Art is My Life: html
Showing posts with label html. Show all posts
Showing posts with label html. Show all posts

Wednesday, November 21, 2007

Html အပိုင်းနှစ်

ပြီးခဲ့တဲ့ အပတ်က
MTML ရဲ့ အခြေခံ ကုဒ်တွေကို ပြောပြီးသွားပါပြီ


<html>
<head>
<title>Hello
</title>
</head>
<body> How Are You. Good Morning. Hellow World. How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning.

Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World How Are You. Good Morning. Hellow World
</body>
</html>

အထက်မှာ ဖော်ပြထားတဲ့ အတိုင်း စာပိုဒ်နှစ်ပိုဒ် လောက်ရေးကြည့်လိုက်ပါ။ ပြီးရင် ဆေ့ပြီး ဖွင့်ကြည့်လိုက်ပါ။

ပေါ်လာတဲ့ စာသားတွေဟာ တစ်ပိုဒ်တည်း ဖြစ်နေတာကို တွေ့ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ HTML ကရေးသမျှ စာတွေကို အင်းတားချပြီး စပိုဒ်ခွဲရုံနဲ့ အလုပ် မလုပ်ပါဘူး။ ပုံမှန်အား ဖြင့်တော့ စာရိုက်ပြီး စာကြောင်း တစ်ကြောင်းဆင်း ချင်ရင် အင်းတားကို နှိပ်ရတယ်။ MTML မှာတော့ စာကြောင်း ဆင်းချင်တိုင်း ဆင်းချင်းတိုင်း <br> ဆိုတဲ့ Tag လေး ထည့်ပေးရပါတ်။ <br> tag တစ်ခုထည့်တိုင်း ထည့်တိုင်းမှာ စာကြောင်း ထပ်ဆင်းပါတယ်။

HTML ရဲ့ မူလ နောက်ခံရောင်က အဖြူဖြစ်ပြီးတော့ မူလ စာသား အရောင်းကတော့ အနက်ရောင်ဖြစ်ပါတယ်။ အဲဒါကို နောက်ခံ အရောင်နဲ့ စာသား အရောင်ကို ပြောင်းချင်ဆယ် ဆိုရင်တော့<body> အဖွင့် တက်ထဲမှာ သွားပြီး attribute ကြေငြာပေးရပါမယ့်။
body ရဲ့ attribute ကို body tag ထဲမှာပဲရေးပေးရပါတယ်။ ဘယ်နေရာမှာ ရေးသလဲဆိုတော့ <body နဲ့ > အဲဒီကြားလေးထဲမှာ ရေးပါတယ်။

ဥပမာ တစ်ခု ရေးပြရရင်

<body bgcloor="#000000" text="#ffffff">
စောစောက ကျွန်တော်တို့ ရေးခဲ့တဲ့ စာပိုဒ်ထဲက body အဖွင့် Tag ထဲမှာ အခုလို သွားရေးလိုက်ရင် နောက်ခံ အရောင်က အမဲဖြစ်ပြီး စာသားက အဖြူ ဖြစ်သွားပါတယ်။
bgcolor ဆိုတာကတော့ နော်ကခံ အရောင်ကို ကြေငြာတာပါ။ Text ဆိုတာကတော့ စာသား အရောင်ကို ကြေငြာတာပါ။ ရေးရင် bgcolor="ကိုယ့်ထည့်ချင်တဲ့အရောင်" ဆိုပြီးရေး ရပါတယ် Text ကာလာအဲ အတူတူပါပဲ။

ဘယ်ကုဒ်တွေက ဘယ်အရောင်လဲ ဆိုတာကိုတော့ http://www.webmonkey.com/reference/color_codes/ မှာ သွားကြည့်လို့ရပါတယ်။

Read More...

Wednesday, November 14, 2007

HTML

အရင်တုန်းက Html ဆိုတာကို သိပ်နားမလည်ပါဘူး။ ဒါကြေင့် Blog ကိုပြင်တဲ့ နေရာမှာတောင် သူများရဲ့ ဆို့လေးတွေ ထဲက တူတာလေးတွေ ကြည့်ပြီး ကော်ပီကူးထည့်တဲ့ နည်းကိုပဲ သုံးခဲ့ပါတယ်။ အဲဒီတုန်းကတော့ Mtml ဆိုတာ ဘာကြီးမသိဘူးကို။ နားလည်း မလည်ဘူးလေ။ တကယ်တန်း လေ့လာကြီးတော့ ထင်လောက်ကြီး မခက်တာကို တွေ့ပါတယ်။

ဒါကြောင့် ကျွန်တော် လေ့လာမိသလောက် ပြန်ပြီး ပြောပြချင်ပါတယ်။

HTML ဆိုတာ
Hyper Text Markup Language ကို အတိုကောက် ခေါ်ထားတာ ဖြစ်ပါတယ်။

HTML ကို အများစုကတော့ Notepad ထဲမှာပဲ ရေးကြပါတယ်။

1
ပထဆုံး နုတ်ပက်ကို ဖွင့်လိုက်ပါ။ ပြီးရင် Save As ကိုနှိပ်ကြည့်လိုက်ပါ။ အဲဒီမှာ ဘောက်လေး ကျလာပါလိမ့်မယ်။ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့က အဲဒီမှာ ကိုယ်လိုချင်တဲ့ File Name လေးတစ်ခု ပေးကြပါတယ်။ Html ရေးမဲ့ စာတွေကို သိမ်းရင်တော့ File Name အပြင် ဖိုင် Exction ထပ်ပေးရပါတယ်။




ပုံမှာ ပြထားတဲ့အတိုင်း အဲဒီဖိုင်ကို aungaung လို့ပေးချင်ရင် aungaung.html လို့ပေးရပါတယ်။ aungaung သည် file name ဖြစ်ပြီးတော့ .html ဟာ ဖိုင် Exction ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က .html ဆိုတဲ့ file exction ကိုမပေးခဲ့ဖူးဆိုရင် ရိုးရိုး စာသားတွေ အနေပဲ သိမ်းသွားမှာ ဖြစ်ပါတယ်။

2

Html မှာ အခြေခံ ကုဒ်တင်
<html>
<head>
<title>
</title>
</head>
<body>
</body>
</html>

ဆိုပြီး ရှိပါတယ်။ ကိုယ်ပေါ်ချင်တဲ့ စာသားတွေက ဘယ်နေရာမှာ ပေါ်ချင်တာလဲ ဆိုတဲ့ နေရာပေါ်မှာ မူတည်ပြီး လိုအပ်တဲ့ ကုဒ်တွေကို ထပ်ပြီး ထည့်သွားရတာဖြစ်ပါတယ်။ html ကတော့ html, head, title, body ဆိုတဲ့ တက် (tag) လေးတွေမှာ အခြေခံရေး သွားတာပါ။ တက်ကလေးတွေကို ဖွင့်ပြီးရင် အဆုံးမှာ ပြန်ပိတ်ပေးရပါတယ်။ ဥပမာ <body> tag နဲ့စခဲ့ရင် </body> tag နဲ့ပြန်ပိတ်ပေးရပါတယ်။

3

Html ကုဒ်တွေကိုရေးရာမှာ စာလုံးအကြီး အသေးမရွေးပါဘူး။ သေးသေးကြီးကြီး သေးချင်တဲ့နေရာသေး ကြီးချင်နေရာကြီး ကြိုက်သလို ရေးလို့ရပါတယ်။ စာလုံး အသေးအကြီး ပြသနာမရှိပါဘူး


<html> </html>
ဒီတက်လေး နှစ်ခုကြားမှာ ရေးမဲ့ စာသားတွေသည် Mtml ဖြစ်ပါတယ်ဆိုတာကို ကြေငြာပေးတာပါ

<head> </head>
ဒီတက် နှစ်ခုကြားမှာတော့ ၀က်ပေ့ပေါ်မှာ တိုက်ရိုက်မပေါ်ပဲ အထောက်ကူပြုတဲ့ ကုဒ်တွေကို ရေးပါတယ်

<title> </title>
ဒီတက်နှစ်ခုကြားမှာ ရေးတဲ့ စာသားတွေကတော့ ဘရောက်ဇာရဲ့ ဟက်ဒါလိုင်းမှာ သွားပေါ်ပါတယ် ဥပမာ ကျွန်တော့်ဘဘော့ဂ်မှာ Debate With Me လို့ အပေါ်ဆုံး ဘားမှာ ပေါ်နေသလိုမျိုး

<body></body>
ဒီတက်နှစ်ခုကြားမှာတော့ စာကိုယ် ၀က်ပေ့ရဲ့ မိန်းစသားတွေ ထည့်ရေးပါတယ်


4
နုတ်ပက်ကို ဖွင့်လက်တွေ့ စမ်းရိုက်ကြည့်လိုက်ပါ။

<html>
<head>
<title> My project
</title>
</head> Hellow Mtml
<body>
</body>
</html>

ပြီးသွားရင် ဆေ့လိုက်ပါ။ ဆေ့ပြီးသွားရင် ဆေ့ထားတဲ့ ဖိုင်လေးကို ဒါဘယ်ကလစ်ခေါက်ပြီး ဖွင့်ကြည့်လိုက်ပါ။ ဖိုင်းရားဖောက် တင်ထားရင် ဖိုင်းရားဖောက်နဲ့ တက်လာပါမယ်။ အိုင်အီးနဲ့ ဖွင့်ချင်ရင်တော့ အိုင်အီးကို အရင်ဖွင့် ပြီးရင် ဖိုင်အိုးပင်း နဲ့ သွားလို့ရပါတယ်။

စမ်းကြည့်တာ အဆင်ပြေတယ်ဆိုရင်တော့ မိမိနှစ်သက်ရာ စာသားလေးတွေ ထည့်ပြီး စမ်းကြည့်လိုက်ပါ။

နောက်ထပ် အပိုင်းတွေကို နောက်ရက်တွေမှာ ဆက်ရေးသွားပါမယ်။ တကယ်လို့ ကျွန်တော်ရေးတာ အမှားပါခဲ့ရင် အမှန်သိသူများကို ပြင်ပေးဖို့ မေတ္တာရပ်ခံပါတယ်


မှတ်ချက် အခုလို ပို့ဖြစ်လာအောင် ကူညီပေးသော ကိုဝေယံလင်းကို အထူးကျေးဇူးတင်ပါသည်

Read More...