Art is My Life: ချောင်းသာ
Showing posts with label ချောင်းသာ. Show all posts
Showing posts with label ချောင်းသာ. Show all posts

Wednesday, April 18, 2007

ကျွန်တော်နှင့် ချေင်းသာ ၂

နေကအတော် လေးမြင့်နေပြီ။ မြင့်ဆို ၁၀ ရာရီ ကျော်လာပြီကိုး။ ကျွန်တော်စက် ဘီးစီးနေရတာလဲ မောလာပြီ ဒါကြောင့် စက်ဘီးကို ငှားတဲ့ ဆီမှာ ပြန်အပ်လိုက်ပြီး ဧည့်ကြိုကို အခန်းရပြီးလားလို့ စုံစမ်းကြည့်တယ်။ အခမ်းက မရသေးဘူး။ အခမ်းရနေ အောင်စောင့် နေရင်တော့ ပင်လယ်ထဲ ဆင်းဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး။ ၁၀ နာကျော်တာ တောင်နေက တော်တော်လေး ပြင်းနေပြီ။ ဒါကြောင့် ပင်လယ်ထဲကို ဒီတိုင်းပဲ ဆင်းခဲ့တယ်။ ပင်လယ်ထဲ ရောက်တော့ ကဲကဲသဲသဲ အော်ဟစ်ပြီး ဆော့နေတဲ့ မိန်းကလေးတွေကို တွေ့ရတယ်။ ခဏလောက်နေတော့ ရေနစ်လို့ရေနစ် လို့ ဆိုပြီး ၀ိုင်းကယ်နေကြ တာကို တွေ့လိုက်တယ်။ ဒါကြောင့် ကျွန်တော်လဲ စပ်စပ်စုစုနဲ့ သွားကြည့်လိုက်တယ်။
သူများတွေ လားလို့ အောင်းမိပါတယ် ကျွန်တော် အုပ်စုက ကောာင်မလေးတွေ။ ပြီးတော့ ရေနစ်တယ် ဆိုတဲ့ ကောာင်မလေးက ပြောလိုက်သေးတယ်။ သြော် ဘဲချောချော လေးတွေ့လို့ ဇာတ်လမ်းရလိုရ ငြား ရေနှစ်ချင်ယောင် ဆောင်လိုက်တာ လာကယ်တာက ကိုယ့်အုပ်စု ကလူတွေ ဖြစ်နေတော့ ငါပဲ ဆပ်ဆလူးစိန် ဖြစ်သွားတော့တယ်တဲ့။ အင်း သူပြောပုံအရ ဆိုရင်တော့ ရေနစ်တဲ့ သူမှာ အပြစ်မရှိဘူး ကယ်မိသူတွေရဲ့ အမှားတာ ဖြစ်ပါတော့တယ်။
အဲလိုရေကစား နေတုန်း ကမ်းခြေမှာ ဈေးလာရောင်းတဲ့ ဈေးသည်တွေကိုလဲ တွေ့ရပါတယ်။ သူ့တို့ကတော့ ငါးကင် ပုစွန်ကင် ရောင်းတဲ့ ဈေးသည်တွေပါ။ သူတို့ တွေကတော့ ထုံစံအတိုင်း ပုစွန်ကင် တစ်ကင်ကို ၁၀၀ လို့ပြောရောင်း ပါတယ်။ ဆစ်ရင်တော့ ငါးဆယ်နဲ့ ပေးပါတယ်။ ငါးကင်ကတော့ အရွယ်အကြီး အသေးပေါ် မူတည်ပြီး ၃၀၀ ကနေ ငါးရာ လောက်ထိ ရောင်းကြပါတယ်။ ရန်ကုန် ဘီယာဆိုင် တွေမှာ ၈၀၀ လောက်ရောင်းတဲ့ အကောင်ကို သူတို့ရောင်းတာ ၄၀၀ လောက်ပဲရှိပါတယ်။ ဒါပေမယ့် တလားဗီးယားနဲ့ ပင်လယ်ငါး အမျိုးစာချင်းတော့ မတူသလို ကင်တဲ့ပုံချင်းလဲ မတူဘူးပေါ့။ လာရောင်းတဲ့ ငါးကင် ပုစွန်ကင်တွေက စောစောက ဟိုတယ်ဝန်ထမ်း ပြောသလို တချို့ ဟာတွေက မကျက်တကျက် ဖြစ်သလို ကင်ထားတာကို တွေ့ရပါတယ်။ ထုံးစံတစ်ခုက ပိုက်ဆံမပါလဲ ရောင်းပါတယ်။ ကမ်းခြေမှာရှိတဲ့ ဘောကွင်း ငှားခြင်း အုန်းရည်သောက် ခြင်း ငါးကင်ပုစွန်ကင်စား ခြင်းအားလုံး ပိုက်ဆံမပါပဲ ငှားလို့ စားလို့ရပါတယ်။ ပြီးမှ သူတို့က တည်းတဲ့ဟိုတယ် အခန်းကို လိုက်ပြီး ပိုက်ဆံယူကြတပါ။ စီးပြီးသား ဘောကွင်းကိုလဲ ပြန်အပ် စရာမလိုပါဘူး ကမ်းခြေမှာ ပစ်ထားခဲ့လဲ သူတို့တံဆိပ်နဲ့ သူတို့လိုက်သိမ်း ကြပါတယ်။ အဲဒီမှာ ပြသနာက ဘာရှိသလဲဆိုတော့ ဒီအဖွဲ့က ဘောကွင်း သုံးကွင်းငှားတယ် ဆိုရင် တခါတရံမှာ လေးကွင်းငှားတယ် ငါးကွင်းငှားတယ် ဆိုတာမျိုးတွေ လုံးဝမငှားပေမယ့် အခန်းကို ပိုက်ဆံလာတောင်း တမျိုးတွေ ကြုံရပါတယ်။ ဒါကသူတို့ကအကြံ ဖန်လုပ်ပြီး လာတောင်းတာ ဖြစ်နိုင်သလို အကျင့်မကောင်းတဲ့ လူတွေက အခန်းနံပါတ် လိမ်ပြောပြီး ငှားတာမျိုးလဲ ဖြစ်နိုင်ပါတယ်။
အဲလို ဘောကွင်းငှားတာ တို့စက်ဘီးငှားတို့က သာမန်အားဖြင့် ကြည့်ရင် ဘာမှမဟုတ်လောက် ဘူးထင်ပေမယ့် ၀င်ငွေက မဆိုးဘူးဗျ။ ၀င်ငွေ မဆိုးသလို ပေးရတဲ့ အခွန်ကမနည်းဘူး။ ဘောကွင်း ငှားခြင်းလုပ် ငန်းဆိုရင် တစ်နှစ်ကို ငါးသိန်းပေးရတယ် လို့သိရတယ်။ ငါးသိန်းဆိုတာက အကွက် တစ်ကွက်ကို ပြောတာပါ။ အကွက်တစ်ကွက်ကို မီတာ တစ်ရာလောက်တော့ ရှိမယ်ထင်ပါတယ်။ ကိုရထားတဲ့ အကွက်တွင်းမှာ ဘောကွင်းငှား ခြင်းလုပ်ငန်းကို သူများလာလုပ်လို့ မရသလို သူများအကွက်မှာ လဲကိုသွားလုပ်လို့မရပါဘူး။ ဘောကွင်း တစ်ကွင်းကို တစ်ထောင်လောက် ပေးဝယ်ရပါတယ်တဲ့ ။ တစ်ကွင်းကို တစ်ခါငှားရင် သုံးရာ ယူပါတယ်။ တစ်ရက်ကို အနည်းဆုံး ခြောက်ထောင်ကနေ နှစ်သောင်း ကျော်လောက်ထိ ပြန်ဝင်ပါတယ်တဲ့။
စက်ဘီငှားတာလဲ အဲလိုပါပဲ။ ဒါပေမယ့် စက်ဘီးက ကမ်းခြေစီနှင်းခွင့် လိုင်စင်ဝင်ရပါသေးတယ်။ စက်ဘီတစ်စီးကို လိုင်စင်ဝင်ရင် သုံးသောင်းကျပ် ပေးရပြီး နှစ်စဉ်ကြေးကတော့ ခုနှစ်ထောင်ကျပ် ဆောင်ရပါတယ်တဲ့။ စက်ဘီးတစ်စီးရဲ့ တန်ဖိုးကတော့ တစ်စီးကို ခုသောင်းသောင်းကနေ တစ်သိန်းခွဲလောက်ထိ တန်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ၀င်ငွေကတော့ စက်ဘီးအရေတွက် များရင်များသလို ကွာခြားကြပါတယ်။ စက်ဘီကတော့ တစ်ယောက်နင်း တစ်ဘီးကို တစ်နာရီ ငါးရာ၊ နှစ်ယောက်နင်း ဘီးကို တစ်ထောင်ယူပါတယ်။
ကျွန်တော်ရေထဲက တက်တော့ မနက်၁၁နာရီ ကျော်နေပါပြီ။ ဟိုတယ်ကို ပြန်ရောက်တော့ ကျွန်တော်တို့ နေမဲ့ အခန်းက မရသေးပါဘူးတဲ့။ ပထမ ဧည့်သည်ကလဲ ကြည့်ရတာ ၁၂ နာရီအထိ တန်အောင်နေမလို့ လားမသိပါဘူး။ အဲဒီတော့ ကျွန်တော်လဲ အခန်းရပြီးသား လူတွေရဲ့ အဆေင်မှာ ရေချိုးပါတယ်။ ရေချိုးပြီးတော့ အ၀တ်စားလှဲမလို့ ကြည့်လိုက်တော့....။
သေပါပြီ။ ထုံးစံအတိုင်း ဖြစ်လာရင် အရာရာနဲ့ အကြောင်းကြောင်း။ ပါလာတဲ့ အ၀တ်က နှစ်စုံထဲ ပိုဆိုးတာက မလျှော်ရသေးတဲ့ အ၀တ်တွေ။ ဆရာ လုပ်ချင်တဲ့ အကြိုးဆက်ခံ ဦးပေါ့။ ဖြစ်ပုံက ဒီလိုပါ။ ကျွန်တော်က အ၀တ်တွေကို ကိုယ်တိုင် မထည့်ပဲ။ ကျွန်တော့တို့ထဲက လူနိုင်တစ်ယောက် ကို ငါ့သေတ္တာထောင့်မှာ ပုံထားတဲ့ အ၀တ်တွေ ထည့်လိုက်ဆိုပြီး ပြောလိုက်မိပါတယ်။ တကယ်ပဲ မှားတာလား တမင် ပညာပြတာ လားတော့့ မသိဘူးဗျာ။ သေတ္တာထောင့်ပါဆို အခန်းထေင့်မှာ လျှော်မလို့ပုံထားတဲ့ အ၀တ်တွေ ကောက်ထည့်လာတယ်။ သြော် တော်တော်ကံ ဆိုးတဲ့ငါပေပဲ။ ချောင်းသာရယ် ငါရယ် မလျှော်ရသေးတဲ့ အ၀တ်တွေရယ်တော့ တွေ့ကြပြီပေါ့လေ။

Read More...

Sunday, April 15, 2007

ကျွန်တော်နှင့်ချောင်းသာ

ဒီတစ်ခေါက်သွားရတဲ့ ချောင်းသာ ခရီးကတော့ အပန်းပြေမဟုတ်ပဲ အပန်းယူခရီးလို့ ပြောရင်မှန်မလား မသိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စထွက်ကတည်းက အစစအရာရာ ကမောက်ကမတွေ ဖြစ်နေလို့ပေါ့။ ငှားထားတဲ့ကားကို ကိုးနာရီးချိန်းထားတာ ရောက်လာတေ့ ည ၁၂ နာရီ။ ပုသိမ် အ၀င်မှာက ပျက်လိုက်သေးတယ်။ ပုသိမ်ရောက်တော့ မိုးလင်းနေပြီ။ ကျွန်တော်တို့ လူစုကို လက္ဘက်ရည်ဆိုင်မှာ ချထားခဲ့ပြီး ကားသွားပြင်ဦး မယ်ဆိုပြီး ထွက်သွားပါ လေရော။
မြန်မာပြည်က ဘယ်လက္ဘရည်ဆိုပဲဖြစ်ဖြစ် ထမင်းဆိုင်ပဲ ဖြစ်ဖြစ် ကားသမားတွေကို အလကား ကျွေးလေ့ရှိကြတယ် အဲဒါမှလဲ သူတို့ဆိုင်မှာ ကားရပ်မှာကို။ ကားရပ်မှလဲ ကားပေါ်မှာပါတဲ့ လူတွေက သူတို့ဆိုင်မှာ စားကြသောက်ကြမှာ။ ကားထွက်သွားတော့ ကျွန်တော်အကြံ တစ်ခုရတယ် ကားသမားတွေ ကားသွားပြင်နေတုန်း ကားသမား အယောင်ဆောင်ပြီး ဖရီးကြိတ်ရင် ရနိုင်တယ်ပေါ့။ ဒါကြောင့် ကျွန်တော်တို့ အုပ်စု လူ၄၀ ထဲမှာ ကြည့်လိုက်တာနဲ့ ကားသမားလို ပုံစံပေါက်တဲ့ လူသုံးယောက် လောက်ကို ကျွန်တော်လိုက်ရွေးပြီး သတ်သတ် တ၀ိုင်းစီ ထိုင်လိုက်တယ်။ ပြီးတော့ ဒါကားသမား ၀ိုင်းလို့ စားပွဲထိုးလေးကို ပြောပြီး မှာစားချင်တာတွေကို မှာစားပါတော့တယ်။ အဲဒီလို လုပ်နေတာကို အလိုက်ကန်းဆိုး မသိတဲ့ ကောင်တွေက ကျွန်တော်တို့ ၀ိုင်းဘက်ကို ပြောင်းပြောင်း ပြီးလာထိုင်နေလို့ မကြာခဏ မောင်းထုတ်ရတာလဲ အမောပေါ့။
ကားသမား အယောင်ဆောင်တာ ကျွန်တော်နဲ့ ဒီသုံးယောက်ပေါ့
တစ်ခု ကောင်းတာက ပုသိမ် အစားအသောက် ဈေးက ရန်ကုန်နဲ့ တခြားစီပဲ။ မုန့်ဟင်းခါး တစ်ပွဲ အကြော်နဲ့ တစ်ရာ ငါးဖယ်နဲ့ မှ ၁၅၀။ ရန်ကုန်မှာ ဆိုရင်တော့ အလွတ်ဆိုရင် ၃၀၀ ငါးဖယ်နဲ့ ၄၅၀ ဟင်းရေထပ်တောင်းရင် ငါးဆယ်။ အဲဒီဆိုင်မှာက နန်းကြီးသုပ် တစ်ပွဲကို ကြက်သား ကြက်ဥနဲ့ ၄၀၀ ပဲရှိတယ်။ အဲလို စားပြီးသောက်ပြီးတော့ ပိုက်ဆံရှင်းချိန် ရောက်လာတယ်။ စားပွဲထိုးလေးက ပိုက်ဆံတွက် မလို့လုပ်ကာရှိသေးတယ် ဟေ့ကောင် ဒါကားသမားတွေ ၀ိုင်းကွလို့ ပြောလိုက်တော့ ကြောက်ကြောက်နဲ့ လည့်ထွက်သွားပါတယ်။ ပြီတော့ ကောင်တာမှာ သွားပြောတယ်။ ကောင်တာက သူကိုဘာပြောလိုက် သလဲမသိဘူး ကျွန်တော်တို့ ၀ိုင်းမှာ ပိုက်ဆံလာ မတောင်းရဲတော့ ပါဘူး။ ဟုတ်တယ်လေ သူတို့ဆိုင်မှာ လူလေးဆယ်တောင် အားပေးနေတာ လေးယောက်စာ လောက်တော့ ဒစ်စကောင့်ပေး သင့်တာပေါ့။
ဒါပေမယ့် ပြသနာက ကျွန်တော်တို့ ၀ိုင်းထဲက ကောင်က လိပ်ပြာမလုံဘူးဗျ။ တကယ်လို့ ကာသမား အစစ်တွေ ကားပြင်တဲ့ ဆီကနေပြန်လာရင် ဘယ်လို လုပ်မလဲတဲ့။ ကျွန်တော်ကလဲ စိတ်ချပါကွာ ကားသမားတွေ လာတာနဲ့ ကားကိုထွက်ခိုင်းတော့မှာ မပူပါနဲ့ လို့ပြောလိုက် ရပါသေးတယ်။ နောက်တော့ ကားရောက်လာပါတယ်။ ကျွန်တော်တွက် ထားတဲ့အတိုင်းပါပဲ ကားသမားတွေကို တခါတည်း မောင်းခိုင်းပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ် တိုင်လဲ နှစ်ထောင်ကျော်လေးနဲ့ လိပ်ပြာမလုံတာကြောင့် ကျသင့်ငွေကို ဆိုင်ကို ပြန်ပေးလိုက်ပါတယ်။ ဆိုရှင်က အရေးထဲမှာ လော်ဂုတ် ချော်နေ လိုက်တာ ကိစ္စမရှိပါဘူးတဲ့။ သူကိစ္စမရှိပေမယ့် ကိုယ့်လိပ်ပြာ မလုံတာကြောင့် ပေးထားခဲ့ လိုက်ပါတယ်။
ပုသိမ်ကထွက် ပြီး င၀န်မြစ်ကို ကျော်ပြီဆိုတာနဲ့ ငွေဆောင်နဲ့ ချောင်းသာ လမ်းခွဲကို တွေ့ရပါတယ်။ အရင်ကတော့ ချောင်းသာ သွားချင်ရင် ဧရာဝတီမြစ် (ယုခုဗိုလ်မြတ်ထွန်း တံတားနေရာ ညောင်တုန်း) နဲ့ င၀န်မြစ်ကို ဇက်နဲ့ကူးရပါတယ်။ သတင်းစာ ထဲကလေ သံအတိုင်းပြောရရင် အခုတော့ နိုင်ငံတော်က ငွေကြေးမြောက်များစွာ အကုန်ကျခံပြီး တံတားကြီးတွေ တည်ဆောက်ပေးထားတဲ့ အတွက် နေရာဒေသ တစ်ခုနဲ့ တစ်ခု ကို အချိန်တို အတွင်းမှာ လျှင်မြန်လွယ်ကူစွာ သွားနိုင်ပြီ ဘာညာပေါ့။ ဒါပေမယ့် တစ်ခုရှိတာက မြန်မာနိုင်ငံမှာ တံတာကြီးတစ်ခု ဆောက်ရင် နိုင်ငံတော်က ကုန်ကျတဲ့ စရိတ်က တံတားတန်ဖိုးရဲ့ သုံးဆရှိတယ်လို့ ဆိုပါတယ်။ တစ်ဆကတော့ တံတားဖြစ်သွားတာ။ ကျန်တဲ့ နှစ်ဆကတော့ ဘယ်ရောက်သွားလဲ သိဘူး။ ရေထဲကျသွား တယ်ထင်တာပဲလေ။ ဒီနေရာမှာ အလျှင်းသင့်လို့ ပြောပြရရင် ကျွန်တော်တို့ နယ်မြို့နားလေမှာ အရှေ့တောင် အာရှရဲ့ အကြီးဆုံး သဖမ်းဆိပ် ရေလှောင်တံမံဆောက် တုန်းကဆိုရင် အရာရှိ အဆင့်တောာင် မဟုတ်ပါဘူး။ ကားဒရိုင်ဘာက တောင်တိုက်ဆောက်တယ်။ ကားကို ကိုယ်တိုင် မမောင်းဘူး အငှားမောင်းတဲ့လူနဲ့ ဘာနဲ့။ ကားပျက်ရင် အစိုးရပြင်တာကို မစောင့်ဘူး ကိုယ့်ပိုက်ဆံနဲ့ကို မန္တလေးအထိ ဆင်းပြင်တယ်။ ကားထွက်မှ ဆီရမယ်။ ကားပျက်တော့ ဆီမရဘူး။ ဒီတော့ ကားကောင်းအောင် အစိုးရပြင်ပေး တာမစောင့်တော့ဘူး ကိုယ်ဘာသာကို ပြင်တယ်။ အဲလောက်ထိ ကြိုးစာကြတာ။ ဒါကတော့ ထားလိုက်တော့ မဟုတ်ရင် အာတီကယ် တစ်ခုဖြစ် သွားလိမ့်မယ်။
င၀န်မြစ်ကနေ ငွေဆောင်ကို မိုင်သုံးဆယ်ကျော် ချေင်းသာကို မိုင်နှစ်ဆယ် ကျော်ဝေးပါတယ်။ ငွေဆောင်ဟာ ကမ်းခြေအလျှားမိုင် ကိုးမိုင်ခန့်ရှိပြီး ချောင်းသာကတော့ သုံးမိုင်ဝန်း ကျင်လောက်ပဲရှိပါတယ်။ ငွေဆောင်ကမ်းခြေက ချောင်းသာထက် ရွှံ့ကင်းစင်တာကြောင့် သဲတွေကပို ဖြူသလို ရေကလဲ ပိုကြည်တယ် ပိုပြီးလဲလှပါတယ်။ ဒါပေမယ့် ငွေဆောင်ထက် ချောင်းသာကို သွားတဲ့လူပိုများပါတယ်။ များရတဲ့ အကြောင်းကတော့ ချောင်းသာ ငွေဆောင်တဲ့ အရင် ပေါ်လာတာ ဖြစ်တဲ့အတွက် တော်တော်လေး စည်ကားနေပါပြီ။ ရွာနဲ့ ကမ်းခြေနဲ့လဲ နီးပါတယ်။ ငွေဆောင်ကတော့ မြန်မာလို အသံထွက်ရတာ အဆင်ပြေပေမယ့် နိုင်ငံခြား ခရီသွားတွေ အတွက် Ngwe ဆိုတဲ့စာလုံးက သသံထွက်ရတာ အဆင်မပြေဘူးလို့ ချစ်ဆွေမြင့် ( ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ) ရေးတဲ့ ဆေင်းပါးတစ်ခုမှာ ဖတ်ဖူးပါတယ်။ နောက်ပြီးတော့ အစားသောက် နှင့်ဟိုတယ် တည်းခိုစားရိတ်က အစ ချောင်းသာထက် ဈေးကြီးတယ် လို့ဆိုကြပါတယ်။ ဒါကြောင့် အများစုကတော့ ချောင်းသာကိုပဲ သွားကြပါတယ်။
ကမ်းခြေမှာ ပဲများနေတဲ့ ကောင်မလေးတစ်ယောက်
ကမ်းခြေမှာ ဒီလိုပေါကြောင်ကြောင် ကောင်တွေကိုလဲ မကြာခဏတွေ့ရတယ်
တောင်တက်လမ်း မိုင်နှစ်ဆယ် ကျော်ဆိုတာ ကားနဲ့မောင်းရင် တကယ်တမ်းကျတော့ လွန်လွန်းကျွန်လွန်း နှစ်နာရီ ထက်ပိုမကြာ သင့်ပါဘူး။ ကားကြီးတွေ အတွက်ကျတော့ လမ်းကဆိုး ကျဉ်းကလဲ ကျဉ်းပြန်ဆိုတော့ သုံးနာရီလောက် မောင်းမှ ချောင်းသာကို ရောက်ပါတယ်။ ဒါတောင် ချေင်းသာ အ၀င်နားလေးက ဥတိုတံတားပေါ်မှာ ဘင်ကားလေးတစ်စီး ဘိန်းပေါက်နေတာကြောင့် ၁၅မိနစ် ကျော်လောက်စောင့် နေရပါသေးတယ်။ ဥတိုတံတာ ဆိုတာက ချောင်းသာ အ၀င်နားလေးမှာ ရှိတာပါ။ ပေ ၁၅၀ ကျော်လောက်ရှည်ပါတဲ့ တစ်လမ်းမောင်း တံတားလေးပါ။ တံတားလေးက ဆောက်လုပ်ရေး ၀န်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်စောထွန်း တက်ခါစဆောက်ခဲ့ တာလို့ ပြောကြပါတယ်။ ကာဘီးပေါက်နေတဲ့ နေရာကိုသွား ကြည့်တော့ တံတာက သံချောင်းတွေ သစ်သားတွေက ထိုးထိုးထောင်ထောင်တွေ ဖြစ်နေတာကိုတွေ့ ရပါတယ်။ ဒါကြောင့် မကြာခဏဆို သလိုကားဘီများကို ထိုးမိပြီး ပေါက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တကယ်တမ်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုး တက်ဖို့ဆိုရင်တော့ ကမ်းခြေကို လှပအောင် တန်ဆာဆင် ဟိုတယ်ကြီးတွေ တစ်လုံးပြီး တစ်လုံး ဆေက်နေရုံနဲ့ တော့ပြီးမှာ မဟုတ်ပါဘူး။ လမ်းပမ်းဆက်သွယ် ရေးကို လျှင်မြန်ချောမွေ့အောင် လမ်းနဲ့တံတားတွေကို ပြင်သင့်ပါတယ်။ အခုကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ ဥတိုတံတားကတော့ အခြေအနေလေး တော်တော်ဆိုးနေပါပြီ။
ကားပျက်တာက တစ်ကြောင်း လမ်းပျက်တာက တစ်ကြောင်းကြောင့် ကျွန်တော်တို့ ချောင်းသာကို ရောက်တဲ့ အချိန်မှာ နံနက်ကိုးနာရီ ကျော်နေပါပြီ။ ချောင်းသာ အ၀င်မှာတော့ မနှစ်ကနဲ့ မတူပဲတိုးတက် ပြောင်းလဲနေတာကို တွေ့ရပါတယ်။ မနှစ်က ချောင်းသာ အ၀င်နားလေးမှာ ဆေက်လက်စ ဟိုတယ် သုံးလုံးလောက်ကလဲ ဖွင့်လှစ်ထားပါပြီ။ မာလာကြောင့် ပျက်စီးသွားတဲ့ အဆောက်ဦးတွေကို အသစ်ပြန်လည် ပြုပြင် ထားတာတွေကြေင့် ချောင်းသာက မနှစ်နဲ့ မတူပဲပိုပြီးသစ်လွင် လှပနေတာ ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ မုန်တိုင်းများနဲ့ ပတ်သက်လို့ အလျှင်းသင့် လို့ပြောရရင် ချောင်းသာကို မုန်တိုင်းကြီးနှစ်ကြိမ် ကျခဲ့ဘူးပါတယ်။ ပထမအကြိမ်ကတော့ ၁၉၇၅ ခုနှစ်ကဖြစ်ပြီး သာမှန်မုန်းတိုင်းကြီးတစ်ခု မျှသာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ဧပြီလ ၂၉ ရက်နေ့မှာ ချေင်းသာကို အဖျားခတ်သွားတဲ့ မာလာကတော့ ချောင်းသာသက်တန်း တစ်လျှေက်မှာ အကြီးမားဆုံး အပျက်စီးဆုံးဖြစ်ပါတယ်။ မာလာဟာ ချောင်းသာ ကမ်းခြေကိုယင်းနေ့နံနက်ကိုးနာ ရီလောက်မှာ ၀င်ခဲ့ပြီး ရှစ်ပေခန့်ရှိတဲ့ ပင်လယ်ဒီလှိုင်းကြီး တက်လာပါတယ်။ မုန်တိုင်းကျချိန်မှာ ဒီရေကျချိန်ဖြစ် တာတစ်ကြောင်း လေတိုက်တဲ့ပုံးစံက ကုန်းတွင်းက တိုက်တာဖြစ် တာကတစ်ကြောင်း အချိန်မကြာမြင့်တာက တစ်ကြောင်းကြေင့် လူသေပျေက်မူတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် လူတွေ အားလုံးက စူနာမီ လာတယ်ထင်ပြီ အနီးနာက စကားဝါတောင်ပေါ်ကို တက်ပြေးကြတယ်လို့ ပြောပါတယ်။ ဟိုတယ်တွေထဲကိုလဲ ရေတွေက လူရင်ဘတ်လောက် ထိရေတွေ ၀င်ရောက်ခဲ့ပါတယ်။ ဟိုတယ်တစ်လုံးကို ပျမ်းမျှသိန်း တစ်ထောင်ဖိုး လောက်ပျက်စီးခဲ့တယ်လို့ လိုင်းလိုင်း ဟိုတယ်ရဲ့ မန်နေဂျာက ပြောပါတယ်။ ရှစ်ပေလောက်ရှိတဲ့ လှိုင်းကြီးက တစ်လုံထဲလာလို့ ၊ အကယ်၍များ အဲလိုလှိုင်းလုံးကြီးတွေ ဆက်တိုက် ဆက်တိုက်တာ လာခဲ့ရင် ဒီထက်မက ပျက်စီး ဆုံးရှုံးဖွယ်ရာ ရှိတယ်လို့ သိရပါတယ်။
ချောင်းသာ ကမ်းခြေမှာ လက်ရှိဟိုတယ် ၂၃ လုံး နဲ့ တည်းခိုခန်းပေါင်း တစ်ရာကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီဟိုတယ် ၂၃ လုံးထဲမှာ သုံးလုံးက ဒီနှစ်မှ တိုးလာတာလို့ သိရပါတယ်။ ကျွန်တော်တို့ တည်းမဲ့ဟိုတယ် ကိုရောက်တော့ ကိုးနာရီကျော်ကျော် ရှိပါပြီ။ အားလုံး ဘွန်ကင် ကြိုလုပ်ထားတဲ့ အခန်းတွေမှာ သူ့အခန်းကိုယ့် အခန်း သွားနားနေကြပြီ ကံဆိုးသူ ကျွန်တော်တို့ ခြောက်ယောက် အုပ်စုသာလျှင် ဘွတ်ကင်လုပ် ထားသောအခန်းများ မှ ဧည့်သည်များသည် နေ့လယ်၁၂ နာရီမှ အခန်းကထွက် မည်ဖြစ်သောကြောင့် စောင့်ဆိုင်းပေးပါ ဆိုလို့ ဒီတိုင်းကြီး ထိုင်စောင့် နေရပြန်ပါတယ်။ မတတ်နိုင်ဘူးလေး ကိုယ့်ကုသိုလ်နဲ့ ကိုယ်ပဲပေါ့။ ဒါနဲ့ပဲ ပစ္စည်းတွေကို အခန်းရတဲ့ အုပ်စုက လူတွေဆီမှာ သွားထားပြီး ကမ်းခြေဘက်ကို လမ်းလျှေက် ထွက်ခဲ့ပါတယ်။

ပင်လယ်ကို လှမ်းမျှော် ကြည့်လိုက်တော့ ပြာလဲ့လဲ့ ရေပြင်ကြီးရယ် မိုးကုတ်စက် ၀ိုင်းကြီးရယ် ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ သဲဖြူကျွန်လေးရယ် ကမ်းခြေမှာ ရေဆော့နေတဲ့ လူတွေရယ်ကတော့ မနှစ်ကအတိုင်း ပြောင်းလဲခြင်းမ ရှိပါဘူး။ ကျွန်တော် အဲလို ကမ်းခြေမှာ လမ်းလျှေက်နေတုန်း ရဲနှစ်ယေက် ဟိုတယ်ထဲကနေ ဖြတ်ပြီးကမ်းခြေကို ဆင်းသွားတာ သတိထား မိလိုက်ပါတယ်။ ခဏလောက်နေတော့ ကျွန်တော်နဲ့ မီတာ တစ်ရာလောက် အကွာမှာရှိတဲ့ ဟိုတယ်တစ်ခုရဲ့ ၀င်းဘေးမှာ လူစုစု လေးကိုတွေ့ရပါတယ်။ ကျွန်တော်လဲ စပ်စုသူပီပီ သွားကြည့်လိုက်တော့ လူငါးယေက်လောက် စုဝိုင်းနေတဲ့ အလယ်မှာ ဒေသခံလို့ ယူဆရတဲ့ အသက်သုံးဆယ်ခန့်ရှိ အမျိုးသမီး တစ်ဦးငိုနေပါတယ်။ ရဲနှစ်ယောက်နဲ့ ဝေါ်ကီတော်ကီ ကိုင်ထားတဲ့ လူတစ်ယောက်ကတော့ ဟိုတယ်ဘက်ကို ပြန်ဝင်သွားတာကို တွေ့လိုက်ပါတယ်။
ငိုနေတဲ့ အမျိုးသမီးက ပုဆိုးကွက်ကြမ်းကို ရှပ်အင်္ကျီလက်ရှည်ချုပ် ၀တ်ထားပြီး သနပ်ခါးကို ပါးကြားကွက် ထားပါတယ် ပုခုံးပေါ်မှာ ခရစ်ခွေ လို့ယူဆရတဲ့ ပုဆိုးတစ်ဘက်ကို တင်ထားပြီး ပုဆိုးတစ်ဘက်နဲ့ မျက်ရည် တွေသုတ်နေပါတယ်။ ကျွန်တော်ရပ် ကြည့်နေတုန်းမှာ အရပ်ရည်ရည် ဆံပင်တိုတိုနဲ့ အသက်သုံးဆယ်ခန့်ရှိ လူတစ်ယောက် ရောက်လာပါတယ်။ သူလဲ ကျွန်တော့်လို အပန်းဖြေလာတဲ့ ဧည့်သည်တစ်ယောက် ဖြစ်ပုံရပါတယ်။ သူက ငိုနေတဲ့ ဒေခံအမျိုးသမီးကို မေးပါတယ်။ ဘာဖြစ်လို့ လဲပေါ့။ အဲဒီအမျိုးသမီးက ငိုနေတာနဲ့ မဖြေနိုင်ပါဘူး အဲဒီမှာ ဘေးမှာရပ်ကြည့် နေတဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တစ်ယောက် အမျိုးသမီး၏ ဈေးဗန်းကို ဟိုတယ်ဝန်ထမ်းက သိမ်းသွာတာကြေင့် ဖြစ်တယ်လို့ ရှင်းပြပါတယ်။ ဘယ်က ဟိုတယ်ဝန်ထမ်းလဲ လို့မေးတော့ ဈေးသည်တွေက ဝေါ်ကီတော်ကီကို ကိုင်ပြီးထွက်သွားတဲ့ လူကိုလှမ်းပြပါတယ်။ အဲဒီမှာ စောစောက အရပ်ရှည်ရှည်နဲ့ လူက ဟိုတယ်ဝန် ထမ်းနောက်ကို လိုက်သွားပါတယ်။ ကျွန်တော်လဲ ပွဲကောင်းပြီ ဆိုပြီးတော့ စောစောက လူနောက်က လိုက်သွားပါတယ်။ လူရွယ်က ဟိုတယ်ဝန် ထမ်းကိုမှီ ပြီဆိုတာနဲ့ သူ့ကိုသူ စစ်ဗိုလ် တစ်ယောက်ဖြစ် တယ်လို့ ယဉ်ယဉ်ကျေးကျေး မိတ်ဆက်ပါတယ်။ ပြီးတော့ စောစောက ဈေးဗန်းသိမ်းသွားတဲ့ ကိစ္စကိုပြောပါတယ်။
ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တစ်ဦး


ဈေးသည်တွေကို အစကတည်းက ကမ်းခြေမှာ ဈေးမရောင်းကြဖို့ ဒေသဆိုင်ရင် အာဏာပိုင်တွေက တရားဝင်တားမြစ်ထားတယ် လို့ဟိုတယ်ဝန် ထမ်းကပြောပါတယ်။ ပြီးတော့ ဟိုတယ်ဝင် အတွင်းမှာ ဖြစ်စေ ဟိုတယ် အုပ်တံတိုင်း အပုလေးပေါ်မှာ ဗန်းကို တင်ရောင်းလျှင် ဖြစ်စေ သိမ်းဆည်းလေ့ရှိတယ်လို့ ဟိုတယ်ဝန်ထမ်းက ရှင်းပြပါတယ်။ အဲလိုပြောရင်း ပြောရင်နဲ့ ကျွန်တော်တို့ စောစောက ငိုနေတဲ့ အမျိုးသမီးနားကို ပြန်ရောက်လာပါပြီ။ အဲဒီမှာ စောစောကငိုနေတဲ့ အမျိုးသမီးက သူဈေးစရောင်းတာ နှစ်ရက်ပဲရှိ သေးပါကြောင်း သူ့ဈေးဗန်းကို ပြန်ပေးဖို့ တောင်းပါတယ်။ ဟိုတယ်ဝန်ထမ်းက စစ်ဗိုလ်ဆိုတဲ့လူကို အခုလို ဆက်ရှင်းပြပါတယ်။
အရင်က ဒီလိုဈေးရောင်းတဲ့လူတွေကို စနေနေ့တိုင်းမှာ ကမ်းခြေကိုသန့်ရှင်း ရေးလုပ်ဆိုပြီး ရောင်းခွင့်ပေး ထားပါတယ်။ ဒါပေမယ့် သူတို့ရောင်းတဲ့ ငါးကင်တို့ ပုစွန်ကင်တို့က မကျက်တကျက်တွေ ကင်ရောင်းကြပါတယ်။ ကျက်အောင်ကင်ပြီး ရောင်းရင်တော့ တစ်မျိုးပေါ့။ သူတို့ကတော့ ပိုက်ဆံရပြီးပြီးရော ဆိုပြီးရောင်းသွားရော။ အဲဒီမှာစားတဲ့ ဧည့်သည်က ညပိုင်းမှာ ဗိုက်နာတာတို့ ၀မ်းလျှောဝမ်းပျက် တာတို့ဖြစ်ပါတယ်။ အခတ်မသင့်ရင် အဖုအပိန့်တွေပါ ထွက်လာပါတယ်။ ဒါကြောင့် တစ်ချို့ဟိုတယ်တွေမှာ ဆိုရင် ဒီလို ဈေးသည်တွေဆီက အစားသောက်တွေ ၀ယ်မစားကြဖို့ရာ သတိပေးစာ တွေတောင်ကပ်ထားပါတယ်။ ဒါပြင်ပိုဆိုးတာက ခိုးမှုပဲ။ ဧည့်သည်တွေဟာ များသောအားဖြင့် ပင်လယ်ထဲကို ဆင်းတဲ့အခါမှာ ပိုက်ဆံပါသွားလေ့ မရှိပါဘူး။ ဈေးသည်တွေဆီကနေ လာရောင်းတာကို ၀ယ်စား ပြီးမှာ အခမ်းကို ပိုက်ဆံလိုက်ယူ။ ဈေးသည်တွေက ပိုက်ဆံလိုက်ယူ ရင်းအခမ်းအနေထားကို အကဲခတ်သွားပြီး လူမရှိတဲ့ အချိန်ရောက်မှာ ပိုက်ဆံခိုးတာတို့ လှမ်းထားတဲ့ အ၀တ်ရုပ်သွားတာ တို့လုပ်တတ်ပါသေးတယ်။ ဒါကြောင့် နောက်ပိုင်းမှာ သက်ဆိုင်ရာက ကမ်းခြေမှာ ဈေးသည်တွေကိ ဈေးလုံးဝမရောင်းဖို့ တားမြစ်ထားတာပါ။ အခုရောင်းနေကြတယ် ဆိုတာကလဲ သူတို့လုပ်စားပါစေတာ့ ဆိုပြီးနာလယ်မှုနဲ့ ခွင့်ပြုထားတာပါ။ လို့ဟိုတယ်ဝန်ထမ်းက ရှင်းပြပါတယ်။
ဒါဆိုရင် အခုသိမ်းတဲ့ ဗန်းကိစ္စကိုရော ဘယ်လိုဖြေရှင်းပေးမှာလဲလို့ စစ်ဗိုလ်ကမေးတော့။ ဒါကသူ ထွေအုပ်ရုံး ကိုသွားရှင်းရမှာပါ။ အဲဒါကို ထွေအုပ်ကပဲ စည်းကမ်းထုတ် ထားတာပါလို့ ဟိုတယ်ဝန်ထမ်းက ပြောပြီးထွက်သွားပါတယ်။ စစ်ဗိုလ်လဲ ခဏလောက်နေတော့ သူသွားစရာ ရှိတဲ့ နေရာကို ထွက်ခွါသွားပါတယ်။ ကျွန်တော်လဲ ကမ်းခြေမှာစက်ဘီး တစ်စီငှားပြီး လျှေက်စီး နေလိုက်ပါတော့တယ်။ ဟိုတယ်ဝန် ထမ်းပြောတဲ့ စကားတချို့ တကယ်မှန်တယ် ဆိုတာကိုတော့ နောက်ပိုင်းမှာ ပြောပြသွာပါမယ်။

Read More...

Monday, April 09, 2007

ကျွန်တော်နှင့် ချောင်းသာ

မနက်ဖြန်ဆိုရင် ချောင်းသာကို သွားမည်။ အော်ကို ရွှေချောင်းသာ ခင်ဗျားနဲ့ ကျွန်တော် တွေ့ရဦးမှာပေါ့လေ။
တကယ်တော့ မနက်ဖြန်သွားမဲ့ ချောင်းသာခရီးက ကျွန်တော့်အတွက် တော့ဒုတိယ အကြိမ်မြောက် ဖြစ်သည်။ မနှစ်ကလည်း သင်္ကြမကျခင် သုံးရက်လောက် အလိုမှာ သွားပြီး သင်္ကြန်အကြိုနေ့ မှာပြန်လာသည်။ ပြီးတော့ ရန်ကုန် သင်္ကြန်ကို ဆက်နွဲသည်။ ဒီနှစ်တော့ ရန်ကုန်သင်္ကြန်ကို နွဲဖြစ် လိမ့်မယ်လို့ မထင်။
ချောင်းသာလိုကမ်းခြေ မျိုးက သုံးရက်ထက် ပိုနေလို့ မကောင်းဟု ထင်မိသည်။ ကျွန်တော့် အမြင်သာ ဖြစ်ပါသည်။ ဘာဖြစ်လို့ လဲဆိုတော့ သုံးရက်လောက် နေပြီးရင် လည်စရာက ကုန်သွားပြီ။ လိုင်းပုတ်နေသော ကမ်းခြေကြီး ကလဲ အသစ်ဖြစ် မလာ ရိုးသွားပြီ။ သို့သော် ကမ်းခြေတွင် ထိုင်ပြီး ကဏန်းကျော်လေး နှင့် ဘီယာထိုင် သောက်ရသည့် အရသာကတော့ ရိုးသွားသည်ဟု မထင်မိပါ။ ဒီလိုပြောရင် မင်းကတော့ ဘီယာသမားကို လို့ပြောကြမည်လား မသိ။
ချောင်းသာမှာ ကျွန်တော်လေ့လာ ကြည့်သလောက် ဒေသထွက်ကုန် ဟူ၍မည်မည် ရရ မရှိပါ။ ငါးခြောက် တို့ ပုစွန်ခြောက် တို့ကလဲ အပြင်တစ်နေရာက ယူရောင်းကြသည်။ ဆန်ဆိုလည်း ပုသိမ်က မှာရသည်ဟု ဆိုသည်။ ကုန်ကုန်ပြောရင် ပင်လယ်မှာ ထွက်တဲ့ ခရုက အစ ချောင်းသာမှာ မထွက်သလောက်ပင်။ ခရုခွံလေး နို့ဆီဘူး တစ်လုံးလောက်ရဖို့ အရေး ကမ်းခြေ ကနေ နှစ်မိုင်လောက် ပိုက်စိတ်တိုက် ရှာရသည်။ ချောင်းသာမှာ ရောင်းနေသော ခရုများက တခြား တစ်နေရာက တစ်ဆင့်ဝယ် ရောင်ခြင်း ဖြစ်ကြသည်။
အဲလို အတင်းတုပ် မှာကို ကြိုမြင်လို့လား တော့မသိဘူးဗျာ ကိုရွှေချောင်းသာက ကျွန်တော့ကို မနှစ်က ဒုက္ခပေးလိုက်သည်။ အင်းဖြစ်ပုံကတော့ ဆိုးပါတယ်။
ချောင်းသာ ရောက်ပြီး ဒုတိယ နေ့တွင်ဖြစ်သည်။ ကျွန်တော်တို့ အုပ်စုက လူတွေကို အုပ်စုနှစ်စု ခွဲပြီး ကမ်းခြေမှာ ဘော့လုံးကန်ကြသည်။ သူများတွေကတော့ ရေထဲဆင်းဖို့ ဆိုပြီး ဘောင်ဘီ အသစ်တွေ ၀ယ်လာကြသည်။ ကျွန်တော်ကတော့ ပင်လယ်ရေ ထိရင် အ၀တ်တွေ ဆွေးတတ်တယ်လို့ ကြာဖူးတာကြောင့် ပင်လယ်ထဲ ဆင်ဖို့ ဘောင်းဘီ သီခြား ၀ယ်မနေတော့။ လွန်ခဲ့ တစ်နှစ် ကျော်လောက်က မ၀တ်ပဲပစ်ထားတဲ့ ဘောင်ဘီ အဟောင်းတွေ ယူလာသည်။ အခုလို ဘောလုံး ကန်တော့လဲ ဘောင်းဘီ အဟောင်းနဲ့ ပင်ကန်ဖြစ်သည်။
အဲဒီမှာ ပြသနာက စတော့တာပေါ့။ ကန်နေတုန်း တန်းလန်းကြီးမှာ ဘောင်းဘီက ဂွပြဲသွားသည်။ ပြဲတာမှ နည်းနည်းနောနော မဟုတ်။ ဘောင်းဘီး နှစ်ခြမ်းနီးနီး ကွဲသွားအောင် ပြဲသွားသည်။ အဲဒီမှာ သေတာပေါ့။ ဘေးမှာကလဲ ဆော့ကစားနေတဲ့ မိန်းကလေးတွေက နည်းတာမဟုတ်ဘူး။ ဒီတော့ မဖြစ်ချေဘူး ရေထဲဆင်းနေမှ ဆိုပြီး ရေမှာပဲ လူတွေနဲ့ ခပ်ဝေးဝေး ကနေဆော့နေ လိုက်တော့သည်။ ကျွန်တော်တို့ အုပ်စုက လူတွေ ပြန်တော့မှာ ဆိုတော့ ဟိုတယ်ရောက်ရင် ဘောင်းဘီဒါမှ မဟုတ် ပုဆိုး လာပို့ပါလို့ မှာလိုက်သည်။ တစ်ယောက် တည်းမှာရင် မသေချာ မှာ စိုးလို့ နှစ်ယောက် သုံးယောက် လောက်ကို မှာလိုက်သည်။
နံနက် ၁၀ နာရီ ခွဲလောက်ရောက်တော့ နေအရှိန်က မြင့်လာသည်။ ကမ်းခြေမှာ လည်းရေကစား နေတဲ့ သူတွေက မရှိသလောက် နီးပါး ကျဲသွားပြီ။ ဟိုနွားတွေ ပြန်သွားတာက နာရီ ၀က်လောက်ရှိပြီ ပုဆိုးလာပို့ မဲ့လူက ရောက်မလာသေး။ သောင်ပြင်မှာ ပစ်ထားခဲ့တဲ့ ဘောကွင်များကို လိုက်သိမ်းနေတဲ့ ကလေးကို ဘယ်နှစ်နာရီ ရှိပြီလဲလို့ မေးလိုက်တော့ ၁၁ နာရီတဲ့။ လာကောင်းပါ ရဲ့ ဆိုတဲ့ အတွေးနဲ့ ပဲကျွန်တော် ရေထဲမှာ ဆက်စိမ်နေသည်။
လူတွေ အားလုံးရှင်း သွားကြပြီ ရေထဲမှာ ကျွန်တော်တစ်ယောက်တည်း ။ ကျွန်တော်နဲ့ မီတာ လေးရာလောက်မှာတော့ နိုင်ငံခြား သားစုံတွဲ နှစ်ဦး စက်ဘီးစီးနေသည်။ သေချာပြီ နွားတွေ ကျွန်တော့်ကို မေ့နေကြပြီ။ အပူဒါဏ်ကြောင့် အသားတွေလဲ နီရဲနေပြီ။ ဒီပုံအတိုင်း ဆိုရင် တစ်နေကုန် ရေထဲမှာ စိမ်နေရမည့် ကိန်း။ ဒီလိုမှန်း သိရင် စောစော ကဘောကွင်း လိုက်ကောက်နေတဲ့ ကလေးဆီက ပုဆိုးငှားလိုက်သည်။ အခု တော့ အဲဒီကလေးလဲ မရှိတော့။ အင်း ကမ်းခြေမှာ အုန်းရည် ထိုင်ရောင်းနေတဲ့ မိန်းမကြီးကတော့ ကျွန်တော့ ကိုလှမ်းကြည့်နေသည်။ သူ့ကို အော်ခေါ်ပြီး အကူညီတောင်းရင် ကောင်မလား။ ကျွန်တော် ဝေခွဲလို့မရ။ မထူးပါဘူး အုန်းရည် ရောင်းနေတဲ့ အဒေါ်ကြီးကို လှမ်းခေါ်လိုက်သည်။ အဒေါ်ကြီးက ကျွန်တော်ရှိတဲ့ ကမ်းစပ်ကို ဆင်းလာပြီ။ ခေါ်ပြီးကာမှ မှားများမှားနေမလား ဆိုတဲ့ အတွေးနဲ့ ချိတုန်ချ တုန်ဖြစ်နေသည်။ အဒေါ်ကြီး ကျွန်တော်နဲ့ စကား ပြောလို့ ရနိုင်တဲ့ အကွာဝေးကို ရောက်လာပြီ။
ဘာလဲကွဲ့
ကျွန်တော် ဘာပြောရမှန်း မသိတတ်
နောက်ဆုံးတော့မှ နွားတစ်ကောင် ပုဆိုးလေးကို ကိုင်မြောက် ပြီးကမ်းစပ်ဆီသို့ ပြေးလာသည်။ နွားပြေးလာ တာကို မြင်မှ ကျွန်တော်လဲ သက်ပြင်းချပြီး အုန်းရေ သောက်ချင်လို့ ဟုပြောလိုက်ရသည်။
ဒါများမောင်ရယ် စခေါ်ကတည်းက အုန်းရေလို့ အော်လိုက်ရင် ပြီးတာပဲ
ဆိုပြီး ပြန်တက်သွားသည်။ ကျွန်တော့ ဒုက္ခကိုကား အဖွားကြီးမသိလိုက်။ နောက်ဆုံးတော့ ချောင်းသာမှာ ပင်လယ် ဂဏန်းတွေ မပေါတာကို ကြံဖန် ကျေးဇူးတင်လိုက် ရပါတော့လိုက်ရပါတော့ သည်။

Read More...