Art is My Life

Friday, August 03, 2007

မွေးနေ့ဆုတောင်း




ဖော်ပြပါပုံသည် တရားခံမဟုတ်ပါ။ ဥပဒိရုပ်ကြောင့် တရားခံနှင့် ထင်မှတ် မှားသွားမည် စိုးရိပ်ပါ၍ အလျှင်စလို အသိပေးလိုက်ရခြင်း ဖြစ်သည်။ သူသည် မိုးကုတ်သားဖြစ်သည်။

ဒီနေ့မှာ ကျရောက်တဲ့ မိုးကုတ်သားလေး မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချမ်းမြေ့ပျော်ရွင်စွာဖြင့် ဘလော့ဂ်တွေ ရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဒါပေမယ့် .. . . . . . မျက်ခုံးလုပ်ဖို့ သာပြင်ထား

Read More...

ရှည့်နှင့် ကျွတ်

တစ်ခါတုန်းက လူတစ်ယောက်သည် ပန်းခြံထဲမှာ ထိုင်နေတုန်း ရှည့်လေးတစ်ကောင် ကိုတွေ့သည်။ ယင်းရှည့်လေးသည် သစ်ကိုင်း တစ်ကိုင်းမှ အခြားသစ်ကိုင်း တစ်ကိုင်းသို့ ခုန်ကူးဖို့ ပြင်နေသည်။ ရှည့်လေး လက်ရှိရောက်နေသော သစ်ကိုင်းနှင့် သူခုန်ကူးဖို့ ပြင်ထားသည့် သစ်ကိုင်းတို့မှာ အလှမ်း ကွာလွန်းသောကြောင့် ရှတ်တရက်ကြည့်ရင် သစ်ကိုင်း တစ်ကိုင်းမှ တစ်ကိုင်းသို့ ကူးသည်နှင့် မတူပဲ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည် နေသည်ဟုပင် ထင်ရသည်။

သိုရာတွင် ရှည့်လေး ခုန်ကူးလိုက်သည်။ ရှည့်လေး၏ ခန္ဒာကိုယ်သည် လေထဲတွင်ပျံဝဲကာ သူသွားချင်သော တစ်ဘက် သစ်ကိုင်းကို ရောက်သွားသည်။

အထက်ပါ ပုံပြင်လေးသည် ဖေမြင့်၏ စာအုပ်တစ်အုပ် မှဖြစ်ပြီး မည်သည့်စာအုပ် ဖြစ်သည်ဆိုတာ ကိုတော့ ကျွန်တော် မမှတ်မိတော့ပါ။ စာကြောင်းနဲ့ ရေးသားပုံများ ကွဲလွဲကောင်း ကွဲလွဲပါမည်။ အဓိပ္ပယ်ကတော့ အတူတူပင်ဖြစ်ပါသည်။

ကျွန်တော် နားလည် သလောက် ဆရာဖေမြင့် ပြောချင်သည့် စကားမှာ လူလောက သည်လည်း သစ်ပင်ကူးသည့် ရှည့်လေးလိုပင် ဖြစ်သည်။ ပြုတ်ကျမှ ကြောက်လို့ မခုန်သေး သရွေ့ ကတော့ ဒီဘက် အကိုင်းမှာပဲ ရှိနေဦးမယ်။ ဒီအကိုင်းမှာ ဆက်မနေချင်လို့ တခြားအကိုင်းကို ပြောင်းချင်ရင်တော့ ခုန်ကူးကြရမည်။

ထို့ကြောင့် ကျွန်တော်သည် ရှည့်လေး၏ လုပ်ရပ်ကို သဘောကျသည်။

ကျွန်တော် နယ်ကမိဘများနှင့် မကြာမကြာ ဖုန်းပြောလေ့ရှိသည်။ အလုပ်အကိုင် နေရေးထိုင်ရေး ကျမ္မာရေး ကိစ္စများလည်း ပါဝင်သည်။ တစ်ကြိမ်တွင် ဒီထက်ကောင်းသည့် နေရာတစ်ခုကို ပြောင်းရွေ့မည့် အကြောင်းကို ကျွန်တော်ပြောဖြစ်သည်။ ထိုသို့ ပြောင်းရာတွင် စွန့်စားရမည့် အနေထားမျိုးလဲ ပါဝင်သည်။ ကံကောင်းလျှင် မျှော်မှန်းထားသည့် နေရာကို ရောက်နိုင်သလို ကံမကောင်းလျှင် လက်ရှိ အနေထားထက်ပင် ဆိုးသွားနိုင်သည်။

မည်သို့ပင် ဖြစ်စေ ကျွန်တော်သည် ရှည့်ကလေး၏ ဥပမာအတိုင်း ခုန်ဖို့ရာ အဆင်သင့် ဖြစ်နေပြီ။ ထိုအခါ အဖေက ကျွန်တော့ကို စကားတစ်ခွန်း ပြောသည်။ ကျွတ် ဆိုတဲ့ အမျိုးက တစ်နေရာကနေ တစ်နေရာကို ကူးရင် ရှေ့ခြေလှမ်း မြဲမှ နောက်ခြေလှမ်းကို လွတ်တယ်။ ဆိုလိုတာကတော့ တစ်နေရာကနေ တစ်နေရာကို သွားချင်ရင် အရင်ဆုံး ခြေလှမ်း စလှမ်းလိုက်တယ်။ ဒါပေမယ့် လက်ရှိနေရာကိုလဲ မြဲအောင် တွယ်ထားတုန်းပဲ။ အရှေ့မှာ လှမ်းလိုက်တဲ့ ခြေလှမ်းက မြဲပြီ သေချာပြီ ဆိုမှ နောက်ခြေလှမ်းကို လွတ်တယ်။

အဖေပြောသည့် စကားကို ကျွန်တော် နားလည် သလောက်ကတော့ တစ်နေရာကနေ တစ်နေရာကို ကူးတော့မယ်ဆိုရင် အရှေ့ကဟာကို သေချာအောင်လုပ်ပါ သေချာပြီ ဆိုမှ လက်ရှိနေရာကို လွတ်ပါ။

ထိုအခါတွင် ရှည့်နှင့်မျှော့ ဘယ်လမ်းစဉ်ကိုရွေးမလဲ ဆိုသည့် မေးခွန်းများကျွန်တော့ ခေါင်းအတွင်း ၀င်ရောက် လို့လာပါတော့သည်။

အမေရိကန် စင်တာတွင် ပြုလုပ်သော သတင်းစာ ပညာဟော ပြောပွဲတစ်ခုကို တက်ဖြစ်သည်။ ထိုဟောပြောပွဲတွင် နိုင်ငံခြားသား ၀ါရင့်သတင်းထောက် တစ်ဦးက သူ့အတွေ့အကြုံများကို မျှဝေပြောပြသည်။ သူပြောသည့် အထဲတွင် သတင်းထောက် တစ်ဦးသည် ကျင့်ဝတ် ကိုစောင့်စည်း ရန်လိုသည်ဟု ပြောသည်။ ထို့အပြင် အမှန်တရားကို မဖြစ်အနေ ဖော်ထုတ်ရမည်ဟု လည်းပြောသည်။

ထိုအခါ ကျင့်ဝတ်နဲ့ အမှန်တရား ဘယ်ဟာကို ဦစားပေးရမလဲဟု နားထောင်နေသည့် သတင်းထောက် တစ်ဦးက မေးလိုက်သည်။

နိုင်ငံခြားသား ဟောပြောသူ ခေတ္တစဉ်းစားနေသည်။ ထို့နောက် “နေရာတိုင်းမှာ ကျင့်ဝတ်ကိုချဉ်းပဲ ဦးစားပေးလို့ မရသလို အမှန်တရားကို ချဉ်းပဲလည်း ဦးစားပေးလို့မရဘူး။ သတင်းဟာ မှန်တိုင်းလည်း အကျိုးမရှိသလို ကျင့်ဝတ်အတိုင်းချဉ်း ပဲလုပ်နေလို့ကတော့ သတင်းအမှန်ကို ရဖို့မလွယ်ဘူး။ ဒါကြောင့် ကျင့်ဝတ်နဲ့ အမှန်တရား ဘယ်ဟာကို ဦးစားပေးမလဲ ဆိုတဲ့နေရာမှာ အခြေအနေနဲ့ အချိန်ခါကို သုံးသပ်ပြီး ဆုံးဖြတ်ရမဲ့ အရာမျိုးပဲ”

တကယ်တာ့ လူသည် ကျွတ်မဟုတ်သလို ရှည့်လည်း မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ သေချာသည်ကတော့ မည်သည့်အရာကိုမျှ လှေနံဓားထစ်မှတ်၍ မရပဲ ဖြစ်လာသည့် အကြောင်းအရာကို မူတည်ကာ ဆုံးဖြတ်ကြရမည် ဖြစ်သည်။

Read More...

Wednesday, August 01, 2007

လူလူတွေ

လူတွေဗျာ အားအားနေ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်အလုပ်လုပ် ကိုယ်လုပ်နေကြတာခြင်း အတူတူ ဘာဖြစ်လို့ သူများကို လိုက်ဆဲ နေကြတာလဲမသိဘူး။

Read More...

Tuesday, July 31, 2007

ဖိနပ်စီးဖို့ အခွင့်အရေး

၂၉၊ ဂျူလိုင်၊ ၂၀၀၇
နေ့လည် ၂ နာရီခန့်


``ဟေ့... မင်းတို့ ဖိနပ်မပါဘူးလားကွ´´
``.......´´
``မင်းဖိနပ်ဘာလို့ မစီးတာလဲ၊ မရှိဘူးလား´´
`` ရှိတယ်။´´
``ဟေ။ ဒါဆို ဘာလို့မစီးတာလဲ။´´
``အိမ်မှာ သိမ်းထားတယ်။ အမေက မစီးရဘူးတဲ့´´
``ဟေ။ အမေက ဘာလို့ မစီးခိုင်းတာလဲ´´
``ပျောက်မှာစိုးလို့တဲ့´´

ကျွန်တော်နဲ့ ကိုစိုးဇေယျဘာမှ မပြောနိုင်တော့ဘူး။

အပြည့်အစုံဖတ်ရန်
*** *** ***

Read More...

Sunday, July 29, 2007

ထောင်တစ်သက် အတွေ့အကြုံ

ယခု ခွေးဥသြောအူသံကား အင်းစိန် ထောင်ကြီးပေါ်မှ ဆွဲလိုက်သော ဥသြသံကြီး ဖြစ်ချေသည်။

`` ဒေါင်.... ဒေါင်..... ဒေါင် ... ... ဒေါင် ..... ဒေါင်..... ´´

အဆိုပါ ဥသြသံနှင့် တစ်ဆက်တည်းပင် ထောင်ပတ်လည်ရှိ မျှော်စင်များမှ သံချောင်း ခေါက်သံများ တစ်ဒေါင်ဒေါင်နှင့် ဆူညံသွားသည်။ မောင်မောင်တို့ သင်တန်းသားများ ဘုမသိဘမသိနှင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြသည်။ ဘာများ ဖြစ်တာပါလိမ့်။

သင်တန်း ကျောင်းအုပ်ကြီး မစ္စတာအေကရစ်ရှနားကမှု ချက်ခြင်း သိလိုက်သည်။

`` ထောင်ထဲမှာ တစ်ခုခု ဖြစ်နေပြီဟေ့။ ရိုက်ပွဲလား လူပြေးသလား မသိဘူး။ တို့သွားကြည့်ရင်း ကူကြရအောင် ခပ်သွက်သွက်တော့ သွားရလိမ့်။´´

အထက် ဖော်ပြပါ စာပိုဒ်သည် ရန်အောင်မောင်မောင် ရေးသားသည့် ထောင်တစ်သက် အတွေ့အကြုံ အမည်ရ စာအုပ်မှ အင်းစိန်ထောင် ထောင်လန့်သည့် ဖြစ်ရပ်အကြောင်းကို ရေးထားခြင်းဖြစ်သည်။

ကျွန်တော်အရင်က ထောင်နဲ့ ပတ်သက်လို့ ကျော်မြသန်းတို့လို စာအုပ်တွေကို ဖတ်ခဲ့ဖူးပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်အများစုက ထောင် အကြောင်းကို ရေးရင် ထောင်ကျဖူးတဲ့ စာရေးဆရာတွေ ရေးတာများပါတယ်။ ကျွန်တော် ဒီစာအုပ်ကို မဖတ်ဖူးခင်က ရန်အောင် မောင်မောင်ရဲ့ ထောင်တစ်သက် အတွေ့ကြုံဆိုတော့ ထောင်ထဲမှာ တစ်သက်တစ်ကျွန်းကျတဲ့ လူတစ်ယောက်က ရေးထားလို့ ထင်ခဲ့မိပါ သေးတယ်။ တကယ်တော့ စာရေးဆရာ ရန်အောင်မောင်မောင်ဟာ ထောင်ဝန်ထမ်း ဘ၀နဲ့ နှစ်လေးနီးနီး တာဝန်ထမ်းဆောင် ခဲ့ပြီး ထောင်ထဲက အတွေ့အကြုံ ဖြစ်ရပ်ဆန်းတွေကို ရေးသားထားခြင်းဖြစ်ပါတယ်။

အဲဒီစာအုပ်ကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီနေရာကို နှိပ်ပါ

Read More...

အသိပေးခြင်း

ကျွန်တော့် ဘလော့၈်ကို ဒီဇိုင်းပြုပြင်မှုများ ပြုလုပ်နေတာကြောင့် မနေ့ကညနဲ့ ဒီနေ့နေ့လည်မှာ မြန်မာဖောင့်တွေ အပါအ၀င် စီဘောက်နဲ့ ဆိုဒ်ဘားလဲ ခေတ္တပျောက်သွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ယခုအခါတွင် ပုံမှန်အတိုင်းပင် ပြန်ဖြစ်သွားပြီ ဖြစ်ကြောင် အသိပေးပါသည်။

Read More...

Friday, July 27, 2007

Seminar ဖြစ်မြောက်ရေးအစည်းအဝေး (၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ၂၆ ရက်)မှ ဆွေးနွေးဆုံးဖြတ်ချက်များ

၁။ Seminar အား ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ နေ့လည် (၁) နာရီမှ ညနေ (၅) နာရီအထိ MICT Park တွင် ပြုလုပ်ကျင်းပမည် ဖြစ်ပါသည်။
၂။ Seminar ၏ ခေါင်းစဉ်မှာ “Why do we blog?” ဖြစ်ပါသည်။
၃။ Myanmar Blogger Society အတွက် လိုဂိုအား ကိုဖြိုးမှ ရွေးချယ်သတ်မှတ်ထားသော ဒီဇိုင်းအား ရေးဆွဲပေးရန် .. ။ ဆောင်ပုဒ်အား ထပ်မံရွေးချယ်ရန် .. ။
၎။ Seminar တွင် ဟောပြောမည့် ခေါင်းစဉ်များမှာ ..
What is blog?
How to modified the blog?
The nature of the blog
Adventage and Disadventage of blog
About Portal and Book
၅။ Seminar တွင် ချိတ်ဆွဲမည့် vinyl board များနှင့် ဝေငှမည့် လက်ကမ်းကြော်ငြာများအတွက် ဒီဇိုင်းအား ကိုဖြိုးနှင့် အဖွဲ့မှ တာဝန်ယူရေးဆွဲရန်။ (ဒီဇိုင်းကျွမ်းကျင်သူ ဘလော့ဂါများအနေဖြင့် ကိုဖြိုး အားဆက်သွယ်ဆောင်ရွက်ကြပါရန်)၊ ဘလော့အကြောင်းသိကောင်းစရာ စာအုပ်ငယ်အတွက် ပြင်ဆင်မှုများ ပြုလုပ်သွားရန်။
၆။ ဖိတ်စာရိုက်ရန်အတွက် ကိုညီလင်းဆက်ရှာထားသော စပွန်ဆာမှ တာဝန်ယူမည်ဖြစ်သည်။
အထူးဧည့်သည်တော်များအား ဖိတ်ကြားလိုသူများအနေဖြင့် ကိုစိုးဇေယျ အား ဆက်သွယ်ကြရန် ..
မီဒီယာများအား ကိုစိုးဇေယျမှ တာဝန်ယူဖိတ်ကြားရန် ..
၇။ Seminar ပြုလုပ်ကျင်းပမည့် သတင်းအတွက် ဂျာနယ်နှင့် စာနယ်ဇင်းကိစ္စအ၀၀ကို ကိုစိုးဇေယျမှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။
၈။ Internet Cafe' များနှင့် အခြား အိုင်တီနှင့်ဆိုင်သော ကုမ္ပဏီများ၌ ကြော်ငြာများကပ်ရန် ကိစ္စအ၀၀ကို ကိုနေဘုန်းလတ်၊ ကိုဘလာဂေါက်နှင့် မဘာညာတို့မှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။
၉။ စပွန်ဆာများအနေဖြင့် မိန်းစပွန်ဆာမှ မိနစ်သုံးဆယ်စာ ဟောပြောခွင့်ရရှိမည်ဖြစ်ပြီး၊ အခြားသော စပွန်ဆာများအနေဖြင့် ကြော်ငြာများ ချိတ်ဆွဲခွင့်၊ လက်ကမ်းကြော်ငြာများ ဝေငှခွင့်များရရှိမည်ဖြစ်ပါသည်။ စပွန်ဆာအားလုံး၏ လိုဂိုတံဆိပ်များအား Seminar ဖိတ်စာတွင် ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
၁၀။ တက်ရောက်လာသော ဘလော့ဂါများ အချင်းချင်း သိသာစေရန်အတွက်MBS လိုဂိုများကို တက်ရောက်လာသော မြန်မာဘလော့ဂါများအား ကပ်ပေးမည်ဖြစ်ပါသည်။
၁၁။ စီစဉ်သူဘလော့ဂါများအနေဖြင့် တူညီတံဆိပ်ရိုက်နှိပ်ထားသော တီရှပ်များဝတ်ဆင်သွားမည်ဖြစ်ပါသည်။
ဟောပြောမည့်သူများအနေဖြင့် အမျိုးသားဖြစ်ပါက ပုဆိုးနှင့်တိုက်ပုံ ဆင်တူ၊ အမျိုးသမီးဖြစ်ပါက မြန်မာရိုးရာဝတ်စုံဖြင့် ၀တ်ဆင်ပြောကြားသွားမည်ဖြစ်ပါသည်။
Seminar မပြုလုပ်မီ
၁။ Organizer အဖြစ် ကိုညီလင်းဆက် ၊ ကိုစိုးဇေယျ နှင့် ကိုနေဘုန်းလတ် တို့မှ Seminar တစ်ခုလုံးအစမှ အဆုံးအထိ အစစအရာရာကိုစီစဉ်ညွှန်ကြားခြင်း၊ အရေးပေါ်ကိစ္စများအား Decision Maker များအဖြစ်ဆောင်ရွက်ခြင်းတို့အား ပြုလုပ်သွားမည်ဖြစ်ပါသည်။
၂။ ဟောပြောသူများမှ မိမိဟောပြောမည့် အကြောင်းအရာများကို သတ်မှတ်ချိန်အတွင်း အံဝင်ခွင်ကျရှိစေရန် ဟောပြောခြင်း၊ သြဂုတ်လ (၅) ရက်နေ့အစည်းအဝေးမတိုင်မီ မိမိဟောပြောမည့် အကြောင်းအရာများအား အကြမ်းရေးသားထားရန်။
၃။ ကြိုဆိုနေရာချထားရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ အခန်းအနားမှူးနှင့် အခန်းအနားမှူးအကူ၊ ဓါတ်ပုံနှင့်ဗွီဒီယိုရိုက်ကူးရေးတို့အတွက် တာဝန်ယူပေးနိုင်သည့် မြန်မာဘလော့ဂါများအနေဖြင့် Organizer များဖြင့် အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ကြပါရန် .. ။
ယနေ့အစည်းအဝေးအား တက်ရောက်လာသူများမှာ -
ကိုစိုးဇေယျ၊ ကိုမိုးလှိုင်ည၊ ကိုဘလာဂေါက်၊ ကိုညီလင်းဆက်၊ မောင်ပွတ်၊ မမယ်လိုဒီမောင်၊ Pink Gold၊ ကိုမျက်လုံး၊ ကိုဖြိုး၊ ကိုနေဘုန်းလတ်၊ ကိုသန့်ဇော်မင်း၊ ကိုချမ်းမြေ့ဦး၊ မဘာညာ၊ ကိုချစ်စမ်း၊ ကိုချမ်းမြေ့နှင့် ကိုတက်စလာတို့ဖြစ်ကြပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အစည်းအဝေးမတက်ရောက်ဖြစ်ခဲ့သော မြန်မာဘလော့ဂါများအနေဖြင့် သြဂုတ်လ (၅) ရက်နေ့အစည်းအဝေးသို့တက်ရောက်ကြပါရန် လေးစားစွာဖိတ်ကြားလိုက်ရပါသည်။
မြန်မာဘလော့ဂါများတွင် အချို့သောအမျိုးသမီးဘလော့ဂါများသည် ပါဝင်ကူညီလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ်ပြတ်နေကြသဖြင့် အမျိုးသမီးဘလော့ဂါများအနေဖြင့် မမယ်လိုဒီမောင် အား ဆက်သွယ်၍ ပါဝင်ကူညီနိုင်ကြပါသည်

Read More...

Thursday, July 26, 2007

ရေးသူ စိတ်ကြိုက် ဘလော့ဂ်ပို့ များ

အခုဆိုရင် ဘလော့ဂ်ရေးသက် ဆယ်လအတွင်းမှာ ပို့ နှစ်ရာ့ငါးဆယ်ကျော် တင်ခဲ့ပြီးပါပြီ။ အဲဒီထဲက ကျွန်တော်ကြိုက်တဲ့ ကောင်းနိုးရာရာတွေကို ရွေးချယ်ပြီး စီဘောက်ရဲ့ အောက်နားလေးမှာ တင်ထားပါတယ်။
ကျွန်တော် အကြိုက်နဲ့ မိတ်ဆွေရဲ့ အကြိုက် တူမတူ ဆန်းစစ်ကြည့်ပါ။

Read More...

Tuesday, July 24, 2007

အရေးကြီးတာကို အရင်လုပ်ပါ

ဆရာသည် ဇလုံးတစ်လုံးကို ယူလာ၍ တပည့်များ အားပြသသည်။ ထို့နောက် ထိုဇလုံး ထဲသို့ ကျောက်ခဲကြီးများ အပြည့်ထည့်စေသည်။ ကျော်ခဲကြီးများ ဇလုံးနှင့် ပြည့်သွားသော အခါတွင် တပည့်များက ပြည့်သွားပြီးဟု ပြောသည်။

ထိုအခါ ဆရာက ထိုကျောက်ခဲကြီးများ အပြည့်ထားသော ဇလုံအတွင်းသို့ ကျော်စရစ်ခဲများ ထပ်ထည့်ကာ လုပ်ခါ လိုက်သည်။ ဇလုံထဲတွင် ခဲကြီးများ ကျောက်စရစ်ခဲ များနှင့် ပြည့်သွားသည်။ ထိုသို့ထည့်ပြီးနောက် ပြည့်သွားတာ သေချာပြီလားဟု ဆရာက တပည့်များကို ထပ်မေးသည်။ ပြည့်သွားပါပြီး ဟုတပည့်များက ၀ိုင်းဖြေကြသည်။

ထို့နောက်ဆရာသည် ယင်းဇလုံအတွင်းသို့ သဲများကို ထပ်ထည့်ကာ လုပ်ခါလိုက်ပြန်သည်။ ထိုအခါ ဇလုံထဲတွင် ကျောက်ခဲ ကျောက်စရစ်ခဲ သဲများဖြင့် ပြည့်သွားသည်။ ထိုသို့ ထည့်ပြီးနောက် ဇလုံထဲမှာ ပြည့်သွားပြီလားဟု တပည့်များကို ထပ်မေးသည်။ တပည့်များက ပြည့်ပါပြီဟု ထပ်ပြောသည်။

ထို့နောက်ဆရာသည် ဇလုံအတွင်းသို့ ရေများ ထပ်လောင်းထည့်ပြန်သည်။ ထိုအခါ ဇလုံအတွင်းတွင် ကျောက်ခဲ ကျောက်စရစ်ခဲ သဲ ရေတိြု့ဖင့် ပြည့်သွားတော့သည်။ ထို့သို့ ပြည့်သွားပြီးနောက် ဇလုံထဲမှာ ပြည့်သွားပြီလားဟု တပည့်များကို ထပ်မေးပြန်သည်။ တပည့်များက ပြည့်ပါပြီး ပြောကြပြန်သည်။

ထိုအခါ ဆရာက အေးဟုတ်တယ် ပြည့်သွားပြီကွ ဟုတ်ပည့်များကို ပြန်ပြောသည်။ ထိုသို့ ဇလုံးထဲကို ခဲများ သဲများ ရေများ ဘာကြောင့် ဆရာက ထည့်ပြသည်ကို တပည့်များ နားမလည်နိုင်အောင်ရှိနေသည်။ ဆရာက မေးသည် ငါဘကြောင့် အဲလိုထည့်ပြတာလဲ ဟု ဆရာက တပည့်များကို ပြန်မေးသည်။ တပည့်များ ကောင်းစွာမဖြေနိုင်ကြ။

ဘ၀ဆိုတာလဲ ဇလုံးတစ်လုံးလိုပဲကွ။ ထည့်စရာတွေ အများကြီးရှိတယ်။ သင်စရာတွေ အများကြီးရှိတယ် သယ်သွားစရာတွေ အများကြီးရှိတယ် လုပ်စရာတွေ အများကြီးရှိတယ်။ အဲလို သင်စရာ သယ်စရာ လုပ်စရာတွေ အများကြီးကို တချိန်တည်းတစ်ပြိုင်တည်းမှာ ဘယ်သူမှ လုပ်နိုင်မှာမဟုတ်ဘူး။

ဒါကြောင့် လုပ်စရာတွေ များလှတဲ့ ဘ၀မှာ အရေးကြီးဆုံး အရာနဲ့ အရေး မကြီးတဲ့အရာကို ခွဲခြား သယ်တတ်ဖို့တော့ လိုလိမ့်မယ်။



* * *

Read More...

Seminar ကိစ္စ အစည်းအဝေး

လာမယ့် ကြာသပတေးနေ့ (၂၆.၀၇.၂၀၀၇) မှာ ကျွန်တော်တို့ ရန်ကုန်မှာရှိတဲ့ ဘလော့ဂါတွေ အားလုံး လာမယ့် ဘလော့ဂ်ဒေး မှာကျင်းပဖို့ ရှိတဲ့ Seminar ကိစ္စအတွက် အသေးစိတ် ဆွေးနွေး တိုင်ပင်ကြရန် အစည်းအဝေး တစ်ခု ကျင်းပဖို့ ရှိပါတယ်။

နေရာကတော့ ဗိုလ်အောင်ကျော် လမ်း ၊ အာလာဒင် ရှေ့မှာရှိတဲ့ Coffee King မှာဖြစ်ပါတယ်။ အစည်းဝေး ဆိုတဲ့ သဘောမျိုးထက်
ကျွန်တော်တို့ ဘလော့ဂါ တွေစုစည်း စီစဉ်ကြမယ့် Seminar ကြီးကို အောင်အောင် မြင်မြင် ကျင်းပနိုင်ဖို့ အတွက် ဘလော့ဂါတွေ အားလုံး တိုင်တိုင် ပင်ပင်နဲ့ တာဝန်တွေခွဲဝေ ဆောင်ရွက်ကြ ဖို့အတွက် ဖြစ်ပါတယ်။

ကျွန်တော်တို့ လုပ်ရမယ့် အလုပ်တွေထဲမှာ ပထမဆုံး အနေနဲ့ Seminar ဖြစ်မြောက်ရေး အတွက် ဆောင်ရွက်ရမယ့် လုပ်ငန်း တွေဖြစ်ပြီး ၊ ဒုတိယ အနေနဲ့ ကတော့ Seminar လုပ်နေစဉ် အတွင်း ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ပါဝင်မှာဖြစ်ပါတယ်။

အဲဒီ့ လုပ်ငန်း ဆောင်တာတွေ အတွက် ရန်ကုန်မှာရှိကြတဲ့ ဘလော့ဂါ တွေအနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီ အားဖြည့်နိုင်ဖို့ အတွက် အားလုံးကို ဖိတ်ခေါ်ရ ခြင်းဖြစ်ပါတယ်။ ဒီအစည်းဝေးမှာ ဖြစ်နိုင်ရင် တစ်ခါတည်း အစုအဖွဲ့တွေဖွဲ့ပြီး တာဝန် တွေတစ်ခါတည်း ခွဲဝေပေးလိုက်မှာ ဖြစ်တဲ့အတွက် အစည်းအဝေးကို တတ်နိုင် သမျှကြိုးစားပြီး တက်ရောက် ပေးကြဖို့အားလုံးကို မေတ္တာရပ်ခံပါတယ်။

အချိန်ကတော့ ညနေငါးနာရီတိတိ ဖြစ်ပါတယ်
နေရာက ဗိုလ်အောင်ကျော်လမ်းက ကော်ဖီကင်း

Read More...