Art is My Life: ဒသန
Showing posts with label ဒသန. Show all posts
Showing posts with label ဒသန. Show all posts

Wednesday, July 29, 2009

မြွေပွေးသားပေါက် ၃

ခြောက်လက္မသာရှည်တဲ့ လျှာတစ်ချောင်းက ခြောက်ပေရှည်တဲ့ လူတစ်ယောက်ရဲ့ အသက်ကို သေစေနိုင်တယ်။ (ဂျပန်စကားပုံ)

အဲဒီလျှာတစ်ချောင်းကြောင့် နားလည်မှုတွေလွှဲပြီး သူငယ်ချင်းတွေ ဆုံးရှုံးသွားခဲ့ရဖူးတယ်။ တစ်ခါတစ်လေတော့လဲ အဲဒီလျှာကို ဖြတ်ပစ်ချင်လောက်အောင် ကိုယ့်စကားကိုယ် နောင်တရခဲ့ဖူးတယ်။ တစ်ခါတစ်လေမှာ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် လူတွေ ပျော်ရွှင်သွားခဲ့တာ တွေ့ဖူးပါတယ်။ ဒါပေမယ့် စကားကြောင့် ကောင်းကြိုးရလဒ်တွေရတဲ့အခါမှာ လျှာကြောင့်လို့ မတွေးမိပဲ စကားကြောင့် အမှားတွေရတဲ့အခါကျမှ ဘာဖြစ်လို့ လူတွေက လျှာကို အပြစ်ပုံချချင်ရတာလဲ။

အင်းလေ လျှာဆိုတာ ကားမဟုတ်တော့လည်း စိတ်ရဲ့ အနှိပ်အမြှင့် အတက်အကျတွေမှာ ဘယ်လိုလုပ်ပြီး ဘရိတ်အုပ်နိုင်မှာလဲ။

Read More...

Monday, July 27, 2009

မြွေပွေးသားပေါက် ၂

အချစ်ဆိုတာ လက်ကိုင်ဖုန်း တစ်လုံးလိုပဲ။ မရှိမဖြစ်လားတော့ မဟုတ်ပြန်ဘူး။ ရှိရင်တော့ကောင်းတယ် အသုံးတည့်တယ်။ ဒါပေမယ့် တစ်ခါလေမှာ လက်ကိုင်ဖုန်းဆိုတာ အသုံးတဲ့တာနဲ့ မတန်အောင် တဂျီဂျီနဲ့ နားငြီးစရာကောင်းတယ်။ ဒါပေမယ့် လူတစ်ချို့က လက်ကိုင်ဖုန်းဆိုတာ မရှိမဖြစ်လိုအပ်တဲ့အရာလို့ မြင်နေကြပြန်တယ်။

(စိုးဇေယျထွန်း)

Read More...

မြွေပွေးသားပေါက် ၁

သံယောဇဉ်ဆိုတာ သန်းဥတွေလိုပဲ၊ ပွားတာမြန်တယ်။ အချစ်ဆိုတာတော့ သန်းပေါ့၊ လူကို ယားယံစေတယ်။
သံယောဇဉ်ဆိုတဲ့ သန်းဥကနေ အချစ်ဆိုတဲ့ သန်းကောင်တွေ ပေါက်တယ်။ အချစ်ဆိုတဲ့ သန်းကောင်တွေက သံယောဇဉ်ဆိုတဲ့ ဥတွေကို ထပ်ထပ်ပြီးဥချတယ်။ ဥလိုက် ပေါက်လိုက် ယားလိုက် ကုတ်လိုက်၊ အဲဒီလိုနဲ့ လုံးချာပတ်ချာလိုက်ပြီး လူကို ဘေးဥပါဒ် ဖြစ်စေတယ်။

(စိုးဇေယျထွန်း)

Read More...

Friday, April 04, 2008

တွေ့ဆုံခွင့် ........




Read More...

Tuesday, July 03, 2007

တောင်တက်သမား၏ အောင်မြင်မှု

လူတစ်ယောက်ရဲ့ ဘ၀မှာ ကိုယ့်ရည်မှန်းချက်ရဲ့ အမြင့်ဆုံး နေရာကို ရောက်သွားပြီ ဆိုရင် အောင်မြင် သွားပြီလို့ ထင်ထား တတ်ကြသည်။ အပေါ်ယံ ကြည့်မည် ဆိုလျှင်တော့ ဟုတ်ပါသည်။ သို့သော် ရည်မှန်းချက်ရဲ့ အမြင့်ဆုံး နေရာကား အောင်မြင်မှု၏ ခရီးတစ်ဝက်မျှသာ . . . . .

ကျွန်တော်တို့ ဇာတိမြို့လေး၏ အနောက်ဘက် ခြောက်မိုင်ခန့်ရှိ တောင်တစ်လုံး ပေါ်တွင် ရှေးဟောင်း လိုဏ်ဂူကြီးကို ဒေသခံရွာသားများ တူးဖော် နေကြောင်း သတင်းရ၍ သတင်း သမားပီပီ သွားရောက် စပ်စု ကြည့်သည်။ တောင်ခြေ ရောက်အောင် သွားရသည့် ခရီးကား ဖုံထူကာ ကြမ်းတမ်းလှသည်။ တောင်ခြေ ရောက်တော့မှ သာသနာ့ အလံများ လွှင့်ထူထားသည်ကို တွေ့ရသည်။တောင်၏ မြေက ကျောက်တောင်ဟု ပြောလျှင် ကျောက်ချည်း မဟုတ် ကျောက်များနှင့် ကျောက်ဖြစ်ရန် သက်တမ်း နုသေးသည်ဟု ယူဆရသော သက်နုကျောက်မြေများ ရောယှက်နေသည့် တောင် တစ်လုံးမျှသာ ဖြစ်သည်။

ကျွန်တော်တို့သည် တောင်တက်လေ့ တက်ထရှိသည့် လူများ မဟုတ်သည့်အားလျှော်စွာ စတက်ပြီး ၁၅ မိနစ်ခန့် အကြာတွင် စတင်မောဟိုက် လာတော့သည်။ နားလိုက် တက်လိုက် တက်ခဲ့ကြရာ တစ်နာရီ ကျော်ကျော်မျှ ကြာသောအခါ ရှေးဟောင်း ကျောက်ဂူကြီး ရှိရာဆီသို့ ရောက်ခဲ့သည်။ ဂူကြီးများ အနီးတွင် ဥာဏ်တော် တစ်ပေခန့်ရှိ ထိုင်တော်မှု ဘုရားတစ်ဆူ၊ ညောင်ရေအိုး လေးငါးလုံးခန့်နှင့် ငှက်ပျောပွဲ တစ်ပွဲသာ တွေ့ရသည်။

ဂူမှာ နှစ်ဂူဖြစ်ပြီး တွေ့တွေ့ချင်းဂူ၏ အထက်နား ကျကျတွင် နောက်တစ်ဂူဖြစ်သည်။ တွေ့တွေ့ချင်း ဂူထဲ ၀င်ကြည့်သောအခါ မှောင်မဲနေပြီး ဘာမျှမမြင်ရပေ။ အစပိုင်းတွင် တုတ်နှင့်စမ်းပြီး သွားကြည့် သေးသော်လည်း မှောင်မှောင် မဲမဲ ဂူကြီးထဲတွင် စမ်းတ၀ါးဝါး လျှက်သွား နေခြင်းသည် အကျိုး ထူးနိုင်ဖွယ် မရှိသောကြောင့် ပြန်ခဲ့ရသည်။

နောက်တစ်ရက်မှ ဂူတွင်းဝင်ကြည့်ရန် ဓာတ်မီးတစ်လက် မီးခြစ် ဖရောင်းတိုင်များနှင့် ကျွန်တော်တို့ အုပ်စု ထပ်တက်ကြပြန်သည်။ ယခုတစ်ခေါက်တွင် မနေ့က အရှိန်ကြောင့် ကြွက်သားများ နာကျင်သလိုဖြစ်နေသည်။ ထို့ကြောင့် ပထနေ့ကလောက် ခရီးမတွင်။ တစ်နာရီခွဲခန့် အကြာတက်ပြီးနောက် ကျောက်ဂူကြီးများဆီသို့ ရောက်ခဲ့ပြန်သည်။

ပထမဂူတွင် ဆယ်ပေကျော် ခန့်သာရှိပြီး အဆုံးတွင် တူးလက်စ ပေါက်ပြားနှင့် ကိရိယာပစ္စည်း တစ်ချို့သာ တွေ့ရသည်။ ထို့နောက် ဒုတိယ ဂူကို ကျွန်တော်တို့ အုပ်စု ဆက်လက် ၀င်ကြည့် ကြပြန်သည် ။ ဒုတိယဂူသည် ပထမဂူလို လမ်းလျှောက်ဝင်၍ မရ။ ၀မ်းလျား မောက်ဝင်ပြီး တွားသွားကာ ခပ်ပြေပြေလေး တက်သွား ရသည်။ အနည်းငယ် တက်ပြီးနောက် အတွင်ဘက်တွင် ပြန်ကျယ်သွားပြီး လမ်းလျှေက်၍ ရသည်။ ထိုမှတစ်ဆင့် ဆက်လက် တက်သွားရာ ၀မ်းလျားထိုးမှောက် အနေထားအတိုင်း ကျဉ်းမြောင်း သွားပြန်သည်။ ထိုအနေအထား အတိုင်းဝင်ခဲ့ပြီး များမကြာမှီတွင် ဂူဆုံး သွားတော့သည်။ ကျွန်တော် တို့မျှောင်လင့် ထားသည်က ဂူထဲတွင် ထူးထူး ဆန်းဆန်း တစ်စုံ တစ်ရာ တွေ့ရမည်ဟု ထင်ကြသည်။ အတွင်းပိုင်း နေရာတွင် လင်နို့များမှလွဲ၍ ဘာမျှမရှိပေ။ ဂူအပြင်ကို ပြန်ရောက်တော့ ပတ်ဝန်းကျင်ကို လေ့လာ ကြည့်မိသည်။ ဂူသည် တောင်၏ ထိပ်ပိုင်းနား တွင်ရှိပြီး တောင်ထိပ်သို့ ရောက်ရန် သိပ်မလို တော့ပေ။

ထို့ကြောင့် ဒီအတိုင်း ပြန်ဆင်းရမည့် အတူ တောင်ထိပ်ကို ရောက်ဖူးသည် ရှိအောင် ဆက်လက် တက်ကြည့် ကြသည်။ ဂူအထိတက်စဉ်က လမ်းကလေး ဖောက်ထား သော်လည်း ဂူမှဆက်တက်ရန် လမ်းဖောက် ထားခြင်းမရှိပေ။ ဂူမှကြည့်စဉ်က တောင်ထိပ် ရောက်ရန် သိပ်မလိုတော့ဟု ထင်ထား ရသော်လည်း အနည်းငယ် ဆက်တက် လိုက်တော့မှ တောင်က ထင်ထားသည်ထက် ပိုမြင့်နေသည်။ အချို့နေရာ တွေမှာ မတ်စောက်သည်။ အချို့နေရာများသည် ဆင်ခြေလျှောလေး ဖြစ်နေသော်လည်း တွယ်ကုတ်စရာ အပင်မရှိပဲ ခဲလေး ဖုလေး တွေကိုသာ အားပြုပြီး တွယ်တက်ရသည်။ တခါတရံတွင် အမှီပြု ကိုင်ထားသော ခဲလုံးက ကျွတ်ထွက်ခဲ့တာမျိုး၊ မိမိကျားကန်ထားသော ခဲလုံးများ ချော်ထွက် သွားတာ မျိုးရှိသည်။ ထိုဆင်ခြေလျှော နေရာလေးကို ကျော်ပြီးနောက် ကိုးဆယ်ဒီဂရီနီးပါး မှတ်စောက်လှသော တောင်နံရံကြီးကို ပေသုံးဆယ်ကျော်ခန့် တွယ်တက်ပြီးသောအခါ တောင်ထိပ်ပိုင်း အနီးကို ရောက်ခဲ့သည်။ိုနေရာကနေ တောင်ထိပ်ရောက်အောင် သွားရာတွင် သိပ်မခက်ခဲလှတော့ပေ။

နောက်ဆုံးတွင် တောင်ထိပ်ကို ရောက်ခဲ့ကြသည်။ ကျွန်တော်တို့ ပျော်လို့မဆုံးပါ။ ကိုယ့်ကိုကိုယ် တကယ့်ကမ္ဘာကျော် တောင်တက် သမားကြီးတွေလို အမှတ်တရ ပစ္စည်းတွေ မြုတ်ကြသည် အမှတ်တရ ခဲလုံးလေးတွေ ကောက်ကြသည်။ ကျွန်တော်တို့ ထင်လိုက်ကြတာက ဒီတောင်ကြီးရဲ့ အမြင့်ဆုံးနေရာကို ရောက်ခဲ့ပြီ ဒါကြောင့် ကျွန်တော်တို့ အောင်မြင်သွားပြီလို့လေ။ ဒါပေမယ့် ဒီလ တွေးထားခဲ့တာ မှားပြီဆိုတာကိုတော့ ပြန်ဆင်းဖို့ရာ ခရီးစလိုက်တော့မှ သိလိုက်ရပါတော့သည်။

တောင်အဆင်းကလည်း တောင်တက်ခဲ့စဉ်ကအတိုင်း ခက်ခဲနေမည် ဆိုတာ အရင်က မစဉ်းစားမိခဲ့ပါ။ တောင်တက်စဉ်ကလိုပဲ ခဲလုံးများကို သတိကိုင်တွယ်ဆင်းရသည်။ အခက်ခဲများ အားလုံးသည် တောင်တက်စဉ်ကလိုပင်ဖြစ်သည်။

တကယ်တော့ လက်တွေ့ဘ၀၏ အောင်မြင်များသည်လည်း တောင်တက်သမားများ၏ အောင်မြင်လိုသာဖြစ်ကြသည်။ မိမိရလိုရာ အောင်မြင်မှုတစ်ခုကို တောင်တစ်လုံးပေါ်တက်သကဲ့သို့ ကြိုးစားခဲ့ကြရသည်။ အခက်ခဲတွေကျော်ဖြတ်ပြီး ပန်းတိုင်ရောက်သည့်အခါတွင် ငါတက်နိုင်ခဲ့ပြီ ငါကြိုးစားနိုင်ခဲ့ပြီ ပြီးတော့ ငါဆိုသော ဂုဏ်ဖော်စိတ်များနှင့် ကြည်နူးကြေနပ်လေ့ ရှိကြတော့သည်။

ဘ၀ဆိုသည်မှာ အနိမ့်ရှိသလို အမြင့်လည်းရှိသည်။ အောင်မြင်မှုရှိသလို ဆုံးရှုံးမှုလည်းရှိသည်။ဘ၀၏ အမြင့်ဆုံးနေရာသည် ခရီးဆုံး မဟုတ်သေးပေ။ အမြင့်ဆုံးနေရာကို ရောက်သူတိုင်းသည် သရဖူကို ဆက်လက်ထိမ်းဖို့နှင့် ကိုယ့်ဘ၀ ဌာနေပြန်ကြ ရသည့်အခါ အကောင်းဆုံးဖြစ်ဖို့ ခရီးဆက်ကြရဦးမည်။

တောင်ထိပ်သည် တောင်တက်ခရီး အောင်မြင်ဖို့ရာအတွက် လမ်းတစ်ဝက်မျှသာဖြစ်သည်။ ထို့အတူ ဘ၀ရည်မှန်းချက်ရဲ့ အမြင့်ဆုံးသရဖူသည် ပြီးပြည့်စုံသော အေင်မြင်မှု၏ ခရီးတစ်ဝက်မျှသာဖြစ်သည်။

Flower News ဂျာနယ် အတွဲနှစ် အမှတ် တစ်တွင် ဖော်ပြခဲ့ဖူးပြီးဖြစ်ပါသည်။

Read More...

Thursday, May 31, 2007

အရူးတစ်ယောက်နှင့် စကားပြောခြင်း

ကောင်းခြင်းနှင့်ဆိုးခြင်း


လူကောင်း။ ။ အရူးဆိုတဲ့ ဝေါဟာရကို ခင်ဗျားအနေနဲ့ ဘယ်လိုအဓိပ္ပယ်ဖွင့် မလဲ

အရူး။ ။ အရူးဆိုတာ ၀မ်းတွင်းစိတ်ရင်းကို ဟန်ဆောင်မှုကင်းသူ လို့အဓိပ္ပယ်ရတယ်။ များများရူးလေ များများ ဟန်ဆောင်မူ ကင်းလေပဲပေါ့။
လူကောင်းဆိုတဲ့ သတ္တ၀ါတွေက တစ်ယောက်ကို မကြေနပ်လို့ သတ်ချင်နေသည့်တိုင် အကျိုးတစ်စုံတစ်ရာကို မျှော်ကိုပြီး ဟန်ဆောင်ပြုံးပြနေကြတယ်။ အရူးမှာ အဲဒါတွေမရှိဘူး မင့်ကို မကြေနပ်ရင် ပြုံးမပြဘူး ဆဲမယ်။ စိတ်ထဲမှာ သတ်ချင်စိတ်ပေါ်လာရင် သတ်မယ်။ စိတ်ရင်းအမှန် တရားကို ဖွင့်ထုတ်ဖို့အတွက် ဘာကိုမှ ဂရုစိုက်နေမှာ မဟုတ်ဘူး။
သူများမလုပ်နိုင်တာတွေကို လုပ်ပြရင် တက္ကသိုလ်တွေ အဖွဲ့စည်းတွေက ဂုဏ်ထူးတွေ ၀ိသေသတွေ ပေးသလို အရူးဆိုတာလဲ သာမာန်လူတွေ မလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်နိုင်လို့ အရူးဆိုတဲ့ ၀ိသေသထူးကို ရထားတာ။

ကောင်း။ ။ သာမန်လူတွေ မလုပ်နိုင်တာကို လုပ်နိုင်တယ် ဆိုတာ ဘာတွေများလုပ်နိုင်လို့လဲ
ရူး။ ။ ဒါဆိုရင် မင်းမကြေနပ်တဲ့ လူတစ်ယောက်ကို တွေ့တဲ့နေရာမှာ မင်းစိတ်ရှိလက်ရှိ အော်ဆဲရဲလား
ကောင်း ။ ။ ဆဲရင်ပြသနာတက်သွားမှာပေါ့
ရူး ။ ။ မင်းမလုပ်နိုင်ဘူး မဟုတ်လား။ အေးမင်းမလုပ်နိုင်သလို လူတိုင်းလဲ မလုပ်နိုင်ဘူး ။ ဒါပေမယ့် အရူးတွေက အဲဒီအလုပ်ကို ကောင်းကောင်းလုပ်နိုင်တယ်

ကောင်း။ ။ အဲဒါကောင်းတဲ့ အလုပ်မှ မဟုတ်ပဲ
ရူး။ ။ ကောင်းတဲ့ အလုပ်ဆိုတာဘာလဲ ငါ့ကိုပြောပါဦး။ လူပုံအလယ်မှာ နှစ်ယောက်တွေ့တာကို ဟန်ဆောင်ပြုံးနေပြီး ကွယ်ရာရောက်မှ ဆဲတာ လူတစ်ယောက်ရဲ့ အရည်ချင်းကို ထုတ်ဖော် မချည်းကျူးရဲဘဲ သေမှ အုတ်ဂူမှာ စာသွားရေးတာ အဲဒါကောင်းတဲ့ အလုပ်လား။
ကောင်း။ ။ မဆိုင်တာပဲဗျ
ရူး။ ။ ဒီမှာ ကောင်းခြင်းမကောင်းခြင်း ဆိုတာ လူတွေက သတ်မှတ်ထားတဲ့ ဥပဒေသတွေပါကွာ။ မင်းတို့လူကောင်းတွေရဲ့ ဥပဒေသမှာ စာအုပ်တွေ ဖတ်တာကောင်းတယ်လို့ ပြောမယ် အရက်သောက်တာ မကောင်းဘူးလို့ပြောမယ်။ ငါပြောတာ ဟုတ်သလား။
ကောင်း။ ။ ဟုတ်တယ်လေ အဲဒါအမှန်တရားပဲကိုး
ရူး။ ။ ဒါပေမယ့် ငါ့အမြင်မှာတော့ အရက်သောက်တာကောင်းတယ် စာဖတ်တာ မကောင်ဘူးကွ
ကောင်း။ ။ ဘာဖြစ်လို့လဲ
ရူး။ ။ အရက်သောက်တယ်ဆိုတာ ပင်ပန်းနွမ်းနယ်မှုကို ပြေပျေက်စေတယ် ဘ၀အမောကိုပြေစေတယ် စိတ်ကို နုပျိုလန်းဆန်း စေတယ်။ စာဖတ်တယ်ဆိုတာ စွဲတယ် မျက်စိပျက်တယ်။
ကောင်း။ ။ စာဖတ်တယ်ဆိုတာ ဗဟုသုတရတယ် အကြံကောင်း အညာဏ်ကောင်းရတယ် အရက်သောက်တယ် ဆိုတာ ဘ၀ပျက်ဖို့ ပဲရှိတယ်
ရူး။ ။ အဲဒါမင်းတို့ စာအုပ်ထဲမှာ ရေးထားတာ မဟုတ်လား။ အရက်ဆိုင်မှာပြောတဲ့ စကားတွေလဲ လာနားထောင်ကြည့် ဗဟုသုတ ဆိုတာလဲစုံမှစုံ မင်းတို့ စာအုပ်ထဲမှာ ဆင်ဆာမလွတ်တာတွေ တောင်ပါသေးတယ်။ ငါပြောမယ် ရောဂါစွဲပြီး ဘ၀ပျက်တယ်ဆိုတာ တနေကုန်တနေခန်း ဘာမှမလုပ်ပဲ အရက်ကြီးပဲ သောက်နေလို့ဖြစ်တာ။ မင်းတို့ စာအုပ်ကိုလဲ တနေကုန်တနေခန်း ဘာမှမလုပ်ပဲ ထိုင်ဖတ်နေပါလား။ ရက်လတွေ ကြာလာရင် ရောဂါစွဲပြီး ဘ၀ပျက်မှာ အသေအချာပဲ ဘာများပိုထူးလို့လဲကွ။
ဒါကြောင့် ဘယ်အရာမှာ မဆို ဆိုးခြင်းဆိုတာလဲ မရှိသလို ကောင်းခြင်းဆိုတာလဲ မရှိဘူး။ အင့်ဘက်က ကြည့်ရင် တစ်ဖြစ်နေပေမယ့် ငါဘက်ကကြည့်ရင် င လို့တော့ ပြောပိုင်ခွင့်ရှိတယ်။ တကယ်တော့ အဲဒါငလဲ မဟုတ်ဘူး တစ်လဲမဟုတ်ဘူး လူတွေရေးထားတဲ့ မျဉ်းကွေးလေး တစ်ခုပဲ မှတ်ရလွယ်အောင်လို့ နာမည်လေး ပေးထားခြင်းမျှသာ ဖြစ်တယ်။
အဲလိုပဲ လောကကြီးမှာ ကောင်းခြင်းဆိုတာလဲ မရှိဘူး ဆိုးခြင်းဆိုတာလဲ မရှိဘူး။ ဖြစ်တည်မှု သဘောတရားပဲ ရှိတယ်။ အဲဒီ ဖြစ်တည် မှုသဘောတရားကို လူတွေလက်ခံတဲ့ အခါမှာ ကောင်းတယ်လို့ပြောတယ်။ လက်မခံနိုင်တဲ့ အခါမှာ ဆိုးတယ်လို့ပြောတယ်။
စာပေသမားကတော့ သူတို့ စာအုပ်တွေရဲ့ ဖြစ်တည်မှု ရှင်သန်အောင်ကောင်းတယ်လို့ ပြောသလို အရက်ရောင်းတဲ့ လူတွေက သူတို့အရက်တွေ ဖြစ်တည်မှု ရှင်သန်အောင် ကောင်းတယ်လို့ပြောမှာပဲ။
လောကမှာ ဖြစ်နေတဲ့ ကောင်းခြင်းနဲ့ ဆိုးခြင်းဆိုတာက ဖြစ်တည်မှုသဘော တရားတစ်ခုကို အဲဒီပတ်ဝန်းကျင်မှာ ထောက်ခံတဲ့လူများရင် ကောင်းတာပဲ။ ထောက်ခံတဲ့ သူနည်းတဲ့ ပတ်ဝန်းကျင်ကို အဲဒီဖြစ်တည်မှု ရောက်သွားရင် ဆိုးတယ်လို့ ပြောကြမှာပဲလေ

Read More...

Monday, April 16, 2007

ကမ္ဘာမြေကမေးသော မေးခွန်းသုံးခု

ကမ္ဘာမြေသည် လူသာများ အပေါ် ချစ်ခြင်းလဲမှရှိ မုန်းချင်းလဲ မရှိ သလို မြတ်နိုးခြင်းလဲမရှိပါ။ ဖာသိဖာသာ နေလေ့ရှိသည်။ ကမ္ဘာမြေသည် လူသားတို့ အပေါ်ကို ဆုံးမခြင်း ဆုချခြင်း ဒါဏ်ခတ်ခြင်း အလျှင်းမရှိပါ။
ကမ္ဘာမြေသည် ရွှေဥဥပေးတဲ့ ငန်းတစ်ကောင်နဲ့ တူပါ၏။ သူ့ကိုဒါဏ်ရာတွေ ရအောင်လုပ်ထားရင်တော့ ဥဥပေးနိုင်မည် မဟုတ်ပါ။ ကောင်းကောင်း ပြုစုလျှင်လူသား တို့အတွက် ဥများစွာကို ဥပေးပါသည်။ တခါတည်း အပြီးသတ်စား ချင်ရင်လဲရပါသည်။ သို့သော် နောက်ထပ် ရွှေဥပေးနိုင်တော့ မည်မဟုတ်ပါ။
လူသားတို့သည် ကမ္ဘာမြေပေါ်ကို ဖက်တွယ်ကြ၏။ ကမ္ဘာကြီးပေါတွင် အသက်ရှင် နေထိုင်ကြသည်။ သေဆုံးသွားကြသည်။
ကမ္ဘမြေကြီးသည် လူသားတို့ကို ဂရုမစိုက်ပါ။ သို့ရာတွင် ကမ္ဘာမြေကြီးသည် သူထံတွင် ခေတ္တတည်းခိုရန် လာရောက်သူများကို မေးခွန်း သုံးခုမေးလေ့ရှိသည်။
ယင်းမေးခွန်းသုံးခုထဲမှ
ပထမမေးခွန်း အတွက် အဖြေကို ရွေးချယ်ခွင့်မရှိကြပါ။
ဒုတိယမေးခွန်း၏ ဖြေကို လူသားတို့ မသိကြပါ။
တတိယ မေးခွန်း၏ အဖြေကိုကား လူသားတို့ စိတ်တိုင်ကျ ရွှေးချယ် ဖြေဆိုခွင့်ရှိပါသည်

မေးခွန်းနံပါတ်တစ် ဘယ်တုန်းကရောက်သလဲ
မေးခွန်းနံပါတ်နှစ် ဘယ်တော့ပြန်မလဲ
မေးခွန်းနံပါတ်သုံး ဘာအတွက် လာတာလဲ




Read More...

ဆန္ဒ

ငါငိုတယ် မျက်ရည်မကျဘူး
ငါအော်တယ် အသံမထွက်ဘူး
ငါခြစ်တယ် အရာထင်ဘူး
ငါတီးတယ် အသံမမြည်ဘူး
ငါပြေးတယ် နေရာမရွေ့ဘူး
ငါစားတယ် အာသာမပြေဘူး
ငါအိပ်တယ် အိမ်မက်မမက်ဘူး
ငါလမ်းလျှေက်တယ် ခြေရာမထင်ဘူး

ငါငိုလို့သာ မျက်ရည်ကျရင် ကမ္ဘာမြေဟာ စင်္ကြာဝလာ အောက်မှာ ရေနှစ်သွားလိမ့်မယ်
ငါအော်လို့သာ အသံထွက်ရင် သိကြားမင်း ထွက်ပြေးသွား လိမ့်မယ်
ငါခြစ်လို့သာ အရာထင်ရင် ပင်လယ်ပြင်မှာ အရူးတစ်ယောက်ရဲ့ နာမည်ကိုရေးထား ချင်တယ်
ငါတီးလို့သာ အသံထွက်ရင် ကမ္ဘာမြေကို မိုးကြိုးဆိုတာ ပစ်ဖို့ မလိုအပ်တော့ဘူး
ငါပြေးလို့သာနေရာရွှေ့ရင် လူသားတွေ ဒုံးပြန်ကို မြန်သည်ထက် မြန်အောင် ကြိုးစာဖို့ မလိုတော့ဘူး
ဝိညာဉ် တစ်ကောင်စားတဲ့ ထမင်းက ဘယ်တော့မှ ၀မှာဟုတ်သလို သေဆုံး နေသူ တစ်ယောက် ရဲ့ ဘ၀ထဲကို ဘယ်အိမ်မက် မှ လာချင်ကြမှာ မဟုတ်ပါဘူး
ငါဟာ သေနေတဲ့ ၀ိညာဉ်တစ်ကောင်လေ ဘယ်လိုလုပ် ခြေရာကျန်မှာလဲ

Read More...

ငါ့ကို လိမ်လိုက်ပါ

လောကသည်
တရံတခါတွင် ဟန်ဆောင်လိမ် ညာလေ့ရှိသည်
ပြုံးထားသော လှပသည့် အရေပြား၏ နောက်ကွယ်တွင် လိမ်ညာမူများရှိသည်
သရဲတကောာင်၏ ခြောက်လှန့် မှု၏နောက်ကွယ်တွင် လိမ်ညာမူများရှိသည်
အိမ်မက်၏ နောက်ကွယ် တွင်လိမ်ညာမူများရှိသည်
ချစ်ခြင်း၏ နောက်ကွယ်တွင် လိမ်ညာမူများရှိသည်
မုန်းခြင်း၏ နောက်ကွယ်တွင် လိမ်ညာမူများရှိသည်
အရာခပ်သိမ်းသော အကြောင်းရာများ ၏နောက်ကွယ်တွင်လိမ်ညာမူများရှိသည်

မိတ်ဆွေ သင်ငါ့ကို လိမ်လိုက်ပါ
င့ါမှာရှိတာ တွေကုန်သွားပါစေ
ငါသေသွားပါစေ
လိမ်လိုက်ပါမိတ်ဆွေ

တစ်ခုတော့ ကြိုတောင်းပန်ချင်ပါတယ်
သင် လိမ်လိမ့်မယ်
လိမ်နေတယ်
လိမ်သွားတယ်
ဆိုတာကို မသိအောင်တော့ လိမ်ပေးပါ
ငါ့ မသေခင် သင်လိမ်တယ် ဆိုတာ မသိပါရစေနဲ့

ငါစိတ်ချမ်းသာသွားပါရစေ

Read More...

Sunday, April 08, 2007

ကျွန်တော်နှင့် သိပ္ပံနည်းကျ ချစ်ခြင်း၏နိယာမများ

အရာဝထ္တုတစ်ခုပေါ်ကို အား တစ်စုံတရာ သက်ရောက်ခြင်းခံရပါက အားသက်ရောက်ခြင်း ခံရသော အရာဝထ္တုသည် တူညီသော အား တစ်ခုကို တန်ပြန်တယ်လို့ နယူတန်ရဲ့ နိယာမက ဆိုပါတယ်။
နှလုံးဆိုသော အရာဝထ္တုတစ်ခုပေါ်ကို အချစ်ဆိုသော အားတစ်ခု သက်ရောက်ခြင်းခံရပါက အား သက်ရောက် ခြင်းခံရသော နှလုံးသားသည် သက်ရောက်သော အချစ်အင်အားနှင့်ညီမျှသည့် ခံစားချက်တစ်ခုကို တုန့်ပြန်သည်။ ယင်းခံစားချက် တွင် အချစ်ကြီးပဲတုန့်ပြန် တတ်သည်မဟုတ်ပဲ တစ်ခါတစ်ရံတွင် အမုန်းနှင့် နာကျဉ်ခြင်းများ လည်းပါဝင်တတ်သည်. . .

အရှိန်ပြင်းစွာ မောင်းနှင်းနေသော ကားတစ်စီးကို ရုတ်တရက် ရပ်လိုက်ပါက ကားပေါ်တွင် ပါလာသော ခရီးသည်များသည် ကားရပ်သကဲ့ သို့ရပ်တန့်မသွားပဲ အရှိန်ဖြင့်ရှေ့သို့ လဲကျသွားတတ်တယ်လို့ အင်နားရှား သီအိုရီကဆိုပါတယ်။
အရှိန်ပြင်းစွာ မောင်းနှင်လာသော အချစ်ဘတ်စ် ကားကြီး ရုတ်တရက် ရပ်တန့်လိုက်ပါက အချစ်ယာဉ်ပေါ်တွင် စီးနှင်း လိုက်ပါ လာသော နှလုံးသား ခရီးသည်များသည် အလိုက်သင့်ရပ် တန့်သွားခြင်းမရှိပဲ အင်နားရှား သီအိုရီအရ အရှေ့သို့ ဟတ်ထိုး လဲကျသွား တတ်ကြသည်။
အချစ်ယာဉ်သည် တဖြည်းဖြည်းချင်း အရှိန်လျှော့ကာ ရပ်တပ်သွားခြင်းဖြစ်ပါက နှလုံးသား ခရီးသည်များ ဟတ်ထိုးလဲကျမူ သက်သာသော်လည်း အရှိန်ပြင်းမှာ ရုတ်တရက် ရပ်တပ်သွာ ခြင်းဖြစ်ပါက ပိုမို အထိနာတတ်ကြသည် . . .

ရေဇလုံတစ်ခု အတွင်းသို့ အရာဝထ္တုတစ်ခု ထည့်လိုက်ပါ ယင်းအရာဝထ္တု နှင့်တူညီသော ပမာဏရှိသည့် ရေများသည် ပြင်ပသို့ ဖိတ်ကျသွား တယ်လို့ အာခီမီဒီး ရဲ့ နိယာမက ဆိုပါတယ်။
ဘ၀ဆိုသော ရေဇလုံကြီးထဲသို့ အချစ်ဆိုသော အရာဝထ္တုတစ်ခု ကိုထည့်လိုက်ပါက ထည့်လိုက်သည့် အချစ်ပမာဏနှင့် ညီမျှသော ဘ၀အစိတ်ပိုင်းများသည် ပြင်ပသို့ ဖိတ်စင်သွား တတ်ကြသည်။
ပြင်ပသို့ ဖိတ်စင်သွားသော ဘ၀အစိတ်ပိုင်းများသည် တစ်ခါတရံတွင် မပြောပလောက်သော်လဲ တစ်ခါတစ်ရံတွင် အနာဂတ်ဘ၀ကြီး တစ်ခုလုံးကို မဲမှောင်သွားစေသည် . . .

ရေကို နောက်ဆုံး အဆင့်အထိ ဓာတ်ခွဲကြည့်ပါက H2O ဆိုသော အက်တန်လေး သုံးခုသာ ကျန်ကြောင်း ဓာတုဗေဒ သီအိုရီများက ဆိုသည်။
နှလုံးသား တစ်ခုကို နောက်ဆုံး အဆင့်အထိ ဓာတ်ခွဲကြည့်လိုက်ပါက ရေကဲ့သို့ပင် အက်တန်လေး သုံးခုသာ ကျန်ရှိကြောင်းကို တွေ့ရသည်။ ယင်းအက်တန် သုံးခုမှာ ချစ်ခြင်း မုန်းခြင်း နှင့်ခံစား ခြင်းတို့ ဖြစ်ကြသည်။ ချစ်ခြင်းနှင့် မုန်းခြင်းသည် ဓာတ်သဘောတူ သောအက်တန် နှစ်လုံး ဖြစ်ပြီ H2 နှင့် တူညီသည်။ ခံစားခြင်းသည် သီးခြား အက်တန် ဖြစ်ပြီး O နှင့် တူညီသည်။
ချစ်ခြင်း နှင့် မုန်းခြင်း ဆိုသော အက်တန်လေး နှစ်လုံးသည် နှလုံးသား၏ တစ်ဘက်တစ်ချက် စီတွင် နေရာယူသည်။ ခံစား ခြင်းဆိုသော အက်တန်လေးသည် သီးခြားနေရာမရှိပဲ ချစ်ခြင်းနှင့် မုန်းခြင်း ပေါ်တွင်လည့်ပတ်သွားလာသည်။ ယင်းသိုလည့်ပတ်ရာတွင် ချစ်ခြင်း ဘက်အခြမ်း တွင်ရောက်နေပါက ချစ်သည်။ ချစ်ရင်း ချစ်ရင်း အချစ်တွေ ဂိတ်ဆုံး သွားပါက အမုန်းဘက် အခြမ်းသို့ ရောက်သွားတော့သည်။ အမုန်းဘက် အခြမ်းတွင် ရောက်ရှိနေပါကလည်း မုန်းသည်။ မုန်းရင်း မုန်းရင်း နှင့် အမုန်းတွေ ဂိတ်ဆုံးသွားပါက အချစ်ဘက် အခြမ်းသို့ ရောက်သွားပါတော့သည် . . .

Read More...