Art is My Life: သရော်
Showing posts with label သရော်. Show all posts
Showing posts with label သရော်. Show all posts

Monday, April 16, 2007

မြန်မာနှင့် နှစ်သစ်ကူး

မြန်မာတွေမှာ ပွဲလမ်းသဘင်ပေါများလှသည်။ ဆယ့်နှစ်လရာသီ ရှိရာတွင် ပွဲလမ်းများလဲ ၁၂ ခုတောင်ရှိလေသည်။ ယင်းအထဲမှ သီတင်းကျွတ် နှင့် သင်္ကြန်မှာ ထင်ရှားသည်။
ယုခုအခါ မြန်မာတွေ မှာ ၁၂ ပွဲမကတော့ပါ။ စုစုပေါင်း ၁၅ ပွဲလောက်ရှိမည် ထင်မိသည်။ မြန်မာလူမျိုး များသည် တော်တော် အသုံဝင်ပုံရသည်။ ဘာဖြစ်လို့လဲ ဆိုတော့ ခရစ်စမတ်ပွဲ တော်တွင်လဲ ပါရသည်။ ခရစ်နှစ်သစ်ကူးရင်လဲ Happy New Year လုပ်လိုက် ကြသေးသည်။ ရန်ကုန်မြို့ တရုပ်နှစ်သစ်ကူးမှာ ခြင်္သ့က တွေနဲ့ တုံချန်ချန် အသံကြားလို့ ထွက်ကြည့်လိုက်ရင် မြန်မာတွေဖြစ်သည်။ ဒါတောင် တချို့က အစ်ပွဲတို့ ဒေ၀ါပါလီပွဲ တို့ဝင်နွဲလိုက်သေးသည်။
မြန်မာတွေသည် ခရစ်နှစ်သစ်ကူးကို မြန်မာနှစ်သစ် ကူးထက်ပိုပြီး နှစ်သစ်တစ်ခု အဖြစ်သတ် မှတ်ချင်ပုံရသည်။ ဒီဇင်ဘာ ၃၁ ရက်ည ၁၂ နာရီဆိုတာ နဲ့ တမြို့လုံး ဆူနေအောင် နေရာအနံ့ကနေ Happy New Year Happy New Year Happy New Year နှင့် ကမ္ဘာပျက်မတတ် အော်ကြသည်။ မြန်မာနှစ်ဆန်း တရက်နေ့ အာရုဏ်တက်မှာတော့ မင်္ဂလာရှိသော နှစ်သစ်ပါလို့ ထအော်တဲ့လူ တစ်ခါမှ မတွေ့ဘူး။

အောင်မှာ ကြီးကြီးကျယ်ကျယ် လျှေက်ပြောလို့ မင်းကော ဘယ်နှစ်ခါ အော်ဘူးလို့လဲ
ကျွန်တော့လား အတူတူပဲလေ တစ်ခါမှ မအော်ဘူးဘူး

Read More...