Art is My Life: ကဗျာ
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, April 29, 2009

မရှိတော့တဲ့ငါ

နင်မရှိတဲ့အခါ ....
နင်သိဖို့ စကားလုံးတွေ
နင်မသိတဲ့ တစ်နေရာမှာကျန်ရစ်တယ်

အဲဒီစကားလုံးတွေက
နင်ရှိတဲ့နေရာ ရောက်အောင်မသွားနိုင်သလို
စကားလုံးတွေရှိတဲ့နေရာကို နင်ရောက်လာမဟုတ်တော့လည်း
ဝမ်းနည်းမိတာတော့ အမှန်ပဲလေ

ဒါတွေထားလိုက်ပါတော့
အခုငါ မရှိတော့ဘူး
ဒါပေမယ့်
ငါမရှိတဲ့တော့တဲ့ ကမ္ဘာမှာ
နင်မသိသေးတဲ့ စကားလုံးတွေကတော့
ကျန်ရစ်နေဦးမှာပါ
နင်တွေ့တဲ့အထိပေါ့လေ

Read More...

Tuesday, March 24, 2009

ရန်ကုန်

တကယ်တော့ ရန်ကုန်ဆိုတာ
ကျွန်တော့်အတွက် ကျောင်းတော်ကြီးတစ်ခု
ရန်ကုန်က ကျွန်တော့်ကိုပညာတွေ သင်ပေးခဲ့တယ်

တကယ်တော့ရန်ကုန်ဆိုတာ
ကျွန်တော့်အတွက် စစ်မြေပြင်တစ်ခု
ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဒုက္ခနဲ့အခက်ခဲတွေကို
နိစ္စဒူဝ တိုက်ခိုက်နေရတယ်

တကယ်တော့ ရန်ကုန်ဆိုတာ
ကျွန်တော့်အတွက် လယ်ယာမြေတစ်ခု
ဝါသနာဆိုတဲ့ မျိုးစေ့တွေကနေ
အနုပညာတွေအပင် ပေါက်လာဖို့
အဲဒီမြေမှာ ပျိုးကြဲခဲ့တယ်

စိတ်ကူးထဲမှာတော့ အဲဒီမျိုးစေ့လေးဟာ
ရန်ကုန်မြေကိုထိတဲ့အခါ
ဝုန်းကနဲဆို နေ့ခြင်းညခြင်းအပင်ကြီးဖြစ်သွားတယ်
အပင်ပေါ်မှာ ကဗျာတွေပွင့်
အပင်ပေါ်မှာ ၀တ္ထုတွေသီး
စိတ်ကူးကြည့်ပြီး ပျော်ခဲ့တယ်

လက်တွေ့မှာ
ဝမ်းရေးရယ် အနုပညာ
နှစ်ခုယှဉ်လာတော့ ရန်ကုန်ကကျွန်တော့်ကိုမေးတယ်
ကောင်လေးမင်းဘာကို ရွေးမလဲတဲ့ .....



မိုးလှိုင်ညဘလော့က
ရန်ကုန်ကဗျာတွေကို ဖတ်ပြီး ဒါလေးကို ကျွန်တော်ရေးမိသွားတယ်

Read More...

Thursday, February 07, 2008

ဖိုးမောင်လာပြီ

ဖိုးမောင်လာပြီ

မှိုင်းညိုညဥ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ အသံမှာကား
ညခါငါးထောင် မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

မိုးမောင်သံကြား ကင်းသမားက
တံကားကြီးအောက် မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ဖွင့်လိုက်ပါသော်
ယာမှာအုပ်ဆောင်း ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုကိုင်း ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။

တစ္ဆေမကြောက် မြွေမကြောက်ပဲ
တစ်ယောက်တည်းပင် ညဥ့်မှောင်တွင်၌
သူလျှင်ငါးရှာ မကျွေးပါက
ထိုရွာသူသား လူအများတို့
ငါစိုငါးစိမ်း ငတ်ပေအံ့။

ညတညတည့်
ချမ်းမြစိမ့်အေး လချမ်းကွေး၍
ရွာဘေးကျီပျက် မှောင်နက်နက်မှ
ဇီကွက်ကအော် တောက်တဲ့ကြော်စဉ်
ရွာပေါ်လွမ်းအောင် ဂုတ်ကြားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား ...

သို့ပါသော်ငြား ခါတပါးသို့
တခါးဝင်လို သူမဆိုပဲ
မောင်းကိုထုပါ လူစုပါဟေ့
ရွာကိုဘေးမှ ကာကွယ်ကြလော့
ဓါးပြငါ့အား ဖမ်း၍ထားဟု
စကားမဆုံး ဟစ်အော်တုန်းဝယ်
ဒိုင်းဒုံးဒိန်းသံ ရွာလုံးညံသည်
ချောင်းယံပဲတင် ထပ်သတည်း။

ဖိုးမောင်နိဂုံး ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ဟီးလျှင်ပါတည့်
ဘယ်ခါမဆို ဆီးလင့်ကြိုသို့ . . .
မှိုင်းညိုညဥ့်ရိပ် လူခြေတိ၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ယမ်းယော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုမြဲပင်။ ။
(မင်းသုဝဏ်)

ဆရာမင်းသုဝဏ်သည် ထိုကဗျာကို ၁၉၄၂/၃ ၀န်းကျင်က ရေးခဲ့ခြင်းဖြစ်ပြီး ဂျပန်ပြေး၍ အင်္ဂလိပ်ဝင်ခါစ အချိန်ကာလလေးကို နောက်ခံထား၍ ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုအချိန်က အုပ်ချုပ်မှုနှင့် အလှမ်းကွာဝေးသော ဒေသများတွင် သူပုန် ဓါးပြများ ထကြွသောင်းကျန်း လျှက်ရှိကြသည်။ ထို့အတွက်ကြောင့် ကျေးရွာများကို ခြံစည်းရိုး အမြင့်ကြီးများ ကာရံထားက ရွာကိုအလုံ ပိတ်၍ နေကြရသည်။ ဖိုးမောင်လာပြီ ဆိုသော ကဗျာလေးသည် အလုံပိတ် နေရသော ရွာလေး တစ်ရွာမှ တံငါသည် လေးတစ်ယောက်၏ ကိုယ်ကျိုးစွန့်ပုံကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။


မှိုင်းညိုညဥ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ညကား မှောင်မိုက်လျှက်ရှိပြီး ပတ်ဝန်းကျင်သည် တိတ်ဆိတ်လျှက်ရှိသည်။ ထိုအချိန်တွင် ရွာထိပ်မှ ဂုတ်ကြား အမည်ရှိ ခွေးက ကျယ်လောင်စွာ ဟောင်လိုက်သည်။ ဤကဲ့သို့သော အချိန်တွင် ဂုတ်ကြားဟောင်ပါက ဖိုးမောင်ပြန်လာသည့် အချိန်ဖြစ်သည်ဟု ရွာသားများက သဘောပေါက်ကြသည်။


ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ အသံမှာကား
ညခါငါးထောင် မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ

ခွေးဟောင်သံ ရပ်သွားသည်နှင့် တပြိုင်နက် နောက်ထပ်ပေါ်လာသည့် အသံကား ဖိုးမောင်၏ အသံပင်ဖြစ်သည်။ သူသည် ရွာတောင်ဘက်ရှိ ချောင်းရိုးလေးတွင် ငါးထောင်ရာမှ ပြန်လာခဲ့ခြင်းဖြစ်သည်။


မိုးမောင်သံကြား ကင်းသမားက
တံကားကြီးအောက် မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ဖွင့်လိုက်ပါသော်
ယာမှာအုပ်ဆောင်း ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုကိုင်း ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။

ဖိုးမောင်အသံကို ကြားသည်နှင့် ရွာတံခါးကို စောင့်သည့် ကင်းသမားက၊ တံခါးကြီးတွင် လူတစ်ယောက် ၀င်စာအရွယ် ထပ်ဖောက်ထားသော ခွေးတိုးပေါက်လို တံခါးလေးကို ဖွင့်ပေးလိုက်သည်။ ထိုအခါတွင် ဖိုးမောင်သည် လက်ယာဘက်တွင် ငါးအုပ်ဆောင်းကိုကိုင် လက်ဝဲဘက်တွင် လှေလှော်တက်ကိုကိုင်ပြီး ခါးမှာတော့ ငါးပုလိုင်းကိုလွယ်လျှက် ရွာထဲသို့ ၀င်လာခဲ့သည်။ အမှောင်ထု အတွင်း မြင်ရသော သူ့၏ပုံသဏ္ဌန်မှာ တစ္ဆေတစ်ကောင် နှင့်အလားသဏ္ဌန်တူလှသည်။

တစ္ဆေမကြောက် မြွေမကြောက်ပဲ
တစ်ယောက်တည်းပင် ညဥ့်မှောင်တွင်၌
သူလျှင်ငါးရှာ မကျွေးပါက
ထိုရွာသူသား လူအများတို့
ငါစိုငါးစိမ်း ငတ်ပေအံ့။

အခြားသော ရွာသားများ ရွာအပြင် မထွက်ရဲလောက်အောင် မငြိမ်မသက်ဖြစ်နေသော ထိုခေတ်ကာလ ကြီးတွင် ဖိုးမောင်သည် ညမှောင်မှောင်ကြီးမှာ တစ္ဆေလဲ မကြောက် မြွေလဲမကြောက်ပဲ ငါးရှာထွက်လျှက်ရှိသည်။ အကယ်၍သာ ဖိုးမောင်သာ ငါးရှာမထွက်ပါက ရွာသူရွာသာများ အတွက် ငါးဟင်းစားရဖို့ မမြင်။


ညတညတည့်
ချမ်းမြစိမ့်အေး လချမ်းကွေး၍
ရွာဘေးကျီပျက် မှောင်နက်နက်မှ
ဇီးကွက်ကအော် တောက်တဲ့ကြော်စဉ်
ရွာပေါ်လွမ်းအောင် ဂုတ်ကြားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား ...

တစ်ခုသော ညတစ်ညတွင် . . .
ညသည် အလွန်ပင် အေးစက်လှသည်။ ကောင်းကင်ပြင်၌ လလေးက ကွေးကွေးသာ လျှက်ရှိသော်လည်း ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မဲ တိတ်ဆိတ်လျှက်ရှိသည်။ ရွာဘေးရှိ စပါးကျီ အပျက်အတွင်းက ဇီးကွက်အော်သံနှင့် တောက်တဲ့အော်သံတို့က ညအမှောင် အတွင်းက ထွက်ထွက်လာသည်။ ထိုအချိန်တွင် ဂုတ်ကြား အလန့်တကြား ဟောင်လိုက်သည့် အသံ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေသော ကြောင့် ဂုတ်ကြားဟောင်သံသည် တရွာလုံးကို လွမ်းမိုးသွားသည်။ ဂုတ်ကြားဟောင်သံကို ကြားပြီ ဆိုသည်နှင့် ဖိုးမောင်ပြန်လာသည့် အချိန်ဖြစ်သည်ဟု တရွာလုံးက သိလိုက်ကြသည်။


သို့ပါသော်ငြား ခါတပါးသို့
တခါးဝင်လို သူမဆိုပဲ
မောင်းကိုထုပါ လူစုပါဟေ့
ရွာကိုဘေးမှ ကာကွယ်ကြလော့
ဓါးပြငါ့အား ဖမ်း၍ထားဟု
စကားမဆုံး ဟစ်အော်တုန်းဝယ်
ဒိုင်းဒုံးဒိန်းသံ ရွာလုံးညံသည်
ချောင်းယံပဲတင် ထပ်သတည်း။

ဖိုးမောင်သည် ခါတိုင်း ပြန်လာသည့် အချိန်တွင် တံခါးဖွင့်ပေးဖို့ ကင်းသမားကို ပြောလေ့ရှိသည်။ သို့သော် ယခုအခါတွင် တံဖွင့်ပေးဖို့ မတောင်းဆိုပဲ၊ ကင်းသမားကို မောင်းထုဖို့ လူစုဖို့ နှင့် ဓါးပြများက သူ့ကို ဖမ်းထားပြီ ဖြစ်သောကြောင့် ရွာကို တိုက်မည့်ဓါးပြ ရန်ကို ကာကွယ်ကြပါတော့ လို့ သူလှမ်းအော် ပြောသည်။ သူရဲ့ အော်သံ မဆုံးခင်မှာပဲ သေနတ်သံများ ထွက်ပေါ်လာသည်။ ထိုသေနတ်သံများသည် တစ်ရွာလုံးကို လွမ်းမိုးသွားပြီး ချောင်းရိုးတစ်လျှောက် အထိပဲ့တင့်သံ ထပ်သွားသည်။

ဓါပြများ အနေဖြင့် စည်းရိုး အလုံပိတ်ထားသော ရွာကို အလစ်အငိုက် ၀င်တိုက်လုယူဖို့ လွယ်ကူခြင်း မရှိပေ၊ ထို့ကြောင့် ညဘက် ညဘက်တွင် ရွာအပြင်ထွက်ပြီး ငါးဖမ်းလေ့ရှိသည့် ဖိုးမောင်ကို အရင်ဖမ်းလိုက်ကြသည်။ ထို့နောက် ဖိုးမောင်ကို အရှေ့မှ သွားခိုင်းသည် ကင်းသမားက ဖိုးမောင် ပြန်လာပြီ အထင်နှင့် တံခါးဖွင့်ပေးသည့် အခါ ဓားပြများက ရွာထဲသို့ ၀င်က အလစ်အငိုက် စီးကြမည်။ သို့ပေမယ့် စီစဉ်ထားသည့် အတိုင်း တံခါးပေးဖို့ ဖိုးမောင်က မပြောပဲ၊ ဓါးပြများ ၀ိုင်းထားပြီ ဖြစ်ကြောင်းကို တစ်ရွာလုံး သိအောင် အော်ပြောလိုက်သည်။ ခိုင်းသည့် အတိုင်းမလုပ်သည့် အတွက် ဖိုးမောင်ကို ဓားပြများက ပစ်သတ်လိုက်ကြတော့သည်။


ဖိုးမောင်နိဂုံး ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ဟီးလျှင်ပါတည့်
ဘယ်ခါမဆို ဆီးလင့်ကြိုသို့ . . .

ဖိုးမောင်သေသွားခဲ့ပြီ ဖြစ်ပေမယ့် ရွာအတွက် အသက်စွန့်သွားတဲ့ ဖိုးမောင်ကို တရွာလုံးက မမေ့နိုင်ကြပဲ ရှိကြတော့သည်။ တစ်ရွာလုံး ဘယ်သူမှ အပြင်မထွက်ရဲသည့် အချိန်တွင် တစ်ယောက်တည်း ငါးရှာထွက် သွားနေကြ ဖိုးမောင်ရဲ့ ပုံရိပ်တွေ၊ လှေလှော်တက်တွေ ငါးပလိုင်းတွေနဲ့ ရွာထဲကို ပြန်လာတတ်တဲ့ ဖိုးမောင်ရဲ့ အငွေ့အသက်တွေ ရွာကို ဓါးပြဘေးမှ ကာကွယ်ရင်း အသက်ပေးသွားတဲ့ ဖိုးမောင်ရဲ့ လုပ်ရပ်တွေက ရွာသားတွေရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်သလို အကြိမ်ကြိမ်း အဖန်ဖန် မြင်ယောာင်ကာ နေကြတော့သည်။


မှိုင်းညိုညဥ့်ရိပ် လူခြေတိ၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ယမ်းယော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုမြဲပင်။ ။

ညကား မှောင်မိုက်လျှက်ရှိပြီး ပတ်ဝန်းကျင်သည် တိတ်ဆိတ်လျှက်ရှိသည်။ ထိုအချိန်တွင် ဂုတ်ကြားသည် ဖိုးမောင်ပြန် အလာကို စောင့်မျှော်နေသည်။ ဂုတ်ကြားသည် ဖိုးမောင်ကို ပြန်လာချိန်ရောက်ပေမယ့် မတွေ့သည့်အခါတွင် ရွာထိပ်တံခါးကနေ ရေဆိပ်ဆီကို ယောင်ယမ်းပြီး ဟောင်လိုက်သည်။

ရက်တွေ လတွေ ကြာခဲ့သော်လည်း ဂုတ်ကြား ဟောင်သံ ကြားသည့် အခါတိုင်းတွင် ဖိုးမောင်ကို မမေ့နိုင်သည့် ရွာသားများ၏ ရင်ထဲတွင်တော့ ဖိုးမောင်လာပြီ မှတ်ထင်နေလျှက် ရှိကြသည်။

Read More...

Friday, August 31, 2007

နင်သိရဲ့လား

စတွေ့တဲ့နေ့

နင်သိရဲ့လား

အဲဒီနေ့ကလေ . . .


ပထမဆုံးဖုန်းပြောတော့

နင်သိရဲ့လား

အဲဒီနေ့ကလေ . . .


ပရိုပို့လုပ်တော့

နင်သိရဲ့လား

အဲဒီနေ့ကလေ . . .


စဉ်းစားမယ်ပြောတော့

နင်သိရဲ့လား

အဲဒီနေ့ကလေ . . .


အဖြေပေးတော့

နင်သိရဲ့လား

အဲဒီနေ့ကလေ . . .


လမ်းခွဲ့တဲ့နေ့

နင်သိရဲ့လား

အဲဒီနေ့ကလေ . . .


နင်သိရဲ့လား

နေ့ပေါင်းများစွာ

ပျော်ရွင်မှုပေါင်းများစွာ ကြေကွဲမှုပေါင်းများစွာ

ငါဟာ ခံစားမှုပေါင်းများစွာ

များစွာသော အရာများနဲ့


တကယ်တော့

နင်မသိသေးပါဘူး

Read More...

Saturday, June 09, 2007

ကလေးတစ်ယောက်နဲ့ ခြေလှမ်းများ

အဖြူရောင်သက်တံ ကဗျာရွတ်ပွဲမှ
မြင့်မိုးအောင် ရေးဖွဲ့သည့် ကဗျာ


ကလေးတစ်ယောက်နဲ့ ခြေလှမ်းများ

ကလေးတစ်ယောက် ငိုနေတယ်
ချိုင့်ခွက်များတဲ့ လမ်းပေါ်မှာ သူချော်လဲသွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
လွယ်အိတ်အပေါက်ထဲကနေ
သူ့ခဲတံလေးကျပျောက်သွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
ညစာချက်ကျွေးမယ့် သူ့အမေ
အိမ်ပြန်နောက်ကျလို့နေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခုတိမရပ်သေးတဲ့ မိုးသဲထဲမှာ
သူအဖျားနဲ့ချမ်းနေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခွေးတစ်ကောင်လိုက်လို့ ပြေးရင်းနဲ့
သူရောင်းနေတဲ့ ဖရဲသီးဗန်းကလေး
သဲတွေထဲကို ကျသွားတယ်

မင်းလဲကြားရတယ် ငါးလဲကြးရတယ်
ကလေးတစ်ယောက် ငိုနေတယ်
အနားမှာလဲကြားရတယ် အဝေးကလဲကြားရတယ်
ကလေးတစ်ယောက် ငိုနေတယ်

မငိုပါနဲ့တော့ ကလေးရယ်
နှစ်သိမ့်စကားလေးတစ်ခွန်း
တစ်ယောက်ကပြောလိုက်တယ်
မငိုပါနဲ့တော့ ကလေးရယ်
နွေးထွေးတဲ့လက်တစ်ဖက်
တစ်ယောက်ကကမ်းလိုက်တယ်

တစ်ယောက်က တွေးမိတယ်
အလင်းရောင်တွေ မဖြန့်ကျက်ခဲ့ဘဲ
ဘယ်ကြယ်စင်လေး တစ်ပွင့်မှ
ကမ္ဘာမြေကို စွန့်ခွာမသွားသင့်ဘူး

တစ်ယောက်က တွေးမိတယ်
မွှေးရနံ့တွေ မလွှင့်ထုတ်ခဲ့ဘဲ
ဘယ်ပန်းပွင့်လေးတစ်ပွင့်မှ
ကမ္ဘာမြေကို ချန်ရစ်မထားခဲ့ဘူး

တစ်ယောက်ပြောဖူးတယ်
အလင်းဆုံးကြယ်စင်တွေတောင်မှ
တိမ်ညိုတွေနောက်မှာ အကြာကြီး
လမ်းပျောက်မသွားအောင် ခရီးဆက်ရအောင်

တစ်ယောက်ကပြောဖူတယ်
အမွှေးဆုံးပန်းပွင့်တွေတောင်မှ
မုန်တိုင်းတွေကြားမှာ အကြာကြီး
ကြွေကျမသွားအောင် အားတင်းကြရအောင်

ကလေးရေ ခြေတစ်လှမ်းလောက်
ရှေ့ကိုလှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ နည်းနည်းတော့ပြောင်းသွားမှာ
ခြေတစ်လှမ်းလောက် နောက်ထပ်လှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ ပိုပြီးတော့ပြောင်းသွားမှာ

ခြေလှမ်းတွေအများကြီးရောက်တဲ့အခါ
ကမ္ဘာအသစ်တစ်ခု မင်းရှေ့ကိုရောက်လာမှာ
ကမ်းနေတဲ့လက်ကို ဖမ်းဆုပ်ကာ
ခြေတစ်လှမ်းလောက် လှမ်းလိုက်ပါ......

Read More...

Sunday, May 27, 2007

ခဲမှန်ခြင်း


ကောင်မလေးရယ်

ငါ့ကိုအကြင်နာတွေမပေးပါနဲ့

ငါကြင်နာတဲ့လူတွေတောင် ပစ်သွားကြပြီလေ


ကောင်မလေးရယ်

ငါနားလည်ပါတယ် နင့်ခံစားချက်တွေကို


ကောင်မလေးရယ်

ငါ့ကို ခွင့်လွတ်ပေးပါ

ဖြည့်ဆည်းမပေးနိုင်လို့လေ


ကောင်မလေးရယ်

ကွဲနေတဲ့ အိုးထဲကို ရေတွေဘယ်လောက်လောင်းလောင်း

ဘယ်တော့မှပြည့်မှာ မဟုတ်ပါဘူး


ကောင်မလေးရယ်

ကွဲနေတဲ့ ငါ့အသဲပေါ်ကို

နင့်အချစ်တွေ ထပ်မလောင်းချင်ပါနဲ့


ကောင်မလေးရယ်

တိုက်ဆိုင်မှုတွေရှိတိုင်း နင့်အမြဲသတိရနေမှာပါ

အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ပေါ့


ကောင်မလေးရယ်

နင့်လောက်ငါ့အပေါ် သီးခံပေးတဲ့လူမတွေ့ဖူးသေးဘူး

တကယ်ပြောတာပါ


ကောင်မလေးရယ်

တကယ်တော့ငါ အသဲမှာ

အချစ်တွေမှန်လို့ရတဲ့ဒါဏ်ရာတွေက သွေးမတိတ်သေးဘူး


ကောင်မလေးရယ်

ထပ်မရွယ်လိုက်ပါနဲ့

ငါဘ၀မှာ အဲဒီခဲကိုအကြောက်ဆုံးပါ




နေမင်းခ

Read More...

Wednesday, May 23, 2007

ကြယ်စင်လေး

ကြယ်စင်လေး
မင်းရောင်စဉ်ကြောင့်
ငါ့ဘ၀ရဲ့ အချစ်သံစဉ်တွေ
အသက်ဝင်ခဲ့ရတယ်

ကြယ်စင်လေး
မင်းရောင်စဉ်ရဲ့ လှပမှုနဲ့
တစ်ရံရောအခါက ငါ့ဘဝ
တောက်ပခဲ့ဖူးတယ်

ကြယ်စင်လေး
မင်းရောင်စဉ်ကို
လိုချင်တမ်းတစွာ
မရေတွက်နိုင်တဲ့ ညတွေမှာ
ကြိမ်ဖန်များစွာ ငိုခဲ့ဖူးတယ်

မင်းသိပါရဲ့လား ကြယ်စင်လေးရယ်
မင်းရောင်စဉ်ရဲ့
ကြင်နာမှုဟာ
ငါ့ရဲ့ ရင်မှာ
နာကြင်မှုတွေ
ဖန်တီးထားရစ်ခဲ့တယ်ဆိုတာ...


တစ်စုံတစ်ယောက်သောသူက ပေးပို့သောခံစားချက်ကဗျာတစ်ပုဒ်ဖြစ်ပါသည်

Read More...

Sunday, May 13, 2007

မြေခပန်း

ချစ်သူ . . .
ရှင်မွှေးလွန်းနဲ့မင်းနန္ဒာဇာတ်သိမ်းကို ပြင်ပေးဖို့
ငယ်ငယ်က အမေဆီမှာတောင်းဆိုဘူးတယ်
ခွန်ဆန်လောနဲ့နန်းဦးပြင် ဇာတ်သိမ်းကို
ပြင်ရေးလို့ စာမေးပွဲလဲကျခဲ့ဘူးတယ်
ရှိတ်စပီးယားသာ ငါ့အဖိုးဖြစ်ခဲ့ရင်
ယိုမီရိုနဲ့ဂျူးလိယက် ဇာတ်သိမ်းကိုပြင်ခိုင်းမိမှာပဲ


ချစ်သူ . . .
မင်းနဲ့ဝေးတဲ့ငါ့ရင်မှာ အလွမ်းတွေဝေနေတယ်
အဲဒီအလွမ်းတွေသာ ပန်းတွေဖြစ်ခဲ့မယ်ဆိုရင်
အဲဒီပန်းတွေကို မင့်ခေါင်းမှာပန်ပေးလိုက်ချင်ပါတယ်

ချစ်သူ . . .
အဲဒီပန်းတွေက . . .
သဇင်လို တော်မ၀င်ဘူး
ကျူးလစ်လို အရောင်သွေးမစုံဘူး
ရနံ့ကလဲ မွှေးချင်မှမွှေးမယ်
ဒါပေမယ့် ကိုယ်ပေးတဲ့ပန်းက ရာနှုန်းပြည့်ဖြူစင်ပါတယ်


ချစ်သူ . . .
အဆင့်ချင်းမတူလို့ မနမ်းရှိုက်လိုလဲ
အမိုက်သရိုက်လို မြေမှာချနင်းလိုက်ပါ
နင်းခြေသူကို စူးစေမဲ့
နှင်းဆီလိုဆူးမျိုးလဲ ငါ့အလွမ်းတွေမှာတပ်မထားပါဘူး
လေအလာမှာမြေခတဲ့ ကြွေကျပေးမဲ့ခရေလိုပန်းမျိုးပါ

ချစ်သူ . . .
လေအလာမှာ ကြွေကျတဲ့ခရေလို
ငါ့အချစ်တွေ မြေခကုန်ပြီ
နင်းလိုကနင်း ပန်လိုကပန်

ချစ်သူ . . .
တကယ်တော့ငါ
နင်ဘ၀ထဲကို ဗီဇာမပါဘဲဝင်ခဲ့သူလေ



......

Read More...