Art is My Life: မေးခွန်း
Showing posts with label မေးခွန်း. Show all posts
Showing posts with label မေးခွန်း. Show all posts

Tuesday, March 03, 2009

ကျွန်တော်နှင့်သီချင်းများ



ကျွန်တော်ရှစ်တန်း ကျောင်းသားလောက်မှာ စပြီး စစ်တုယဉ်ကစားတယ်။ အဲဒီတုန်းက စနေတနင်္ဂနွေဆို မနက်ကနေ ညနေမိုးချုပ်တဲ့အထိ တနေကုန်ကစားတာပဲ။ ကျွန်တော်ရဲ့ ပြိုင်ဖက်ကတော့ ခေါင်းရင်းအိမ်က ကျွန်တော်နဲ့ ရွယ်တူ သူငယ်ချင်းပါ။ သူနိုင်လိုက် ကိုယ်နိုင်လိုက်နဲ့ လက်ရည်ညီတယ်လို့ ပြောလိုက်ရပါတယ်။ ကစားရင် ကျွန်တော်တို့ နားထောင်ဖြစ်တာက လေးဖြူရဲ့ ပါဝါ၊ အဲဒီခေတ်က ကက်စက်ခွေ နဲ့ ဖွင့်ရတာ။ ပြီးတော့ သူ့အိမ်မှာကလည်း သီချင်းခွေဆိုတော့ အဲဒီတစ်ခွေတည်းရှိတာ။ အဲဒါကြောင့် ကျွန်တော်တို့ ဘယ်နေ့ ဘယ်အချိန်ပဲ ကစား ကစား အမြဲတမ်း ပါဝါခွေကိုပဲ နားထောင်ဖြစ်တယ်။

ကျွန်တော်မြစ်ကြီးနားကို ရောက်တော့ လွယ်လင် ဆိုတဲ့ မြန်မာထမင်းဆိုင်တစ်ခုမှာ အမေနဲ့အတူ ထမင်းစားဖြစ်တယ်။ ကျွန်တော်တို့ ထမင်းစားနေတုန်းမှာ ထမင်းဆိုင်က သီချင်းတစ်ပုဒ်ဖွင့်ထားတယ်။ ထွန်းအိဒ္ဒြာဗိုလ်ရဲ့ “ခါလေးလုပ်ခါ လမ်းလျှောက်သွားရင် ကောင်လေးတွေကြည့်မယ်၊ မျက်လုံးလေးတစ်ဖက်ကို မိတ်ပြလိုက်ရင် တပုံကြီးပါလာမယ်” သီချင်းပါ။

ကျွန်တော်ပထဆုံး ရည်းစားထားဖြစ်တော့ ၂၀၀၆ ခုနှစ်။ အဲဒီတုန်းက ကျွန်တော်နဲ့ ကြိုက်နေတဲ့ ကောင်မလေးက ကျွန်တော်နဲ့ ဖုန်းပြောပြီဆိုရင် သူ့ဘက်ကနေ လေးဖြူရဲ့ ခဏလေးများ သီချင်းခွေကို ဖွင့်ထားတယ်။ သူနဲ့ဖုန်းပြောတိုင်းမှာ လေဖြူရဲ့ ခဏလေးများခွေထဲက သီချင်းတွေကို ကြားနေရတယ်။

“ဟောင်းနွမ်းတဲ့ ဒီပန်းချီကားလေး အရောင်တွေပြယ်လွင့်လို့ ဟိုအရင်က ဆေးစက်တို့ မှေးမိန်လို့…. ”
ရှစ်တန်းနှစ်တုန်းက ၁၉၉၈ ခုနှစ်၊ အခုဆိုရင် ၂၀၀၉ ထဲကိုရောက်လာပြီ။ ဘာလိုလိုနဲ့ ဆယ်နှစ် ကျော်ကျော်လောက်တောင် ကြာသွားခဲ့ပြီ။ ဒါပေမယ့် လေးဖြူရဲ့ ပါဝါ စီးရီးထဲက သီချင်းတစ်ပုဒ်ပုဒ်ကို ကြုံကြိုက်လို့ နားထောင်မိလိုက်ပြီ ဆိုရင် ကျွန်တော့်ရဲ့ ခံစားမှုတွေက ၂၀၀၈ ခုနှစ်က စစ်တုယဉ်ကစားနေတဲ့ ကစားဝိုင်းလေးဆီကို ပြန်ရောက်သွားတယ်။ အကြားအာရုံတွေက အတိတ်ဆီကို ပြန်ပြန်ရောက်သွားပြီး အရုံထဲက အနံ့အသက်တွေကလည်း အဲဒီအချိန် အဲဒီကာလ အဲဒီပတ်ဝန်းကျင်မှာ ရောက်ရှိနေသလိုပဲ။ အဲလိုပါပဲ ထွန်းအိန္ဒြာဗိုလ်ရဲ့ “ ခါးလေးလုပ်ခါ လမ်းလျှောက်သွားရင်” ဆိုတဲ့သီချင်းကို နားထောင်ဖြစ်ခဲ့တယ်ဆိုရင် ၁၉၉၉ ခုနှစ်လောက်က မြစ်ကြီးနားက လွယ်လင် ဆိုတဲ့ ထမင်းဆိုင်မှာ ထမင်းစားနေတဲ့ ခံစားမှုတွေကို ပြန်ရောက်သွားတယ်။ လေးဖြူရဲ့ “ မင့်ရဲ့ အနမ်းတရှိုက်နဲ့ ငါ့ရဲ့အနမ်းတစ်ရှိုက်နဲ့ ” ဆိုတဲ့ သီချင်းကိုနားထောင်ဖြစ်ရင် ကျွန်တော်ရဲ့ အတွေးစိတ်အာရုံတွေက အတိက မိန်းကလေးတစ်ယောက် ဆီကို ပြန်ရောက်သွားတယ်။

ကျွန်တော်အခု လိုဖြစ်ဖူးတာ ဒီတစ်ချင်းတွေတင်မဟုတ်ပါဘူး။ တခြားသီချင်းတွေလည်း အဲလိုပါပဲ။ ငါ့ဆယ့်တစ်လမ်းမှာ သူငယ်ချင်းတွေ တစ်ညလုံး သောက်စားသုံဖြုန်းပြီး မနက်မိုးလင်းတော့ စားစရာမရှိ သွားစရာကားခမရှိနဲ့ တနေကုန်အားလုံး အိပ်နေခဲ့ရတုန်းက အိုးဝေရဲ့ “သက်တံတစ်ခုလိုပဲ၊ နင်ဟာငါ့မျက်စိအရှေ့ကနေ ပျောက်ကွယ်” ဆိုတဲ့ သီချင်းကို တစ်နေကုန်ဖွင့်ထားခဲ့မိတယ်။ နောက်ပိုင်းဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အဲဒီသီချင်းလေကို ပြန်ဖွင့်ပြီး နားထောင်ဖြစ်ခဲ့တယ်ဆိုရင် စိတ်တွေက အဲဒီတုန်းက သူငယ်ချင်းတွေနဲ့ အတူတူ နေခဲ့ရတဲ့ အချိန်တွေကို ပြန်ရောက်သွားသလိုပဲ။

ဒါကြောင့် ကျွန်တော်တစ်ယောက်တည်း များအဲလိုဖြစ်တာလား၊ သူများတွေရော ဖြစ်တာလား။ ကျွန်တော်သိချင်ပါတယ်။ ဒါကြောင့် ကျွန်တော့်သူငယ်ချင်းတွေကို မေးကြည့်မိပါတယ်။ သူတို့တွေလည်း အဲလိုမျိုးခံစားရတယ်တဲ့။ ကဲ ခင်ဗျားတို့ရော အဲလိုမျိုးခံစားဖူးလား ….

Read More...

Tuesday, March 25, 2008

သင်ဆိုရင်ဘာလုပ်မလဲ.......

အချိန်ကား နံနက် ၁၁ နာရီခန့် .........

နွေဥတုဘက်ကို ကူးပြောင်းလာပြီ ဖြစ်သော ရန်ကုန်မြို့၏ နံနက် ၁၁ နာရီဆိုသော အချိန်သည် အလွန်တရာ ပူပြင်းလှသည်။ လမ်းပေါ်တွင် သွားလာသူကြသူများမှာ အပူဒါဏ် သက်သာစေရန်အတွက် တချို့က ထီးဆောင်းကြသည်။ ထီးပါမလာသူများက လက်ထဲရှိ ဖိုင်လေးများ စာအုပ်လေးများနှင့် မျက်နှာကိုကွယ်ရင်း လမ်းလျှောက် ကြသည်။

ိထိုအချိန်တွင် အသက်ခုနှစ်ဆယ်ကျော်ခန့် အရွယ်ရှိသော အဖွားအိုတစ်ယောက်သည် မဟာဗန္ဒုလ ပန်းခြံလမ်းဘက်မှ မြို့တော်ခန်းမ ရှိရာဘက်သို့ လမ်းဖြတ်ကူးရန် ပြင်ဆင်နေသည်။ သူ၏လက်တစ်ဘက်တွင် မြွေအရေခွန် အိပ်ကြီးတစ်လုံးကို တစ်ဘက်က ကိုင်ပြီး လက်တစ်ဘက်က ခြင်းတစ်ခြင်းကို ကိုင်ထားသည်။ ခဏလောက်ကြတော့ ထိုအဖွားအိုသည် မြွေအရေခွံအိတ်ကြီးနှင့် ခြင်းကိုဆွဲကာ လမ်းဖြတ်ကူးသွားသည်။ ထို့သို့လမ်းဖြတ်ကူးရင် တစ်နေရာအရောက် ရုတ်တရက်ခြေချော်ပြီး လှဲကျသွားသည်။


ထိုအခါတွင် အနီးပတ်ဝန်းကျင်ရှိ လူများက အဖွားကြီး၏ အဖြစ်ကိုကြည့်ပြီး ရယ်ကြသည်။ တချို့က မရယ်ကြသော်လည်း ပြုံးစိစိနှင့် ကြည့်ကြသည်။ အသက်ကလဲကြီးကြီး လက်ထဲမှာ အိတ်ကြီးတွေနဲ့လှဲကျသွားတော့ဆိုတော့၊ အဲဒီပုံကိုကြည့်ပြီး ရယ်မည်ဆိုလျှင်လည်း ရယ်စရာကောင်းနေ ပေလိမ့်မည်။

တချို့လူများကတော့ အဖွားကြီးကို ကြည့်ပြီး စိတ်မကောင်းဖြစ်သော အကြည့်ဖြင့်ကြည့်ကြသည်။ တစ်ချို့လူများသည် စိတ်မကောင်းသည့် အတွက် စုတ်ပင်သတ်ကြသည်။ ထိုအဖွားကြီးသည် အသက်ကလဲကြီး တစ်ယောက်တည်း အဖော်မပါပဲ လမ်းမအလယ်မှာ ချော်လှဲတာဆိုတော့ သနားမည်ဆိုလျှင် သနားစရာ ကောင်းနေပေလိမ့်မည်။

ယခု အဖြစ်အပျက်တွင် ရယ်သူလည်းရှိသလို စိတ်မကောင်းသူလည်းရှိသည်။ မိတ်ဆွေ အကယ်၍ ဤနေရာတွင်ရှိခဲ့လျှင် ထိုအဖြစ်ပျက်ကို ကြည့်ပြီး ရယ်နေမည်လော စိတ်မကောင်းဖြစ်နေမည်လော။ သင်ဘာလုပ်မည်နည်း ..........


* * * *

ထိုထဲမှာ လူငယ်လေးတစ်ယောက်ကတော့ လှဲကျနေသော အဖွားကြီးကို ပြေးထူးလိုက်ပြီး အိတ်နဲ့ခြင်းကို လက်ထဲကဆွဲ တစ်ဘက်က အဖွားကြီးကိုတွဲပြီး လမ်းတစ်ဘက်ရောက်သည် အထိ လိုက်ပို့ပေးလိုက်သည်။


Read More...

Saturday, April 21, 2007

ကျွန်တော်မေးချင်သော မေးခွန်းများ

မမြဲခြင်းနိယမ အရ အရာခပ် သိမ်းသော အရာအားလုံး သည် တည်မြဲခြင်း မရှိကြပါ။
သို့ရာတွင် ဘာကြောင့် မမြဲခြင်းဆိုတဲ့ နိယမကြီးက တည်မြဲနေရတာလဲ။

တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ဆိုတဲ့ စကားပုံ နေရာတိုင်းမှာ မှန်ပါ့မလား။

ထိုင်နေလို့ တော့ဘာမှ ဖြစ်မလာ ဘူးတဲ့။
အဲဒါမှန်ရဲ့လား။
ဘာမှန်တယ် ဟုတ်လား ဒါဆိုရင် ငါ ဘာမှ မလုပ်ပဲ ထိုင်ခဲ့တာ ဘာကြောင့်
ငမွဲဖြစ်သွားရတာလဲ။

ပင်လယ်ဒီရေတက်တာ လရဲ့ ဆွဲငင်အားကြောင့်လို့ ပြောကြတယ်။ လရဲ့ဆွဲအားက
ပင်လယ်ပြင်က ရေတွေကို ကြွတက်လာ ဆွဲနိုင်တယ် ဆိုရင် ဖန်ခွက်ထဲက ရေတွေကို
ဘာကြောင့် ကြွတက်လာအောင် မဆွဲတာလဲ။

လူများသည် မိမိကို ချစ်ခင်နှစ်သက် သာကို လိုလားကြသည်။ မှန်ပါသလား
မှန်တယ်ဆိုရင် အချို့သောလူများ သည် မိမိကို ချစ်ပါသည် လို့ပြောလာ
သောလူကို မုန်းကြသည်။ ဘာကြောင့်ပါလဲ။

Read More...