Art is My Life: Boxing
Showing posts with label Boxing. Show all posts
Showing posts with label Boxing. Show all posts

Monday, September 10, 2007

သရဖူကို လုံးချော ကာကွယ်

ဒီနေ့ မြန်မာ့ရိုးရာ ၀ိတ်တန်းလိုက် ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲကြီကို အားကစားပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏမှာ ကျင်းပခဲ့ပါတယ်။

ရွှေခါးပါတ်ချန်ပီယံ ဗိုလ်လုပွဲ ဆိုတာကတော့ မြန်မားရိုးရာ လက်ဝှေ့လောကမှာ အမြင့်ဆုံး ပြိုင်ပွဲတစ်ခုပေါ့။ ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲကို ကျင်းပတာ အခုအကြိမ်ကတော့ လေးကြိမ်မြောက်ပါ။ ပထမဆုံ အကြိမ်ကို ၁၉၉၆ ခုနှစ်မှာ စတင်ကျင်းပခဲ့ပါတယ်။ အဲဒီပွဲတုန်းက ၀မ်ချိုင်းဟာ အောင်အောင်ထွန်း မန္တလေးကို နိုင်ပြီး နာမည်ကြီး လာခဲ့ပါတယ်။ အဲဒီနှစ်ပွဲရဲ့ အလွတ်တန်း ချန်ပီယံဆုကိုတော့ ရွှေဒူဝံက ရွေဝါထွန်းကို အလှဲထိုးပြီး အနိုင်ရသွားပါတယ်။

ဒုတိယ အကြိမ် ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲကို ၁၉၉၈ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။ တတိယ အကြိမ်ကိုတော့ ၂၀၀၆ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲမှာ ထးခြားတာက မြန်မာ့ရိုးရာ လက်ဝှေ့ လောက ကနေ အချိန်အတော်ကြာ ပျောက်နေတဲ့ ဆယ်နှစ်ချန်ပီယံ ရွှေဝါထွန်း ပါဝင်လာခြင်းပဲ ဖြစ်ပါတယ်။ ချန်ပီယံဟောင်း ရွှေဝါထွန်းဟာ အလွတ်တန်းမှာ ပါဝင်ပြီး လက်ရှိချန်ပီယံ လုံးချောနဲ့ ထိုးသတ်ရပါတယ်။ ပြီးတော့ ရွှေဝါထွန်းဟာ မျက်လုံး တစ်ဖက်လဲ ကွယ်နေပါပြီ။ အဲဒီပွဲမှာ ရွှေဝါထွန်းက လက်သီးထိုးလုံး ကောင်းတာမှန်ပေမယ့် အသက်အရွယ်နဲ့ အင်အား မညီမျှမှုကြောင့် ငါးချီမြောက်မှာပဲ အလဲထိုးခံခဲရပါတယ်။

ဒီနှစ် ကျင်းပတဲ့ ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲမှာတော့ ပွဲတော်တော်များများ ကြည့်ကောင်းပါတယ်။ နောက်ဆုံး အလွတ်တန်း ချန်ပီယံပြိုင်ပွဲမှာတော့ လုံးချော လက်ရှိအလွတ်တန်း ရွှေခါးပတ်ချန်ပီယံ နဲ့ ဈန်ထူး( ၂၀၀၆ခုနှစ် မစ်ဒယ်ဝိတ်တန်း ရွေခါးပတ် ချန်ပီယံ) တို့ထိုးသတ် ယဉ်ပြိုင်ကြပါတယ်။

လုံးချောနဲ့ ဈန်ထးဟာ ပြီးခဲ့တဲ့ မျှော်စင်ကျွန်း လှက်ဝှေ့ပွဲမှာ လုံးချောနဲ့ သရေကျခဲ့ဖူးပါတယ်။ သရေ ကျတယ်ဆိုပေမယ့် အဲဒီပွဲတုန်းက ဈန်ထူးဟာ လုံးချောထိုး သမျှကို ကြံ့ကြံ့ခံ ပြီး လုံးချောက အသာစီးနဲ့ ထိုးသတ်သွားတာပါ။ လုံးချောနဲ့ ဈန်ထူးဟာ အရပ်ချင်း ဘော်ဒီချင်းယှဉ်ရင် လုံးချောက လူကောင်ပိုထွားပါတယ်။ ဒါကြောင့် ဒီပွဲမှာလဲ လုံးချော အသာစီးရမယ်လို့ ထင်ထားကြပါတယ်။ လုံးချော ကိုယ်တိုင်းလည်း အဲလိုထင်ထားပုံရပါတယ်။

ပွဲစပြီဆိုတာနဲ့ လုံချောဟာ ဈန်ထူးကို တရစပ် ၀င်ထိုးပါတယ်။ သို့ပေမယ့် လုံးချောထင်သလို ဖြစ်မလာပါဘူး။ ဈန်ထူးဟာ လုံးချောလောက် အထိုးအသတ် မကောင်းဘူးဆို ပေမယ့် မျှော်စင်ကျွန်းပွဲတုန်းကလို ဒီပွဲမှာ လုံးချောဟာ ထင်သလို ၀င်ထိုးလို့ မရတော့ပါဘူး။ ဈန်ထူးရဲ့ တစ်တစ်ချက် လက်သီးထိုးချက်တွေ ခြေကန်ချက်တွေကြောင့် လုံးချော ဖင်ထိုင်လဲလဲကျသွားပါတယ်။ ဒီလိုနဲ့ ဘတပြန်ကျား တစ်ပြန်ထိုးရင် ငါးချီ အပြီးမှာ သရေ ဖြစ်သွားပါတယ်။

လုံးချောဟာ ဈန်ထူးထက် ထိအောင်တိုက်ခိုက် နိုင်တဲ့ ရာခိုင်နှုန်း ပိုများတဲ့တွက် အမှတ်ပေးစနစ် အရ လုံးချောက ရွှေခါးပတ် ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။

မျှော်စင်ကျွန်းတုန်းက လုံးချောနဲ့ ဈန်ထူးတို့ ထိုးသတ်တဲ့ ပွဲကို ကြည့်ချင်ရင် ဒီနေရာကို နှိပ်ပါ။

Read More...

Sunday, September 09, 2007

ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲ


ဒီနေ့ အမျိုးသား အားကစားပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏမှာ ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲကို နေ့လည်နှစ်နာရီ တိတိမှာ စမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲကို စိတ်ဝင်စားသူတွေ အတွက်တော့ လက်လွပ်ခံလို့ မဖြစ်တဲ့ ပွဲကြီးပေါ့။

နောက်ဆုံး အလွတ်တန်း ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲမှာ လုံးချောနဲ့ ဈန်ထူးတို့ ပြန်တွေ့ ကြမှာ ဖြစ်ပါတယ်။

ဈန်ထူးကတော့ ပြီးခဲ့ရွေခါးပတ်ချန်ပီယံ ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်းရဲ့ ချန်ပီယံ ဖြစ်ပြီး လုံးချောကတော့ အလွတ်တန်း ရွှေခါးပတ်ချန်ပီယံ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ မျှော်စင်ကျွန်းက စိန်ခေါ်သံ လှက်ဝှေ့ပွဲမှာဆုံ ခဲ့ဖူးပါတယ်။ အဲဒီမှာတော့ သရေပွဲ ဖြစ်သွားပေမယ့် လုံးချောက အသာစီးရပါတယ်။ ရွေခါးပတ်ချန်ပီယံမှာတော့ သရေပွဲဆိုတာ မရှိပါဘူး။ အမှတ်နဲ့ ဖြတ်တာဖြစ်တဲ့ အတွက် တစ်ယောက်ယောက် ကတော့ သေချာပေါက် နိုင်သွားမှာပါ။

ဘယ်သူချန်ပီယံ ဖြစ်မလဲဆိုတာတော့ ပွဲပြီးအောင် ကြည့်ရဦးပေါ့လေ

Read More...

Sunday, May 13, 2007

မျှော်စင်ကျွန်းကစိန်ခေါ်သံ ၎

မနေ့က မျှော်စင်ကျွန်းကစိန်ခေါ်သံ လက်ဝှေ့ပွဲကိုသွားကြည့်ဖြစ်ပါတယ်။ ပြိုင်ပွဲကတော့ ချန်ပီယံလုံးချောက် ဈာန်ထူးက စိန်ခေါ်တဲ့ပွဲပါ။
ချန်ပီယံလုံးချောဟာ ချန်ပီယံဟောင်းရွှေဆိုင်းကို ဒုတိယအကြိမ် စီးတီအက်ဖ်အမ် အောင်လံလုပွဲမှာ ငါးချီးထိုးပြီး လုံးချောက အသာစီးနဲ့ သရေဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ရွှေဆိုင်းက လက်ဝှေ့ဆက်မထိုးတော့တဲ့ အတွက်ချန်ပီယံဖြစ်လာပါတယ်။ ပြီးခဲ့တဲ့နှစ် အလွှတ်တန်းရွှေခါးပတ်ချန်ပီယံ လက်ဝှေ့ပွဲမှာ ချန်ပီဟောင်းကြီး တကျော့ပြန် ရွှေဝါထွန်းကို ငါးချီမှာ အလဲထိုးပြီး ချန်ပီယံဖြစ်လာပါတယ်။
လုံးချောနှင့် ဈာန်ထူးတို့ ထိုးသတ်စဉ်


ဈာန်ထူးကတော့ စိန်ခေါ်ပွဲ ၂၁ ပွဲကို ရှုံပွဲမရှိ သေးဘူးလို့ဆိုပါတယ်။ သူကတော့ ၂၀၀၆ ခုနှစ်တုန်က ကျင်းပခဲ့တဲ့ ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲမှာ မစ်ဒယ်ဝတ်တန်းရဲ့ ရွှေခါးပတ်ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။
အရပ်မောင်းနှင့် ကိုယ်လုံးကိုထည်အရ လုံးချောက် ဈာန်ထူးထက် သာပါတယ်။ လုံးချောက ဈာန်ထူးထက် နှစ်လက်မလောက် ပိုရှည်ပါတယ်။ ဘော်ဒီဝိတ်ကတော့ အတူတူလောက်ပါပဲ။ ဒါပေမဲ့ ခြေဆံလက်ဆံရော ခွန်အားရော လုံးချောကသာပါတယ်။
လုံးချောရဲ့ ကန်ချက်ကြောင့် ဈာန်ထူးလဲကျသွားစဉ်

ဒါကြောင့်ပွဲစပြီဆိုတာနဲ့ လုံးချောက ဈာန်ထူးကို အသာစီးနဲ့ ထိုးခဲ့ပါတယ်။ လုံချောဟာ သူရဲ့ ဘောဒီဝတ်နဲ့ အရပ်အမောင်းကို သုံးပြီး ခုန်ခုန်ဝင်ကာ ထိုးသတ်ပါတယ်။ ဈာန်ထူးကတော့ လုံးချောထိုးသမျှကို ပေခံပြီး ပြန်ထိုးပါတယ်။ လုံးချောရဲ့ ထိုးချက်များကြောင့် ဒုတိယအချီမှာပင် ဈာန်ထူးရဲ့ ၀ဲဘက်မျက်လုံးဟာ ဖွင့်လို့ မရနိုင်လောက်ကို ဖူးရောင်လာပါတယ်။ ဒါကြောင့် တတိယအချီလောက်မှာပဲ ပွဲသိမ်းထိုးသတ်သွားမယ်လို့ ပရိတ်သတ်တွေက ခန့်မှန်းထားကြပါတယ်။ သို့ပေမယ့် ဈာန်ထူးရဲ့ ခံနိုင်ရည်ကြောင့် နောက်ဆုံးအချီထိ လုံးချောကဟာ အလဲမထိုးနိုင်ခဲ့ပါဘူး။
နောက်ဆုံးမှာ သရေပွဲ ဖြစ်သွားခဲ့

စတုတ္ထအချီမှာ ဈာန်ထူးလဲအကျမှာ လုံးချောက ခြေနဲ့လှမ်းကန်လိုက်ရာမှာ ဈာန်ထူးရဲ့ လည်မျိုကိုထိသွားပြီး နှစ်မိနစ် အနားတောင်းခဲ့ရပါတယ်။ စတုတ္ထအချီလို့ ဒိုင်ထိုးတဲ့ ခေါင်းလောင်းသံကြောင့် ဈာန်ထူးက နောက်ဆုတ်သွားရာမှာ လုံးချောက ဆက်တိုက်ဆက်တိုက် ကန်ခဲ့တဲ့ အတွက် ပရိတ်သတ်တွေထဲမှာ ပွဲဆူသွားပြီး လုံးချောကို ရေဘူးတွေ ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ သူတို့ပစ်တဲ့ ခဲကလုံးချောကိုတော့မထိဘူး အရှေ့ဆုံးတန်းမှာ ကြည့်နေတဲ့ နိုင်ငံခြားသူ တစ်ဦးရဲ့ လက်ကိုထိသွားပါတယ်။ ကျွန်တော့ခေါင်းပေါ်လဲ ဘီယာဘူးခွံတစ်ခု မှန်ပါတယ်။
လုံးချောအနေနဲ့ ခေါင်းလောင်သံကို မကြားလို့ ဆက်ထိုးတယ်ပဲထားဦး ချန်ပီယံ တစ်ယောက်အနေနဲ့ မလုပ်သင့်တဲ့ အလုပ်ပါ။ ဒီနေရာမှာ ဒိုင်ရဲ့ ညံ့ဖျင်းမှုလဲ ပါပါတယ်။
နောက်ဆုံး အချီထိုးတော့ အများအမြင်ကတော့ လုံးချောဟာ သူ့အမှားတွက် အနိုင်မထိုးပဲ သရေးဖြစ်အောင် လျှော့ထိုးသွားတယ်လို့ အများကပြောကြပါတယ်။ ကျွန်တော် အမြင်ကတော့ အဲလိုမထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံးချောဟာ နောက်ဆုံးအချီ ထိဒူးပျံတွေနဲ့ တရစပ်ခုန်ခုန်ဝင်ပြီး ပွဲသိမ်းဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဈာန်ထူးရဲ့ ခံနိုင်ရည် ကြောင့်ပွဲမသိမ်း မထိုးနိုင်ခဲ့တာပါ။
တခါတစ်ရံမှာ ဈာန်ထူးရဲ့ တန်ပြန်ထိုးချက်တွေကြောင့် လုံးချော တွေတွေ သွားတာကို တွေ့ရပါတယ်။ ဈာန်ထူးလိုသာ လုံးချော အထိုးခံခဲ့ရမယ်ဆိုရင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးဆိုတာတော့ အားလုံးငြင်းလို့မရတဲ့အချက်ပါ။
နောက်တစ်ခုက လုံးချောဟာ အခုလိုပွဲသိမ်းမထိုးတာ နောက်တစ်ကြိမ်မှာ သူနဲ့ထိုးသတ်ဖက် မရှိတော့မှာ စိုးလို့ သရေပွဲ အဖြစ်ထိုးသွားတာလို့လဲ တချို့ကပြောကြပါတယ်။ ဒါကတော့ ကာယကံရှင် လုံးချောနဲ့ သူ့ရဲ့နည်းပြကလွဲရင် ဘယ်သူမှ အတိကျ ပြောလို့မရပါဘူး။ ဖြစ်ကောင်းလဲ ဖြစ်နိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ စောငမန်းတုန်းကလဲ လုံးချောဟာ ဆိုင်းတောင်မှာ တစ်ပွဲ တာချီလိတ်မှာ တစ်ပွဲ သရေထိုးပြီးမှ မျှော်စင်ကျွန်းမှာ နှစ်ချီထဲနဲ့ အလဲထိုးခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် လတ်တလောမှာ လုံးချောကို ယှဉ်နိုင်သူ မရှိသေးလိုဖြစ်နေပါတယ်။ အဲဒီမှာ ရှားရှားပါးပါး စိန်လာခေါ်တဲ့ ဈာန်ထူးကို တစ်ပွဲတည်းနဲ့ အလဲထိုးလိုက်ရင် နောက်ပွဲတွေမှာ လုံးချောနဲ့ ထိုးနိုင်သူမရှိတော့ပဲ ဖြစ်သွားနိုင်ပါတယ်။ အဲလို ထိုးမဲ့သူမရှိလို့ မထိုးရရင် သူပိုက်ဆံရတော့မှာ မဟုတ်ဘူးလေ။
ပွဲအပြီးမှာ တွေ့ရတဲ့ လုံးချော
ပွဲအပြီးမှာ တွေ့ရတဲ့ ဈာန်ထူး


မနေ့က ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပွဲ ကိုးပွဲရှိပါတယ်။ ကိုပွဲမှာ အားလုံးနီးနီး လက်ရည်တူတာကြောင့် တော်တော်လေး ကြည့်ကောင်းတဲ့ ပွဲလို့ပြောလို့ရပါတယ်။ အလဲထိုး နှစ်ပွဲ ၊ ဆရာဝန်ပွဲရပ် ရှုံးနှစ်ပွဲ၊ သရေလေးပွဲ နဲ့ တစ်ယောက်နဲ့ တစ်ယောက် မထိုးပဲနေလို့ ဒိုင်ဖျက်ပွဲ တစ်ပွဲ ပါ။
ကြားပွဲတစ်ပွဲ


တစ်ခြားကြည့်ကောင်းတဲ့ ပွဲတွေကတော့ မိုးသီးနဲ့ ချစ်ခက်တို့ ထိုးတဲ့ပွဲပါ။ မိုးသီးက လက်ဝှေ့ထိုးနေတာ သဘာရင့်နေပါပြီ တိုင်းအဆင့် ရွှေဆုကိုရခဲ့ဘူးသလို ရွှေခါးပတ်ချန်ပီယံ လုပွဲတုန်းက ဗိုလ်လုပွဲ အထိတက်ခဲ့ ဘူးပါတယ်။ ဒါပေမယ့် သူက အရပ်ကပုပုလေးပါ ငါးပေသာသာလောက်ပဲရှိပါမယ်။
ပြောမယ်ဆိုရင်တော့ ကျွန်တော်ကြည့်ဖူးသလောက် ၁၉ နှစ် ၂၀ ၀န်းကျင် တက်သစ်စ လူငယ်လေးတွေနဲ့ ထိုးပြီး အောင်ပွဲတွေကို တစ်ပွဲပြီး တစ်ပွဲခံနေသူပါ။ သူဟာ အရပ်ပုပေမယ့် သူထက်အရပ်ရှည်ပြီး ဗလကောင်းတဲ့ လူငယ်တွေကို သဘာနဲ့ ထိုးသတ်ပြီး အနိုင်ယူလေ့ရှိပါတယ်။

ရှုံးနှိမ့်သွားသူတစ်ယောက်


ချစ်ခက် ကတော့ အရပ် ငါးပေ လေးလက်မလောက်ရှိပြီ ဗလက မိုးသီးထက်သေးပါတယ်။ အသက်က ၁၈၊၁၉ ထက်မကျော် သေးပါဘူး။
ပွဲစကတည်းက မိုးသီက ထုံးစံအတိုင်း သူ့ရဲ့ လက်သီးတွဲလုံးတွေနဲ့ တရစပ်ဝင်ထိုးပါတယ်။ ချစ်ခက်က မိုးသီးရဲ့ ထိုးကွက်တွေကို သေသေချာချာ လေ့လာပြီးပါပြီ လို့ သတင်းစာထဲမှာ ပြောထားတဲ့ အတိုင်း မိုးသီဝင်လာပြီ ဆိုတာနဲ့ ဒူးနဲ့ ကာကားထိုပါတယ်။ ရန်ဖြစ်ရင်ပဲဖြစ်ဖြစ် လက်ဝှေ့ထိုးရာမှာ ဖြစ်ဖြစ် ဗလချင်းတူလို့ကတော့ အရပ်ရှည်သူက ဒူးထောင်ထားရင် အရပ်ပုသူက ၀င်ထိုးဖို့ခက်သွားပါတယ်။ ပြီးတော့ ချစ်ခက်ဟာ သူ့ထက် အရပ်ပုတဲ့ မိုးသီးကို ကပ်ထိုးလို့ မရဘူး ခွာထိုးရမယ် ဆိုတာ သဘောပေါက်ပုံရပါတယ်။ ချစ်ခက်ဟာ ခပ်ခွာခွာကနေ ခြေနဲ့လှမ်းကန်လိုက် ဟန်ချက်ပျက်သွားရင် ၀င်ထိုးလိုက် နဲ့ အခြေနေကောင်းရင် ဒူးပျံနဲ့ ၀င်ဝင်တိုက်လိုက်ဆိုတော့ ပထမ အချီမှာပဲ မိုးသီဟာ လဲကျသွားရာက မထနိုင်တော့လို့ နှစ်မိနစ်အနားတောင်းခဲ့ရပါတယ်။ ( လက်ဝှေ့ စည်းကမ်းအရ နောက်ဆုံး အချီမှလွဲ၍ တစ်ကြိမ် အနားတောင်းခွင့်ရှိသည် )။
နောက်အချီတွေမှာလဲ ချစ်ခက်ဟာ လူငယ် ဗလသေးပေမယ့် သူထက်သဘာရော ဗလရော အားကြီးတဲ့ မိုးသီးကို အသာစီးနဲ့ ထိုးသတ်သွားခဲ့ပါတယ်။ ဒီနေရာမှာ ပညာအားဖြင့် ချစ်ခက်က မိုးသီးထက် သာတယ် ဆိုတာကို ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒါပေမယ့် အတွေ့အကြုံရင့်နေပြီ ဖြစ်တာကြောင့် ပွဲပြီတဲ့ အထိ မိုးသီးဟာ ကြိုးဝိုင်းထဲမှာ ပြေးရင်ပတ်ရင်းနဲ့ ရှေင်တိမ်းနိုင်ခဲ့လို့ သရေပွဲဖြစ်သွားပါတယ်။

Read More...