည်။ ဘယ်အချိန်မှာ ဘယ်လမ်းကြောင်းကနေ ထွက်မည် အစရှိသဖြင့် စုံစမ်းသတင်းပေးရသော အလုပ်ကိုလုပ်သည်။
ဒီလိုသတင်းပေးရင်း ဖိုးသောကြာ သတိထားမိတာက ဂျပန်အုပ်စု ရောက်လာတိုင်း ဗမာ သို့မဟုတ် တိုင်းရင်သူ အမျိုးသမီးလေးများ ပါလာတတ်ကြသည်။ အချို့သော အမျိုးသမီးများသည် မသက်သာ၍ လိုက်ခဲ့ရသည် ဟုပြောပြနေသည့် အလား မျက်နှာများ ငြှိးငယ် နေကြသည်။ အချို့သော အမျိုးသမီး များကတော့ သူ့ဖအေက ပေးစားလိုက်သည့် အလား ပြုံးပြုံးပျော်ပျော်၊ သူတို့ကို ကြည့်ရသည်မှာ ဖက်ဆစ်တွေကို လင်လုပ်နေရတာ ဂုဏ်ယူနေသည့်အလား ဆောင့်ကြွား ဆောင့်ကြွား နိုင်လှသည်။ နောက်တစ်ခုက ဂျပန်များသည် လူမြင်ကွင်းမှာ ၀တ်လစ်စလစ်ဖြင့် ရေချိုးကြသည်။ တစ်ခါတစ်ရံတွင် သူတို့နှင့်ပါလာသော ဗမာ အမျိုးသမီးများကို သူတို့နှင့်အတူ ၀တ်လစ် စလစ် ဖြင့်ပင် ရေချိုးခိုင်း သည်ကိုလည်း ကိုတွေ့ရသည်။
တစ်ရက်တော့ G.H.S ( ယခု အ.ထ.က (၂) ညောင်တုန်း ) ကျေင်းတွင် ယာရီတပ်စွဲထားသော ဂျပန်တပ်၏ အင်းအား အခြေအနေကို တိတ်တဆိတ် စုံစမ်းစဉ် ဂျပန်များနှင့်အတူ ၀တ်လစ်စလစ် အနေထားဖြင့် ပျော်ရွင်စွာ ရေချိုးနေကြသော ကရင်မလေး နှစ်ဦးကို တွေ့ရသည်။ ဖိုးသောကြာ ကိုယ်တိုင်လည်း ကရင်ကပြား ဖြစ်သောကြောင့် စကားပြောသည့် လေယူလေသိမ်း ပုံပန်းသဏ္ဌန် များကိုကြည့်၍့ ကရင်မလေး များဖြစ်ကြောင်း သိရှိရခြင်းဖြစ်သည်။ ဖိုးသောကြာစိတ်တွင် အမျိုးဂုဏ်ကို မစောင့်စည်းသော ယင်းအမျိုးသမီးနှစ်ဦးကို ဖြစ်နိုင်ပါက ပြေး၍သာ သတ်ပစ်လိုက်ချင်သည်။ သို့သော် မိမိမှာ လုပ်စရာတာ ၀န်များရှိသေးတာ ကြောင့်စိတ်ကို ချုပ်တည်းခဲ့ရသည်။
နောက်တစ်ရက်မှာ ထပ်စုံစမ်းကြည့်တော့ ကရင်မလေးနှစ်ဦးသည် သူနာပြုဆရာမလေးများ ဖြစ်ကြောင်းသိခဲ့ရသည်။ ဂျပန်ဆရာဝန်လည်း ပါလာသည်။ ဂျပန်ဆရာဝန် နှင့် ကရင်မလေး နှစ်ဦးတို့မှာ တပူးတွဲတွဲရှိလှသည်။ ကောင်မလေး တစ်ယောက်မှာ အသက် ၂၀ ကျော်ခန့် တစ်ယောက်မှာ ၂၅ နှစ်ခန့် နှစ်ယောက်စလုံး အသားဖြူ၍ ရုပ်ရည် ချောမောကြသည်။
ဂျပန်များနှင့် ပါလာသော ကရင်မလေး နှစ်ယောက်ရဲ့ သတင်းက တစ်မြို့လုံးတွင် ပြော၍မဆုံး၊ ကာလသားများ ကလည်း စုပ်သပ်လို့ မဆုံးကြ။ ဒီလိုရုပ်ရည် ချောချောနှင့် အရွယ်ကောင်း ကောင်မလေးတွေ ငပုကောင်များနှင့် တွဲနေသည်ကို အမျိုးသားရေး အမြင်မရှိသော ကာလသားများပင် နှမျှောကြသည်။
ဂျပန်များတပ်စွဲပြီး တစ်ပတ်ခန့် အကြာ။ ယင်းနေ့ညတွင် ဂျပန်များ ညောင်တုန်း မြို့ ဘေးရှိ ပန်းလှိုင်မြစ် ( ယင်းမြစ်သည် ရန်ကုန် မြစ်နှင့် ဧရာဝတီမြစ်တို့ ကို ဆက်စပ်ပေး ထားသည့် မြစ်တစ်စီး ဖြစ်ပြီး ရန်ကုန် တွင်လှိုင်မြစ်ဟု ခေါ်ကြသည် ) အတိုင်း စုန်ဆင်းမည်ဟု ဖိုးသောကြာ သတင်းရသည်။ သတင်းက ခိုင်လုံသည်။ ယင်းအဖွဲ့တွင် လူအင်အားနှစ်ရာခန့် နှင့် လက်နက် ဗုံးသီးများ အပါဝင်ပြီး ရိက္ခာပြည့်စုံသည်။ ညဦးပိုင်းတွင် သင်္ဘောငယ် ရှစ်စီးခန့် ဖြင့် ညောင်တုန်းမြို့ ကထွက်ခွာ သွားသည်ကို ဖိုးသောကြာ ကိုယ်တိုင်မြင်လိုက်ရသည်။ ထို့ကြောင့် တောထဲကအဖွဲ့ကို သတင်းပို့ရာတွင် ခါတိုင်းလို ဆက်သား မလွတ်တော့ပဲ ကိုယ်တိုင် သွားသတင်းပို့သည်။
ဖိုးသောကြာ ပါဝင်သော သံမဏိကျောင်သား တပ်ဖွဲ့သည် ဂျပန်သင်္ဘာများ နံနက်တစ်နာရီ ခန့်တွင် ရောက်ရှိ မည်ဟု ခန့်မှန်းရသော ပန်းလှိုင်မြစ်ကမ်းဘား တစ်နေရာက စောင့်နေကြသည်။ ( ရေကြောင်းခရီး ထက် ကုန်းလမ်း ခရီးက ပိုမြန်ပါသည် )
သေနတ် မကိုင်ရတာ ကြာပြီဖြစ်သော ဖိုးသောကြာ တစ်ယောက် လက်တွေ ယားနေပြီ။ ညတစ်နာရီက မရောက်နိုင်သေး။ စောင့်ရချိန်ကို ကြာလွန်းလှသည်ဟု ဖိုးသောကြာ ထင်နေမိသည်။ ဖိုးသောကြာသည် ငါးမျှားသူ တစ်ဦး ဖော့တံကို ဘယ်အချိန်မြုတ်မလဲ ဆိုတာကိ စိုက်ကြည့်နေသည့်အလား ဂျပန်များ လာမည့် မြစ်ပြင်ဘက်ကို ငြိမ်သက်စွာ စောင့်ကြည့်နေသည်။ လူက ငြိမ်နေရသော်လည်း စိတ်ထဲကမငြိမ်လှ။ ဖြစ်နိုင်ရင် ဂျပန်များ အလာကို မစောင့်ဘဲ ဂျပန်များ ရောက်ရာနေရာကို သွားရောက် တိုက်ချင်လှသည်။ ညတစ်နာ ထိုးပြီ။ ဂျပန်တွေ အရိပ်အရောင် ပင်မတွေ့ရသေး။ ဖိုးသောကြာ စိတ်တွေ ပိုလုပ်ရှားလာသည်။ နှစ်နာရီထိုးပြီ ဂျပန်တွေ ရောက်မလာကြသေး။ နှစ်နာရီ ထိုးပြီးကွမ်းတစ်ရာ ညှက်ခန့်အကြာ ဖိုးသောကြာတို့နှင့် ရေလမ်းခရီး နှစ်နာရီခန့် သွားရမည်ဟု ယူဆရသော အကွာရှိ ပန်းလှိုင်မြစ်တွင်း တစ်နေရာမှာ ပေါက်ကွဲသံ ကြီးထွက်ပေါ်လာသည်။ ပေါက်ကွဲသံနှင့် အတူ မီးလုံးကြီးများ လည်း ကောင်းကင်ထက်သို့ တက်လာသည်။ နောက်ထပ် ပေါက်ကွဲ သံများကိုလည်း ဆက်တိုက် ဆက်တိုက် ကြားရပြန်သည်။ မီးလုံးများလည်း ယင်းနေရာမှ ဆက်တိုက် ဆက်တိုက်ပင် ထွက်ပေါ် လျှက်ရှိတော့သည်။ ဖိုးသောကြာတို့ လည်း မီးလုံးပေါ်ထွက် ပေါက်ကွဲရာနေရာသို့ ချက်ခြင်း ချီတက်ခဲ့ကြသည်။
ပေါက်ကွဲမှုက ထင်ထားသည့်အတိုင်း ဂျပန်သင်္ဘများ မှပင်ဖြစ်သည်။ ဘယ်ကနေ ဘယ်လိုဖြစ်သွားသည် မသိ သင်္ဘေအားလုံး ပျက်စီးနေပြီ။ သေသူများလည်း သေကြပြီ။ ပြေးသူများလည်း ပြေးကြပြီ။ မီလောင်သင်္ဘောများက ရေပေါ်မှာ လောင်ကျွမ်းလျှက်။ သင်္ဘောက မီးလောင်သည့် အချို့အစိတ်ပိုင်းတွေ တစ်ဖြည်းဖြည်းခြင်း ရေထဲကိုကြွေ ကြနေကြသည်။ မီးက ယန်းများ ရှိသည့်နေရာများကို လောင်သွားမိလျှင် တစ်ချက်တစ်ချက် ထထပေါက်ကွဲသည်။ ဒီညတော့ ဖိုးသောကြာတို့ အုပ်စု သေနတ် တစ်ချက်မှ မပစ်ပဲ အောင်ပွဲ ခံလိုက်ရသည်။
သင်္ဘောပေါက်ကွဲ ရာက မသေပဲ ထွက်ပြေးသည့် ဂျပန်စစ်သားအချို့ကို နောက်နေ့နံနက်မှာ ဒေသခံရွာသားများက ဖမ်း၍ ဖိုးသောကြာတို့ အဖွဲ့ကို လာပြီးအပ်ကြသည်။ သူတို့ကို သင်္ဘောများ ပေါက်ကွဲရခြင်း၏ အကြောင်းကို မေးတော့ . . . .
မအံ့သြပါနဲ့ကွာ အဲဒီကရင်မလေး နှစ်ယောက်က ငါတို့ သံမဏိကျေင်းသား အဖွဲ့က။ သူတို့ကို ဂျပန်တွေထဲမှာ သူလျှိုထည့်ထားတာ
ရန်ကုန်က လာသော တော်လှန်ရေး ခေါင်းဆောင်၏ စကားကို နားထောင်ပြီး ဖိုးသောကြာ မျက်လုံးပြူးသွားသည်။ ဒီကရင်မလေးတွေကို အရင်က ဖိုးသောကြာ တော်တော်လေး စိတ်နာခဲ့သည်။ အခုတော့ ဒီကောင်မလေးတွေက တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို တည်ဆောက်ရာမှာ မိမိတို့ရဲ့ အသက်ကို အုပ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ပါဝင်စတေး သွားခဲ့ကြသည်။ ဖိုးသောကြာ အပါအ၀င် ညောင်တုန်း တစ်မြို့လုံး ၀မ်းနည်းလို့ မဆုံး။ ဖိုးသောကြာ လည်းငယ်သေးသူ တစ်ယေက်ဖြစ်သည့် အတွက် တိုင်းပြည်အတွက် အသက်ပေး သွားသော ကရင်မလေးနှစ်ဦးသည် မည်သူ မည်ဝါ ဖြစ်သည်ကို မစပ်စုမိခဲ့။
အဲဒီညက ဂျပန်သင်္ဘော အုပ်စုထဲက တစ်စီးသည် ရေလမ်းပြ၏ မကျွမ်းကျင် မှုကြောင့် တူးချေင်းရွာနှင့် ဆီဖြူကျွန်းကျေးရွာ အကြားတွင် သောင်တင်သွားသည်။ အုပ်စုမကွဲစေရန် အတွက် သောင်တင်သည့် သင်္ဘောဘေးတွင် ကျန်သင်္ဘောများလည်း ရပ်စောင့်ပေးရသည်။ ယင်းကဲ့သို့် လက်နက်သင်္ဘော များစုနေချိန်ကို အခွင့်ကောင်းယူ၍ ကရင်မလေး နှစ်ဦးက ကိုယ်ကိုကိုယ် အသေခံကာ လက်နက်များကို ဖောက်ခွဲ ပစ်လိုက်သည်။
ယနေ့ဆိုရင် လွတ်လပ်ရေး ရခဲ့သည်မှာ ကြာခဲ့ပြီ။ လွတ်လပ်ရေး တိုက်ပွဲဝင်ချိန်ကာလတွင် အသက်သွေးများစွာ စတေးခဲ့ရသည်။ အချို့က လူသေသော်လည်း နာမည်မသေ သေးသူများ ရှိကြသည်။ အများစုက စစ်မြေပြင်မှာ လူမသိသူမသိ တိုင်းပြည် အတွက် အသက်ကို ပေးလှုခဲ့ ကြသည်။ ကရင်မလေး နှစ်ယောက်လို လူမသိသူမသိ အသက်ပေး ခဲ့ကြသူတွေ ကျွန်တော်တို့ တိုင်ပြည်မှာ ဘယ်လောက်အထိ ရှိခဲ့ မည်မသိ။ သို့သော် . . . . သူတို့ သတ္တိရှိ ကြပါသည်
ဤဖြစ်ရပ်မှန် သမိုင်းနှောက်ခံကို လွတ်လပ်ရေး မော်ခွန်းဝင် ဒုတိယအဆင့် ဦးခင်မောင်လေး ကပြောပြခဲ့ခြင်း ဖြစ်သည်။ ဦးခင်မောင်လေးသည် စစ်ကြိုခောတ်နှင့် လွတ်လပ်ရေးကြိုးပမ်း ချိန်ကာလက တိုက်ပွဲဝင်ခဲ့ပြီး စစ်ပြီးခောတ်နှင့် လွပ်လပ်ရေး ရပြီးနှောက်ပိုင်တွင် သတင်းစာသမား တစ်ဦးအနေဖြင့် သတင်းဆောင်း ပေါင်းမျာစွာကို ဖိုးသောကြာ ( ခောတ် + မိုး ) အမည်ဖြင့် ရေးသားခဲ့ပြီး၊ ယခုအခါတွင် သူ၏သတင်းထောက် တစ်သက်တာ အတွေ့ကြုံကို စာအုပ်ထုတ်ရန် စီစဉ်လျှက် ရှိသည်။

No comments: