Art is My Life: ဖြေရှင်းခွင့်
Showing posts with label ဖြေရှင်းခွင့်. Show all posts
Showing posts with label ဖြေရှင်းခွင့်. Show all posts

Sunday, April 15, 2007

အပိုင်း ၁၁

တယ်လီဖုန်းက မြည်လာသည်။ သေချာပြီ စောစော ကမန္တလာသား ဆက်တာ ဖြစ်လိမ့်မည်။ ကျွန်တော်က ချက်ထဲမှာ မိန်းကလေးလို့ သူ့ကို ပြောထားသည်။ ခက်သည်က အယောင်ဆောင် ကိုင်ခိုင်းလို့ ရအောင် အိမ်မှာ မိန်းကလေး တစ်ယောက်မျှမရှိ။ ဖုန်းကို သွားကိုင်ဖို့ ရာကျွန်တော် မ၀ံ့ရဲ။ နောက်ဆုံးတော့ ဘာဖြစ်ဖြစ် ဆိုပြီး စိတ်ပိုင်းကာ သွားကိုင်လိုက်သည်။
ဟလို ပြောပါ
ကျွန်တော် ပြောလိုက်သည်

ဟုတ်ကဲ့ ခင်စပယ်လှိုင်နဲ့ ပြောချင်လို့ ပါ။
သေချာ သွားပြီ မန္တလာသား။ ဒီနေရာမှာ ထုံးစံ အတိုင်း ဥာဏ်နီ ဥာဏ်နက် သုံးမှ ရတော့မည်။ မဟုတ်ရင်မလွယ်

အေးပြော ငါခင်စပါယ်လှိုင်ရဲ့ အစ်ကိုပဲကွ။ ဘာကိစ္စရှိလို့လဲ
ကျွန်တော်လေသံကို ခပ်မာမာပင် ပြောလိုက်သည်

ကျွန်တော်သူ့ သူငယ်ချင်းပါဗျ။ သူနဲ့ ပြောချင်လို့ ပါ
အောင်မလေး လေသံက ရိုသေနေလိုက်တာ သူ့ဖေနဲ့အမေ ပေါ်တောင် ဒီလောက်ရိုသေ ရဲ့လားမသိ။ ဒီနေရာမှာ တော်တော်လေး အပိုးကျိုးနေသည်။

အေးသူ အခန်းထဲမှာ စာကျက်နေတယ်။ ခေါ်ပေးလို့ မရဘူး ။ ပြောစရာရှိ ရင်ငါ့ကို မှာထားခဲ့

အော်ရပါတယ် ဗျ။ မမှာတော့ ပါဘူး။ မန္တလေးက အောင်ကျော်စိုး ဆက်တယ် လို့သာပြောပေးပါ။
ကျွန်တော်သူ့ကို ပြောပေးမယ်လို့ လဲမပြော။ မပြောပေး ဘူးလို့လဲ ပြန်မပြော။ သူ့စကားဆုံး သည်နှင့်ဖုန်းကို ချလိုက်သည်။ ပြီးတော့မှ ကျွန်တော် သက်ပြင်းချ နိုင်တော့သည်။
ကွန်ပျူတာရှေ့ ပြန်ရောက်တော့ ငနာကောင်က ချက်ထဲမှာ ပြန်ရောက်နေပြီ။ သူက စကား လာပြောသည်။ ဘာတဲ့ မမကို မောင်လေး ဖုန်းဆက်တယ် နော်တဲ့ မမရဲ့ အစ်ကိုက ခေါ်မလေးလို့တဲ့ ။ အေးဒါကြောင့် နင့်ကို ပြောသားပဲ မဆက်ပါနဲ့လို့ အခုတော့ ငါ့ကို ငါ့အစ်ကိုဆူတော့ မယ် လို့ပြောလိုက်တော့ ငနာကောင်က ကျွန်တော့ကို တောင်းပန်ရှာပါသည်။ ပြီတော့လဲ ပြောသေးသည် ။ သူ့အတွက်နဲ့ မမဒုက္ခရောက် တာကို မကြည့်ရက်တာတွေရော တောင်းပန်တာတွေရော စုံနေတာပါပဲ။ ကျွန်တော်က ဒီဘက်ကနေ သူ့အဖြစ်ကို ကြည့်ပြီး အူတက်မတတ် ဟားနေရသည်။ သြော် တော်တော် မလွယ်တဲ့ ကလေးတွေပဲ။
သူများကို အားရပါးရ အရှုးလုပ်ပြီးကာမှ တစ်ခု ပြန်စဉ်းစား မိသည်။ ပြသနာပဲ အခု ကျွန်တော်နဲ့ ချက်နေတဲ့ ကောင်မလေးတွေ ဆိုတာ တွေကရော ကျွန်တော့လို ကောင်မျိုးတွေ မဖြစ်နိုင်ဘူး လား။

အပိုင်း ၁ ကိုဖတ်ချင်ရင်

Read More...

Friday, December 29, 2006

ဖြေရှင်းခွင့်လေးရချင်တယ် (၁၀)

မတ်လ ၂၈ ရက် အင်္ဂါနေ့


ကောင်မလေးမလးသေးဘူးလား
ကောင်မလေးမလာသေတဲ့ အတူတူမထူးပါဘူး၊ ပျင်းပျင်းရှိနေတာနဲ့ ကျွန်တော် Ygnchat ကိုဝင်လာတယ်။
ygnchat ရဲ့ထုံးစံအတိုင်း အမျိုးစားစုံလင်လှတဲ့ Nick တွေနဲ့ စည်ကားလျှက်ပေါ့။

Chat room ထဲက Nick တွေမှာ girl အမှတ်အသားပါတဲ့ Nick တွေအားလုံးကို ကျွန်တော်လိုက်ခေါ်မိသည်။ နာရီဝက်သာကျော်သွားတယ် ဘယ်သူမှReplay မလုပ်ကြ။

ဘယ်သူမှမရှိတဲ့ အလင်းရောင်မဲ့ အခန်းထဲမှာ တစ်ကိုယ်တည်း အထီးကျန်နေတာထက် လူစည်ကားတဲ့နေရာမှာ တစ်ရောက်တည်း အထီးကျန်နေတာ ပိုဆိုးပါတယ်ဗျာ။

အခုပဲကြည့် ကောင်မလေးကလည်းမလာဘူး။ Ygnchat ကလူတွေကလည်း အလေ့မလုပ်ကြဘူး။ ဟုတ်မှာပေါ့လေ ညကလည်း တော်တော်လေး မိုးချုပ်နေပြီဆိုတော့ မိန်းကလေးတွေကနည်းသွားပြီပေါ့။ ဒီတော့ ကျန်တဲ့မိန်းကလေး တစ်ယောက်စနှစ်ယောက်စကလည်း ကိုကိုမောင်မောင်တွေကြားမှာ ဘယ်ကလာလက်အားနိုင်တော့မှာလဲ။

တွေ့ပြီ Nick တစ်ခု Dan^Dan^Dan တဲ့
ဟုတ်ပြီ အခုမှအမှတ်ရပြီ Dan^Dan^Dan ဆိုတာ မန္တလေးက ကျွန်တော်နဲ့ ခင်တဲ့ကောင်မလေးပြောဖူးတယ်၊ အဲဒါသူ့ရဲ့ အစ်ကိုအရင်ဆိုပဲ။ ဘာပဲဖြစ်ဖြစ် ဒီတိုင်းထိုင်နေရတာထက်စာရင် သူနဲ့စကားသွားပြောဦးမှပဲ။

Hi
ကျွန်တောကစခေါ်လိုက်သည်

Hi hi
သူပြန်ထူးသည်

asl plz
သူရဲ့ အသက် နေရပ် လိင် ကို chat ဘာသာစကားနှင့်မေးလိုက်သည်

19 m mdy
nu

21 ygn

gitl လား boy လား
မန်တလာသားကကျွန်တော့ကို girl လား boy လားလာမေးနေသည်။ nick မှာ BOY ဆိုတာကြီး ထင်ထင်ရှားရှား ပါနေပါလျှက်နဲ့ gitl လား boy လား လာမေးနေတာ့

girl
စိတ်ချင်ပေါက်ပေါက်နှင့် ရွှဲ့ပြောလိုက်သည်။အဒါကို ကိုရွှေမန္တလာသားက သဘောမပေါက်ဘူး။

ဒါဆိုရင် မမ ပေါ့ဗျ

ဟုတ်တယ်မောင်လေး

မမက uni ပြီးပြီလား

ဟင့်အင်း တက်တုန်း မောင်လေးကော
ကျွန်တော်လည်း ဒီလောက်တောင် ရှိတဲ့ကောင် နောက်ပေးလိုက် ဦးမယ်ဆိုပြီး ဆက်နောက်ပေး လိုက်သည်။

ကျွန်တော်လည်းတက်တုန်းဗျ။ မမက ဘာလူမျိုးလဲ။

ရှမ်း။ မောင်လေးရော

တရုပ်ဗျ

သြော် သြော် . . ကြိုးစားပေါ့ မောင်လေးရာ
ကျွန်တော် ဆက်နောက်လိုက်သည်။ အဲ နောက်နေရင်းတန်း လန်းနဲ့မှ အကြံတစ်ခုရသည်။ သူ့ညီမနှင့် ကျွန်တော် ရင်းနှီးပေမယ့် ဖုန်းနံပါတ်ပေးမထား၊ တောင်လို့ လဲမရ။ သူကသာကျွန်တော်ဆီကို ဆက်သည်။ ဒီတော့ ဒီကောင်ကို ကြူပြီး တစ်ဘက်လက်နဲ့ ဖုန်းနံပတ်ရအောင်တောင်းရင် . . . သူညီမဆီဆက်လို့ရပြီ။ ဒီတော့ . . . .

မမက ဘာတက်နေတာလဲ

မပြောချင်တော့ပါဘူး

ဘာဖြစ်လို့လဲဗျ

စိတ်ညစ်လို့

ဘာလို့ညစ်တာလဲ

ဖြစ်နိုင်ရင် အိမ်မှာကိုမနေချင် တော့ဘူး

ဘာတွေညစ်တာလဲ မောင်လေးကို ပြောပြလေ
ဟဲဟဲ အကွက်ထဲရောက်တော့ မယ်။ကျွန်တော် ကျိတ်ပြီးပြုံးနေမိသည်။

တော်ပါပြီ မပြောတော့ပါဘူး

ပြောပြပါဆို
ဟုတ်ပြီ ကျွန်တော်ဆင်တဲ့ အကွက်ကို တည့်တည့်ကြီးဝင်လာပြီ

အင်း ဒီမှာပြောနေလို့ မောင်လေးနား လည်မှာမဟုတ်သလို။ စာရိုက်ရတာ မမလည်းလက်ညောင်းတယ်။ မောင်လေးရဲ့ အိမ်ဖုန်းပေးလေ မမဆက်လိုက်မယ်
ကျွန်တော်လိုချင်တဲ့ လမ်းကြောင်းထဲကို ဆွဲသွင်းလိုက်သည်။

ဟာဒါတော့မဖြစ်ဘူးဗျ
ကျွန်တော်ထင်သလို အလွယ်တကူမရ

ဘာဖြစ်လို့လဲမောင်လေးရ

အိမ်ကဆူမှာ ပေးလို့မရဘူး
မောင်နှမနှစ်ယောက်ကတော့ တစ်လေသံတည်းထွက်သည်။ ယောင်္ကျားလေး ဖြစ်တဲ့အစ်ကို တောင်မိန်းကလေးတွေနဲ့ ဖုန်းပေးမပြောဘူးဆိုရင် မိန်းကလေးဖြစ်တဲ့ သူညီမက ကျွန်တော့ကို ဖုန်းနံပါတ်မပေးတာ အပြစ်ပြောဖွယ်ရာမရှိတော့။ ဒီတော့ ကျွန်တော် ဆက်မကြိုးစားတော့ ဘူးဆိုပြီးလက်လျှော့လိုက်သည်။ ကျွန်တော်လက်လျှော့ လိုက်ပေမယ့်

မမဖုန်းပေးလေ ကျွန်တောဆက်မယ်

တော်ပါပြီနေပါစေ မမဖာသာမမ ရှိပါစေတော့

ဟာမဟုတ်ပါဘူး။ကျွန်တော်ဆက်မယ် ပေးပါဆို
ဒီကောင်ကတော့ လက်လျှော့မည့်ပုံ မမြင်။ ခက်တာက ဒီကောင်ဖုန်းဆက်လာရင် အကူညီတေင်းစရာ ဘေးနားမှာ မိန်းကလေးတစ်ယောက်မှ မရှိ။

ဒါဆိုရင်မနက်မဆက်ပါလား
မနက်မှဆိုရင် သူငယ်ချင်း မိန်းကလေးတစ်ယောက်ယောက် ကိုကြိုတင်ရှင်းပြပြီး ဖုန်းနံပါတ်ပေးလိုက်လို့ရသည်။ပြသနာမရှိ ပြသနာက

မောင်လေးက မနက်ကျရင်ကျောင်းသွားရမှာ
အခုပေး

အေး 01 * * * * * ဆက်လိုက်
ဒီလောက်တောင်ရှိတဲ့ကောင် ဖြစ်ချင်ရာဖြစ် ကျွန်တော့ဖုန်းနံပါတ်ကိုပေးလိုကသည် . . .

မပြီးမချင်းဆက်ရေးမည် မသေသေးဘူးဆိုလျှင်ပေါ့

Read More...

ဖြေရှင်းခွင့်လေးရချင်တယ် (၉)

မတ်လ ၂၇ ၂၀၀၆

မနေ့က မလာတဲ့ကောင်မလေးကို ကွန်ပျူတာရှေ့မှာထိုင်ပြီးမျှော်နေမိသည်။
ကောင်မလေးရယ် နင်ဘာဖြစ်လို့မလာတာလဲ။ ဒီနေ့ရောနင်လာဦးမှာလား။ ဘာပဲဖြစ်ဖြစ်မလာနိုင်ခဲ့ရင်တောင် email လေးတော့ပို့သင့် ပါတယ် ကောင်မလေးရယ်. . .

ကောင်မလေးရောက်မလာသေးပေမယ့် သူကိုပြောချင်တဲ့ စကားတွေကိုကျွန်တော်တစ်ယောက်တည်း ပြောနေမိသည်

ညကိုနာရီ
ကောင်မလေးမလာသေးပါ

ဆယ်နာရီ
ကျွန်တော်စောင့်နေဆဲပါ

ဆယ်နာရီခွဲ
မျှော်လင့်ခြင်းဆိုတဲ့ မိုင်းပျပျ အလင်းရောင်လေးအောက်မှာ လွမ်းဆွတ်ချင်းဆိုတဲ့ ဝေဒနာတွေကိုထမ်းပိုးရင်းနဲ့ အဖြူနဲ့အမည်း မသဲကွဲတဲ့ အရာဝတ္ထုတစ်ခုကို ခံစားချက်တွေနဲ့လိုက်ရှာနေမိတယ်
ကောင်မလေးရယ် . . . .

ဆယ်နာရီလေးဆယ်
----------------------

ဆယ်နာရီလေးဆယ့်သုံး

ဟေးရောက်နေပြီလား
ကောင်မလေးရောက်လာပြီ

ဟုတ်တယ်။ရောက်နေတာကြာလှပေါ့
အလှည့်ကျ မီးပေးစနစ်ရဲ့ မီးပျက်တဲ့ ရက်မှာမျှော်လင့်ချက်မဲ့စွာ ငေးနေတုန်း မထင်မှတ်ပဲ မီးလင်းလာတဲ့ ကိုရီးရားဇတ်လမ်းတွဲ စောင့်မျှော်နေသူ တစ်ဦးရဲ့ ခံစားမူမျိးနဲ့ ရင်ဘတ်ထဲက ဝပ် ၁၅၀၀ အားရှိတဲ့ နှလုံးသားလည်း လင်းလက်လို့လာပါတော့တယ်။

ဟေး wait wait

ကောင်မလေးရယ် ------------- ကျွန်တော့်ရင်ဘတ်ထဲက ကောင်မလေးကိုပြောမဲ့ ဒိုင်ရာလော့တွေကို စာစီနေတုန်း .....
ကောင်မလေး က out သွားပြီ

တီဗီပြေးဖွင့်ဖို့အသွား၊ ခလုပ်တိုက်လဲနေတုန်း၊ လန့်ဖြတ်ပြေးသွားတဲ့ လျှပ်စစ်မီးကို နှမျှောတမ်းတစွာ ခံပြင်းကြေကွဲရတဲ့ ကိုရီးယားဇတ်လမ်းတွဲ စောင့်မျှော်သူရေ .. ... ...
ကိုရီးယား မင်းသမီးလေး ကင်ဆာရေဂါနဲ့မသေခင် မင်းကတော့ နှလုံးရောဂါတွေ နိဒန်းပျိုးနေပြီပေါ့ကွယ်

ဟောသူရောက်လာပြန်ပြီ

ဟေး
ကျွန်တော်လှမ်းခေါ်လိုက်သည်။ သူဘက်ကပြန်မထူးသော်လည်း voice ပြောဖို့ Call လုပ်လာသည်။ ကျွန်တော်နှင့်သူ ပြတ်တောင်းပြတ်တောင်းနဲ့ conection မကောင်းတကောင်လေးကြားမှာ မိနစ်လေးဆယ်ကြာသွားခဲ့သည်

ဟေးမီးပျက်သွားပြီ

အေးဘိုင်ဘိုင်

အဲဒီညက သူနဲ့ကျွန်တော် အဓိကပြောဖြစ်ခဲ့တာကတော့ ကမ္ဘာ့နိုင်ငံအားလုံးကို ခြိမ်းခြောက်နေတဲ့ ViteuanFlu ခေါ် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့တုပ်ကွေးရောဂါ ကပ်ဆိုးကြီးရဲ့ ရှေ့ပြေး ကြက်ငှက်တုပ်ကွေး အကြောင်းတွေပါ ပဲ

ညီမလေး ကြက်သားမစားနဲ့

Read More...

Thursday, December 28, 2006

ဖြေရှင်းခွင့်လေးရချင်တယ် (၈)

မတ်လ ၂၆ ရက် ၂၀၀၆

ကျွန်တော် ကိုးနာရီလောက်ကတည်းက Online ပေါ်ရောက်နေသည်

ဆယ်နာရီထိုး
သူရောက်မလာသေးပါ

ဆယ့်နှစ်နာရီ
ရောက်မလာပါ

သုံးနာရီ
ကျွန်တော်ကွန်ပျူတာပိတ်ပြီး အိပ်ရာထဲသို့ဝင်ခဲ့သည်။

ဘယ်လိုပင်ကြိုးစားအိပ်ပေမယ့် အဲ့ဒီညကအိပ်လို့မပျော်ခဲ့ပါ။

ဘိုက်ထဲမှာအစာမရှိပေမယ့် အချိန်တန်ရင် အိပ်ပျော်သွားပါတယ်
ရင်ဘတ်ထဲက ဟာနေတဲ့နေရာကိုတော့ ဘယ်အစာတွေမှ ထိုးလို့မရပါဘူး

Read More...

ဖြေရှင်းခွင့်လေးရချင်တယ် (၇)

ဟေး
အိုင်ကိုမေ့သွားပြီလား
8 minutes
ဟေးဘယ်ရောက်သွားတာလဲ
သူဘက်ကဘာမှ အကြောင်းမပြန်တော့။ စိတ်များဆိုးသွားပြီလား
34 minutes
ဖုန်းလာနေလို့ပါ
fri gyi ရ
ကောင်မလေးက မထင်မှတ်ပဲပြန်ပြောလာသည်။

သြော်ဟုတ်လား . .

family ဖုန်းပါဟ

ဟဲဟဲ
ယုံရမှာလားနော်

yong ka lay pone draww htar tot yone like pop
ယုန်ပုံလေးဆွဲပေးမှတော့ ယုံလိုက်ပေါ့

အေးပါ ယူဖုန်းနံပါတ်ပေးလေ
ဖုန်ထဲကနေ Ygnchat မှာအရုပ်ဆွဲနည်းသင်ပေးမယ်
ကျွန်တော်သူ့ဖုန်းနံပါတ်ကို သူစိတ်ဝင်စားသည့် အရုပ်ကိုအကြောင်းပြပြီးတောင်းခြင်းဖြစ်သည်

Gtalk ကနေ voice နဲ့ပြောပြီးသင်ပေး
သူကလည်း ခေသူမဟုတ်သူ့ ဖုန်းနံပါတ်ကိုလွယ်လွယ်နဲ့ပေးချင်ပုံမရ

အေးဟာဒါဆိုလဲ ယူဘက်ကစပြီး Call လုပ်လိုက်

သူနဲ့ကျွန်တော် Gtalk Voice နဲ့စကားတွေပြောကြသည်
connection ကလည်းမိတစ်ချက်မိတစ်ချက်

33 minutes
မိနစ်သုံးဆယ်ကျော်ပြောပြီးနောက်

Dc မကောင်းဘူးကွာ
Ygnchat ပဲပြန်ဝင်ရအောင်
ကောင်မလေးက ပြောသည်

တော်ပြီ
မဝင်ချင်တော့ဘူး ဒီမှာပဲပြောရအောင်

ဒီမှာက Dc မှမကောင်တာ

ဒါဆိုလည်းအိပ်တော့မယ်ဟာ
ကျွန်တောကပြောလိုက်သည်။ မနက် နှစ်နာရီကျော်ရှိနေပြီဆိုတော့ ကျွန်တော်လည်းအိပ်ချင်လာပြီ။

အေးဒါဆိုအိုင်လည်း အိပ်တော့မယ်

မနက်ဖန် ဘယ်အချိန်လာမှာလဲ

10 PM

အေးစောင့်နေမှာနော်

ဟုတ်ပြီဘိုင်

Read More...

ဖြေရှင်းခွင့်လေးရချင်တယ် (၆)

မတ်လ ၂၅ ရက် ၂၀၀၆

ကျွန်တော် Gtalk ကိုဖွင့်လိုက်တော့ ကောင်မလေးရောက်နေပြီ။

hi ရောက်နေတာကြာပြီလား

hello fri

်fri ရဲ့နာမည်အရင်းက ဘယ်သူလဲ

ယူအရင်ပြောလေ

soe zeya
ဇေယျလို့ခေါ်ရင်ရပါတယ်

ယူကဆိုးလား

မဆိုးပါဘူးဟ

တောပြီ ဇေယျ လို့မခေါ်ဘူး ဆရာ လို့ပဲခေါ်မယ်
not Zayar ..... saya
hehee...
ကောင်မလေးက သူဖာသူပြောပြီးသဘောကျနေသည်။

ယူနာမည်ပြောဦးလေ

. . . . . . .
ကောင်မလေးက နာမည်လေးလုံးပါတဲ့ သူရဲ့နာမည်ကိုပြောပြသည်

ygn chat ထဲပြန်ဝင်မယ်လေ
ygnchat ထဲပြန်ဝင်ရအောင်
ဆရာ . . . . ရဲ့ ပုံကိုဆွဲပြီးပြီလား
Hay are you buzy

no
ma busy bar bu

မေးကြည့်တာ

အိုင်ကယူလို တခြားပြောစရာ နိုင်ငံခြားက အန်ကယ်လဲမရှိပါဘူးဟ
ကျွန်တော် voice ပြောရအောင် call လုပ်လိုက်သည်။ သူ့ဘက်ကလက်မခံ။

ဟေးဘာဖြစ်တာလဲ မရဘူးလား
ဘာလဲ နိုင်ငံခြားကအန်တီရောက်နေပြန်င်္ပြီလား
are u busy nay lar

့hello
ကောင်မလေးပြန်ထူးသည်

ဘယ်ရောက်သွားတာလဲဟ

ဖုန်းလာနေလို့ဖုန်းသွားပြောနေတာ

အော်ဟုတ်လား
ဒါဆိုရင် အိုင်ကိုလည်းဖုန်း နံပါတ်ပေးထားလေ

ဘာလုပ်မလို့လဲ

အကြောင်းရှိရင်ဆက်လို့ ရအောင်လို့ပါ

u busy ( button ) pya nay bi.... girl girl lay twae nae pyaww nay tar lar???? heheeee....
gtalk က busy button ပြနေချင်ကိုပြောချင်းဖြစ်သည်

သက်မွန်မြင့်နဲ့ပြောနေတာ

really that mon myint larrr?

yes
ဘာလဲမယုံလို့လား

ယုံတယ်
ဒါဆိုရင်လည်း မနှောက်ယှက်တော့ ဘူးနော်
တခြားလူတွေနဲ့သွားပြောလိုက်ဦးမယ်

ဟဟ
စတာဘာဟ
Gtalk မှာက fri ဆိုလို့ပြေးကြည့်ရင်တောင် ယူတစ်ရေက်တည်းရှိတာ

ဒါဆိုရင်ဘာဖြစ်လို့ busy button ဖြစ်နေရတာလဲ

သြော်ဒါလား
ယူနဲ့ပြောနေတော့ မအားတော့ ဘူးဆိုတဲ့သဘောပါ

ygn tae mar ( ah yout ka lay twae) draww pay ohhh brave boyyyyy Zoe sayar ...... ye~
ကျွန်တောကို သူကဇိုးဆရာ လို့ခေါ်ပြီး Ygnchat မှာပုံတွေဆွဲခိုင်းနေသည်

ဟ ဟ ဟ
အိုင်က ဇိုးသမား( အရက်သမား) မဟုတ်ဘူးဟ

Zoe sayarrrr ( lo pae call chin tai) ma khin yin de lo ma call puuuu ( hheeeee....heheee...)
ဇိုးဆရာလို့ပဲခေါ်ချင်တယ် မခင်ရင်မခေါ်ဘူး ဟီးဟီး
ခင်လို့စတာ

ရပါတယ်ဗျာ

Zoe sayarrrr
Zoe sayarrrr
Zoe sayarrrr
heheee...
ygnchat room mar shi lar?
ကောင်မလေး ကကျွန်တော့ ကိုအားရပါးရစပြီး သဘောတွေကျနေသည်

ရပါတယ်ကြိုက်သလိုခေါ်ပါ
---------- စိတ်ချမ်းသာရင် ကမ္ဘာကြီးငြိမ်းချမ်းပါတယ်

Ygnchat room ကိုဝင်ခဲ့မယ်
Chatroom ရောက်ရင် ကိုကိုတွေ မောင်မောင်တွေကို replay လုပ်ရတာ လက်မလွယ်ဘူးဟ
ကောင်မလေးက Ygnachat မှာသူကို ချက်တဲ့လူတွေပေါတဲ့ အကြောင်ကို ကြွားနေသည်

မဝင်နဲ့
ကျွန်တော်က Ygnchat မဝင်ဖို့ကောင်မလေးကိုတားသည်

ဘာဖြစ်လို့လဲ

သဝန်တိုလို့
ဟီးဟီး

ဟာ ယူကလဲ ကိုကိုဆိုပေမဲ့ တခါတလေကျတော့လည်း အခြောက်နဲ့တွေ့တယ်ဟ
ko ko..... so payy mae ( some time) ja tot ( ah chout gyi) twae nae laee chat pu tai ....
ygnchat tae ko larr kae maee ( ah ku win lar mae)
ကောင်မလေးက သူအခြောက်နဲ့ တွေ့တာကို ပြောပြီးသဘောကျနေသည်

တီတီတီ
အဲဒီအချိန်မှာဖုန်းကဝင်လာသည် ကောင်မလေးကို replay မလုပ်အားတော့

hello
(toilet)............. twarrr nay tar lar??? heheee.
ဟာလို toilet သွားနေတာလား
ကောင်မလေးက စသလိုနောက်သလိုနဲ့မေးသည်

မဟုတ်ပါဘူးဟ
ယူဘာပြောမှာလည်း လို့စောင့်နေတာပါ

. . . . ..
သူဘက်ကဘာစကားမှပြန်မပြော

Read More...

Saturday, December 16, 2006

ဖြေရှင်းခွင့်လေးရချင်တယ် (၅)

ဟုတ်ပြီ fri အိုင်အိပ်တော့မယ် နောက်ရက်မှတွေ့တာပေါ့

အော် အေး by by

ကောင်မလေးနုတ်ဆက်သွားပြီ။

မတ်လ ၂၄ ရက်

အဲဒီနေ့က သူနဲ့ကျွန်တော် Ygnchat မှာပြောလိုက် Gtalk မှာပြောလိုက်နဲ့ တော်တော်ပျော်စရာကောင်ပါတယ်။ တစ်နာရီကျော်ကျော်လောက်ပြောပြီးတော့ သူဘက်က replay လုပ်တာနှေးလာသည်။ မေးကြည့်လိုက်တော့ email check နေတာတဲ့။ ဒါနဲ့ကျွန်တော် voice ပြောရအောင် call လုပ်လိုက်သည်။ သူဘက်ကလက်မခံ။

ဟေး ယူဘယ်သူနဲ့ပြောနေတာလဲ

နိုင်ငံခြားက အန်တီနဲ့ပါ

ယုံရမှာလားနော်

တကယ်ပါဆို

ok ဒါဆို အစ်ကိုစောင့်နေမယ်လေ

Thank

ကျွန်တော့် gtalk က message ကို i wait someone လို့ရေးထားလိုက်သည်

၄၁ မိနစ်ကြာပြီးနောက်

ညီမကြာဦးမှာလား

u wait some one ka bae tu lae??? ယူတစ်ယောက် ကို စောင့်နေတယ်ဆိုတာ ဘယ်သူလဲ

ယူပေါ့ဟ ဘယ်သူရှိရဦးမှာလဲ

ဟီးဟီး ယူနော်

ပြောလေဘာလဲ

အိုင်ပုံလေးဆွဲပေးထားဦး

အင်း နောက်အပတ်ထဲဆိုရင်ရပြီ

ခဏလေးစောင့် ဦးနော် အန်တီနဲ့ ပြောတာ မပြီးသေးလို့

တော်ပြီ စောင့်တော့ဘူး အိပ်ပြီ by by

ok cu later

ညနှစ်နာရီထိုးနေပြီ သူကျွန်တောကို ပြန်ခေါ်ဦးမလားလို့ စောင့်ကြည့်နေသေးသည်။ သူကျွန်တော့ ကိုအလေ့ပင် မလုပ်တော့။ သေချာပါသည် သူနဲ့ပြောနေတာ သူ့အန်တီကတော့ ဘယ်လို မှ ဖြစ်နိုင်မည်မထင်ပါ။

Read More...

Friday, December 15, 2006

ဖြေရှင်းခွင့်လေးရချင်တယ် (၄)

အဲဒီနေ့က မတ်လ ၂၃ ရက်နေ့
ကျွန်တော် မန္တလေးက ကောင်မလေး တစ်ယောက်ကို နောက်ချင်တာနဲ့ Gtalk Message မှာ ညီမလေးကို စောင့်နေတယ် ဆိုပြီးရေးထားလိုက်သည်။ မနေ့ကကောင် မလေးနဲ့တွေ့ခဲ့တာကိုတော့ Chatter များရဲ့ ထုံးစံအတိုင်း အမှတ်တမဲ့ပါပဲ

Hi. Who are you
ကျွန်တော်နဲ့ စိမ်းတဲ့ Nick တစ်ခုက Gtalk မှာလာခေါ်နေသည်

21 M ygn , nu?
ကျွန်တော်ပြန်ပြောလိုက်သည်

why u call me nyi ma lay ko wait nay tai .who is nyi ma lay ?
ကျွန်တော်နှင့် စိမ်းတဲ့ Nick က Gtalk message ကိုကြည့်ပြီးပြောသည်။

ဟာဟုတ်ပြီ ဒီNick ကမနေ့ကတွေ့တဲ့ ကောင်မလေးရဲ့ Nick ပဲ။ ဒီတော့

ယူက အိုင်ထက်ငယ်တယ်မဟုတ်လား၊ ယူကိုပြောတာလေ

အင်.... မှားကုန်ပြီ

ယူက ...

အိုင်ထင်တာ အိုင်ရဲ့ ... ၊ ဟီဟီ

ယူက မနေ့က အိုင်နဲ့သိတဲ့ ကောင်မလေးမဟုတ်လား

ဟုတ်ဘူး
တခြား
ဟီဟီဟီ

သွားပြီ လူမှားသွားပြီလား မသိဘူး၊ ဒါဆိုရင် သူဘယ်သူလဲ

Who are you
ကျွန်တော် မေးလိုက်သည်

heheee...
who are you
သူပြန်မေးသည်

That is my question
ကျွန်တော် စိတ်မရှည် စွာနဲ့ပြန်ပြောလိုက်သည်

ဟုတ်ပြီ ဟုတ်ပြီ
call လုပ်လိုက်အသံနဲ့ပြောမယ်

ကျွန်တော် Call လုပ်လိုက်သည်

Hello
ကောင်မလေး အသံတိုးတိုး ချွဲချွဲလေးကိုကြားရသည်။

Hello
ကျွန်တော်ပြန်ခေါ်လိုက်တော့ ကျသွားသည်

Dc မကောင်ဘူး
ကောင်မလေးကပြောသည်

one of people he also call me (nyi ma laY\y))) လူတစ်ကောက်ကလည်း ငါ့ကိုညီမလေးလို့ ခေါ်တယ်
same phit nay loe ... heheee.. တူနေလို့
ကောင်မလေးက ဆက်ပြောသည်

ယူ asl ပြောဦးလေ
ကျွန်တော်က မေးလိုက်တော့

20 f ygn

ဘာတက်နေလဲ

ဘာမှမတက်ဘူး
ပုံဆွဲသင်မလို့

ဟုတ်လားကောင်တာပေါ့

ဟုတ်တယ် ယူကိုသဘောကျလို့လေ ။ပုံများများ ဆွဲပေးဦးလေ။ ဟီဟီ

အော် မနေ့ကကောင်မလေးကို။ ဒါဆိုရင် Ygn Chat ကိုလာခဲ့

ဘာပုံဆွဲပေးမှာလဲ၊ ဘုရင်နဲ့ ဘုရင်မပုံဆွဲပေးပါလား

မရဘူး အိုင်ဆွဲပြတဲ့ ပုံပဲရမယ်
ကျွန်တော် ရုပ်ပုံတွေတစ်ပုံပြီး တစ်ပုံဆွဲပြတယ် သူကလည်း သဘောကျတယ်။တစ်ခါတလေမှာ သူနဲ့ကျွန်တော် Gtalk ကနေအသံနဲ့ပြောကြတယ်။ သတိထားမိတာကတော့ သူအသံလေးက ချွဲချွဲလေးနဲ့ တော်တော်လေးနားထောင် လို့ကောင်းတယ်။

ဟေးဒါနဲ့ ညီမလေးက ဘာလူမျိုးလဲ

တစ်ဝက်ကမြန်မာ၊ တစ်ဝက်က Chain

နာဒန်းမော်

ဘာပြောတာလဲ

ညီမပဲ ချင်းဆိုလို့ ချင်းလိုပြောတာလေ

ဟာ အိုင်က Chain အစစ်မှ မဟုတ်တာ

ချင်းလိုလည်း မတတ်ဘူး :P

ယူကချင်းလား

အိုင်ကချင်း မဟုတ်ဘူး အိုင် gf ကချင်း

ဟုတ်လား ယူ gf ကဘယ်သူလဲ

သက်မွန်မြင့်လေ :P

ဟေးဟုတ်လို့လား လျှောက်ပြောနေ ပီ

သေချာတာပေါ့ဟ၊ အိုင်ဘက်ကပြောတာနော်၊ သူ့ဘက်ကတော့ သူ့ကိုပဲမေးကြည့်ပေါ့

Read More...

Wednesday, December 13, 2006

ဖြေရှင်းခွင့်လေးရချင်တယ် (၃)

သူနဲ့ကျွန်တော် ygnchat Chat room ကနေစသိခဲ့ကြတာပါ။ စတွေ့တွေ့ချင်းမှာ သူကကျွန်တော့ကို စခေါ်တာလား ကျွန်တော်ကသူ့ ကိုစခေါ်တာလား ဆိုတာတော့ မမှတ်မိတော့။ မှတ်မိတာက သူနဲ့ တွေ့တွေ့ချင်းနေ့မှာ သူကိုကျွန်တော် နှင်းဆီပန်း Dosen Rose ကို Scoop သုံးပြီး Chat ထဲကနေ လက်ဆေင်ပေးလိုက်သည်။ သူတော်တော်လေး သတေဘာကျသွားသည်။

ဟ ဟ မိုက်တယ် ယူ ကပန်းချီဆရာလား

အင်းပေါ့ဟ
ကျွန်တော် ဖောလိုက်သည်

ဟုတ်လား ဒါဆိုရင် နောက်ထပ်ဆွဲ ပေးဦး

ကျွန်တော် ယုန်ပုံလေး ပို့ပေးလိုက်သည်

ဟယ် အရမ်းလှတာပဲ။ ဘယ်လိုလုပ်တာလဲ သင်ပေးပါလား

ဟာဒါကဒီတိုင်း ဆွဲလို့ရတာမဟုတ်ဘူးဟ ပန်းချီပညာတတ်မှ ဆွဲလို့ရတာ
ကျွန်တော် လိမ်လက်စနဲ့ပဲ ဆက်လိမ်လိုက်သည်။ သူကကျွန်တော် ကိုပုံတွေတစ် ပုံပြီးတစ်ပုံ ဆွဲပြခိုင်းသည်။ ကျွန်တောကလည်း ပရိုဂရမ်ထဲက ပုံတွေကို တစ်ပုံပြီးတစ်ပုံ ပို့ပေးလိုက်သည်။ အဲဒီမှာ ပြသနာက

Fri I ရဲ့ပုံလေးကို ဆွဲပေးပါလား

ဟာ ယူကို မှ အိုင် မမြင်ဘူးဘဲနဲ့ ဘယ်လိုလုပ် ဆွဲပေးလို့ရမှာလဲ၊ ဆွဲပေး စေချင်ရင် ဓတ်ပုံပို့လိုက်

တော်ပြီမတူချင်နေ မိန်းကလေး တစ်ယောက်ပုံဆိုရင် ရပြီ
အဲဒါမှ ပြသနာပဲ၊ Scoop မှာက မိန်းကလေးပုံ မတွေ့မိဘူး Kiss Chat မှာတော့ ရတယ်လို့သာ ကြားဖူးသည်။ Kit chat ကကျွန်တော့ မှာမရှိ။ ဒီတော့ ဆက်ဖောရုံပဲပေါ့

Fri I မှာကလောလော ဆယ်မဆွဲရသေးဘူး နောက်မှဆွဲထားလိုက်မယ်။ ဟုတ်ပြီလား

အင်းဒါလိုလဲပြီးတာပဲ I အိပ်တော့မယ်

နေဦး

ဘာလုပ်ဦးမလို့လဲ

ယူ G mail ပေးထားဦး

********@gmail.com

ok I add လုပ်ထားလိုက်မယ်

ကောင်မလေး Out သွားပြီ ဘာပဲဖြစ်ဖြစ် ကောင်မလေးနဲ့ ကျွန်တော် စတွေ့တွေ့ချင်းနေ့မှာ ခင်မင်မူ အတိုင်းတာ နေရာလေး တစ်ခုအထိရောက် သွားခဲ့ပြီ

Read More...

ဖြေရှင်းခွင့်လေးရချင်တယ(၂)

ဟာမဟုတ်ပါဘူး၊ ကျွန်တော်တောင်းပန်ပါတယ်ဗျာ

ရှင်ဖြစ်ချင်တာက လူတစ်ဘက်သား ထိတ်လန့်သွားပြီး စိတ်ဒုက္ခရောက်သွား တော့ကျေနပ်သွား ပြီပေါ့၊ လူကိုဘယ်လို ဟာများမှတ်နေလဲမသိဘူး၊ တော်တော်ကျေနပ် သွားပြီပေါ့ဟုတ်လား၊ တော်ပြီ ဒီလိုသူငယ်မျိုးတော့
တီ.တီ

သူပြောချင်တာတွေ ဆက်တိုက်ပြောပြီး ဖုန်းချသွားပြီ ဖြေရှင့်ခွင့်တောင် မရလိုက်
ကျွန်တော် သူ့ဖုန်းကိုပြန်ခေါ်သည်၊ သူလုံးဝမကိုင်တော့။ ရုတ်တရက်မို့ စိတ်ကောက်သွားတာလား။ တကယ်ပဲ စိတ်ဆိုးသွားတာလား။ ကျွန်တော် ဝေခွဲလို့မရ တကယ်စိတ်ဆိုးသွားပြီး ရဲစခန်းတိုင်လျှင်ကော၊ ဟုတပါသည် ကျွန်တော်လွန်သွားသည် ရဲတော့မတိုင်လောက်ပါဘူး၊ ရဲတိုင်ချင်းမတိုင်ချင်းထက် ကျွန်တော်ကို သူဆက်ခင် ပါ့ဦးမလား။ သွေးပူနေတုန်း မို့ဖြစ်ပါလွမ့်မည်။ ခဏလောက်နေမှ ပြန်တောင်းပန်လျှင် ရနိုင်မည်ဟုထင်သည်။ ဟုတ်တယ်လေ သူနဲ့ကျွန်တော် ခင်လာတဲ့ ကာလက နည်တော့တာမှမဟုတ်ဘဲ။
နှစ်နာရီလောက်ကြာပြီးတော့ ဖုန်းထပ်ခေါ်သည်။ သူလုံးဝဖုန်းမကိုင်တော့။ ကျွန်တော်စိုးရိပ်လာပြီ သူတကယ်ပဲ စိတ်ဆိုးသွားပြီလား။ ကျွန်တော်လမ်းထိပ်ထွက်ပြီး PCO ဖုန်းဆိုင်ကနေ ခေါ်ကြည့်သည်။
တီ........တီ ......

ဟယ်လို ပြောပါရှင်

ဟာ.. သူဖုန်းကိုင်ပြီ။လေသံကည်း စောစောကလိုမမာတော့။တော်ပါသေးရဲ့။

စောစောက ကိစ္စကိုတောင်းပန်ချင်လို့ပါ
တီ တီ တီ
ဖုန်းချသွားပြီ
သူ တကယ်ပဲကျွန်တော့ ကိုခွင့်မလွတ်တော့ ဘူးလား

Read More...

Tuesday, December 12, 2006

ဖြေရှင်းခွင့်လေးရချင်တယ် ( ဖြစ်ရပ်မှန် )

အချိန်ကမောာင်ရီပျိုးစ
ဂဏန်းကိုးလုံးပါတဲ့ တယ်လီဖုန်းနံပတ်တစ်ခုကို ကျွန်တော်နှိပ်လိုက်သည်
တူ........ တူ............
ဟဲလို
တစ်ဘက်ကဖုန်းပြန်ထူးပြီ
ကျွန်တော်သေချာအောင်ဖုန်းနံပါတကိုပြန်မေးကြည့်သည်
ဟဲလို 09 90 * * * * * ကပါလားခင်ဗျား
ဟုတ်ပါတယ်
သေချာအောင် ထပ်မေးမယ် 09 90 * * * * * ဟုတ်ပါသလား
ဟုတ်ပါတယ် ဘာကိစ္စများရှိပါလဲ ရှင်

ဟုတ်ကဲ့ ကျွန်တော် ကျေက်တံတားရဲစခန်းကပါ ဒီတယ်လီဖုန်းနံပါတ်ဟာ ဒေါ်လာနှစ်ထောင်ကျော် ခိုးယူမှုနဲ့ ပါဝင်ပတ်သက်နေတဲ့အတွက် လိုအပ်တာလေးတွေ စစ်ဆေးလို့ရအောင် တယ်လီဖုန်းကိုင်ဆောင်သူ အမည်နဲ့နေရပ် လိပ်စာလေး ပြောပြပေးပါ

ရှင်!
တစ်ဘက်ကမိန်းကလေးရဲ့ အသံမှာ စိုးရိမ်ထိတ်လှန့်ကြောက်ရွှံ့ခြင်းများ ပေါင်းစပ်သွားသည်

ဘယ်လို ဘယ်လို မရှင်းလို့နောက်တစ်ခါက်လောက် ပြန်ပြောပါဦး ရှင်

ဟုတ်ကဲ့ ကျွန်တော် ကျေက်တံတားရဲစခန်းကပါ ဒီတယ်လီဖုန်းနံပါတ်ဟာ ဒေါ်လာနှစ်ထောင်ကျော် ခိုးယူမှုနဲ့ ပါဝင်ပတ်သက်နေတဲ့အတွက် လိုအပ်တာလေးတွေ စစ်ဆေးလို့ရအောင် တယ်လီဖုန်းကိုင်ဆောင်သူ အမည်နဲ့နေရပ် လိပ်စာလေး ပြောပြပေးပါ
ကျွန်တော်နောက်တစ် ကြိမ်ပြန်ပြောပေး လိုက်သည်

တယ်လီဖုန်းနံပါတ် မှားတာမဖြစ်နိုင်ဘူးလား

ကောင်မလေးအသံမှာ တုန်ရီနေပြီး ငိုသံနီးနီးအထိ သိမ်ဝင်သွားသည်။ ကောင်မလေးအသံကိုနားထောင်ရတာ တော်တော်လေးထိတ်လန့်နေ ပုံပေါ်သည်။ ကျွန်တော်သဘောပေါက် လိုက်ပြီ အခြေအနေက ကျွန်တော် ထင်ထားသလို ဖြစ်မလာ၊ ကောင်မလေး တကယ်လန့်သွားပြီ၊ ဆက်နောက်နေလို့ မဖြစ်တော့၊

ဟေး ကင်ဒီလေး စပိုက်တာလူဆိုးပါ ၊ ကျွန်တော် နောက်တာပါ
ကျွန်တော် အခြေနေမှန်ကို ဖွင့်ပြောလိုက်သည်

ဘာ
ဒါနောက်စရာမဟုတ်ဘူးလေ

ကျွန်တော်ခင်ဗျာကို ပြောထားပြီးပြီပဲ ခင်ဗျာကိုနှလုံးရော ဂါပေးပါမယ်ဆို
ကျွန်တော အရွှန်းဖောက်သည့် လေသံနှင့် ပြောလိုက်သည်

ဘာပြောတယ် ဒါကွန်ပြူတာထဲမှာ မဟုတ်ဘူး ဒါအပြင်မှာ

တီတီတီ
နောက်ဖုန်းတစ်လုံး ဝင်လာသည်၊ ကောက်ကိုင်ကြည့်လိုက်တော့ အလုပ်ကိစ္စအရေးကြီး ဖုန်း။ မတတ်နိုင်ဘူး ကျွန်တော် ကောင်မလေးနှင့် ပြောနေသည့် ဖုန်းကိုချလိုက်သည်၊ အလုပ်ကိစ္စဖုန်းကို ပြောမလို့ပြင်ကာရှိသေး စောစောကချလိုက်သည့်ဖုန်းက ပြန်မြည်လာသည်။ သေချာသည် စောစောကကောင်မလေး ပြန်ခေါ်တာဖြစ်မည်။ ကောက်ကိုင်လိုက်တော့ စောစောကကောင်မလေး၊ မတတ်နိုင် အလုပ်ကိစ္စဖုန်းကို နောက်မှပြန် ဆက်ပါမည့်ကြောင် ပြော၍ပြန်ချလိုက်ရသည်။

မိန်းကလေးတစ်ယောက် ဘာရည်ရွယ်ချက်နဲ့ လိုက်ပြီးခြောက်လှန့်နေရတာလဲ
သူအသံတွေက Gtalk မှာပြောတုန်းက ကြားရတဲ့ ခပ်ချွဲချွဲအသံလေးနှင့် မည်သို့မှမဆိုင်၊ စောစောကထိန့်လန့် တုန်လုပ်နေတဲ့ အသံတွေက ဒေါသသံတွေအဖြစ် ပြောင်ကုန်ပြီ

ကွန်ပျူတာထဲမှာ သရဲပုံနဲ့ခြောက် လို့အားမလို့ (www.hypercom.ca/love ကိုဆိုလိုချင်း ဖြစ်သည်) အပြင်မှာတယ်လီးဖုန်နဲ့ပါ လိုက်ပြီး ခြောက်နေတာလား။

အဲလိုမဟုတ်ပါဘူး

ဘာလဲ လူတစ်ယောက် ဒုက္ခရောက်တာကို ကြည့်ပြီးတော်တော် ပျော်တတ်တယ်ပေါ့လေ၊ အခုရှင်အလို လုပ်လိုက်ရလို့ ပျော်သွား ပြီလား
ကျွန်တော်ကို စကားပြောလည့် မပေးတော့ဘဲ သူဆက်ပြောသည်

ဘာလဲမိန်းကလေးတစ်ယောက် ကိုစိန်ခေါ်နေတာလား၊ စိန်ခေါ်ချင်တယ်ဆိုရင်လည်းရတယ်

ဆက်ရေးပါမည်

Read More...