Art is My Life: ကိုစစ်အိမ်ရဲ့ အကြံပြုချက်ကို ဆွေးနွေးခြင်း

Thursday, March 01, 2007

ကိုစစ်အိမ်ရဲ့ အကြံပြုချက်ကို ဆွေးနွေးခြင်း

ဒီအစီအစဉ်ကို ကိုစိုးဇေယျ တစ်ဦးတည်းဖြစ်စေ၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုအနေနဲ့ဖြစ်စေ လုပ်ဖို့ဆိုတာက တော်တော်ခက်ခဲမယ့်ကိစ္စပါ။

အားလုံးစုစီးပါဝင်ကြမှာ ဖြစ်တဲ့အတွက် ပြောလောက်အောင် မခက်နိုင်ပါဘူး။ ခက်ရင်လည်း အဲဒီအခက်ခဲတွေကို ကျွန်တော်တို့တွေ့ စုစည်း ပြီးကျော်လွှားကြတာပေါ့။


(၁) မြန်မာဘလော့ခ်တွေက နေ့စဉ်နဲ့အမျှတိုးနေတာကတစ်ကြောင်း၊ တိတိပပ စာရင်းတစ်ခု မရှိတာကတစ်ကြောင်း ကြောင့် လက်ရှိရှိနေတဲ့ မြန်မာဘလော့ခ်ဆိုဒ်များကို စုစည်းဖို့ဆိုတာက ပထမဆုံးအခက်အခဲပါပဲ။

ဟုတ်ပါတယ် အဲဒီအတွက် စုစည်းနိုင်ဖို့ရာ ဆင်မနာ တစ်ခုလုပ်ဖို့လဲ လျာထားပါတယ်။ ဂျာနေတွေကနေလဲ သိအောာင်ထည့်သွင်း ဖော်ပြသွားမှာပါ။ မြန်မာဘလော်ကာ တော်တော်များများနဲ့ ရင်းနှီးတဲ့ ကိုညီလင်းဆက် ကိုလည်းအကူညီတောင်ထားပါတယ်။ သူကလဲ မကြာခင်မှာ ပြည်ပကို ပြန်သွားတော့မှာ ဆိုတော့ မြန်မာရှိသူရှိနေတုန်းမှာ တတ်နိုင်သလောက် ပါဝင်ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။


(၂) ဘယ်ဘလော့ခ်တွေကို ရွေးပြီးထည့်မလဲ
(၃) ဘလော့ခ်ဂါတစ်ဦးချင်းစီရဲ့ ဘယ်လိုအကြောင်းအရာတွေကို ရွေးပြီးဖော်ပြမှာလဲ (ကျနော်ဆိုလိုတာက နည်းပညာဦးစားပေးအနေနဲ့ ဖော်ပြမှာလား)
ဘလော့တွေကိုတော့ ဘလော့ပိုင်ရှင်က သူဆန္ဒအရ ထည့်ပေးစေချင်တဲ့ ပို့တွေကို ထည့်သွင်းဖော်ပြမှာ ဖြစ်သလို။ မြန်မာစာဖတ် ပရိတ်သတ်အတွက် လိုအပ်နေတဲ့ Information တွေကို ဘလော့ရေးသူရဲ့ ကျွမ်းကျင်တဲ့လိုင်း အပေါ်မှာ မူတည်ပြီးတော့ ဘယ်လို အကြောင်းရာလေးတွေ ရေးပေးပါ ဆိုတာမျိုးလည်း တောင်းဆိုသွားမှာပါ။

(၄) ဘယ်လိုပုံစံမျိုးနဲ့ ထုတ်ဝေမှာလဲ၊ တစ်ခါတည်း တစ်အုပ်တည်းထုတ်ရုံပဲလား။ အပတ်စဉ်၊ လစဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းတစ်ခုခုအနေနဲ့ဆိုရင်ရော။

လောလောဆယ် ရည်ရွယ်တာကတော့ လာမဲ့ World Blog Day အထိမ်းအမှတ် အနေနဲ့ ထုတ်ဖို့ပါ။ စာအုပ်အနေနဲ့ ထုတ်ရင်ကောင်းမလား နှစ်လည် မဂ္ဂဇင်းလို ပုံစံနဲ့ ထုတ်မလားဆိုတာတော့ ပူးပေါင်းပါ ၀င်ကြမဲ့ သူငယ်ချင်းအများစု ရဲ့ဆန္ဒသဘောထားကို ရယူပြီးလုပ်သွားမှာပါ။ တစ်နှစ်ကို နှစ်ကြိမ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ အပတ်စဉ်လစဉ် ထုတ်ချင်တယ်ဆိုရင်တော့ စီးပွားရေးဆန်သွားပါ လိမ့်မယ်


(၅) အရေးကြီးဆုံးအချက်ကတော့ ဘလော့ခ်ရေးသူအားလုံးက ကိုယ်သိတဲ့အကြောင်းအရာတွေကို ကိုယ့်ဘလော့ခ်လေးတွေမှာ အလကားကြည့်ဆိုပြီး ဖော်ပြထားတာကို တစ်ဖက်မှာ စက္ကူစာမျက်နှာတွေပေါ်တင်လိုက်တဲ့အခါကျ ဒါတွေဟာ ငွေပေးဖတ်ရပါတော့မယ်။ အဲဒီအတွက်ကြောင့် အခုထုတ်မယ်ဆိုတဲ့ စာအုပ်ဆိုတာကို ရောင်းဈေးသတ်မှတ်တဲ့အခါကျ စီးပွားရေးသိပ်မဆန်သွားဖို့။

တကယ်တော့ မြန်မာနိုင်ငံမှာ အင်တာနက်သုံတဲ့ လူဦးရေဟာ တစ်သိန်း မပြည့်သေးပါဘူး။ အင်တာနက် သုံးတဲ့လူတွေ ထဲကမှ ကိုဆယ့်ငါး ရာခိုင်နှုန်းကျော်က ချက်သုံးကြတယ်။ သုံးရာခိုင် နှုန်းလောက်က ဆက်သွယ်ရေး အတွက်သုံး ကြတယ်၊ ကျန်တဲ့အပိုင်းက စီးပွားရေး အလုပ်သုံးနဲ့ ပညာရေးအတွက် သုံးကြတာပါ။

ဘလော့ရေးတဲ့လူက တော်တော်လေးကို နည်းပါသေးတယ် ငါးရာမပြည့်သေးပါဘူး။ ဖတ်တဲ့လူလဲ အဲလိုပါပဲ။ ဘလော့တွေကို အစဉ်မပြတ်လိုက် ဖတ်နေတဲ့လူ ငါးရာမပြည့်သေးပါဘူး။ ဒါကြောင့် ဘလော့က ရေးသားချက် ဘယ်လောက် အသုံးဝင်တယ်ဆိုတာ ဒီလို ဘလော့ဖတ်တဲ့ လူအနည်းစုပဲ သိပါတယ်။

ဒါကြောင့် ဘလော့ကနေ လူအများစု ဖတ်ဖို့သင့်တော်တဲ့ အကြောင်းအရာတွေကို အင်တာနက် မသုံးနိုင်ကြသေးတဲ့ လူတွေကိုလဲ ဖတ်စေချင်တဲ့ ဆန္ဒရယ်၊ နောက်တစ်ခုက ကျွန်တော် သတိထားမိသလောက် ဘလော့မှာရေးတဲ့ အကြောင်းအရာ အချို့က လက်ရှိ စာပေလောက နဲ့ဘာမှမဆိုင်ဘူး ထူးခြားကွဲပြားတယ်။ ဒါကြောင့် ထူခြားကွဲပြားအောင် ရေးနိုင်တဲ့ မြန်မာ ဘလော်ကာတွေကို ဘလော့မှာ တင်မဟုတ်ပဲ မြန်မာစာပေလောက မှာပါ ပါဝင်ရေးသားတဲ့ စာရေးဆရာ ကောင်းတွေ ဖြစ်လာစေဖို့ ရည်ရွယ်ထုတ်တာပါ။

ကျွန်တော်တို့ စာအုပ်ရောင်းလို့ ရတဲ့ ပိုက်ဆံအားလုံးကို လှုဒန်းမှာဖြစ်တဲ့ အတွက် စီးပွားရေးလုပ် သလိုမဖြစ်ပါဘူး။ ရတဲ့ အမြတ်ကို ဘလော်ကာတွေ ဝေယူကြမယ် ဆိုရင်တော့ စီးပွားရေးလုပ် တယ်လို့ ပြောရမှာပေါ့။

ဖြစ်နိုင်မယ်ဆိုရင်တော့ အတွေ့အကြုံရှိတဲ့ လက်ရှိလည်း စာအုပ်/စာပေထုတ်ဝေနေတဲ့အဖွဲ့ တစ်ခုခုက ဦးစီးလုပ်ဆောင်မယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်လိမ့်မယ်လို့ ထင်မြင်ပါတယ်။

ကျွန်တော့ရဲ့ သဘောထား ခံယူချက်ကတော့ ဘယ်သူကမှ မွေးကတည်းက အတွေ့ကြုံတွေ ပါလာကြတာ မဟုတ်ပါဘူး။ လုပ်ရင်နဲ့ သင် သင်ရင်းနဲ့ တတ်သွားတာပါ။ မဖြစ်ဖြစ် အောင်လုပ်မယ် ဆိုတဲ့ စိတ်ဆန္ဒပြင်းပြမှု ဘယ်လိုလုပ်ရင် ဖြစ်နိုင်တယ် ဆိုတဲ့ တွေးခေါ်စဉ်း စားနိုင်တဲ့ ဦးနှေက် လိုအပ်တဲ့ အချက်တွေကို ပံ့ပိုးပေးမဲ့အရာတွေ ရှိနေရင် ဘယ်အရာမဆို မဖြစ်နိုင်တာ မရှိပါဘူး။

အခုဆိုရင် ကျွန်တော်တို့မှာ ပြင်းပြတဲ့ ဆန္ဒကလည်းရှိနေ ကြပြီ။ ဦးနှေက်တွေကလည်း တစ်လုံးတည်း မဟုတ်ဘူး။ ပံ့ပိုးပေးနိုင်မဲ့ လော်ကတွေက လည်းညီညွှတ်နေကြပြီ။ ကျွန်တော်တို့ အလုပ်တကယ်လုပ်ဖို့ ပဲကျန်ပါတော့တယ်။

နောက်ထပ် ပေးကြမဲ့ အကြံဥာဏ်များကို လဲကြိုဆိုလက်ခံ ပါတယ်။ အခုလို အကြံပြုပြောပေးတဲ့ ကိုစစ်အိမ် ကိုလဲ အထူးပင်ကျေးဇူးတင်ရှိပါတယ်


2 comments:

Anonymous said...

လစဉ်ကတော့ များတယလို့ထင်ပါတယ် ... တစ်နှစ်ကိုနှစ်ကြိမ် သုံးကြိမ်လောက်ဆို မဆိုးပါဘူး .. အကိုစပြီး အစီစဉ်တွေဆွဲပြီး ထုတ်ဝေသူလုပ်ဖူးသူတွေနဲ့ စနည်းနာကြည့်ပါ .. လင်းတို့က စာပဲရေးနိုင်ပြီး အလှူငွေပဲ လုပ်ပေးနိုင်မှာ .. ကိုယ်တိုင်က မြန်မာပြည်မှာမရှိတော့ လုပ်နိုင်မှာမဟုတ်ဘူး ...

sisain said...

ကော့မက်လာပေးတာ နဲနဲနောက်ကျသွားတယ်-

ကျနော်ကလည်း အထူးကျေးဇူးတင်ပါတယ် ကိုစိုးဇေယျ-ရေ
ဦးဆောင်အနစ်နာခံသူ ရှားပါးတဲ့ခေတ်မျိုးကြီးမှာ ခုလိုတက်တက်ကြွကြွလုပ်ပေးမယ့် လူငယ်ဘလော့ဂါတွေရှိနေတာကိုက မြန်မာဘလော့ခ်လောကအတွက် ၀မ်းသာစရာပါ။ စာအုပ်ထုတ်ဖြစ်တဲ့အခါကျလည်း ခေါ်ပါ။ ကျနော်က ဗလသေးတာမို့ အလေးအပင်မတာကလွဲရင် ကျန်တဲ့တောက်တိုမယ်ရ အကုန်လုပ်နိုင်ပါတယ်။