Art is My Life: ငိုမလား ရယ်မလား

Sunday, March 18, 2007

ငိုမလား ရယ်မလား

တစ်ခါတုန်းက အညှာက လူတွေ အုပ်စုလိုက် ရန်ကုန်ကို ဘုရားဘူးလာ ကြတယ်။ အဲလို ဘုရား ဖူးလာကြတာ ဆူးလေ ဘုရားကိုရောက်ခဲ့တယ်။ သူတို့ အုပ်စု ဆူးလေ ဘုရားမှာ ဘုရား ဖူးပြီးတော့ အဖွားကြီး တစ်ယောက်က ဘုရာဖူး အုပ်စုနဲ့ ကွဲသွားတယ်။ အဖွားကြီးလဲ မသွားတတ် မလာတတ်နဲ့ လျှောက်သွား လိုက်တာ နောက်ဆုံးတော့ ရန်ကုန် ဘူတာကြီး ကိုရောက်သွားတယ်။
ရန်ကုန် ဘူတာကြီး ထဲမှာ အဖွားကြီးက ယောာင်နန နဲ့ဖြစ်နေတာပေါ့နော်။ ဘယ်သွားလို့ ဘယ်လာ ရမှာလဲ မသိဘူး ဖြစ်နေရှာတယ်တာပေါ့။အဲဒီမှာ ဘူတာက လူတွေက အဖွားကြီးကို ခေါ်ပြီး မေးတာ ပေါ့နော်။ ဘယ်သွားမှာလဲ ဘယ်ကလဲ လို့ ၀ိုင်းပြီး မေးကြတော့ အဖွားကြီးက မဖြေနိုင်ဘူး ဖြစ်နေတယ်။ နောက်ဆုံးတော့ ဘူတာက လူတွေက အဖွားကြီးကို မေးလိုက်တယ်။ ခင်ဗျားနဲ့ ရန်ကုန်မှာ သိတဲ့လူ မရှိဘူးလားလို့။ အဲဒီတော့ အဖွားကြီးက ခဏလောက် စဉ်းစာပြီး ဝေဠုကျော်ကို သိတယ်လို့ ပြောလိုက်တယ်။့ အဲဒီတော့ ဘူတာကလူတွေက ဝေဠုကျော်ရဲ့ ဖုန်းနံပါတ်ကို စုံစမ်းပြီး ဝေဠုကျော် ကြီးကို ဖုန်းဆက် ခေါ်လိုက်တယ။်
ခဏလောက်နေတော့ ဝေဠုကျော်ကြီးက ကားနဲ့ရောက်ချလာတယ်။ ဝေဠုကျော်က ဘူတာကို ရောက်တော့ ဘယ်မှာ လဲကျွန်တော့ရဲ့ အသိ လို့မေးတယ်။ အဲဒီတော့ ဘူတာက လူတွေက အဖွားကြီးကို ပြကြတယ်။ ဘူတာက လူတွေ ပြတဲ့ အဖွားကြီးကို ကြည့်ပြီး ဝေဠုကျော်က မသိပါဘူးလို့ ငြင်းလုက်တယ်။ အဲဒီမှာ အဖွား ကြီးက ဘာပြော လိုက်သလဲဆိုတော့ ........
ရောမောင် မင်းမှာ ငါ့ကို ဘယ်နှယ်မသိဘူးလို့ ပြောလိုက်ရတာလဲ ငါမှာ မင်းကို ညတိုင်း တစ်ဆယ် တစ်ဆယ် ပေးပေးပြီး ကြည့်နေတာလေ ငါ့ကို မမှတ်မိဘူးလား လို့အညှာလေသံနဲ့ပြောလိုက် ပါတော့တယ်။ အဲဒီမှာ ဘူတာ လူတွေရော ဝေဠုကျော်ရော ငိုအားထက် ရယ်အားသန် ဆိုသလို ပွဲကျအေင် ရယ်လိုက်ကြ ရပါတော့ တယ်။ နောက်ဆုံးတော့ ဝေဠုကျော်ကပဲ အဖွားကြီးတည်းတဲ့ ဘုန်းကြီးကျောင်းကို စုံစမ်းပြီး လိုက်ပို့ ထားခဲ့ရပါတယ်။
မိတ်ဆွေ သင်လည်း ကိုရီးယားရောက်လို့ မျက်စိလည်ပြီး ဘယ်မသွား ဘယ်မလာတတ် ဖြစ်နေရင် စိတ်မပျက်ပါနဲ့ အထက်ပါနည်း အတိုင်းကျင့်သုံးပါ လေ။

No comments: