မျှော်လင့် ချက်တွေနဲ့
ဘယ်နေ့ ရောက်လာမလဲ။
ခံစားချက်တွေနဲ့
ဘယ်လို ဖွင့်ဟရမှာလဲ။
ဘယ်အခါ ဘယ်တော့မှ
ဘယ်တော့မှ ဘယ်အခါမှ
မဝေးချင် ပါဘူး။
စကားလေး တစ်ခွန်သာ
ပြောခွင့်ရှိသေးရင် ခံစားချက်တွေ
အသက်ဝင်လာဦးမလား။
ပြန်မဆုံနိုင်တဲ့ စည်းရဲ့ တစ်ဘက်စီမှာ
ခံစားချက်တွေနဲ့အတူ ရပ်ကြည့်နေရင်နဲ့ပဲ
အချစ်ရဲ့နိဂုံး အဆုံးသတ်လိုက်တော့မှာလား။
တမာပင်ကြီးတွေ ငြိမ်သက်နေပြီ
အေးမြတဲ့လေနုတွေကရော ကြားဝင်မစေ့စပ်နိုင်တော့ဘူးလား။
တ၀ီဝီမည်နေတဲ့
မော်တော်ဆိုင်ကယ်သံတွေနဲ့ ကျောက္ကာလမ်းမကြီးကရော
ဘာများတတ်နိုင်သေးလို့လဲ။
တကယ်တော့ အချစ်ဆိုတာ
အတ္တတွေ မာန်မာနတွေ ဂုဏ်ပကာသနတွေ နဲ့ ဖွဲ့စည်း ထားတာ မဟုတ် သလို
အတ္တတွေ မာန်မာနတွေ ဂုဏ်ပကာသနတွေ ကို အားပြိုင် ဖို့ရာ အတွက် ယောင်္ကျား တစ်ယောက်နဲ့ မိန်းမ တစ်ယောက် ချစ်ခဲ့ ကြတာမှ မဟုတ်တာ။
အချစ် ဆိုတာ ခံစား ချက်တွေ ကို တစ်ယောက် နဲ့ တစ်ယောက် မျှဝေပြီး နှစ်ဦးသား ညီမျှစွာ ခံစား ဖို့လေ
ချစ်သူ ရေ ကျေးဇူး ပြုပြီး မင်းမာန်မာန တွေကို တမာပင် အောက်မှာ မြုတ်နှံပါ အတ္တတွေကို ထရံကြားမှာ ထိုးထား ခဲ့ပါ။ နံစော် နေတဲ့ ဂုဏ်ပကာသန တွေကို ဆေးကြောဖို့ ချင်းတွင်း မြစ်ထဲ ကို စီးဝင်ခဲ့ပါ။ ကျောက်ဆောင် တွေကို တိုးမိရင် ထွက်လာမယ် တေးသွားတွေ ကို ကူးတို့ငှက်တွေ ကြိုနေကြတယ်။ ပေါင်းစပ် ခြင်းရဲ့ ဒက်ဖနေးရှင်း ကို ရေပျော် ငါးတွေ သီဆို နေကြပြီ။ အိမ်မက် တွေကို လန့်မနိုးဖို့ မျှော်လင့်ချက် တံခါးအို ကို လာမခေါက် ကြပါနဲ့ ငါ ဆက်ပြီး အိပ်စက် ပါရစေ
1 comment:
ကိုစိုးကြီး. Chicken Soup Corner လေးမှာ ဒါမျိုးလေးတွေရေးပေးပါလားဗျာ. ကျေးဇူးမီလီယံပါ...
Post a Comment