Art is My Life: Anniversary
Showing posts with label Anniversary. Show all posts
Showing posts with label Anniversary. Show all posts

Thursday, August 06, 2009

Blog Day

2009 ခုနှစ် သြဂုတ်လ (31) ရက်နေ့မှာ ကျရောက်မယ့် ဘလောဂ့်ဒေး အထိမ်းအမှတ်အဖြစ် ဘလောဂ့်ဂါ တွေ့ဆုံပွဲနှင့် လေ့လာရေး ခရီးစဉ်တစ်ခုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာသာမက. မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ရှိကြတဲ့ ဘလောဂ့်ဂါတွေ စုံစုံညီညီ တက်ရောက်ပါဝင် ဆင်နွှဲနိုင်ပါတယ်။ နိုင်ငံခြားမှာ ရှိနေကြတဲ့ ဘလောဂ့်ဂါတွေလည်း တက်ရောက်နိုင်ပါတယ်။

ဒီအစီအစဉ်ကို 2009 ခုနှစ် သြဂုတ်လ (29) ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ လာရောက်ဆင်နွှဲကြတဲ့ ဘလောဂ့်ဂါတွေ အားလုံးအတွက် Game, Role Play, Quiz အစရှိတဲ့ ပျော်ရွှင်စရာ ၊ ဗဟုသုတရစရာ အစီအစဉ်များပါဝင်တဲ့ အပြင် ၊ ဘလောဂ့်ဂါ အချင်းချင်း အမှတ်တရ လက်ဆောင်များကိုလည်း လှဲလှယ်နိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုအနေဖြင့် Excursion သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ကို Shrikittaya 2.0 လို့ အမည်ပေးထားပြီး.. ခရီးစဉ်မှာ လိုက်ပါကြမယ့် ဘလောဂ့်ဂါတိုင်းကို နှစ်သက်ကြည်နူးစေမယ့် အစီအစဉ်တွေ ထပ်မံထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ ခရီးစဉ်က ပြန်ရောက်လာရင်တော့ Shrikittaya 2.0 မှာ တွေ့ခဲ့ မြင်ခဲ့ရတာတွေ လေ့လာခဲ့ရတာတွေကို ဘလော့ဂ်ပေါ်မှာ မြိုင်မြိုင်ဆိုင်ဆိုင် ရေးသားကြပါမယ်။

ဒီပွဲမှာ လာရောက်ဆင်နွှဲလိုကြတဲ့ ဘလောဂ့်ဂါများအားလုံးအနေဖြင့် Register ပြုလုပ်တဲ့အခါ သတ်မှတ်ထားတဲ့ Registration Fees ကိုပေးဆောင်ရပါမယ် ဆိုတာလေးကိုလည်း သိစေချင်ပါတယ်။

နေ့ရက် - 29 - Aug -2009 and 30-Aug-2009 (စနေ ၊ တနင်္ဂနွေ)
အချိန် - တွေ့ဆုံပွဲ @ နံနက် (10) နာရီမှ ညနေ (4) နာရီထိ
ခရီးစဉ် @ ည (10) နာရီ
နေရာ - ကန်တော်ကြီး (Point ကို ပြန်လည်ကြေငြာပေးပါမည်)

2009 ခုနှစ် သြဂုတ်လ (29) ရက်နေ့ ည (10) နာရီခန့်တွင် Shrikittaya 2.0 ထွက်ခွာမည်ဖြစ်ပြီး ၊ 30 ရက်နေ့ ညပိုင်းကို ရန်ကုန်မြို့ကိုပြန်ရောက်မှာ ဖြစ်ပါတယ်။

ခရီးစဉ်တွင် လိုက်ပါခြင်းမရှိပဲ ၊ တွေ့ဆုံပွဲသို့လည်း သီးသန့်လာရောက်နိုင်ပါတယ်။

ကဲ.. မြန်မာဘလောဂ့်ဂါတွေ ဘလောဂ့်ဒေးမှာ ပျော်ပျော်ပါးပါး ဆုံတွေ့ကြမယ်နော!

Read More...

Monday, October 20, 2008

ဘာလိုလိုနဲ့နှစ်နှစ်ပြည့်ပြီ . . . . . .

အခုဆိုရင် ဘာလိုလိုနဲ့ ကျွန်တော်ဘလော့ဂ် ရေးလာတာ နှစ်နှစ်ပြည့်သွားပြီ။ ကျွန်တော်ပထဆုံး ဘလော့ဂ်ကို သိတာကတော့ Service+ က ကိုရဲဆီမှာ အင်တာနက်သင်တန်း တက်ရင်း ဘလော့ဂ်ဆိုတာ ကိုသိလာတယ်။ နောက်တော့ ဘလော့ဂ်ရေးဖို့ ကြိုးစားကြည့်တယ်။ အဲဒီတုန်းကတော့ ဘလော့ဂ်မှာ မြန်မာလို ရေးလို့ရတယ်ဆိုတာ မသိခဲ့ဘူး။ အင်္ဂလိပ်လိုကလည်း မတတ်နဲ့ဆိုတော့ ဘလော့ဂ်တွေ လုပ်ပြီးဆက်မရေးဖြစ်ဘူး။ အဲဒါနဲ့ပဲ ဘလော့ဂ်မှာ ကျွန်တော်ရိုက်ခဲ့တဲ့ ပုံလေးတွေကို တင်ပြီး အောက်မှာလည်း ခပ်တည်တည်နဲ့ ဈေးနှုန်းတွေ ကပ်ထားခဲ့တယ်။


နောက်တော့ ကျွန်တော်တို့ရုံးကို ရွှေမြတ် ရောက်လာတယ်။ အဲဒီတုန်းက ကျွန်တော်တို့ရုံးကို ကွန်ပျူတာ လာပြင်တာ။ ကွန်ပျူတာ ပြင်ရင်း သူ့ဘလော့ဂ်ကို သူဖွင့်ထားတာကို တွေ့တယ်။ ပြီးတော့ သူ့ဘလော့ဂ်မှာက မြန်မာစာတွေနဲ့။ အဲဒီတော့မှ ဘလော့ဂ်ပေါ်မှာ မြန်မာလို ရေးလို့ရတယ်ဆိုတာ သိရတယ်။ အဲဒီမှာ သူ့ကို ဘယ်လိုရေးရတာလည်း ဆိုတာမေးတယ်။ အဲတော့သူက ကိုညီလင်းဘလော့ဂ် လိပ်စာကိုပေးပြီး အဲဒီမှာ မြန်မာလို ဘယ်လိုရေးရတယ်ဆိုတာ ရှင်းပြထားတယ်။ အဲဒီမှာ ဖတ်ပြီးလုပ်ကြည့်တဲ့။ ပြီးတော့ သူက နည်းပညာ တစ်ခုကို သင်ပေးထားခဲ့သေးတယ် ဘလော့ဂ်မှာ ခင်ဗျားလိုချင်တဲ့ဟာတွေ ရှိရင် Selection မှတ် ပြီးရင် Right Click ပြီးရင် View Source ကိုနှိပ် ပြီးရင် Source ကို ကော်ပီကူး ပြီးရင် ကိုယ့်ရဲ့ တင်းပလိတ်ထဲမှာ ထည့်တဲ့။

အဲလိုနဲ့ ကျွန်တော် ဟိုလိုစမ်း ဒီလိုစမ်းနဲ့ ဆယ်ရက် ကျော်ကျော်လောက် အိပ်ရေးပျက်ပြီး သွားချိန်မှာ ဘလော့ဂ်က မြန်မာလို ပေါ်တဲ့ အဆင့်ကိုရောက်လာတယ်။ (မြန်မာလို စရေးလို့ ရကတည်းက ဘလော့ဂ်ကို တစိုက်မှတ်မှတ် ရေးဖြစ်ခဲ့တာ ဒီနှစ်အောက် တိုဘာမှာ နှစ်နှစ် ပြည့်သွားပါပြီ။ )

ဒါပေမယ့် ကျွန်တော့်ဘလော့ဂ်မှာ စီဘောက်မရှိဘူး။ အဲဒါကြောင့် ရုရှက ဘလော့ဂ်ကာ အကိုကြီး တစ်ယောက်ဆီက စီဘောက်ကို Selection မှတ်တယ်။ ပြီးတော့ Source ကိုယူတယ်။ ပြီးတော့ ကျွန်တော့် တင်းပလိတ်မှာ ထည့်ပြီး သူများ စီဘောက်ကြီးကို ကျွန်တော့်ဘလော့ဂ်မှာ ခပ်တည်တည်နဲ့ ကောက်တင်ထားလိုက်တယ်။ တစ်ရက်နှစ်ရက်လောက် အထိ မသိသေးဘူး။ ကျွန်တော့်စီဘောက်ကို လာလာအော်နေကြပါလား ပေါ့။ နောက်တော့မှ အဲဒီအကိုကြီးက လာပြောတယ်။ ငါ့ညီတပ်ထားတာ အကို့စီဘောက်ကြီးတဲ့။ အဲတော့မှ အဖြစ်မှန်ကို သိပြီး မဖြစ်ချိမ့်ဘူး ဆိုပြီး စီဘောက်ကို အသစ်ပြန်လုပ်ရတယ်။

နောက်တော့ ဘလော့ဂ်က ဒီတိုင်းကြည့်ရင် ပြောင်စပ်စပ်နဲ့ပါ ဘင်နာလေး ဘာလေးတင်မှ ဆိုပြီး ဘင်နာဒီဇိုင်းကို ဆွဲပါတယ်။ တင်ပုံတင်နည်းကတော့ ထုံးစံအတိုင်းပဲပေါ့ ဘလော့ဂ်နေရာမှာ ထားပုံထားနည်းကိုတော့ ကိုညီလင်းဆက် ဘလော့ဂ် ဘင်နာကို ဆလက်ရှင်မှတ် Source ကိုကော်ပီကူး ယူပြီး ကျွန်တော့်တင်းပလိတ်မှာ ထည့်ပါတယ်။ (အဲဒီတုန်းက ဘလော့ဂ် ဖူတာ၊ ဆိုက်ဘား၊ ဘင်နာတွေကို အခုလို Page Element ကနေ အလွယ်တကူ ၀င်ပြင်လို့ မရသေးပါဘူး။ အားလုံးကို Html ကုဒ်နဲ့ ၀င်ရေးပြီး ပြင်ရတာဖြစ်ပါတယ်။) အဲဒီမှ ပြသနာက ဘာလဲဆိုတော့ ကျွန်တော့်ဘလော့ဂ်က ဘင်နာကို ကလစ်ခေါက်လိုက်ရင် ကိုညီလင်းဆက် ဘလော့ဂ်ကို ရောက်ရောက် သွားပါတယ်။ ဒါပေမယ့် ပြသနာမရှိပါဘူး ထားလိုက်ပါဆိုပြီး ထားထားပေးလိုက်တယ်။


အဲဒီအချိန်တုန်းက မြန်မာစာရိုက်တာလည်း အခုလို ကျွမ်းကျွမ်းကျင်ကျင် မရှိသေးပါဘူး။ စာလေးတစ်ပိုဒ်ရဖို့ တစ်နာရီနှစ်နာရီလောက် ရိုက်ရပါတယ်။ ကီးဘုတ်ကို ကြည့်ရတယ်။ လက်ကွက်စာရွက်ကို ကြည့်ရတယ်။ ပြီးတော့ ကွန်ပျူတာ မော်နီတာကို ကြည့်ရတယ်။ အဲလိုဆိုတော့ စာရိုက်တာ ခရီးမတွင်လှပါဘူး။ အဲလို မတွင်တဲ့ ကြားထဲက တစ်ရက်မှာ ဇော်ဂျီမရှိတဲ့စက်မှာ သွားပြီး ၀င်းဖောင့်တွေနဲ့ ရိုက်ပါတယ်။ ၀င်းတွေကို အင်တာနက်ချိတ်ထားတဲ့ စက်ကိုရောက်မှာ ဇော်ဂျီပြောင်းမယ်ပေါ့။ တကယ်ပြောင်းတော့ ပြောင်းလို့မရပါဘူး။ မရဘူးဆိုတာက ကျွန်တော်က ကွန်ဘာတာနဲ့ ပြောင်းတာမဟုတ်ပဲ ၀င်းအင်းဝကနေ ၀င်းကလော အစရှိတဲ့ ဖောင့်တွေကို ပြောင်းတဲ့ ပုံစံမျိုး သွားပြောင်းတာကိုး။ အဲဒီတုန်းက ကွန်ဘာတာနဲ့ ပြောင်းလို့ရမှန်းလည်း မသိပါဘူး။ အဲဒါကြောင့် မထူးပါဘူးကွာ ဆိုပြီး ပရင့်စကင်ဖမ်းပြီး ဓာတ်ပုံဖိုင်အနေနဲ့ တင်ပေးလိုက်တယ်။ အစပိုင်းက Blog Post တစ်ချို့မှာ အဲလိုဖြစ်နေတာကို တွေ့နိုင်ပါတယ်။

နောက်တော့ တစ်ရက်မှာ ကိုညီလင်းဆက်က ရုံးကို ပေါက်ချလာပါတယ်။ ပြသနာကတော့ ဂန္ထ၀င်ကိစ္စပေါ့။ သူရေးထားတဲ့ ဂန္ထ၀င်ပုံပါတဲ့ ဘလော့ဂ်ပို့တစ်ခုကို ကျွန်တော်က ဂျာနယ်ထဲမှာ ထည့်ရေးလိုက်တယ်။ ညီလင်းဆက် ဘလော့ဂ်မှ ကူးယူဖော်ပြသည်ဆိုပြီး။ အဲဒီမှာ ကိုညီလင်းဆက်က ရုံးကို ပေါက်ချလာပြီး ကိုညီလင်းဆက်နဲ့ ခင်သွားပါတယ်။ နောက်တော့ ကိုညီလင်းဆက် အကူညီနဲ့ Hit Conter , Online User, Adress ဘားက ဒင်္ဂါးပုံလေး အစရှိတာတွေကို ထည့်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဘလော့ဂ်လေးက လူစင်မှီသွားပြီး ပို့လေးတွေကိုပုံ မှန်လေးရေးဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းတော့ တဖြည်းဖြည်းချင်း အိုကေလာခဲ့ပါတယ်။ အိုကေလာသလို ဘလော့ဂ်ပေါ်က လူတွေနဲ့လည်း ခင်မင်ရင်းနှီးလာခဲ့ပါတယ်။ တကယ်တော့ ကိုယ့်ဘလော့ဂ်ကို လာတဲ့ကောင်တာဟာ ပိုက်ဆံတစ်ပြားမှ မရပါဘူး။ ဒါပေမယ့် ကောင်တာမှာ ဂဏန်းတွေ တိုးလာလေလေ ရေးရတာ ပိုပြီး အားရှိလေလေပါပဲ။

လောလောဆယ်တော့ အိပ်ချင်ပြီ ကျန်တာ နောက်နေ့ မှ ခေါင်းစဉ်တစ်မျိုးနဲ့ ထပ်ရေးတာပေါ့ .....

Read More...

Friday, October 26, 2007

Blog Anniversary




တစ်ရက်ပြီးတစ်ရက် နေ့စဉ်ဆက်လို့
မိုးတွေအကြိမ်ကြိမ်လင်းခံပြီ

တစ်နပ်ပြီးတစ်နပ် နေ့စဉ်ထပ်လို့
ထမင်းတွေအကြိမ်ကြိမ်စားခဲ့ပြီ

တစ်ခါပြီးတစ်ခါ ဖွတ်ပါများတော့
ငါ့ပုဝါတောင်နွမ်းလုပြီ

ရက်ပေါင်းများစွာ စုလိုက်ခါမှာ
သြော် . . .
တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ

Read More...