Art is My Life: ဘလော့စာအုပ်
Showing posts with label ဘလော့စာအုပ်. Show all posts
Showing posts with label ဘလော့စာအုပ်. Show all posts

Monday, September 08, 2008

ဘလော့ဂ်စာအုပ်ထွက်ပါပြီ

အနာဂတ်
မှာရှိနေတဲ့
ရည်မှန်းချက်ပန်းတိုင်တစ်ခုကို အရောက်သွားဖို့
လူငယ်တွေဟာ ဘ၀ပင်လယ်ပြင်ကြီးမှာ
ကူးခတ်နေကြတယ်

လှိုင်း၏
ပုတ်ခတ်မှုဒါဏ်တွေကြားမှာ
သွားလာလုပ်ရှားကြရင်း


ဆုံ
ဆည်းမိတဲ့
လူငယ်တစ်စုက

မှတ်
မှတ် ရရ အဖြစ်
အနာဂါတ်မှာ ကျန်ရစ်ဖို့

များ
ပြားစွာသော
အွန်လိုင်းစာဖတ်ပရိတ်သတ်အတွက်
စာအုပ်တစ်အုပ်ကို ဖန်တီးပေးခဲ့တယ် .....

အဲဒီစာအုပ်ကို အနာဂတ်လှိုင်း၏ ဆုံမှတ်များ လို့ နာမည်ပေးထားတယ်



မှတ်ချက်။ ။ ယခု အနာဂတ်လှိုင်း၏ ဆုံမှတ်များ စာအုပ်သည် MBS မူပိုင်ဖြစ်ပြီး မည်သူမဆို အခမဲ့ ရယူဝေငှ သုံးစွဲခွင့်ရှိသည်။ ယခုစာအုပ်ကို အရေအတွက် မည်မျှ ဒေါင်းလုပ်ချသည်ကို သိရှိနိုင်ရန်အတွက် မိမိဘလော့ဂ်များ ကိုယ်ပိုင် ၀က်ဆိုက်များတွင် ပြန်လည် ဒေါင်းလုပ်ပေးမည် ဆိုပါက သီးခြား ထပ်မံ Upload မလုပ်ပဲ ယခု Upload Link ဖြစ်သော http://www.4shared.com/file/62194127/e4b4214e/Export_Blog_File_2008.html ကိုသာ ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Read More...

Sunday, August 31, 2008

Myanmar Blog Book

ဲမြန်မာဘလော့ဂ် စာအုပ်ကို Adobe Indesign Cs3 နဲ့ လေးအောက် ထိုင်ထားတာပါ။ အခု ဖြစ်နေတဲ့ ပြသနာက အင်ဒီဇိုင်းကနေ Export Pdf လုပ်လိုက်ရင် တစ်ချို့ဖောင့်တွေက စက်ထဲမှာ ဖောင့်မရှိရင် မပေါ်တဲ့ ပြသနာ ဖြစ်နေပါတယ်။

ဒါကြောင့် ဒီနေ့မှာ စာအုပ်ကို တင်ပေးမယ်လို့ ကြေငြာထားပေးမယ့် တင်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ စာအုပ်မှာက ဖောင့်လေးမျိုးလောက် သုံးထားပါတယ်။ စာကိုယ်ကိုတော့ ဇော်ဂျီသုံးပြီး ဆိုက်ဘားက စာသားတွေ ခေါင်းစဉ်တွေနဲ့ စာရေးဆရာ အမည်တွေကို ၀င်း ဖောင့်တွေသုံးထားပါတယ်။

အဲဒီဝင်းဖောင့်တွေကို ဖောင့်မရှိတဲ့ စက်မှာလဲ ပေါ်အောင် လုပ်ပြီးတာနဲ့ အမြန်ဆုံး တင်ပေးပါမယ်။


Read More...

Thursday, August 28, 2008

အနာဂတ်လှိုင်း မနက်ဖြန် ဒေါင်းလုပ်ရပြီ

မြန်မာဘလော့ဂ်ကာများ စုစည်းထုတ်ဝေတဲ့ အနာဂတ်လှိုင်း၏ ဆုံမှတ်များ အမည်ရှိ စာအုပ်ကို 31 ရက်နေ့ မြန်မာစံတော်ချိန် 00 နာရီတွင် စတင် ဒေါင်းလုပ်ဆွဲနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။ ယခုစာအုပ်တွင် ရေးသားသူ ဘလော့ဂ်ကာ ခြောက်ဆယ်ခန့်၏ အကြောင်းအရာ အပုဒ်တစ်ရာကျော်ပါဝင်ပါတယ်။

ဖိုင်ဆိုက်မှာ ၀မ်းမက်သာသာပဲ ရှိတဲ့အတွက် မြန်မာနိုင်ငံကလူတွေပါ ဒေါင်းလုပ်လုပ်ရတာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ အကယ်လို့ ဒေါင်းလုပ် လုပ်ရတာ အခက်ခဲရှိပါက မင်မိုရီစတစ်လေး ယူလာပြီး ကူးမယ်ဆိုလဲ ရပါတယ် :P

ဘလော့ဂ်ကာ ဂေါ့ဇစ်ကတော့ ဒီဇိုင်းမပြီးသေးလို့ နှစ်ရက်လောက် နောက်ကျမယ် ထင်တယ်။ :D

Read More...

Monday, July 14, 2008

အနာဂတ်လှိုင်း ၏ ဆုံမှတ်များ .............


ဒီပုံလေးတွေကို မြင်ရင် အနာဂတ်လှိုင်းနဲ့ ပတ်သက်ခဲ့ဖူးသူတွေ ၂၀၀၆ ခုနှစ် အစောပိုင်းကာလက ဘလော့ဂ်ကို ဖတ်ရှု ရေးသားကြသူတွေ မှတ်ကြဦးမှာပါ။ တကယ်တော့ ဒီပုံလေးဟာ မြန်မာဘလော့ဂ်ကာများ ရေးထားသားသည့် ကောင်းနိုးရာရာ စာပေများကို စုစည်းရွေးချယ်ပြီး ထုတ်မည့် စာအုပ်ရဲ့ မျက်နှာဖုံး ဒီဇိုင်းတွေ ပဲဖြစ်ပါတယ်။

ဒီစာအုပ်လေးမှာ နိုင်ငံရေးနှင့် သော်လည်းကောင်း မြန်မာနိုင်ငံ စာပေစိစစ်ရေး မှုဝါဒနှင့် သော်လည်းကောင်း ညှိစွန်းနိုင်မည့် အသုံးအနှုန်းများ မပါရှိသည့် ကောင်းနိုးရာရာ ဘလော့ဂ်ပို့လေးများ ရွေးချယ်ပါရှိပါတယ်။ အစပိုင်းကတော့ ဒီစာအုပ်လေးကို မြန်မာနိုင်ငံ စာပေစိစစ်ရေးမှာ တရားဝင် ခွင့်ပြုရယူပြီး ထုတ်ဝေဖို့ပါပဲ။ စာအုပ်လေးဟာ စာပေ စိစစ်ရေး ရုံးတင်နိုင်တဲ့ အထိ အဖုံးဒီဇိုင်း အတွင်း ဒီဇိုင်းများ ပြီးစီး သွားပေမယ့် အကြောင်းကြောင်းကြောင့် ဒီစာအုပ်လေးကို စာပေစိစစ်ရေးရုံးကို မတင်ခဲ့ဖြစ်ပါဘူး။

အခုလို စာအုပ်ပုံ အကြမ်းပေါ်လာသည့် အဆင့်အထိ ကို လွယ်လွယ်ကူကူနှင့် ရောက်ရှိခဲ့တာ မဟုတ်ပါဘူး။ အနယ်နယ်အရပ်ရပ်မှာ ရှိကြတဲ့ မြန်မာဘလော့ဂ်ကာတွေ စုပေါင်းပြီး သင့်တော်မဲ့ စာမူတွေကို ဘလော့ဂ်တွေမှာ လိုက်ရှာဖတ် ဘယ်ဟာကို ရွေးချယ်သင့်သည် ဘယ်ဟာကို ဖြုတ်သင့်သည် စာအုပ်ထုတ်ဖို့ လိုအပ်သော ရန်ပုံငွေကို မည်ကဲ့သို့ ရှာကြမည် အစရှိသဖြင့် အိပ်ရေးပျက်ခံ အပင်ပန်းခံပြီးမှ ဖြစ်လာခဲ့ပါ။

အားလုံး အပင်ပန်းခံ အိပ်ရေးပျက်ခံ ငွေကုန်ကြေးကျ ခံပြီးခါမှ ဒီစာအုပ်လေးပုံ ကြမ်းပေါ်လာခဲ့ရတာပါ။ ဒီလို ပုံကြမ်းလေး ပေါ်လာအောင် အပင်ပန်းခံပြီးခါမှ ဒီတိုင်းကြီး ရပ်ထားမယ် ဆိုလျှင် အားလုံးပင်ပန်းခဲ့ရကျိုး မနပ်ဘူးလို့ ကျွန်တော် ယူဆပါတယ်။

ဒါကြောင့် ဒီစာအုပ်လေးကို အကြောင်းအမျိုးမျိုးကြောင့် Print စာအုပ်အဖြစ် မထုတ်နိုင်ခဲ့ပေမယ့် လာမဲ့ သြဂုတ်လ ၃၁ ရက်နေ့မှာ ကျရောက်မဲ့ မြန်မာ ဘလော့ဂ်ဒေးနေ့မှာ Pdf ဖိုင် အဖြစ် နှင့် မြန်မာ ဘလော့ဂ်များတွင် ဒေါင်းလုပ် လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

အထူး ပြောချင်တာကတော့ ယခု ဖြန့်ဝေမယ့် အီးဘုတ်လေးမှာ နိုင်ငံရေးနှင့် သော်လည်းကောင်း စာပေစိစစ်ရေး မူဝါဒများနှင့် သော်လည်းကောင်း ညှိစွန်းနိုင်သည့် စကားအသုံးအနှုန်းများ လုံးဝ လုံးဝ မပါရှိပါဘူး။ ဒီစာအုပ်လေးဟာ ဘလော့ဂ်ကာတွေ ကိုယ်တိုင်ရေးတဲ့ သုတ ရသ စာပေများကိုသာ စုစည်းထားခြင်း ဖြစ်ပါတယ်။

သို့ပေမယ့် စာအုပ်ကို ထုတ်ဝေမည်ဟု စတင် ပြောစဉ်က အခြေအနေနှင့် ယခု အခြေအနေ မတူတော့ပါဘူး။ ဒါကြောင့်မို့ ယခင်က မိမိ စာမူကို စာအုပ်တွင် ထည့်သွင်း အသုံးပြုရန် သဘောတူခဲ့ပေမယ့် ယခု အခါ စာမူများကို ထည့်သွင်း အသုံးပြုရန် သဘော မတူညီသူများ ရှိပါက .......

soezeya.blogger@gmail.com သို့ ဇူလှိုင်လကုန် နောက်ဆုံးထား၍ ပေးပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဒီစာအုပ်လေး ဒီလို ပုံကြမ်းပေါ်လာဖို့ ကျွန်တော်တို့ တစ်တွေ ဘယ်လောက်အထိ အကြိတ်အနယ် ဆွေးနွေး လုပ်ကိုင် ခဲ့ကြရတယ် ဆိုတာကို မြန်မာဘလော့ဂ်ကာ ဖိုရမ် မှာ သွားရောက် လေ့လာနိုင်ကြပါတယ်။

Read More...

Wednesday, April 18, 2007

ဘလော့ဂ်ကာများ ပထမအကြိမ် အစည်းဝေး

ရန်ကုန် ဧပြီ ၁၈
မြန်မာဘလော့ဂ်များ၏ မထမအကြီမ် တွေ့ဆုံ အစည်းဝေးကို ရန်ကုန်မြို့ ဘိုအောင်ကျော်လမ်းရှိ Coff King တွင် ယနေ့ နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ပြုလုပ်ခဲ့ပါသည်။
အစည်းဝေးသို့ ညီလင်းဆက်၊ ညီညီသံလွင်၊ မျက်လုံး၊ နေဘုန်းလတ်၊ ဘာညာဘာညာ၊ Oa6 ၊ Ho My BLog ၊ ဇင်ကိုလတ် ၊ ဗလာဂေါက်၊ စိုးဇေယျ တို့တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
အစည်းဝေးတွင် စကာတင် စာမူစု ဆောင်ရေး ၊ နာမည်ရွေးချယ်ရေး ၊ ရံပုံ ငွေရှာဖွေရေး ၊ ဒီဇိုင်း ရွေးချယ်ရေး ၊ ဒက်လိုင်းနေ့ များသတ်မှတ်ရေး တို့ကို ဆွေးနွေး ခဲ့ကြပါသည်။

အစည်းဝေး ရလတ်များ

(၁)စာအုပ်ထုတ်ဝေရာတွင် မရှိမဖြစ် လိုအပ်သော ရံပုံငွေကို လုံလောက်စွာ ရှာဖွေနိုင်ရန် အတွက် Marketing အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။
Marketing အဖွဲ့တာ ၀န်သည် စာအုပ် ကုန်ကျ စရိတ်များကို ကာမိရန် ကြော်ငြာ ကော်ခံ ခြင်းလုပ်ငန်းကို အဓိကတာ ၀န်ယူဆောင်ရွက် မည်ဖြစ်ပြီး ရန်ကုန် မြို့တွင်းရှိ စာအုပ်တွင် ကြော်ငြာ ထည့်သွင်းနိုင်မည် နေရာတွင် သွားရောက် စည်းရုံး ကောက်ခံရန် ဖြစ်သည်။
ယင်းအဖွဲ့တွင်
ညီလင်းဆက်
နေဘုန်းလတ်
ဘာညာဘာညာ
မျက်လုံး
အိုအေစစ်
တက်စလာ
ဗလာဂေါက်
ယုနွယ်ဝင်း
စိုးဇေယျ တို့ပါဝင် ဖွဲ့စည်းထားပါသည်။ စီးပွားရေး ကြော်ငြာ ကောက်ခံ ပေးနိုင်သူ မည်သူ မဆို ယင်းအဖွဲ့ သို့ဝင်ရောက်ကူ ညီနိုင်ပါသည်။

(၂)
http://www.myanmar-music.com/myanmarmusic/blogs.aspx ပါဘလောဂ်ကာ များကို အခြေခံ ၍ စကာတင် စာမူ စုဆောင်း ကြမည် ဖြစ်ပါသည်။ စာအုပ် ထုတ်ဝေရေး အဖွဲ့ သည်စာမူ များလာရောက် ပေးကြပါရန် တောင်ခံခဲ့သော်လည်း စာမူများ လာရေက်ပို့ ကြခြင်းမရှိသော ကြောင့် ယင်းလင့်ပါ ဘလော့ဂ်ကာ ၁၄၅ ဦးထံမှ စာမူများကို စကာတင် စုဆောင်းရန် အောက်ဖော်ပြ ဘလော့ကာများကို တာဝန်ပေးအပ်ခဲ့ ပါသည်။

Barnyar No 1 to 7 from http://www.myanmar-music.com/myanmarmusic/blogs.aspx
EainChanMyae No 8 to 14 from http://www.myanmar-music.com/myanmarmusic/blogs.aspx
GyitToo No 15 to 21 from http://www.myanmar-music.com/myanmarmusic/blogs.aspx
KyawZayYa No 22 to 28 from http://www.myanmar-music.com/myanmarmusic/blogs.aspx
MayDarWi No 29 to 35 from http://www.myanmar-music.com/myanmarmusic/blogs.aspx
Mr. Pooh No 36 to 42 from http://www.myanmar-music.com/myanmarmusic/blogs.aspx
MyatLone No 43 to 49 from http://www.myanmar-music.com/myanmarmusic/blogs.aspx
MyatMinnHan No 50 to 56 from http://www.myanmar-music.com/myanmarmusic/blogs.aspx
Nayphonelatt No 57 to 63 from http://www.myanmar-music.com/myanmarmusic/blogs.aspx
NineNineSaNay No 64 to 70 from http://www.myanmar-music.com/myanmarmusic/blogs.aspx
NyaLay No 71 to 77 from http://www.myanmar-music.com/myanmarmusic/blogs.aspx
NyiLinnSeck No 78 to 84 from http://www.myanmar-music.com/myanmarmusic/blogs.aspx
NyiNyi(thanlwin) No 85 to 91 from http://www.myanmar-music.com/myanmarmusic/blogs.aspx
SatonGod No 92 to 98 from http://www.myanmar-music.com/myanmarmusic/blogs.aspx
SoeZayYa No 99 to 105 from http://www.myanmar-music.com/myanmarmusic/blogs.aspx
Testla No 106 to 112 from http://www.myanmar-music.com/myanmarmusic/blogs.aspx
Thinzar No 113 to 119 from http://www.myanmar-music.com/myanmarmusic/blogs.aspx
WaiYanLinn No 120 to 126 from http://www.myanmar-music.com/myanmarmusic/blogs.aspx
YanAung No 127 to 133 from http://www.myanmar-music.com/myanmarmusic/blogs.aspx
Zaw Zaw No 134 to 140 from http://www.myanmar-music.com/myanmarmusic/blogs.aspx
Zinkolatt No 141 to the latest one from http://www.myanmar-music.com/myanmarmusic/blogs.aspx
ဥပမာအနေဖြင့် BarNyarNyar သည် http://www.myanmar-music.com/myanmarmusic/blogs.aspx တွင် ဖော်ပြထားသော ဘလော့ကာ နံပါတ် ၁ မှ ရ အထိရှိ ဘလော့ဂ်များကို အစအဆုံး ဖတ်ရူပြီး ဘလော့ကာ တစ်ဦးထံမှ လလော့ပို့ အနည်းဆုံး သုံခု ခု နှစ်ယောက်အတွက် ၂၁ ပို့ကို မေလ ၁၅ ရက်နေ့ နောက်ဆုံး ထားပြီး mmblogbook2.blogspot.com တွင်လာတင်ရ မည်ဖြစ်ပါသည်။ ယင်းအတွက် BarNyarbarNar သည် မိမိတာ ၀န်ယူ ဖတ်ရူရသော ဘလော့ကာ နှင့်ဆက်သွယ်ကာ မိမိသည် မည့်သည့်ပို့ ကိုယူမည်ဖြစ် ကြောင်း အကြောင်းကြားရပါမည်။ အကယ်၍စာ မူပိုင်ရှင် ဘလော့ဂ်ကာသည် ဘာညာယူ သွားသော စာမူ အပြင် မိမိနှစ်သက်သည့် ဘလော့ရှိပါကလဲ မိမိဆန္ဒအလျေက် mmblogbook@gmail.com သို့ပေးပို့နိုင်သည်။ သို့တည်းမဟုတ် မိမိစာမူ များယူသုံးခြင်းကို မကြေနပ်ပါက လည်းကန့်ကွက်နိုင်သည်။
ယခုပေးထားသော http://www.myanmar-music.com/myanmarmusic/blogs.aspx လင့်တွင် မိမိ အမည်မရှိ ပါကလည်းကောင်း သို့တည်းမဟုတ် စာမူစကာတင် စုဆောင်းရေးတွင် ၀င်ရောက်ဖတ်ရူ ကူညီနိုင်သူ ဖြစ်ပါက လည်းကောင်း mmblogbook@gmail.com သို့ ယုခုလ နောက်ဆုံးထား၍ ဆက်သွယ်နိုင်ပါသည်။

(၃)
ရံပုံငွေကောက်ခံရေးကိစ္စ
စေတနာ ထက်သန်သူ မည်သူမဆို မိမိ တတ်နိုင်သလောက် ( အနည်းအများ ကတ်သတ်ချက် မရှိပါ ) မေလ ၃၀ ရက်နေ့ နောက်ဆုံး ပြီး စင်္ကာပူ hololu@gmail.com , မလေးရှား kzy1980@gmail.com , aungyan@gmail.com အမေရိကား
နေမျိုးကျော် ( ဘလော့ကာ အမည် နေဘုန်းလတ် )
၁၂ / ကတတ နိုင် ၀၂၆၀၁၃
အမှတ် ၁၅၄ ၊ ၃၈ လမ်းအလယ် ၊ ကျောက်တံတားမြို့ ။

ထိန်လင်းရွှေ ( ဘလော့ကာ အမည် စေတန်ဂေါ့) 09 80 22939
01 246449
မှတ်ပုံတင်အမှတ် ၁၂/ ကတတ နိုင် ၀၂၇၉၄၈
များထံတွင် ဆက်သွယ် ထည့်သွင်းနိုင်ပါသည်။
မှတ်ချက်။ ။ ရံပုံငွေ ထည့်သွင်းသူများသည် စာအုပ်အတွက် ထည့်သွင်းသည် ဟုမယူ စေလိုပဲ မြန်မာ ဘလော့အဖွဲ့ အစည်းမှ အနာဂတ်တွင် ပြုလုပ်မည့် Donation ရံပုံငွေ အတွက် ငွေကြေးလူဒန်း သည်ဟု မှတ်ယူပေး စေလိုပါသည်။
အဘယ့် ကြောင့်ဆို သော် စာအုပ်တွင် စာမူ အရေ အတွက် ခုနှစ်ဆယ်မှ ကိုးဆယ်ကြားသာ ထည့်သွင်းနိုင်ဖွယ်ရာ သာရှိပါသည်။ သို့ဖြစ်၍ဲ မြန်မာ ဘလော့အဖွဲ့ အစည်းမှ အနာဂတ်တွင် ပြုလုပ်မည့် Donation ရံပုံငွေ အတွက် ငွေကြေးလူဒန်း သည်ဟု မှတ်ယူ မှသာ ပိုက်ဆံတော့ ထည့်ရတယ် စာမူတော့ မပါဘူး ဆိုသော ခံစားချက် များဖြစ်ပေါ်လာ ခြင်းမရှိမှာဖြစ်ပါတယ်။ အနာဂတ်၏ မြန်မာ ဘလော့အဖွဲ့ အစည်းကြီး အကောင်ထည် ပေါ်လာရန် မိတ်ဆွေကို သဒါတတ် အားသလောက် ပါဝင် ကူညီပေးပါလို့ မေတ္တာရပ်ခံပါရစေ။

(၄)
နာမည်ရွေးချက်ရေးကို တာဝန်ယူထား သော မအိမ့်ချမ်းမြေ့ ဦးဆောင်သော အဖွဲ့ ယခုလကုန် နောက်ဆုံးထား၍ နာမည်ရွေးချယ်ပေးရန်။

(၅)
နာမည်ရရှိလာပါက စာအုပ်ဒီဇိုင်း ရွေးချယ်ရေးတွင် တာဝန်ယူထား သောအဖွဲ့တွင် ညီလင်းဆက် ထပ်မံအား ဖြည့်ဝင်ရောက်ပြီး မေလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ အပြီးသတ် ဒီဇိုင်းတစ်ခုကို ပူးပေါင်းရေးဆွဲ ရွေးချယ်ပေး ရန်ဖြစ်ပါတယ်။

(ရ)
အမာခံ ဘလော့ဂ်ကာများ ထဲသို့ ကိုညီညီ (သံလွင်) ထပ်မံ ၀င်ရောက် အားဖြည့်လာပါတယ်။

(ဂ)
စာမူဖောင်ပိတ်ရက်ကို မေလ ၁၅ သို့ ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။

(၉)
စာမူများကို မိမိဆန္ဒအလျေက် သော်လည်းကောင်း သူများရေးထားသည့်ပို့ကို ကြိုက်လျှင်သော်လည်းကောင်း ယင်းလင့်များကို mmblogbook@gmail.com သို့စာမူဖောင်ပိတ် ရက်ဖြစ်သည့် မေလ ၁၅ ရက်နေ့ နောက်ဆုံး ထားပေးပို့နိုင်ပါတယ်။

(၁၀) စာမူဖောင်ပိတ်ပြီး နောက် စာမူရွေးချယ်ရေး အယ်ဒီတာ အဖွဲ့ကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။



ရှေ့ဆက်လုပ်သွား မည့်လုပ်ငန်း စဉ်များကို အသိပေးခြင်း

စာမူများကို အတည်ရွေးချယ် ပြီးသွားပါက၊ စာအုပ် အကြမ်းကို ထုတ်ပါမည်။ ယင်းစာ အုပ်အကြမ်းပြသ၍ Marketing အဖွဲ့က ကြောငြာလိုက်လံ ကောက်ခံပါမည်။ ကြော်ငြာများ အတည် ထည့်သွင်းပြီးပါက ဇန်လ ၁၅ ရက်နေ့ နောက်ဆုံးထားကာ စာပေစိစစ်ရေး တင်ပါမည်။


မရှင်းလင်း သည်များကို
ပြန်လယ် မေးမြန်းနိုင်သလို။ ယခု ဆုံးဖြတ်ချက် များထက် သောကောင်မွန် သောအကြံဥဏ်ရှိပါက လည်း မဝေးသော အချိန်အတွင်း ၀င်ရောက် ပြောကြားပေးကြပါရန်

Read More...

မရှင်းလင်းနိုင်ဟု ယူဆရသော အချက်အလက်များ

ယုခုထုတ်ပြန်သော အချက် အလက်များထဲမှာ မရှင်းလင်းနိုင်ဟု ယူဆရသော အချက်အလက်များကို ကိုရန်အောင်နဲ့ ကျွန်တော် စကား ပြေဟန်နှင့် ဖြေရှင်းပေးသွားပါမည်။

ရန်။ ။ ကိုစိုးဇေယျ ကျန်းခံသာလို့ မာပါစ

စိုး။ ။ ကိုရန်အောင် ပို့သတဲ့ မေတ္တာကြောင့် ကျန်းမာစွာရှိကြောင်းပါဗျ။ိုရန်အောင်ကြီးကော ဘယ်လိုတုန်း ကျမ္မာရဲ့လား

ရန်။ ။ နီကရိုးမလေးများ ပို့သသည့် မတ္တာကြောင့် ဒူးနာ ခါးကိုက် ... ကိုက် ....... အဲအဲမှားလို့ မိဘများ ပို့သတဲ့ မေတ္တကြောင့် ကျမ္မာကြောင်းပါဗျာ။ ဒါနဲ့ဗျာ စကားမစပ် ဒီနေ့ ရန်ကုန်မှာ ဘလော့ကာ တွေ အစည်းဝေးလုပ် ကြတယ် ဆိုဗျ။

စိုး။ ။ ဟုတ်ပ ကိုရန်အောင်ရေ

ရန်။ ။ ဘာတွေများ ထူးသတုန်းဗျာ

စိုး။ ။ အပေါ်မှာရေး ထားတယ်လေဗျာ ဖတ်ကြည့်ပေါ့

ရန်အောင် ခေတ္တမျှကြာ ဖတ်လိုက်သည်။

ရန်။ ။ ရန်ဟိုက်ရှား ပါးဖတ်လိုက်တာ မူးနေတာပဲ ဗျာ။ ရုပ်လွန်းလို့ ဘယ်ကနေ စမေးရမှန်း တောင်မသိတော့ဘူး။

စိုး။ ။ အင်းပြောကြည့်ပါဦးဗျ။ ဘာတွေ ရုပ်လို့လဲ

ရန်။ ။ မတ်ကက်တင်း ဖွဲ့တာတော့ထားလိုက်ပါ ပြောစရာ မရှိပါဘူး။ ဘလော့ကာ ၁၅၄ ယောက်ရဲ့ ဘလော့တွေကို ဘလော့ကာ တချို့က ၀င်ဖတ်ပြီးရွေးမယ်ဆိုတော့ ကျန်တဲ့လူတွေ ရွေးလို့ မရတော့ဘူးလား။

စိုး။ ။ ရွေးလို့ရတာပေါ့။ ရွေးတာကတော့ အရင်တိုင်းပဲ ဖတ်မိလို့ကြိုက်တာရှိရင် ပိုင်ရှင်ဆီက ခွင့်ပြုချက် တောင်ပြီးပို့လို့ရတယ်။ ဒါမှမဟုတ် ကိုရေးထားတာ ကိုယ်ကြိုက်တယ် ဆိုရင်လဲ ပို့လို့ရတယ်။ အခု ၁၃ ယောက်ကို သီးခြား တာဝန် ပေးလိုက်တယ် ဆိုတာ ပိုပြီး မြန်ဆန် သွားအောင် လို့ပါ။

ရန်။ ။ ဟာကို စိုးဇေယျကလဲ တချို့က စာအုပ်ထုတ် ဝေရေးမှာ တက်တက်ကြွကြွပါ ၀င်နေတဲ့ လူတွေ ရှိတယ် ဗျ။ အဲဒီ ၁၃ ယောက်လစ်ထဲမှာ ကို့နာမည် မပါတဲ့ အခါမှာ ဖီငုတ်ကြမှာပေါ့။

စိုး။ ။ ကိုရန် အောင်ရ ဒါကဒီလို ရှိပါတယ်။ ၁၃ ယောက်ဆိုတာ ဘိုင်သေ ထပ်မတိုး တော့ဘူးမဟုတ်ဘူး။ ဘာလို့ ၁၃ ယောက်ပဲ ရွေးထားတာလဲ ဆိုတော့ ဒီ၁၃ ယောက်ကတော့ သေချာ ပေါက်နံ့နံ့ စပ်စပ် ဖတ်ပေးနိုင်ပါတယ် လို့ပြောလာတဲ့ လူတွေပါ။
ဒါပြင် တစ်စု တစ်ယောက်က ကျွန်တော်လဲ ဘလော့တွေကို နံ့နံ့ စပ်စပ် ၀င်ဖတ်ပြီးေ၇ွးပေး နိုင်ပါတယ် ဆိုရင် လာပြောပါ ကျွန်တော်တို့ က Welcome ပဲ။

ရန်။ ။ တချို့ဘလောက်ကာ နာမည်တွေက http://www.myanmar-music.com/myanmarmusic/blogs.aspx မှာ မပါသေးတာ တွေအများကြီး ရှိတယ်

စိုး။ ။ ဟုတ်လား ဘယ်သူတွေများလဲ မပါတဲ့ လူတွေကို ကိုရန်အောင်သိလို့လား

ရန်။ ။ သိတာပေါ့ ဥပမာ ကိုနေဘုန်းလတ် ဆိုသူ့နာမည်မပါဘူး

စိုး။ ။ ဟာ . . အဲလိုသိရင် စောစောစီး လာပြောလေဗျာ ။ ထပ်ထည့်ပေးလို့ရတာပေါ့

ရန်။ ။ ဒါဆိုဟုတ်ပါပြီ ဗျာ။ ဥပမာ ကျွန်တော့ဘလော့ကို တာဝန်ယူထားက ကိုစိုးဇေယျနော် ။ ကျွန်တော် ဆီမှာ ဘယ်လိုပုံ စံမျိုးနဲ့လာ ယူမှာလဲ

စိုး။ ။ ကျွန်တော်က ကိုရန်အောင်ကို နိုက်တော့ မယ်ဆိုရင် ကြိုတင် အကြောင်းကြားမယ်။ ဟေ့လူ ခင်ဗျားကို ကျွန်တော်နိုက်တော့မှာ နော် ခင်ဗျား ကြိုက်တာ ကိုပေးမလား ကျွန်တော်နိုက်တာ ခံမလား ဆိုပြီး စပြောမယ်။

ရန်။ ။ ဟေ့ ကောင် လူကို ဘယ်လို အတန်းစာမှတ် နေလဲ စကားပြော တာကြည့်ပြော။ ဒီက နင်နိုက်ချင် တိုင်းနိုက်လို့ ရအောင် လမ်းဘေးက ဂလေကချေ မဟုတ်ဘူး။ ယူအက်က မာမီရန်တဲ့ ပါးကွဲသွားမယ် ဘာမှတ်လဲ။

စိုး။ ။ ကိုရန်အောင် သတိထား ဦးလေ။ ဘယ်လို ဖြစ်လို့ မာမီရန် ဖြစ်သွားရတာလဲ။

ရန်။ ။ ခီးမှ အညာသား စကားကို ရှင်းအောင်ပြော နိုက်မယ် ဆိုလို့ ကြက်သိန်း ထသွားတာ။

စိုး။ ။ ကိုရန်အောင်က လဲဗျာ တလွဲ မတွေးပါနဲ့ဗျာ စာမူတွေ ၀င်မွေပြီးရှာတာလို့ ပြောတာပါ။

ရန်။ ။ အေးနိုက်တယ် ပဲထားလိုက်ပါတော့။ ခင်ဗျား ကျွန်တော့ကို လာနိုက်မယ် ဆိုလို့ ကျွန်တော်က ကြောက်လန့်ပြီး သုံးပုတ် ထုတ်ပေးလိုက်ရင် ခင်ဗျာ မနိုက်တော့ဘူး မဟုတ်လား။

စိုး။ ။ ဒါကတော့ ပြောလို့မရဘူးဗျ ။ ခင်ဗျားရဲ့ ပေးကွက်လှရင် ကြေနပ်မှာပေါ့။ ဒါမှ မဟုတ် ကျွန်တော့မျက် စိထဲမှာ ဒီထက်ကောင်း တာတွေ ကိုရန်အောင်ဆီမှာ ကျန်သေးတယ်လို့ ထင်ရင် ဆက်နိုက်ပြီးယူမှာ။

ရန်။ ။ အောင်မှာ တောသားက လူပါးဝလို့။ ရွာထိပ်က နတ်စင်ပါ ထည့်ပေါင်းမှ တရွာလုံး ၁၆ အိမ် မပြည့်တဲ့နေရမှာ မွေးလို့သာ တော်တော့တယ်။ စကား ပြောရင်သူများကို အသား ယူသွားလိုက်တာ လွန်တယ်။

စိုး။ ။ ကိုရန်အောင် နဲ့ ကျွန်တော်နဲ့ ကြားမှာ စိတ်မဆိုးကြေးလေ။
ရန်။ ။ အေးထားလိုက်ပါတော့။ နင်တာ ၀န်ယူပြီး ငါ့ကိုနိုက်နေရင် တခြားသူ လာနိုက်လို့ မရတော့ဘူး ပေါ့။

စိုး။ ။ ဥပမာ ဗျာ။ ကျွန်တော်က ကဗျာကို အားမသန်ဘူး။ ဒီတော့ ကိုရန်အောင်ဆီမှာ ကဗျာ ကောင်းတွေ ရှိပေမယ့် နိုက်မသွားဘူ့း ဆိုရင် ဘေးက မြင်တဲ့လူက ၀င်နိုက်လို့ရပါတယ်။

ရန်။ ။ အေးထားလိုက်ပါတော့။ ဘလော့ကာ တစ်ယောက်ယောက်က အဲလို တာဝန်ခံ ပြီးမနိုက်ချင်ဘူး ဒါပေမယ့် သူက စာမူတွေ နိုက်တဲ့ နေရမှာလဲ ကူညီချင်တယ် ဘယ်လို လုပ်မလဲ။

စိုး။ ။ ရတာပေါ့ဗျ ဘာခက်တာမှတ်လို့ ဘာခက်တာမှတ်လို့ ။ ကိုယ့်အစိ စဉ်နဲ့ ကိုဖာသာကို တွေ့ရာမှာ လိုက်နိုက် ကြိုက်တဲ့ လင့်တွေ့ရင် mmblogbook@gmail.com ကိုမေးပို့လိုက်ရုံပဲ။ အခုဆိုရင် အလို လိုက်နိုက်ချင်လို့ ဆိုပြီး EMS တောင်လာ စာရင်းပေးသွားပြီ။

ရန်။ ။ ဒါဆိုရင် အပြင်ကနေ ဖရီး နိုက်တွေ လူတွေ ကြတော့ကော ဘယ် Rule တွေနဲ့ နိုက်ရမှာလဲ ။

စိုး။ ။ တာဝန်ပေးလို့ ပဲနိုက်နိုက် ။ ကိုဘာသာ ကိုနိုက်ချင်လို့ပဲ နိုက်နိုက်။ ကိုနိုက်တဲ့ လူဆီမှာ ခွင့်တောင်းပြီး ခွင့်ပြုမှ နိုက်ပါယူပါ။ မဟုတ်ရင် တရားစွဲ ခံနေရမယ်။ မူပိုင်ခွင့် နဲ့ပြောတာနော် တလွဲ မတွေးနဲ့ နော်

ရန်။ ။ ခွင့်ပြုအောင် စောင့်နေရင် ကြာနေမှာ ပေါ့။ ကျွန်တော်က စိတ်မရှည်းဘူး အရင် နိုက်မယ်။ နိုက်သွားပြီးမှ နိုက်သွားတဲ့ အကြောင်း Message ပေးမယ်။ သူခွင့်ပြုရင် သုံးတာပေါ့။ နိုက်သွားတာကို ခွင့်မပြု ဘူးဆိုလဲ ပြန်ဖြုတ်လိုက်ရုံပဲ။

စိုး။ ။ အင်းကောင်းတာ ပဲ ကြိုက်သလိုလုပ်။ အဓိက က ကာယခံ ရှင်လိုလိုလားလား ခွင့်ပြုဖို့ပဲ။

ရန်။ ။ နိုက်တဲ့ ကိစ္စကတော့ရှင်းပါပြီ

စိုး။ ။ မရှင်းတာရှိသေးရင်လဲ မေးပို့ ပြီးမေးလို့ရပါသေးတယ်။ ကျွန်တော့မေးက brvboy@gmail.com ပါ။
ကိုရန်အောင်ရေ ခွင့်ပြုချက် အတောင်းပဲ နိုက်လိုက်မိလို့ ဆောရီးဆောရီး နာမည်ကို အလွဲသုံးစား လုပ်မိလို့ တောင်းပန်ပါတယ်။ ခွင့်လွတ်တယ် မှတ်လား

ရန်။ ။ သေချင်းဆိုးကြီး

Read More...