Art is My Life: new year
Showing posts with label new year. Show all posts
Showing posts with label new year. Show all posts

Monday, December 31, 2007

အဓိပ္ပယ်ရှိသောနေ့.............

New Year ဆိုတာ .........
အဲဒီ နယူးရီးယား ဆိုတဲ့နေ့ဟာ သူများတွေ အတွက်တော့ မသိဘူး။ ကျွန်တော့်အတွက်ကတော့ စားပွဲ ပေါ်က ပြက္ခဒိန် တစ်ခု ပြောင်းသွားတယ် ဆိုတာထက် ပိုပြီး ခံစားလို့မရဘူး။


ဘာဖြစ်လို့လဲ ဆိုတော့ နယူးရီးယားတို့ အချိန်တို့ ဆိုတာ လူတွေ သတ်မှတ်ထားတဲ့ အရာတစ်ခုသာ ဖြစ်တယ်။ အဲဒီ နယူးရီးယားဆိုတာ ကို ကမ္ဘာမြေကြီးရော နေမင်းကြီးကပါ အသိမှတ် ပြုမထားဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ နယူးရီးယားနေ့မို့လို့ နေမင်းက ပိုပူလိုက်မယ် ဆိုတာလဲ မရှိသလို၊ နေလျှော့ပူလိုက်မယ် ဆိုတာလဲ မရှိပါဘူး။

ဒါပေမယ့် ဒီနှစ်တော့ နယူးရီးယားကို ကျေးဇူးတင် ပါတယ်။ နယူးရီးယားကို နေမင်းကြီးက အသိမှတ် မပြုချင်နေပါစေ ကျွန်တော် အသိမှတ် ပြုလိုက်ပါပြီ။

အဲဒီအတွက် ပြက္ခဒိန်ကို တီထွင်ခဲ့တဲ့ Gregorian ကိုပဲ ကျေးဇူးတင်ရမလား။ နယူးရီးယားမှာ ပျော်ပွဲရွင်ပွဲ လုပ်တတ်တဲ့ လူတွေကိုပဲ ကျေးဇူးတင်ရမလား။ ကျွန်တော် ကိုယ်တိုင် မသိတော့ပါဘူး။

ဘာပဲ ဖြစ်ဖြစ် အဲဒီနေ့က အဓိပ္ပယ်ရှိပါတယ်

Read More...