Art is My Life: သတင်း
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Monday, October 31, 2011

ပြင်သစ်ကြီးရဲ့ Essay Photo ပြိုင်ပွဲ ဒေါ်လာနှစ်ထောင်ပေးမည်

A Photo-essay masterclass  will happen at the French Institute (formerly Alliance Française) from November 16 to 23.

Emphasis will be placed on professional standards required for gallery or photo festival exhibition, newspapers, magazines and book publishing.

Designed for all those who have already developed a special interest in photography, this week-long workshop will help you to expand your skills by creating a photo-essay. 

The best works will participate to the Best Photo-essay Awards with 2000$ worth of prices during the Yangon Photo Festival 2012 that will happen from January 23 to 28. The 2012 theme will be the Environment.

Register with Didi at 536 900 / 537 122 before November 11th. Selection of the candidates will be on November 14-15th. Bring your port-folio and your own ideas about subject matters for a photo essay.


Read More...

Monday, October 10, 2011

ဘေဂျင်းသူတောင်းစားက သာမာန်သူဌေးထက် ချမ်းသာဆိုပဲ......

ဘေးဂျင်းမြို့ လမ်းဘေးတစ်နေရာမှာ တွေ့နေကျ သူတောင်းစားတစ်ယောက်ဟာ ထင်မှတ်မထားရလောက်အောင် ချမ်းသာနေတယ်လို့ Jiangxi Satellite TV စက်တင်ဘာလ သီတင်းတစ်ပုဒ်က ဆိုပါတယ်။ 

သူ့မှာ ကားလေးစီးနဲ့ ပိုင်ဆိုင်မှုပစ္စည်းတော်တော်များများ ရှိနေတယ်လို့ Jiangxi Satellite TV ကဆိုပါတယ်။

ယင်းသတင်းရဲ့ အဆိုရ သူဌေးသူတောင်းစားဟာ သူ၏ မိခင်၊ သားနှစ်ယောက်နှင့် အတူ တရုပ်နိုင်ငံရဲ့မြို့တော် ဘေကျင်းမြို့မှာ နေထိုင်ပါတယ်တဲ့။ မိခင်က ရွှေနဲ့ ကျောက်မျက်ရတနာတွေကို ၀တ်ဆင်ထားပြီး သားနှစ်ယောက်ကတော့ ဦးခေါင်းကနေ ခြေဖျားအထိ နာမည်ကြီး အသုံးအဆောင်တွေကို ၀တ်ဆင်ထားတယ်လို့ဆိုပါတယ်။ သူ့ဆီမှာ ပိုက်ဆံလာထည့်တဲ့ လူတွေထက် သူက ပိုပြီး ချမ်းသာတာ သေချာပါတယ်လို့ တီဗီက ဆက်ပြောပါတယ်။ 

သူ့ကိုတော့ Xidan ဒေသရဲ့ လမ်းတွေပေါ်မှာ လိုက်တောင်းနေတာကို မှာတွေ့ရပါလိမ့်မယ်တဲ့။ တရုပ်ပြည်က သူတောင်းစားမှ မဟုတ်ပါဘူး မြန်မာပြည်က သူတောင်းစားတွေကိုလည်း အထင်မသေးလိုက်ပါနဲ့။ ပြီးခဲ့တဲ့လပိုင်းက NLD ရုံးအရှေ့မှာတွေ့တဲ့ ကလေးတစ်ယောက်ကို မေးကြည့်လိုက်တာ တစ်နေ့ကို ခုနှစ်ထောင်လောက် ရတယ်တဲ့.... ကျွန်တော်တို့ လမ်းထဲက အဖိုးကြီးကတော့ တစ်သောင်းခွဲလောက်များ ရမလားမသိဘူး၊ ကျွန်တော် အကဲခတ်ကြည့်နေတာ သူ့ကို ထည့်တဲ့လူတွေက အနှိမ့်ဆုံး ငါးရာတစ်ထောင်ပဲ.......

Read More...

Friday, April 03, 2009

တော်တော်ဆိုးတဲ့ အင်တာနက်

အခု မြန်မာပြည်မှာ ဘတ်ပုံးဆိုလား လောက်လေးဂွပုံးဆိုလား ပြင်နေလို့တဲ့။ အင်တာနက်တွေ ဂျန့်ဖြစ်နေတယ်တဲ့ ကြော်ငြာထားပါတယ်။ အဲဒါနဲ့ MPT ဆိုင်လို့ အများသိကြတဲ့ အင်တာနက်ဆိုင် တစ်ဆိုင်မှာ အင်တာနက်သွားသုံးတာ ၀က်ဆိုက်တစ်ချို့ ဖွင့်လို့ရတယ်။ ဘလော့ဂ်ရေးလို့မရဘူး။ ဂျီမေးမရဘူး။ ဂူဂဲ ဟုန်းပေ့ ကိုတောင် ဖွင့်မရဘူး။ အဲဒါနဲ့ နောက်တစ်ဆိုင်ပြောင်းတယ် ဆိုင်ကတော့ အများက ပုဂံ လို့သိကြတဲ့ ဆိုင်ပေါ့။ အဲဒီဆိုင်မှာ ဘလော့ဂ် ဖွင့်မရဘူး။ ဖတ်မရဘူး။ ဂျီမေးကလွှဲရင် တခြားဝက်ဆိုက် အကုန်ရတယ်။ အဲဒါနဲ့ ဘလော့ဂ်ရေးလို့ရမရ သိချင်လို့ ဖွင့်ကြည့်တော့ရတယ်။ အဲဒါကြောင့် အခုရေးလိုက်တယ်။ ကြောင်တောင်တောင်နဲ့ ဘာမှန်းကို မသိတော့ဘူး။

အင်တာနက်ဆိုင်က အမကြီးကတော့ ရေရွှတ်နေတယ် ဒီလ လစဉ်ကြေးလာကောက်ရင် မပေးဘူးတဲ့ :P

Read More...

Sunday, March 29, 2009

မြန်မာဘလော့ဂ်ကာ နှစ်သောင်းကျော်သွားပြီ


ဒီနေ့ ဘလော့ဂ်ကာမှာ ကြည့်လိုက်တာ။ ဘလော့စပေါ့နဲ့ မြန်မာပြည်နာမည်ခံပြီး ပရိုးဖိုင်ဖွင့်ထားတဲ့လူ နှစ်သောင်းကျော်သွားပြီဆိုတာ တွေ့လိုက်ရတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က တစ်ထောင်ကျော်ပဲရှိတယ်။ အခုတော့ နှစ်သောင်းကျော်တဲ့။ မြန်လိုက်တာ။

Read More...

Saturday, March 28, 2009

မနက်ဖြန် ဘန်ကောက်မှာ အိုင်စီရှိုးရှိတယ်


မနက်ဖြန် တနင်္ဂနွေနေ့ညမှာ ဘန်ကာက်မှာ အိုင်စီရှိုးရှိတယ်။ နေရာကတော့ မသိဘူး :P။ ၀င်ကြေးကတော့ ဘတ်လေးရာတဲ့။ ကျွန်တော်ကတော့ သူတော်ကောင်း ဇနီးမောင်နှံက ဒကာခံမယ်ဆိုလို့ သွားကြည့်ဖြစ် ဦးမယ်ထင်တယ်။ သွားကြည့်ဖြစ်ရင်တော့ ပုံလေးတွေ တင်ပေးပါမယ်။ အခုပုံလေးကတော့ သုဝဏ္ဏမှာ Nargis ရံပုံငွေတုန်းက ရိုက်ထားတာပါ။ အခုတင်ထားတဲ့ပုံကတော့ ဆိုက်ချုံ့ထားတာပါ။ ပုံဆိုက်အကြီးကြီး လိုချင်ရင် ဒီနေရာမှာ ဒေါင်းလုပ်လုပ်ပါ။

Read More...

Wednesday, March 11, 2009

Come join me on Director




Join me on Director
Director 2008
Come join me on Director!

- Director 2008
About Director
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒါရိုက်တာ သင်တန်း ၁/၂၀၀၈ သင်တန်းသားတွေ ဖန်တီးထားတဲ့ နက်ဝပ်ပါ
Director Blogs
Discussions
Music
Photos
Videos
To control which emails you receive on Director, click here


ဒီနက်ဝပ်လေးကတော့ အနုပညာကို ဖန်တီးသူ ရုပ်ရှင်ဒါရိုက်တာများနဲ့ အနုပညာကို ခံစားသူ ပရိတ်သတ်များ ရုပ်ရှင်ဗီဒီယိုအကြောင်းကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီးဖွင့်လှစ်ထားတာပါ။

Read More...

Friday, March 06, 2009

Blogger များ Barron အမည်ရှိ Beer သောက်ပြိုင်ပွဲကျင်းပ Blargot က Boစွဲ

မနေ့က စမ်းချောင်းလမ်း ပွင့်မြတ်မိုးခေါ် ၀က်မြှီးဆိုင်မှာ ဘလော့ဂ်ကာများရဲ့ ဘာရွှန်ဘီယာ သောက်ပြိုင်ပွဲကို ကျင်ခဲ့ရာမှာ ဘလာဂေါက်က ဗိုလ်စွဲသွားပါတယ်။

ပြိုင်ပွဲကတော့ ဘလာဂေါက်နဲ့ ကျွန်တော် စိုးဇေယျထွန်း တို့ ယဉ်ပြိုင်ကြတာဖြစ်ပြီး ဘလာဂေါက်က အနိုင်ရသွားတာဖြစ်ပါတယ်။ အနိုင်ရတဲ့အတွက် လောင်းကြေး 1000(မြန်မာငွေ) ကို ဘလာဂေါက်ရရှိသွားတာ ဖြစ်ပါတယ်။

တက်ရောက်လာကြတာကတော့ တွေ့ဆုံနေကြ ရန်ကုန် ဘလော့ဂ်ကာများနဲ့ အမည်မဖော်လိုသူ အထူးဧည့်သည်တော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ အားလုံးပေါင်းရှစ်ယောက်ပေါ့။ ဘာရွှန် ဘီယာဆိုတာကတော့ နာမည်ကျော် မြန်မာဘီယာထုတဲ့ မြန်မာဘရူဝါရီကနေ ထုတ်တာပါ။ အယ်ကိုဟော 8.8 ပါပါတယ်။ တော်တော်လည်း မူးပါတယ်။ ဒေါင်ချာစိုင်းပြီး လည်ထွက်သွားတာပဲ။

Read More...

Tuesday, October 28, 2008

ငါးတင်ကားနဲ့ကုန်တင်ကားတိုက်မိ







မနေ့ည ဆယ်နာရီခွဲလောက်မှာ ရေကြောင်းသိပ္ပံ ကျောင်းအရှေ့မှာ ငါးတင်ကားနဲ့ ကုန်တင်ကားတိုက် မိတယ်။ ကားတိုက်တာကြောင့် ငါးကားပေါ်က လူခြောက်ယောက် ကုန်ကားက တစ်ယောက် ဒါဏ်ရာ ရသွားတယ်။ ပြီးတော့ ငါးတွေက အခုလို လမ်းမပေါ်မှာ ကြဲချထားသလို ကြည့်မကောင်း မြင်မကောင်း ဖြစ်နေတော့တာပဲ။

Read More...

Wednesday, September 10, 2008

စနေသမီးနှင့်တွေ့ဆုံခြင်း .........

မနေ့က လန်ဒုံပြန် စနေသမီး တစ်ယောက်နဲ့ ရန်ကုန်ရှိ ဘလော့ဂ်ကာများနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ယင်းကဲ့သို့ တွေ့ဆုံရာမှာ M3 မှာ အသံဝင်အောင် ကာရာအိုကေကို ဆိုကြပါတယ်။ ယင်းနောက်တွင်တော့ အင်ယားလမ်း Friend Ship မှာ ညစာစားပြီးနောက် လမ်းခွဲလိုက်ပါတယ်။ အဲဒီမှာ ပါဝင်ခဲ့သူတွေကတော့ မနိုင်းနိုင်း၊ ဗလာဂေါက် မိုးလှိုင်ည ဖိုးသူတော် ကိုမျက်လုံး ပင့်ဂိုးလ် တက်စလာမင်းဝေ ကိုညီလင်းဆက်နှင့် ကျွန်တော်တို့ ဖြစ်ကြပါတယ်။ ကိုညီလင်းဆက်ကတော့ M3 ကထွက်လာမှ ရောက်လာတာ ဖြစ်တဲ့အတွက် သူအနေနဲ့ မဟဲလိုက်ရရှာပါဘူး။

လမ်းခွဲမှာတော့ ထုံးစံအတိုင်း ကြုံတွေ့ရတဲ့ ၀မ်းနည်းစရာက ဖိုးသူတော်တစ်ယောက် ပြန်စရာ အိမ်မရှိသည့် ပြသနာပဲဖြစ်ပါတယ်။ နောက်ဆုံးတော့ ဖိုးသူတော်ကို တက်စီပေါ်တင်ပြီး လေယဉ်ကွင်းလိုက်ပို့ ခိုင်းလိုက်ပါတယ်။ လေယဉ်ကွင်းကို ရောက်မရောက်တော့ အခုအချိန်မသိရသေးပါဘူး :P

မိုးလှိုင်ညကတော့ ထိုညက အဆိုအအော်များသွားသဖြင့် နောက်တစ်နေ့တွင် ခြေဟန်လက်ဟန်ဖြင့် စကားပြောရမှာ ဖြစ်ပါတယ် ............ ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ ........ ဒန့်တန်ဒန်

Read More...

Tuesday, November 27, 2007

မျိုးမျိုးခိုင် အနှုပညာရှင်များကို ၀န်ချတောင်းပန်ရ .......

အဆိုပါ နေ့က ရောက်ရှိလာသည့် သရုပ်ဆောင် အချို့


အခုတတော့ ပြင်ပမှာ ပြန့်နှံ့နေတဲ့ ရုပ်ရှင်သရုပ် ဆောင်နန္ဒာလှိုင်နဲ့ ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင်တို့ တယ်လီဖုန်းကနေ တစ်ဆင့် ပြောခဲ့တဲ့ စကားတွေအတွက် မျိုးမျိုးခိုင်က ရုပ်ရှင်လောက သားများကို လက်မှတ်ရေးထိုး တောင်းပန်ခဲ့ရပါတယ်။

“ထိုမှားယွင်းစွာ ပြောဆိုမှုများနှင့်ပတ်သက်၍ အထက်ပါအနုပညာရှင်များမှာ များစွာ ထိခိုက်နစ်နာခြင်းများ ရှိခဲ့ပါသောကြောင့်ကျွန်မ အနူးအညွတ်တောင်းပန်အပ်ပါသည်” ဟု ပါရှိသည့်တောင်းပန်လွှာကို ယခုလ ၁၉ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ သရုပ်ဆောင်များရှေ့တွင် သရုပ်ဆောင် မျိုးမျိုးခိုင်က လက်မှတ်ထိုး ပေးအပ်ခဲ့ပါတယ်။

သတင်းအပြည့်အစုံ
www.yangonmedia.com ရဲ့ ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

Read More...

Wednesday, November 14, 2007

အဆင့်၅ နေရာကိုရောက်သွားတဲ့ မြန်မာ



အစိမ်းဆုံးက လူကြည့် အများဆုံးပါ


အရင်က ကျွန်တော့်ဘလော့ဂ်ကို လာကြည့်နိုင်ငံစာရင်းကို ကြည့်လိုက်ရင် မြန်မာနိုင်ငံက အများဆုံးပါ။ မြန်မာပြီးမှ စင်္ကာပူ ပြီးရင် ထိုင်း အဲဒါပြီးမှ ကျန်တဲ့ နိုင်ငံတွေလာပါတယ်။

မြန်မာပြည်မှာ ဘလော့ဂ်တွေကို ပုဂံက ဘန်းလိုက်တဲ့ အချိန်ကစပြီး မြန်မာက ၀င်ကြည့်တဲ့လူတွေ လျှော့ကြသွားလိုက်တာ အခု နိုဝင်ဘာ ဒုတိယပတ် အထိ ၀င်ကြည့်သူဦးရေဟာ မြန်မာက အဆင့်ငါးနေရာကို ရောက်သွားပါတယ်။

စင်္ကာပူက အဆင့်တစ်နေရာမှာရှိပြီ။ အမေရိကားက ဒုတိယနေရာမှာ ရှိပါတယ်။ ဂျပန်ကတတိယပါ။ ထိုင်းကစတုတ္ထပါ ပြီးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံလာပါတယ်။ မြန်မာပြီး ကျန်တဲ့ နိုင်ငံတွေကတော့ ရုရှ ဂျာမနီ သြစတျေးလျှ မလေးရှား နဲ့ ပြင်သစ်တို့ အပါဝင် စုစုပေါင်း ၃၇ နှစ်နိုင်ငံဖြစ်ပါတယ်။

Read More...

Sunday, September 16, 2007

သွားရောက် ကြည်ရှုလေ့လာ အားပေးသင့်သည် ဆိုဒ်လေးတစ်ခု

  • `` Boxing ကိုသင်တာ အင်္ဂလိပ်ကို အထင်ကြီးလို့ မဟုတ်ဘူး၊ အင်္ဂလိပ်ကို ကြိုးဝိုင်းထဲမှာ တရားဝင် အလှဲထိုးဖို့
  • အနောက်တိုင်း ၀တ်စုံ ၀တ်တာ အင်္ဂလိပ်ကို အထင်ကြီးလို့ မဟုတ်ဘူး မင်းတို့ ၀တ်တတ်သလို ငါတို့လဲ ၀တ်တတ်တယ်ဆိုတာ ပြဖို့
  • ဇွန်းခက်ရင်းနဲ့စားတာ အင်္ဂလိပ်ကို အထင်ကြီးလို့ မဟုတ်ဘူး မင်းတို့လို ငါတို့လဲ စားတတ်တယ်ဆိုတာ ပြဖို့
  • အင်္ဂလိပ်ကို အင်္ဂလိပ်လို ဆဲဖို့ဆိုရင် အင်္ဂလိပ်စာ တတ်ဖို့လိုတယ် ´´
ဦးရာဇတ် ( အမျိုးသား ကျောင်းအုပ်ကြီး )

source The Yangon Times Journal( နှစ်(၆၀) တိုင် မမေ့နိုင် ကျောက်စာတိုင်ပမာ မြန်မာ့သမိုင်းစာမျက်နှာ ) ဆောင်းပါမှ

အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့ စကားကို ပြန်ကောက် ကြည့်ရင် အင်္ဂလိပ်ကို အထင်ကြီးကြီး မကြီးကြီး အင်္ဂလိပ်ကို ပုခုံးချင်း ယှဉ်ဖို့ အင်္ဂစာကို တတ်ဖို့ လိုတယ်ဆိုတာကို ထင်ရှားပေါ်လွင်ပါတယ်။

အခုခေတ်မှာလည်း ထိုနည်းလည်း ကောင်းပါပဲ။ ကျွန်တော်တို့ မြန်မာလူ ငယ်တွေအနေနဲ့ နိုင်ငံတကာ နဲ့ရင်ဘောင်တန်း ဖို့ဆိုရင် အနည်းဆုံးတော့ နိုင်ငံတကာသုံး ဘာသာစကား ဖြစ်တဲ့ အင်္ဂလိပ်စာကိုတော့ တတ်ဖို့လိုပါတယ်။

သင်ဟာ အင်္ဂစာကို လေ့လာနေသူ တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် မြန်မာ ဘလော့ဂ်ကာ တစ်ဦး ဖန်တီးထားတဲ့ Unisonity အမည်ရတဲ့ ဆိုဒ်လေးမှာ သွားရောက် လေ့လာနိုင်ပါတယ်။ အဲဒီ ဆိုဒ်လေးဟာ အင်္ဂလိပ်စာကို လေ့လာ လိုက်စား လိုသူများ အတွက် ဖန်တီး ပေးထားတာ ဖြစ်ပါတယ်။ လိုအပ်တဲ့နေရာတွေမှာ မြန်မာလို ဘာသာပြန် ရှင်းပြပေးထားပါတယ်။ သင့်အတွက် အထောက် အကူ ဖြစ်မှာ သေချာပါတယ်။

တကယ်လို့ သင်ဟာ အင်္ဂလိပ် စာကို ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် လည်း ဒီဆိုဒ်ရဲ့ အားနည်းချက်လေး တွေကို ပြင်ပေးခြင်း၊ အကြံပေးခြင်း၊ အီးစာအုပ်များ သင်ထောက်ကူပြု အော်ဒီယို ဖိုင်များ ရှဲပေးခြင်း၊ အစရှိ သဖြင့် သင်ပါဝင် တတ်နိုင်သည်များကို ကူညီခြင်းဖြင့် နိုင်ငံတကာကို ရင်ဘောင်တန်းဖို့ အင်္ဂလိပ်စာကို လေ့လာ သင်ယူကြမည့် လူငယ်များကို ကူညီရာရောက်ပါသည်။

သို့ဖြစ်သောကြောင့် ကျွန်တော့်ဘလော့ဂ်ကို တမင်တကာ လာလည်သူပဲ ဖြစ်ဖြစ် မျက်စိလည်၍ ရောက်လာသူပဲ ဖြစ်ဖြစ် ဘယ်လို အကြောင်းနဲ့ ရောက်လာခဲ့သည် ဖြစ်စေ ဒီနေရာလေးကို နှိပ်ပြီး အင်္ဂလိပ်စာ သင်ထောက်ကူပြု ဆိုက်လေးကို လေ့လာပြီး လိုအပ်သည့် အကြံဥာဏ်များ ပေးစေလိုပါသည်။

ဆက်သွယ်ရန် mg.equanimity@gmail.com

Read More...

Saturday, September 15, 2007

မြန်မာနိုင်ပြီ ဒို့မြန်မာနိုင်ပြီ

ဒီနေ့ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘော့လုံးအသင်းက ထိုင်းလက်ရွေးစင် အမျိုးသမီး ဘော့လုံးအသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲ သွားပါပြီ။
ပထမပိုင်းမှာ ဘယ်သူဘယ်သူမှ ဂိုးမသွင်းနိုင်ပဲ ရှိနေရာက ဒုတိယပိုင်းမှ မြန်မာက အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ ထိုင်းကခြေပ ဂိုးပြန်သွင်းပါတယ်။ တစ်ဂိုးတစ်ဂိုး သရေကြောင့် အချိန်ပိုကန်ပါတယ်။ အချိန်ပို သရေကျတော့ ပင်နယ်တီကန်ရပါတယ်။ ထိုင်းအသင်းဟာ ပထမဆုံး သွင်းတဲ့ အလုံးက လွဲပြီး ကျန်အလုံးများ မ၀င်တော့ သည့်အတွက် မြန်မာ အသင်းက လေးလုံး ကန်ပြီးမှာ လေးလုံးစလုံးဝင်ပြီး အနိုင်ရှုံး သိသာသွားပြီး ဖြစ်တော့ကြောင့် ငါးလုံး မြောက်အလုံးကို ဆက်ကန်စရာ မလိုပဲ စုစုပေါင်း ၅ ဂိုး ၂ ဂိုးနဲ့ နိုင်သွားခဲ့ပါတယ်။

မှတ်ချက်။ ။ ဒိုင်မညစ်ပါ အမှန်အကန် နိုင်ခြင်း ဖြစ်သည် :D

Read More...

Monday, September 10, 2007

သရဖူကို လုံးချော ကာကွယ်

ဒီနေ့ မြန်မာ့ရိုးရာ ၀ိတ်တန်းလိုက် ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲကြီကို အားကစားပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏမှာ ကျင်းပခဲ့ပါတယ်။

ရွှေခါးပါတ်ချန်ပီယံ ဗိုလ်လုပွဲ ဆိုတာကတော့ မြန်မားရိုးရာ လက်ဝှေ့လောကမှာ အမြင့်ဆုံး ပြိုင်ပွဲတစ်ခုပေါ့။ ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲကို ကျင်းပတာ အခုအကြိမ်ကတော့ လေးကြိမ်မြောက်ပါ။ ပထမဆုံ အကြိမ်ကို ၁၉၉၆ ခုနှစ်မှာ စတင်ကျင်းပခဲ့ပါတယ်။ အဲဒီပွဲတုန်းက ၀မ်ချိုင်းဟာ အောင်အောင်ထွန်း မန္တလေးကို နိုင်ပြီး နာမည်ကြီး လာခဲ့ပါတယ်။ အဲဒီနှစ်ပွဲရဲ့ အလွတ်တန်း ချန်ပီယံဆုကိုတော့ ရွှေဒူဝံက ရွေဝါထွန်းကို အလှဲထိုးပြီး အနိုင်ရသွားပါတယ်။

ဒုတိယ အကြိမ် ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲကို ၁၉၉၈ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။ တတိယ အကြိမ်ကိုတော့ ၂၀၀၆ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲမှာ ထးခြားတာက မြန်မာ့ရိုးရာ လက်ဝှေ့ လောက ကနေ အချိန်အတော်ကြာ ပျောက်နေတဲ့ ဆယ်နှစ်ချန်ပီယံ ရွှေဝါထွန်း ပါဝင်လာခြင်းပဲ ဖြစ်ပါတယ်။ ချန်ပီယံဟောင်း ရွှေဝါထွန်းဟာ အလွတ်တန်းမှာ ပါဝင်ပြီး လက်ရှိချန်ပီယံ လုံးချောနဲ့ ထိုးသတ်ရပါတယ်။ ပြီးတော့ ရွှေဝါထွန်းဟာ မျက်လုံး တစ်ဖက်လဲ ကွယ်နေပါပြီ။ အဲဒီပွဲမှာ ရွှေဝါထွန်းက လက်သီးထိုးလုံး ကောင်းတာမှန်ပေမယ့် အသက်အရွယ်နဲ့ အင်အား မညီမျှမှုကြောင့် ငါးချီမြောက်မှာပဲ အလဲထိုးခံခဲရပါတယ်။

ဒီနှစ် ကျင်းပတဲ့ ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲမှာတော့ ပွဲတော်တော်များများ ကြည့်ကောင်းပါတယ်။ နောက်ဆုံး အလွတ်တန်း ချန်ပီယံပြိုင်ပွဲမှာတော့ လုံးချော လက်ရှိအလွတ်တန်း ရွှေခါးပတ်ချန်ပီယံ နဲ့ ဈန်ထူး( ၂၀၀၆ခုနှစ် မစ်ဒယ်ဝိတ်တန်း ရွေခါးပတ် ချန်ပီယံ) တို့ထိုးသတ် ယဉ်ပြိုင်ကြပါတယ်။

လုံးချောနဲ့ ဈန်ထးဟာ ပြီးခဲ့တဲ့ မျှော်စင်ကျွန်း လှက်ဝှေ့ပွဲမှာ လုံးချောနဲ့ သရေကျခဲ့ဖူးပါတယ်။ သရေ ကျတယ်ဆိုပေမယ့် အဲဒီပွဲတုန်းက ဈန်ထူးဟာ လုံးချောထိုး သမျှကို ကြံ့ကြံ့ခံ ပြီး လုံးချောက အသာစီးနဲ့ ထိုးသတ်သွားတာပါ။ လုံးချောနဲ့ ဈန်ထူးဟာ အရပ်ချင်း ဘော်ဒီချင်းယှဉ်ရင် လုံးချောက လူကောင်ပိုထွားပါတယ်။ ဒါကြောင့် ဒီပွဲမှာလဲ လုံးချော အသာစီးရမယ်လို့ ထင်ထားကြပါတယ်။ လုံးချော ကိုယ်တိုင်းလည်း အဲလိုထင်ထားပုံရပါတယ်။

ပွဲစပြီဆိုတာနဲ့ လုံချောဟာ ဈန်ထူးကို တရစပ် ၀င်ထိုးပါတယ်။ သို့ပေမယ့် လုံးချောထင်သလို ဖြစ်မလာပါဘူး။ ဈန်ထူးဟာ လုံးချောလောက် အထိုးအသတ် မကောင်းဘူးဆို ပေမယ့် မျှော်စင်ကျွန်းပွဲတုန်းကလို ဒီပွဲမှာ လုံးချောဟာ ထင်သလို ၀င်ထိုးလို့ မရတော့ပါဘူး။ ဈန်ထူးရဲ့ တစ်တစ်ချက် လက်သီးထိုးချက်တွေ ခြေကန်ချက်တွေကြောင့် လုံးချော ဖင်ထိုင်လဲလဲကျသွားပါတယ်။ ဒီလိုနဲ့ ဘတပြန်ကျား တစ်ပြန်ထိုးရင် ငါးချီ အပြီးမှာ သရေ ဖြစ်သွားပါတယ်။

လုံးချောဟာ ဈန်ထူးထက် ထိအောင်တိုက်ခိုက် နိုင်တဲ့ ရာခိုင်နှုန်း ပိုများတဲ့တွက် အမှတ်ပေးစနစ် အရ လုံးချောက ရွှေခါးပတ် ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။

မျှော်စင်ကျွန်းတုန်းက လုံးချောနဲ့ ဈန်ထူးတို့ ထိုးသတ်တဲ့ ပွဲကို ကြည့်ချင်ရင် ဒီနေရာကို နှိပ်ပါ။

Read More...

Sunday, September 09, 2007

ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲ


ဒီနေ့ အမျိုးသား အားကစားပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏမှာ ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲကို နေ့လည်နှစ်နာရီ တိတိမှာ စမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲကို စိတ်ဝင်စားသူတွေ အတွက်တော့ လက်လွပ်ခံလို့ မဖြစ်တဲ့ ပွဲကြီးပေါ့။

နောက်ဆုံး အလွတ်တန်း ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲမှာ လုံးချောနဲ့ ဈန်ထူးတို့ ပြန်တွေ့ ကြမှာ ဖြစ်ပါတယ်။

ဈန်ထူးကတော့ ပြီးခဲ့ရွေခါးပတ်ချန်ပီယံ ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်းရဲ့ ချန်ပီယံ ဖြစ်ပြီး လုံးချောကတော့ အလွတ်တန်း ရွှေခါးပတ်ချန်ပီယံ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ မျှော်စင်ကျွန်းက စိန်ခေါ်သံ လှက်ဝှေ့ပွဲမှာဆုံ ခဲ့ဖူးပါတယ်။ အဲဒီမှာတော့ သရေပွဲ ဖြစ်သွားပေမယ့် လုံးချောက အသာစီးရပါတယ်။ ရွေခါးပတ်ချန်ပီယံမှာတော့ သရေပွဲဆိုတာ မရှိပါဘူး။ အမှတ်နဲ့ ဖြတ်တာဖြစ်တဲ့ အတွက် တစ်ယောက်ယောက် ကတော့ သေချာပေါက် နိုင်သွားမှာပါ။

ဘယ်သူချန်ပီယံ ဖြစ်မလဲဆိုတာတော့ ပွဲပြီးအောင် ကြည့်ရဦးပေါ့လေ

Read More...

Sunday, September 02, 2007

ဘလော့ဂ် ဆင်မနာ အောင်မြင်စွာ ကျင်းပပြီးစီး




ဒီနေ့ ရန်ကုန်မြို့ မြန်မာအင်ဖိုတက် မှာကျင်းပတဲ့ Why Do We Blog ဆင်မနာကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

အစက ဒီဆင်မနာကို လာတက်မဲ့ လူတွေဟာ လူငယ်တွေပဲ ဖြစ်မယ်လို့ ထင်ထားမိပေမယ့် ပညာအသိုင်းဝိုင်းက ပါမောက္ခတွေ စာပေနယ် နဲ့ အနုပညာ နယ်အသီးသီးက အောင်မြင်ကြော်ကြားသူများ အပါဝင် အသက်ကြီးပိုင်း လူများလည်း စိတ်ဝင်တစား လာရောက်ကြတာကို တွေ့မြင်ရပါတယ်။

လာတဲ့ လူတွေကတော့ မြန်မာအင်ဖိုတက်ရဲ့ မိန်းဟောခန်းမကြီးမှာ ထိုင်ခုံသစ်တွေ ထပ်ထည့်ပေးတာတောင် နေရာမရလို့ မတ်ရပ် နားလေထာင်တဲ့ လူတွေရှိတဲ့ အထိ ခန်းလုံးပြည့်လျှံ သွားပါတယ်။ တက်ရောက် အားလုံးပေါင်းလိုက်ရင် လူခြောက်ရာ ကျော်သွားပါတယ်။

ဘလော့ဂ်မှာ ရင်းနှီးပြီးသား ဘလော့ဂ်ကာတွေ အဲဒီပွဲမှာ တွေ့ဆုံခွင့်ရတဲ့ ၀မ်းသာမိပါတယ်။

နောင်ကိုလည်း မြန်မာဘလော့ဂ်ကာ ဆင်မနာကို အလျှင်းသင့်လျှင် သင့်သလို ဆက်လက်ကျင်းပ သွားပါမယ်။ ဘလော့ဂ်ကာတွေ ဆင်မနာပြီးရင် ဘာလုပ်ကြမလဲ လို့မေးရင်တော့ ကျွန်တော်တို့ လုပ်စရာကျန်သေးတဲ့ စာအုပ်ကိစ္စကို အပြီးသတ်လုပ်သွားပါမယ်။

လွန်တယ်လို့ တော့ပြောကြမလားတော့ မသိဘူး။ သင်္ကြန်ရောက်ရင်လည်း မြန်မာဘလော့ဂ်ကာ ရေကစား မဏ္ဍပ်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဆင်မနာနဲ့ ပတ်သက်ပြီး အသေးစိတ် လေ့လာချင်တယ် ဆိုရင်တော့
ဒီနေရာလေးကို ကလစ်ခေါက်လိုက်ပါနော် . . . .

Read More...

Thursday, August 30, 2007

ဘလော့ဂ် အင်္ကျီလေးတွေ ၀တ်ပြီး ဆင်မီနာကို တက်ကြမယ်







ဘလော့ဂ် ဆင်မနာအတွက် အကျီင်္လေးတွေ စီစဉ်ထားပါတယ်။ Colour အင်္ကျီ အမျိုးစား ဖြစ်ပြီး တစ်ထည်ကို ၃၀၀၀ ကျပ်နဲ့ရောင်းမှာ ဖြစ်ပါတယ်။ အဲဒီ အင်္ကျီအပေါ်မှာ ကျွန်တော်တို့ အနေနဲ့ အကျိုးအမြတ် မယူပဲ ရောင်းချပေးတာ ဖြစ်ပါတယ်။

အဲဒီအင်္ကျီလေးတွေကို ၀ယ်ချင်တယ်ဆိုရင်တော့

Service+
ရတာလမ်း မြေနီကုန်း
01 500457

Explorer Internet Cafe
အမှတ် 154 ၃၈ လမ်း
အလယ်ဘလောက်
ကျောက်တံတားမြို့နယ် ဓမ္မာရုံအနီး
ဖုန်း 09 51 50802

Heaven Internet Cafe
အမှတ် ၁၂၅ လေးထောင့်ကန် လမ်းမကြီး
ဘုရားလမ်းနှင့် ဘီအိုစီ မှတ်တိုင်ကြား
သင်္ကန်းကျွန်းမြို့နယ်
01 560693

တို့မှာ ၀ယ်ယူနိုင်ပါတယ်

Read More...

ဖိတ်ကြားပါရစေ



မြန်မာ ဘလော့ဂါများ ပူးပေါင်းကျင်းပတဲ့ Why do we blog ဆိုတဲ့ Open Seminar ဟောပြောပွဲ အခမ်းအနားကို လာမည့် 01.09.2007 စနေနေ့ ၁၁နာရီကနေ ၄နာရီအထိ ကျင်းပမှာ ဖြစ်ပါတယ်။ ကိုယ်တိုင် ဘလော့ဂ် ရေးသားနေကြတဲ့ ကျွမ်းကျင်သူ ပညာရှင် ဘလော့ဂါတွေကိုယ်တိုင် ဟောပြောကြမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ မြန်မာဘလော့ဂါတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေ သိစေချင်လို့ ဖြစ်ပါတယ်။ နောက်ပြီး မီဒီယာ ကန့်သတ်ချက် တော်တော်များများကို ရိုက်ချိုးလိုက်တဲ့ ဘလော့ဂ် ယဉ်ကျေးမှု အကြောင်းနဲ့ အသုံးပြုရ ဘယ်လောက် လွယ်ကူတယ် ဆိုတဲ့ အကြောင်းတွေကို မျှဝေချင်လို့လဲ ဖြစ်ပါတယ်။ အဓိကကတော့ ကမ္ဘာတစ်ဝှမ်းမှာ လူတိုင်း စိတ်ဝင်တစား အသုံးပြုနေကြတဲ့ နည်းပညာနဲ့ အခွင့်အလမ်းတွေကို မြန်မာလူငယ် လူကြီးအားလုံး သိစေချင်တာရယ်၊ စီးပွားရေး အခွင့်အလမ်းတွေ ရရှိလာစေရန် စတဲ့ အချက်တွေကို ရည်ရွယ်ပါတယ်။ ဒီပွဲတစ်ခု လုပ်ရတာ မလွယ်ပါဘူး။ အကုန်အကျ အများကြီး ရှိသလို အလွန်ပင်ပန်းပါတယ်။ ပိုက်ဆံ အကျိုးအမြတ် တစ်ပြား တစ်ချပ်မှ မရဘဲ အထက်က ရည်ရွယ်ချက်တွေ သက်သက်အတွက် ကျွန်တော်တို့ လုပ်ဖြစ်ကြတာပါ။ Company တော်တော်များများကလည်း ဒီပွဲအတွက် ပံ့ပိုးပေးထားပါတယ်။ အသက်ကန့်သတ်ချက် မရှိပါဘူး။ အားလုံးကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ တက်ရောက် လာသူတွေအတွက် အစားအသောက်နဲ့ ကံစမ်းမဲ အစီအစဉ်တွေလည်း ထည့်သွင်းထားပါကြောင်း။

မှတ်ချက်။ ။ ကိုညီလင်းဆက် ဘလော့ဂ်မှ ကူးယူဖော်ပြခြင်းဖြစ်သည်

Read More...

Wednesday, August 29, 2007

Email to Blogger သုံးသူများသို့



ကျွန်တော် ဖြစ်တဲ့ ဖြစ်ရပ်တစ်ခု ကို ပြောပြချင်ပါတယ်။ ဒီနေ့ မြန်မာပြည်က ပေါ်တယ်တစ်ခုမှာ register သွားလုပ်ပါတယ်။ register လဲပြီးရော ဂျီမေးက သူငယ်ချင်းတွေကို Invite လုပ်ဦးပေးဖို့ request လုပ်ပါတယ်။ ဒါကြောင့် ကျွန်တော် gmail password ရိုက်ထည့်ပေးလိုက်တယ်။ ညပိုင်းရောက်တော့ ဘလော့ဂ်ကိုလဲ ကြည့်ရော အဲဒီ ဆိုဒ်ကြော်ငြာကြီးက ကျွန်တော့ ဘလော့ဂ်မှာ တက်နေပြီ။ အစကတော့ အဲဒီပေါ်တယ်က လူတွေက Password အလွဲ သုံးစားလုပ်လိုက်ပြီလို့ ထင်လိုက်မိပါသေးတယ်။ နောက်ဖြစ် နိုင်ခြေတွေကို စဉ်စားကြည့်တော့မှ အဖြေကို တွေ့ပါတယ်။

ကျွန်တော်တို့ လက်ရှိ အများစု သုံးနေကြတဲ့ G mail ကတော့ အားလုံးသိကြတဲ့ အတိုင်း ကိုယ်ပို့သများ mail adress အားလုံးကို Contact ထဲမှာ အလိုလျောက် ထည့်သိမ်းထားပါတယ်။ ဒါကြောင့် မေးတူဘလော့ဂ်ကာ လုပ်ထားတဲ့ mail လိပ်စာ ကိုယ်လည့် gmail က Contact ထဲမှာ သိမ်းထားပါတယ်။

အဲဒီပေါ်တယ်က မေးပို့ရင် Contact ထဲမှာ ရှိတဲ့ မေးအားလုံးကို ပို့တာဖြစ်တဲ့ အတွက် မေးတူ ဘလော့ဂ်ကာ လည်းပါသွားပါတယ်။ ဒါကြောင့် အဲဒီ ဆိုဒ်မှာ Register လုပ်ဖို့ ဖိတ်ခေါ်တဲ့စာက ဘလော့ဂ်ပေါ်မှာ တက်သွားတာပါ။

နောက် mail user တွေ အများဆုံး လုပ်တတ်တဲ့ အလေ့ထ တစ်ခုက ကိုယ့်ဆီကို လာတဲ့ မေးတွေကို တခြားလူတွေ ဆီကို ထပ်ပြီး forward လုပ်တတ်ကြပါတယ်။ အဲလို Forward လုပ်ရာမှာလဲ အများစု mail Contact ထဲက မေးတွေအားလုံးကို forward လုပ်တတ်ပါတယ်။ အဲဒီမှာ ဘာဖြစ်နိုင်သလဲ ဆိုတော့ ကိုယ့်ရဲ့ မေးတူဘလော့ဂ်ကာ လုပ်ထားတဲ့ မေးကိုပါ ပို့မိရက်သား ဖြတ်သွား နိုင်ပါတယ်။ မေးတူ ဘလော့ဂ်ကာ မေးကို ပို့မိပြီ ဆိုမှတော့ဗျာ အဲဒီစာက ကိုယ့်ဘလော့ဂ်မှာ တက်ပြီပေါ့။ အဲဒီစာက ကိုယ့်ဘလော့ဂ်မှာ တက်သွားတဲ့ အပြင် တခြားလူတွေပါ ကိုယ့်ရဲ့ မေးတူ ဘလော့ဂ်ကာ လိပ်စာကို သိသွားနိုင်ပါတယ်။ အဲဒီ ကိုယ့်ရဲ့ မေးတူ ဘလော့ဂ်ကာ လိပ်စာဟာ မသာလက်ထဲ လည်းရောက် ကောင်းရောက်သွားနိုင်ပါတယ်။

ဒါကြောင့် မေးတူ ဘလော့ဂ်ကာ လုပ်ထားသူတွေ အနေနဲ့ အီးမေး forward လုပ်တော့မယ် ဒါမှ မဟုတ် ကျွန်တော် ကြုံခဲ့သလိုမျိုး ကွန်တက်အားလုံးကို မေးပို့တော့မယ် ဆိုရင် သတိထားကြဖို့ပါပဲ

Read More...

Sunday, August 26, 2007

ကြော်ငြာပါရစေ





ဤဆိုဒ်သည် မိမိ၏ ဘလော့ဂ် ပို့စ်များကိုသော် လည်းကောင်း မိမိနှစ်သက်ရာအသုံးဝင်မည့် အကြောင်းအရာများကို လည်းကောင်း ဝေမျှနိုင်သည့် နေရာတစ်ခု ဖြစ်ပါသည်။

အဲဒီဆိုဒ်လေးမှာ မြန်မာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အပြင် အသုံးဝင်နိုင်မဲ့ URL တွေကို တင်ပေးထားတာကို တွေ့ရပါတယ်။ အဲဒီဆိုဒ်လေးကို သွားချင်တယ်ဆိုရင်တော့ ဒီနေရာကို လစ်လုပ်လိုက်ပါ

Read More...