Art is My Life: ခရီးသွား
Showing posts with label ခရီးသွား. Show all posts
Showing posts with label ခရီးသွား. Show all posts

Thursday, October 30, 2008

ဘာရာဇီးဘော့လုံးအသင်းရဲ့ လေဘေးခရီးစဉ်





ရန်ကုန် ထွက်ခါစ


ဖျာပုံအရောက်




ဖျာပုံ အထက ၃


ရှမ်းကွင်းကြီးကျေးရွာ



ဖျာပုံကျောင်းအထွက်မှာ ကားတွန်း

ဖျာပုံ အထက ၃ ကျောင်းသားတွေကို ဘော့လုံး လက်ဆောင်ပေး


ကားဗွက်ကျွံနေတုန်း ဘောလုံးကစားပြ



ဆိုက္ကားစီးပြီး သဘောကျ


ကျိုက်လတ် ဘောလုံးကွင်းမှာ လက်တွေ့သရုပ်ပြ သင်တန်းပေး



လာအားပေးတဲ့ ပရိသတ်က ရန်ကုန်ထက်တောင် များသေးတယ်



တချိန်မှာတော့ ကမ္ဘာကျော်မယ်


ရှမ်းကွင်းကြီးရွာမှာ ဘော့လုံးလက်ဆောင်ပေး




နိဒါန်း


ရန်ကုန်ပုသိပ်လမ်းမကြီးပေါ်တွင် ဖြစ်သည်။ အရှေ့မှ လမ်းရှင်းမော်တော်ပီကယ်က ဦးဆောင်ပြီး အနောက်မှ လေအိတ်ဘတ်စကား တစ်စီးက လိုက်ပါလာသည်။ ကားရှေ့တွင် Brazil (AME) ဆိုသည့် စတေကာကို ကပ်ထားတာကို ကြည့်ခြင်းအားဖြင့် ထိုကားသည် ဘရာဇီး ဘော့လုံးသမားများကို တင်ဆောင်လာသော ကားဖြစ်ကြောင်း မြင်ရုံနဲ့ သိကြသည်။ ထို့ကြောင့် လမ်းဘေးဝဲယာမှ ဘောလုံးပရိတ်သတ်များက ကားကိုလက်ဝှေ့ရမ်းကာ နုတ်ဆက်ကြသည်။

ရန်ကုန်ဟိုတယ်က ထွက်လာခါစက ကားပေါ်တွင် ဘရာဇီးဘော့လုံး အသင်းသား အားလုံး ခရစ်ယန်ဘာသာတရားစာများကို ရွတ်ဆိုဆုတောင်းကြသည်။ မြို့အပြင်ရောက်သည့်အခါတွင် ခပ်မြူမြူး ဘရာဇီးသီချင်းတစ်ပုဒ်ကို ဖွင့်ပြီး အသင်းသားအားလုံး ခုန်ပေါက်မြူးတူးကြသည်။ တစ်ယောက်နှင့် တစ်ယောက်စနောက်ကြသည်။ မရောက်ဖူးသည့်နေရာ မရောက်ဖူးသည့် ဒေသ ရေမြေအသစ်တစ်ခုကို မြင်တွေ့ရခြင်း မြူးတူးပျော်ပါးကြခြင်း ဖြစ်နိုင်ပါသည်။

ကားသည်တရွှေ့ရွှေ့မောင်းလာခဲ့ပြီး ကော့မှူးမြို့အ၀င်နားရောက်သည့် ဦးသာဥာဏ်က လေမုန်တိုင်းနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့ပုံများ ပျက်စီးဆုံးရှုံးရမှုများကို ရှင်းပြသည်။ ဦးသာဥာဏ်က အင်္ဂလိပ်လို ပြောပြီး အသင်းအုပ်ချုပ်သူက အသင်းသားများကို ဘရာဇီးဘာသာစကားဖြင့် တဆင့်ပြန်လည်ရှင်းပြသည်။ ထိုအချိန်မှစ၍ သချင်းကိုပိတ်ပြီး သူတို့ပျော်ရွှင်မြူးတူးမှုတွေကို ရပ်လိုက်ကြပြီး မုန်းတိုင်းနှင့် ပတ်သက်ပြီး ပြောပြသည်များကို စိတ်ဝင်တစား နားထောင်နေကြသည်။ အသင်းသားများထဲမှ တစ်ချို့က ကင်မရာလေးများဖြင့် လမ်းဘေးဝဲယာက အိမ်တွေကို ဓာတ်ပုံရိုက်ကြသည်။

တကယ်တန်း ဘရာဇီးဘော့လုံးသာများ၏ အစီစဉ်မှာ ကားပေါ်တွင်အိပ်ပြီး လိုက်ရန်စီစဉ်ခဲ့ပြီး ဟိုတယ်မှ ခေါင်းအုံးများကိုလည်းယူဆောင်လာကြသေးသည်။ သို့ပေမယ့် ပတ်ဝန်းကျင်နှင့် လက်ဝှေ့ရမ်း နုတ်ဆက်ပြနေသည့် လူများကိုကြည့်ပြီး သူတို့အိပ်ဖို့ စိတ်ကူးရှိဟန်မတူတော့ပေ။ မုန်တိုင်းနှင့် ပတ်သက်ပြီး ပြောပြသည့်အကြောင်းအရာများကို နားထောင်ရင်း လမ်းဘေးဝဲယာက တာပေါ်လင်မိုးထားသည့် အိမ်လေးများ ကျောင်းလေးများကို ကြည့်ရှုရင်း လိုက်ပါလာကြသည်။


စာကိုယ်

ဟိုတယ်ရန်ကုန်မှ နံနက်ရှစ်နာရီခွဲ အချိန်ခန့်တွင် စတင်ထွက်လာခဲ့ခြင်းဖြစ်ပြီး နေ့လည် ဆယ့်နှစ်နာရီခန့်တွင် ဖျာပုံတံတားသို့ရောက်သည်။ တံတားပေါ်တွင် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက အသင့်စောင့်ကြိုကြသည်။ အသင်းသားများကလည်း ကားပေါ်မှ ဆင်းကာ တံတားပေါ်မှ ဧရာဝတီမြစ်မြင်ကွင်းကို ကြည့်ရှုခံစားကြပြီး အမှတ်တရာဓာတ်ပုံများကို ရိုက်ကြသည်။ အသင်းသားများထဲမှာ တစ်ယောက်ကတော့ ဘေးနားမှ ဖြတ်သွားသည့် ဆိုင်ကယ်တစ်စီးကို တားပြီး တံတားပေါ်တွင် ဆိုင်ကယ်ပတ်စီးကာ သဘောကျနေသည်။ ထို့နောက်ကား မစီးကြတော့ပဲ တံတားဆုံးသည်အထိ တစ်ဖွဲ့လုံးလမ်းလျှောက်ကြသည်။ တံတားဆုံးမှသာ ကားပေါ်သို့ ပြန်တက်ကြပြီး ဖျာပုံမြို့ထဲသို့ ၀င်သည်။ ဖျာပုံမြို့ခံများကလည်း ဘရားဇီးအသင်းသားများ လိုက်ပါလာသည့် ကားကိုမြင်သည်နှင့် လမ်းမပေါ်သို့ ပြေးထွက်တဖွဲဖွဲပြေး ထွက်လာကြပြီး လက်ဝှေ့ရမ်းကာ နုတ်ဆက်ကြသည်။ တစ်ချို့က ဘရာဇီး ဘရာဇီး ဟု သံပြိုင်ဟစ်အော်ကြသည်။

တကယ်တော့ ယခုမြန်မာပြည်ကိုလာရောက်သည့် အသင်းသည် ဘရာဇီးနိုင်ငံ ကိုယ်စားပြု လက်ရွှေးစင်အသင်း မဟုတ်ပေ။ ဘရာဇီးနိုင်ငံရှိ ကလပ်သင်းတစ်ခုသာ ဖြစ်ပြီး ဘရာဇီးလက်ရွှေးစင်ဟောင်း ခြောက်ဦးသာပါသည်။ နိုင်ငံတကာစံနှုန်းအနေဖြင့် ပြောမည်ဆိုလျှင် ကလပ်အသင်းလေး တစ်ခုသာဖြစ်သော်လည်း မြန်မာပြည်သူ ပရိတ်သတ်များက လမ်းဘေးဝဲယာတစ်လျှောက်တွင် ယခုလို အုပ်အုပ်ကြက်ကြက် အားပေးကြသည်ကို မြင်တွေ့ရသောအခါ သူတို့ အရမ်းဝမ်းသာကြသည်။ အသင်းအုပ်ချုပ်သူက “ ထိုင်းနိုင်ငံက သူတို့နိုင်ငံဟာ Country Of Smile (အပြုံးနိုင်ငံ) လို့ နိုင်ငံတကာကို ကြေငြာထားတယ်။ ဒါပေမယ့် သူတို့နိုင်ငံက မြန်မာနိုင်ငံလောက် မပြုံးဘူး တကယ်တော့အပြုံးနိုင်ငံဆိုတာကို မြန်မာနိုင်ငံကို ပိုပြီး ခေါ်သင့်တယ် ” ဟု အားပေးနေသော ပရိတ်သတ်များကို ကြည့်ပြီး ကြေနပ်စွာ ပြောဆိုသွားခဲ့သည်။

နေ့လည်စာကို ဖျာပုံမြို့ရှိ စားသောက်ဆိုင် တစ်ခုမှာ စားကြသည်။ စားသောက်ဆိုင် အပြင်မှာတော့ ဘရာဇီးဘော့လုံး အသင်းကို နုတ်ဆက်ဖို့ ဒေသခံ ပြည်သူများက ရပ်ကာ စောင့်ဆိုင်းနေကြသည်။ နေ့လည်စားပြီး ထွက်လာသည့်အခါ စောင့်နေသည့် ပရိတ်သတ်များကို မနေ့က တီဗီမှာလာတဲ့ ဘော့လုံးပွဲကို ကြည့်ဖြစ်ပါသလားဟု အသင်းအချုပ်သူက မားကို့စ်က မေးသည်။ ထိုအခါ ပရိတ်သတ်များက ကြည့်ဖြစ်ပါတယ်ဟု ပြောတော့ ဂိုးအရေအတွကို ထပ်မေးသည်။ ဒေသခံများက လက်လေးချောင်းကို ထောင်ပြပြီး လေဂိုးဟုပြောတော့ မြန်မာနဲ့ ဘရာဇီး ကန်တဲ့ပွဲမှာ ဘယ်ဘက်ကို အားပေးပါသလဲဟု ထပ်မေးသည်။ အားလုံးက ဘရာဇီးဟု အော်ကြတော့ သူတို့တော်တော် သဘောကျသွားသည်။ ထိုအချိန်တွင် တစ်ချို့သော ဘော့လုံးသများက ဆိုက်ကား တက်စီးသူများက တက်စီး ဆိုင်ကယ်တက်စီးသူများက တက်စီး။ ဒေသခံများနှင့်  ဓာတ်ပုံတွဲရိုက်သူက တွဲရိုက်ဖြင့် တော်တော်လေး သဘောကျနေကြသည်။

ထို့နောက် ဖျာပုံ မယက ရုံးတွင် မုန်တိုင်းမှတ်တမ်း ခွေကို ဘရာဇီး ဘော့လုံးသမားများကို ပြသသည်။ ထိုခွေတွင် မုန်တိုင်းအတွင်းက ပျက်စီးဆုံးရှုံးရမှုများ ပြန်လည်ကယ်ဆယ်ရေး လုပ်ငန်းများ အလှုရှင်များထံမှာ အလှုပစ္စည်းရောက်ရှိမှုများ ပါဝင်သည်။ ထိုခွေကိုကြည့်ပြီးနောက် မြန်မာနိုင်ငံသို့ နိုင်ငံအလိုက် လေယဉ်များဖြင့် လာရောက်လှုဒန်းသည့် အထဲတွင် ဘရာဇီးနိုင်ငံရောပါပါသလားဟု အသင်းအုပ်ချုပ်သူ မားကိုစ်က မေးသည်။ မပါကြောင်း ပြောသည့်အခါတွင် သူ့အနေနဲ့ များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း သူနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါတွင် ယခုမုန်တိုင်းသင့်ဒေသတို့ လှုဒန်းနိုင်ရန် သက်ဆိုင်ရာနှင့် မီဒီယာများသို့ တင်ပြအသိပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ မားကို့စ်အနေဖြင့်လည်း နောက်တစ်ကြိမ်းထပ်မံ လာရောက်မည်ဖြစ်ပြီး နောက်တစ်ကြိမ်တွင် ဘရာဇီးမှာ ဆေးဝါကုသရေး အဖွဲ့များကို ခေါ်ဆောင်လာခဲ့မည်ဖြစ်ကြောင်း နှင့် စာသင်ကျောင်းအချို့ကို ပြန်လည်ဆောက်လုပ် လှုဒန်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဖျာပုံ အထက(၃) ကျောင်းသို့ သွားရောက်ကြပြီး မုန်တိုင်းဖြစ်စဉ်က ပြိုကျပျက်စီးခဲ့ရသည့် ကျောင်းဆောင်တစ်ခုကို ယခုဘောလုံးကန်၍ ရသော ရံပုံငွေဖြင့် ပြန်လည်တည်ဆောက်ပေးရန် သဘောတူခဲ့ကြသည်။ ဘရာဇီး ဘော့လုံးအသင်းသားများကတော့ ကျောင်းစာသင်ခန်းများအတွင်းသို့ လှည့်ပတ်သွားလာကြပြီး ကျောင်းသားများကို လက်မှတ်ရေးထိုးထားသော ပို့စကဒ်လေးများ ဝေငှပေးသည်။ အချို့သော အသင်းသားများကတော့ ကျောင်းစာသင်ခုံများ ကျောင်းသားများနှင့် ရောထိုင်ကာ စာသင်တာကို ထိုင်ကြည့် အချို့ကတော့ ကလေးများနှင့်တွဲကာ အမှတ်တရ ဓာတ်ပုံများကို ရိုက်ကူးသည်။ ကျောင်းအတွင်းမှ ဘော့လုံးအသင်းသားများ ထွက်လာသည့်အခါ ရန်ကုန်မှစီးလာသော ဘတ်စကားသည် ကျောင်းအရှေ့တွင် ဗွက်ကျွံနေသည်။ ဗွက်ကျွံနေသော ကားကို ဗွက်မှရုန်းနေစဉ် ဘော့လုံးသမားတစ်ယောက်က လမ်းမပေါ်တွင် ဘော့လုံးကို တော့က သရုပ်ပြကစားပြသည်။ အချို့သော ဘော့လုံးသများက လက်မှတ်ရေးထားသော ပို့စကဒ်လေးများကို လာကြည့်ကြသည့် ဒေသခံများကို ဝေငှပေးသည်။ ဗွက်ကျွံနေသည့်ကားသည် ရုန်းရင်းနစ်ရင်းဖြင့် နောက်ဆုံးတွင် ဘီးတစ်ဝက်ကျော်သည်အထိ နစ်သွားသည်။ နောက်ဆုံးတွင် ဗွက်ကျွံနေသော ကားကို ဘရာဇီး အသင်းသားများ ရပ်ကြည့်နေကြသူများ ကျောင်းသားများ အားလုံး ၀ိုင်းတွန်းကြသည့် အခါမှသာမှ ဗွက်က ရုန်းထွက်နိုင်ခဲ့သည်။ ထို့နောက်တွင် ကျောင်းသားများကို အားကစားသများ ၀ိုင်းဝန်းလက်မှတ်ရေးထိုးထားသည့် ဘော့လုံးတစ်လုံးကို လက်ဆောင်အဖြစ်ပေးအပ်ကာ ဖျာပုံမြို့မှ ထွက်ခွာခဲ့ကြသည်။ မူလက ဖျာပုံမြို့မှ ကျိုက်လတ်သို့ လှေဖြင့် မြစ်ကြောင်းအတိုင်း သွားရန်စီစဉ်ထားခဲ့သော်လည်း ဘော့လုံးသမား အများစုက လှေစီးရန် ငြင်းဆိုးခဲ့သောကြောင့် ကားဖြင့်သာခရီးဆက်ခဲ့သည်။
သုံးနာရီ အကျော်တွင် ဖျာပုံမြို့နယ် ရှမ်းကွင်းကြီး ကျေးရွာသို့ ရောက်ရှိသည်။ ရှမ်းကွင်းကြီး ကျေးရွာတွင် ကျောင်းသားများ ဒေသခံရပ်မိ ရပ်ဖများက ကြိုဆိုကြသည်။ ထို့နောက် ရွာမှ အုန်းရေ ကောက်ညှင်းဆနွင်းမကင်း လကဘ္ဘသုပ်များဖြင့် တည်ခင်းဧည့်ခံသည်။ ရှမ်းကွင်းကြီးကျေးရွာသည် ရွာတန်းရှည် ရွာလေးတစ်ရွာဖြစ်ပြီး ရွာလည်လမ်းမကို အုတ်စီထားကာ အိမ်နှင့်ခြံဝင်လေးများကို သပ်သပ်ရပ်ရပ် ဖြစ်အောင်စီမံထားသည်။ ဘရာဇီးအသင်းသားများသည် ရှမ်းကွင်းကြီးကျေးရွာတွင်း လှည့်လည်ကြည့်ရှုကြပြီး ယူနီဆပ်မှ ပေးသည့် Tank ဖြင့် စာသင်ကျောင်းလုပ်ကာ ကျောင်းသားများစာသင် နေရသည်ကို တွေ့ရသည့်အခါတွင် ယင်းရွာတွင်လည်း စာသင်ကျောင်းတစ်ကျောင်းကို ဆောက်လုပ်ပေးရန် သဘောတူညီခဲ့သည်။ ယင်းကျေးရွာတွင်လည်း လက်မှတ်ရေးထိုးထားသော ပို့စကဒ်လေးများ ကိုဝေငှခဲ့ပြီး ကျောင်းသားများအတွက် လက်မှတ်ရေးထိုးထားသော ဘောလုံးတစ်လုံးကို အမှတ်တရပေးအပ်ခဲ့ကာ ကျိုက်လတ်မြို့သို့ ဆက်လက်ခရီးထွက်ခဲ့သည်။

ညနေလေးနာရီခွဲ အချိန်ခန့်တွင် ကျိုက်လတ်မြို့ အားကစားသို့ ရောက်ရှိသည်။ ကျိုက်လတ်မြို့ အားကစားကွင်းတွင် သုရုပ်ပြကစားမည်ကို ပရိတ်သတ်များက ကွင်းလုံးပြည့်စောင့်ကြိုစောင့်ကြိုနေကြသည်။ ကွင်ထဲသို့ ၀င်သည်နှင့် ပရိသတ်များက ဘရာဇီး ဘရာဇီး ဟုသံပြိုင်ဟစ်ကြွေးကာကြိုဆိုကြသည်။ ထို့နောက် ဘာရာဇီး ဘော့လုံးသမားတစ်ယောက်က ဘောလုံးကို တော့ပြသည်။ ယင်းနောက်တွင် ကွင်းအတွင်းအသင့်စောင့်ဆိုင်းနေသည့် ဒေသခံကစားသမားများကို ဘော့လုံးလေ့ကျင့်နည်း နည်းစနစ်များကို လက်တွေ့သရုပ်ပြ သင်ကြားပြသပေးသည်။

ယင်းသို့သင်ကြားပြသပေးရာတွင် ရှေ့တန်းတိုက်စစ်မှူးများက ရှေ့တန်းအားတွင် ကစားသည့် အားစကားသမားကို လည်းကောင်း နောက်တန်းက နောက်တန်း ဂိုးသမားက ဂိုးအတွက်လည်းကောင်း အသီးသီးသင်ကြား သရုပ်ပြပေးကြသည်။ ယင်းသို့ သင်ကြားသရုပ်ပြပေးရာတွင် အချို့သော သင်ပြကွက်များသည် ဒေသခံများအတွက် ရယ်စရာဖြစ်နေသည့်အတွက်သည့် တစ်ကွင်းလုံး တ၀ါးဝါး တဟားဟားနှင့် ပွဲကြနေနေကြတော့သည်။ ညနေခြောက်နာရီ ထိုးခါနီးတွင် သင်ကြားမှုများကို အဆုံးသတ်ပြီး ဘရာဇီးမှာ ယူဆောင်လာသည့် လက်ပတ်ပုတီးကွင်းလေးများ ပို့စကဒ်များကို ဒေသခံများအတွက် အမှတ်တရအဖြစ်ပေးအပ်ကြသည်။

မူလက ကျိုက်လတ်တွင် ညနေငါးနာရီတွင် ညစာစားရန်စီစဉ်ထားသော်လည်း အချိန်မှာ မျှော်မှန်းထားသည်ထက် ပိုမိုကြာမြင့်သွားသောကြောင့် ညစာမစားပဲ ရန်ကုန်သို့ပြန်ရန်စီစဉ်ခဲ့ကြသည်။ ရန်ကုန်တွင် ဘော့လုံးအဖွဲ့ အချုပ်ဥက္ကဌ ဦးဇော်ဇော်အိမ်တွင် ညစာစားသုံးရန် စီစဉ်ထားသည်ဖြစ်သောကြောင့် အချိန်မှီပြန်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ဘောလုံးသမားသည် ပထမနေ့က ဘောလုံးကစားပြီး ဒုတိယနေ့တွင် တစ်နေကုန် ခရီကားစီး ခရီးသွားရခြင်းဖြစ်သောကြောင့် အပြန်ခရီးတွင် ပင်ပန်းသဖြင့် တစ်ချို့က အိပ်ရင်းလိုက်ပါကြသည်။ လမ်းကလည်းကြမ်း ကားအဲကွန်းကလည်း အအေးသဖြင့်အချို့သော ကစားသမားများက အအိပ်နိုင်ပဲ ဒီတိုင်းလိုက်ပါလာကြသည်။ ကျိုက်လတ်မြို့မှ ညနေ ခြောက်နာရီ အကျော်လောက်တွင် စတင်ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့သို့ ညဆယ့်နာရီခွဲအကျော်တွင် ခရီးစဉ်မှ ချောချောမောမော ရောက်ရှိလာခဲ့သည်။

နိဂုံး

ဘရာဇီးအသင်းသည် ပထမနေ့က ဘော့လုံးကစားထားလို့ ပင်ပန်းထားရသည့်ကြားက ဒုတိယနေ့တွင် လမ်းကြမ်းကြမ်းတွင် အနေကုန် ခရီးသွားသည်။ သေချာတာကတော့ တတိနေ့တွင် ကာစားမည့် ဘော့လုံးတွင် ဘရာဇီးအသင်း ခြေကုန်လက်ပန်းကျနေ ပေလိမ့်မည်။ ထို့အပြင် ဘော့လုံးသမား နှစ်ယောက်သည် ပထမနေ့ မြန်မာနှင့်ကစားသည့်ပွဲသည် ဒါဏ်ရာ အနည်းငယ်ရထားသဖြင့် ထမင်းပင်စားနိုင်ခြင်း မရှိပေ။ ယင်းအပြင် ဘော့လုံးသမား အများစုသည် သုံးဆယ့်ငါးနှစ် အထက်များဖြစ်ကြသည်။ ထို့ကြောင့် အားလုံးထင်ထားသည်မှာ နောက်နေ့ မြန်မာနှင့်ကစားမည့်ပွဲတွင် ကောင်းစွာကစားနိုင်ရှိတော့မည် မဟုတ်ဟု ယူဆထားခဲ့ကြသည်။

သို့ပေမယ့် တကယ်တန်းကစားသည့်အခါတွင် ဘရာဇီးအသင်းသားများသည် ထင်သလောက်ခြေကုန်လက်ပန်း ကျခြင်းမရှိကြပဲ ကောင်းစွာ ကစားနိုင်သည်ကိုတွေ့ရသည်။ “ သူတို့တဖွဲ့လုံးက ဆေးလိပ်လည်း မသောက်ဘူး။ အရက်လည်း မသောက်ကြဘူး” ဟု YMCA မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ အခုလို သက်လုံကောင်းခြင်းသည် ဆေးလိပ်မသောက် အရက်မသောက်တာလည်း ပါကောင်းပါပါလိမ့်မည် သေချာသည်ကတော့ သက်လုံကောင်းအောင် လေ့ကျင့်သားပြည့်ဝနေခြင်းကြောင်း ဖြစ်ပေလိမ့်မည်။

အထက်တွင် ဖော်ပြခဲ့သည့်အတွင်း ယခုလာသည့် ဘရာဇီးကလပ်အသင်းသည် နိုင်ငံတကာစံနှုန်းနှင့် ကြည့်လျှင်ဘာမှမဟုတ်သော အသင်းလေးတစ်ခု ဖြစ်သော်လည်း မြန်မာဘော့လုံးသအင်းနှင့် ယဉ်ပြိုင်ကစားသည့်အခါတွင် နည်းစပိုင်းဆိုင်ရာတွေမှာ များစွာအားသာကိုတော့ ငြင်း၍ကားမရပေ။ ထို့ကြောင့် ဘောလုံးကစားသည့် အားကစားသမား ကိုယ်တိုင်သော်လည်းကောင်း ဘော့လုံးအဖွဲ့ချုပ်နေဖြင့်သော်လည်ကောင်း အနာဂတ် မြန်မာဘော့လုံးအတွင်းအတွက် ဘာတွေကို ပြုပြင်ရမည် ဘာတွေ ထပ်လုပ်ဖို့လိုသေးသည် ဆိုသည်ကို သိမြင်ရရှိသည်။

တကယ်တော့ ယခုလာသည့်ဘရာဇီး ဘော့လုံးမှ ရံပုံငွေမျှော်မှန်းထားသလောက် မရရှိခဲ့ပါ။ သို့ပေမယ့် မြန်မာဘောလုံးလောကအတွက်တော့ အသုံးဝင်မည့် အတွေ့အကြုံတစ်ခု ရသွားခဲ့သည်က မလွဲပေ။


Read More...

Saturday, December 22, 2007

ပလောင်မင်္ဂလာဆောင်






ယောကျာင်္းလေး တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် လက်ထပ်ဖို့ ခမ်းနားတဲ့ ဟိုတယ်ကြီးတွေက အဓိက မကျပါဘူး။ မင်္ဂလာ စံပယ်ပန်းကုံး စွပ်ပေးမယ့် ပုဂ္ဂိုလ်ကြီးတွေက အဓိက မကျပါဘူး။ ကားသော့တွေ လက်ဖွဲ့မဲ့ ပရိတ်သတ်တွေက အဓိကမကျဘူး။
တကယ်တော့ လက်ထပ်ပွဲဆိုတာ လက်ထပ်မဲ့ သတို့သားနဲ့ သတို့သမီးတို့ရဲ့ တစ်ယောက် အပေါ် တစ်ယောက် ထားရှိတဲ့ ချစ်ခြင်းမေတ္တာက သာလျှင် အဓိက ကျပါတယ်။
ဂုဏ်တွေ ငွေတွေ မပါတဲ့ လက်ထပ်ပွဲကို တောင်ပေါ်က ပလောင်ရွာလေး တစ်ခုမှာ ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ပါတယ်



* * * * * *



ကျွန်တော်တို့ ပလောင်ရွာ လေးကိုရောက်တော့ နေ့လည်တစ်နာရီ ထိုးတော့မည် ..............


ရွာအ၀င်မှာ




ကျွန်တော်တို့က ပလောင်ရွာထဲက အိမ်တွေကို အထူးအဆန်း သဖွယ်ကြည့်နေသလို ရွာအ၀င်ဝက ကလေးများကလည်း ကျွန်တော့်ကို အထူးအဆန်း သဖွယ်ကြည့် နေကြသည်။ ဓာတ်ပုံရိုက်မယ် ပြုံးပြုံးလေးနေလို့ ပြောပေမယ့် ကလေးတွေက မပြုံး တခြားနေရာမှာ ဆိုရင် ကလေးတွေကို အဲလို ပြောလိုက်လို့ကတော့ သွားတွေ ပေါ်အောင်ပြုံးပြီး သဘောကျနေကြသည်။ သို့ရာတွင် ပလောင်ရွာက ကလေးတွေ မပြုံးမရယ်ပဲ ကျွန်တော်တို့ကို ခပ်စိမ်းစိမ်းကြည့်နေသည်။
“ဟေ့...... ဒါက တိုင်းရင်သားတွေကွ ဗမာစကား မပေါက်ဘူး။” လို့ တစ်ယောက် ကျွန်တော့်ကို သတိလှမ်းပေးမှ၊ ကျွန်တော် သတိရလိုက်သည်။ ဒါကြောင့် ကလေးတွေ မပြုံးကြတာကိုး။


ပြုံးပါဆို မပြုံးဘူး

ကျွန်တော်တို့ အခုရောက်ရှိနေသည့် ပလောင်ရွာလေးသည် လာရှိုးမြို့နှင့် ခြောက်မိုင်ခန့်သာ ကွာဝေပြီး ရွာနာမည်မှာ နမ့်ဆမ် ဖြစ်သည်။ ရွာတွင် ငွေပလောင် တိုင်းရင်းသားများ နေထိုင်ကြပြီး အိမ်ခြေ ခုနှစ်ဆယ့်ခန့် ရှိသည့် ရွာကြီး တစ်ရွာဖြစ်သည်။ ထိုရွာတွင် ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း နှင့် မှုလတန်း ကျောင်းလေး တစ်ကျောင်းရှိသည်။

ကျွန်တော်တို့ ရွာထဲကို စ၀င်တော့ ရွာဝင်လမ်း ပတ်ဝန်းကျင်က အိမ်တွေပေါ်မှာ နှီးဖျာနေကြသူများ တောင်းယှက် နေကြသူများသူများကို တွေ့ရသလို၊ ထင်းခုတ်ရမှ ပြန်လာသော တိုင်းရင်သူများကိုလည်း တွေ့ရသည်။ ကျွန်တော်တို့ကို ဦးဆောင်ခေါ်သွား သောဒေသခံ တစ်ယောက်က ရွာထဲမှ အိမ်တစ်အိမ် ပေါ်သို့ ခေါ်သွားသည်။

ကျွန်တော်တို့ တက်ကြည့်တဲ့ ပလောင်အိမ်




ထင်းခုတ်ပြန်လာသည့် တိုင်းရင်းသူတစ်ဦး



ကျွန်တော်တို့ တက်သွားသော ပလောင် အိမ်လေးသည် သက်ငယ်မိုး ၀ါးထရံကာ ၀ါးကြမ်းခင်းနှင့် အိမ်လေး ဖြစ်ပြီး အိမ်ပေါ်တွင် မိသားစုသုံးစု နေကြသည်။ မိသားတစ်စုလျှင် ခုနှစ်ပေ ငါးပေခန့် ရှိသည့် အိမ်သေးသေးလေးများ ထပ်ဆောက်ထားပြီး အိမ်သေးသေးလေး တစ်ခုနှင့်တစ်ခု လေးပေခန့်ကွာသည်။ အိမ်သေးလေး တစ်လုံးစီတွင် မီးဖိုတစ်ခုစီရှိပြီး မိသားစု တစ်ခုလျှင် မီးဖို တစ်ဖိုစီ ချက်စားကြသည်။ ပြောင်းဖူးခြောက်များကို အိမ်မျက်နှာကျက် ထုတ်တန်း အပြည့်ချိတ်ဆွဲထားကြသည်။ ထိုပြောင်းဖူးများသည် နောင်နှစ်တောင်ယာ စိုက်ချိန်အတွက် မျိုးအဖြစ်ချန်ထားကြ ခြင်းဖြစ်သည်။

ထုပ်တန်းတစ်လျှောက်



ကျွန်တော်တို့ အိမ်အောက်ကို ဆင်းမယ်လုပ်တော့ အောက်က လေခါးမှာ ကလေးတွေက ၀ိုင်းနေကြသည်။ ကျွန်တော်တို့က ၀ိုင်း နေကြနေသော ကလေးများကို ဓာတ်ပုံရိုက်ကြသည်။ ဓာတ်ပုံရိုက်ပြီးနောက် LCD တွင်ပေါ်နေသော သူတို့ ပုံလေးတွေကို ပြန်ပြတော့ သူတို့အချင်းချင်း တိုင်းရင်းသား ဘာသာစကားဖြင့် ၀မ်းသာအားရ အော်ပြောကြပြီး ပျော်နေကြသည်။

သူ့ကို ဓာတ်ပုံရိုက်လို့ စပါးတိုက်အောက် ၀င်ပြေးသွားတယ်



နောက်တော့ ကျွန်တော်တို့ ရွာဘုန်းတော်ကြီး ကျောင်းနှင့် စာသင်ကျောင်းသို့ သွားကြသည်။ ဘုန်းကြီး ကျောင်းက ပြန်တော့ တောင်ပေါ်က ထင်းခွေပြန်လာသော တိုင်းရင်းသားများကို သဘာဝကျကျ ဓာတ်ပုံရိုက်ဖို့ ရွာအနောက်ဖက် ပိုင်းကို ဆက်လျှောက်လာခဲ့ ကြသည်။

ရွာထဲကလေးတွေ



ရွာအနောက် ဖက်ပိုင်းရောက် ခါနီးတွင် ဆူဆူ ဆူဆူ အော်ဟစ်သံများ ကြားရသည်။ ထိုအသံကြောင့် လမ်းနှဘေးတွင် နှီးဖျာနေသည့် အဖိုးကြီးကို ကျွန်တော်တို့ အုပ်စုကလူက ပလောင်စကားဖြင့် မေးကြည့်တော့ မင်္ဂလာဆောင်တဲ့။ ကျွန်တော်တို့ အနေဖြင့် ပလောင်မင်္ဂလာ ဆောင်တာကို တစ်ခါမှ မမြင်ဖူးပါ။ ဒါကြောင့် ထင်းခွေပြန်လာတာ ဓာတ်ပုံရိုက်ဖို့ထက် မင်္ဂလာဆောင် ရှိရာ ဆူဆူ အိမ်တို့ ဦးတည်ကာ ထွက်လာခဲ့ကြသည်။

မင်္ဂလာဆောင် အိမ်အ၀င်ဝ




မင်္ဂလာဆောင်တဲ့ အိမ်ကိုရောက်တော့ အမျိုးသား တစ်ယောက်က ဗန်းတစ်ခုကို ခေါင်းပေါ်မှာ ရွက်ပြီး အိမ်အပြင်ထွက်လာသည်။ ကျွန်တော်တို့က အိမ်ထဲကို အ၀င်။ ထိုဗန်းကိုင်ထားသော လူစုက အထွက်နှင့် အိမ်ပေါက်ဝမှာ တွေ့ကြသည်။

နတ်ဗန်း



ကျွန်တော်တို့ အဲဒီဘန်းက ဘာလုပ်တာလဲလို့ မေးတော့ နတ်ပွဲတင်မလို့တဲ့။ အထဲမှ မြန်မာလို အနည်းငယ် ပြောတတ်သော တိုင်းရင်း သားတစ်ယောက် ပြောသည်။ ဒီဗန်းကို ဘယ်နားလေးမှာ သွားတင်မှာလို့ ဆက်မေးတော့ . . . . ဒါက မိန်းကလေး အိမ်တဲ့ ယောကျာင်္းလေး အိမ်ကို နတ်ပွဲနဲ့ သွားပြီး နတ်သွားတင်မှာတဲ့။ နတ်သွားတင်မဲ့ ဗန်းကို ကြည့်လိုက်တော့ ထမင်းတွေကို ဖက်ကလေးထဲအပုံ လိုက်လေးတွေ ပုံထားပြီး ထမင်းပုံလေးများ ပေါ်တွင် ငါကင်လေးများကို ၀ါးတံလေးများဖြင့် ထိုးထားသည်ကို တွေ့ရသည်။

ကျွန်တော်တို့က သတို့သားနှင့် သမီးဘယ်မှာလဲလို့ မေးတော့ သတို့သားကို ပြသည်။ သတို့သားက နတ်ဗန်းကိုင်ထားတဲ့ လူရဲ့ အနောက်က ဂျာကင်အင်္ကျီဝတ်ထားတဲ့ ကောင်းလေး တစ်ယောက် ဖြစ်နေသည်။

ပလောင် မင်္ဂလာဆောင်ဆိုတော့ ရိုးရာ ၀တ်စုံတွေ ၀တ်ပြီး တက်ရောက် လာသူတွေလဲ ရိုးရာ ၀တ်စုံတွေနဲ့၊ မြို့မှာလို မခန်းနားတောင် သူ့ရိုးရာ သူ့ဓလေ့ သူတော့ စည်စည်ကားကားလေး ဖြစ်မည်ဟု ကျွန်တော်တို့က ထင်ထားကြသည်။ တကယ်မင်္ဂလာ ဆောင်ရောက်တော့ ကျွန်တော်တို့ ကြိုထင်ထားသလို မဟုတ်။

သတို့သမီးကို ခေါ်တော့ သတို့သမီးက ရှက်လို့တော်တော်နှင့် ထွက်မလာပေ။ ထွက်လာတော့ သတို့သမီးမှာ မြို့မှာလို့ မိတ်ကပ်တွေ ဖွေးနေအောင်လိမ်းပြီး ဆံထုံးတွေ ထုံးဖို့ ဝေးစွ၊ မျက်နှာမှာ ဘာမှ လိမ်းခြယ်ထားခြင်း မရှိသလို့ ခေါင်းပင်ဘီးဖြီးထား ခြင်းမရှိပေ။

သတို့သား ၁၇နှစ်ကျော်၊ နတ်ဗန်းကိုသူနှင့် သတို့သမီး ၁၆နှစ်ကျော်



ကျွန်တော်တို့ အုပ်စုက လူခုနှစ်ယောက် ၀ိုင်းပြီး ဓာတ်ပုံတွေရိုက် နေကြလို့လား မသိ သတို့သမီးကို ကြည့်ရတာ စိတ်ကျဉ်းကျပ်နေပုံ ပေါ်သည်။ ကျွန်တော်တို့ အုပ်စုက သူတို့ မင်္ဂလာမှာ အခုလို လာပြီး ဓာတ်ပုံတွေ ရိုက်နေတာကို ကြိုက်ပုံ မရပေ။

သတို့သမီးအိမ်



ခဏလောက်နေတော့ နတ်ဗန်းကိုင်ထားတဲ့ လူကဦးဆောင်ပြီး သတို့သားအိမ်ကို သွားကြသည်။ သတို့သား အိမ်နှင့် သတို့သမီး အိမ်သည် သုံးအိမ်ကျော် လောက်သာ ဝေးသည်။

သတို့သားအိမ်






ရိုးရာ နတ်ကန်တော့နေစဉ်



သတို့သား အိမ်ရောက်တော့ အိမ်ပေါ်ကို နတ်ဗန်းကိုင်သူက ဦးဆောင်တက်ပြီး သတို့သား သတို့သမီးနှင့် မိဘများက အနောက်က လိုက်တက်သည်။ အိမ်ပေါ်ရောက်တော့ ရိုးရာ နတ်စင်အရှေ့မှာ ဗန်းကို ချလိုက်ပြီး အဖိုးကြီးတစ်ယောက်က ရွတ်ဖတ်ပူစော်သည်။ ပလောင် အိမ်များသည် အလင်းဝင်ပေါက် မရှိအောင်ပင် မှောင်မဲနေပြီး အိမ်၏ အလယ်တွင် မီးဖိုကြီး တစ်ခုကို ဖိုထားသည်။ ထုံးစံအတိုင်း ထုပ်တန်းများ တစ်လျှောက်မှာတော့ ပြောင်းဖူး များပြည့်နေသည်။ အပေါ်တွင် မှောင်မှောင်မဲမဲ ဖြင့် အနေကျတ်သောကြောင့် ကျွန်တော် အိမ်အောက်သို့ ပြန်ဆင်းလာခဲ့သည်။


မင်္ဂလာဆောင်အပြီး သတို့သားနှင့် သတို့သမီး

ထိုမင်္ဂလာဆောင်သည် အညာမင်္ဂလာ ဆောင်များလို မီးခိုးတိတ်မဟုတ်ပဲ အနီးနား ပတ်ဝန်းကျင်ရှိ အိမ်လေး ငါးခြောက် အိမ်လောက်ကိုသာ ဖိတ်ကျွေးသည်ဟု ဆိုသည်။ ကျွေးရာတွင် ထမင်းဖြူနှင့် ဟင်းမှာ ငါးလေး ပေါက်စကင် ဖြစ်သည်။ ယမကာအဖြစ် ပြောင်းအရက်ကို တိုက်သည်။

အိမ်အောက် ရောက်တော့ တိုင်းရင်းသား တစ်ယောက် အရက်ပုလင်းကို ကိုင်ပြီး ပန်းကန်လုံးထဲ ငှဲ့ထည့်ကာ ကျွန်တော့်ကို လာတိုက်သည်။ သူပုလင်းကိုင်သည့် လက်မှာ ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ကိုင်ထားပြီး ကျွန်တော့်ကို ငှဲ့ပေးနေစဉ်မှာ ထိုဆေးလိမ်မှ ဆေးလိပ်ပျာများ ပန်းကန် အတွင်းကျသွား သည်ကို တွေ့လိုက်သည်။ ကျွန်တော့်ကို တိုက်သည့် အရက်ခွက်ကို ကြည့်လိုက်တော့ ဆေးလိပ်ပျာများ ကျနေသည်ကို တွေ့ရသည်။ ပြီးတော့ ထိုအရက်များသည် ပြောင်းအရက်များ ဖြစ်သောကြောင့် မီးတောက် အောင်ပြင်းသည်။ ထို့ကြောင့် ကျွန်တော် မသောက်ဖို့ ငြင်းလိုက်သည်။

ထို့နောက် မင်္ဂလာသို့ လာသောလူများ ကလေးများကို ဓာတ်ပုံရိုက်ပြီး အချိန်လည်း လင့်နေပြီ ဖြစ်သောကြောင့် ပြန်ရန်အတွက် မင်္ဂလာဆောင် အိမ်မှ ကျွန်တော်တို့ အုပ်စု ထွက်လာခဲ့ကြသည်။ ထိုရွာသည် တောင်ပေါ်ရွာ လေးတစ်ရွာ ဖြစ်သောကြောင့် ရွာလမ်းများသည် နှိမ့်လိုက် မြင့်လိုက်နှင့် ဖြစ်နေသည်။

ရွာအပြင်ရောက်တော့ ကားပေါ်တက်ပြီး ကျွန်တော်တို့ ပြန်လာခဲ့ကြသည်။ အပြန်လမ်းတွင် ကျွန်တော်တို့ အားလုံး အတွေးကိုယ်စီဖြင့် တိတ်ဆိတ်နေကြသည်။

ရွာမှာတုန်းက မေးခွန်းများစွာ ကျွန်တော်မေးခဲ့သည်။ သို့ပေမယ့် တိုင်းရင်းသားများ ကျွန်တော့် ကျွန်တော့်စကားကို နားမည်၍ ပြန်မဖြေနိုင်ပါ။ ကျွန်တော်ကတော့ အပြန်ခရီးအထိ ထိုရွာနှင့် ပတ်သက်၍ မေးခွန်းများစွာ ကိုယ့်သာ မေးနေ မိသည်။

စောစောက မင်္ဂလာဆောင်လေးသည် ဂုဏ်တွေ မပါ၊ ငွေတွေမပါ အဲဒီ အတွက် ကဲ့ရဲ့မည့်လူလည်း တစ်ယောက်မရှိပါ။ သတို့သား သတို့သမီးများကလည်း ဂုဏ်များ ငွေများသည် သူ့တို့ မင်္ဂလာအတွက် လိုအပ်သည်ဟု ထင်ထားဟန် စိုးစဉ်းမျှ မရှိ။

ဘာပဲ ဖြစ်ဖြစ် ယခုမင်္ဂလာလေးသည် ကုန်ကျစရိတ် တော်တော် သက်သာသည်။ ထို့ကြောင့် ကျွန်တော် အလှည့်ရောက်ရင် ဒီရွာမှာပဲ လာဆောင်ရင် ကောင်းမလားဟု စဉ်းစားလိုက်မိသည်။

ကားသည် တောင်များကို ဖြတ်၍ တဖြည်းဖြည်း မောင်းနေသည်။ ရန်ကုန်က အတူလာသည့် လူပျိုကြီး တစ်ယောက် တိတ်ဆိတ်စွာ ထိုင်ပြီး ကျွန်တော့် ဘေးမှာ လိုက်ပါလာသည်။ သူကိုကြည့်ရတာ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေပုံရသည်။ သူသည်လည်း ကျွန်တော့်လို မင်္ဂလာ ဆောင်ဖို့ စဉ်းစားနေမလား မသိ။

Read More...

Sunday, May 06, 2007

ဟိုတယ်ရဲ့ ရိုးရာ

ညသည်မဲ မှောင်နေသည်။ မိုးသည် သည်းထန်စွား ရွာသွန်းလျှက်ရှိသည်။ ကျွန်တော်တို့ စီးလာသော မာစတာ ဂျစ်လေးသည် မုံရွာ-ပုသိမ် လမ်းမကြီးအတိုင်း ပခုက္ကူ မြို့မှ မန္တလေးသို့ မောင်းနှင် လျှက်ရှိသည်။ မိုးက သည်းထန်စွာ ရွာသွန်း နေသည့်အပြင် စီးလာသည့် မာစတာဂျစ် သေးသေးမှာ လူကိုးယောက်ဖြစ် နေသောကြောင့် ထိုင်ရသည်မှာ ကပ်သီးကပ်သပ် ဖြစ်လှသည်။ မိုးကာများ မကောင်း သောကြောင့် ရွာလေသမျှ မိုးအားလုံးသည် ကားပေါ်မှ လူအားလုံးကို ပက်ဖျန်းနေသကဲ့သို့ ရှိနေသည်။

ကျွန်တော်တို့ ပခုက္ကူက ထွက်လာစဉ်က ညနေခုနှစ် နာရီဝန်းကျင်ခန့်က ဖြစ်ပြီး ရာသီဥတုက ကောင်းကောင်း မွန်မွန်ပင်။ ရေစကြိုမှာ ထမင်းစား နားပြီး ထွက်လာမှ မိုးဖွဲလေးများ ကျလာပြီး တဖြည်းဖြည်း သည်းလာခြင်းဖြစ်။ ကားပေါ်မှ လူအားလုံးသည် ဒီလိုမှန်းသိရင် ပခုက္ကူမှာပဲ အိပ်လိုက်ပါတယ်ဟု ငြီ်းငြူ နေကြသည်။

ဟုတ်ပါသည် အမှန်တကယ် ဆိုလျှင် ကျွန်တော်တို့ အဖွဲ့အနေဖြင့် ပခုက္ကူမှာ ညအိပ်ပြီး နောက်တစ်နေ့ မနက် စောစောမှ ထွက်လာလျှင်ဖြစ်သည်။ ပခုက္ကူစီးကရက် စက်ရုံက ဒုစက်ရုံမှုးက သူ့စက်ရုံရိပ်သာတွင် တစ်ည ထပ်အိပ်ပြီးမှသွားဖို့ အတန်တန် တားနေသည့် ကြားက ထွက်လာခဲ့ ကြခြင်းဖြစ်သည်။ အဓိက အကြောင်း အရင်းမှာ စက်ရုံဧည့်ရိပ်သာမှာ အိပ်လျှင် မန္တလေးတွင် ဘွန်ကင်လုပ်ထားသော ဟိုတယ်ခဆုံးသွား မည်စိုးသောကြောင့် ဖြစ်သည်။

မင်းကလဲ စက်ရုံက ဧည့်ရိပ်သာ အစုတ်ပလုပ်မှာ အိပ်မဲ့အစား မန္တလေးက ဟိုတယ်မှာသွား အိပ်မှာပေါ့ကွ။ ကျွန်တော်တို့ အဖွဲ့ခေါင်းဆောင် ပြောခဲ့သော စကားဖြစ်ပါသည်။ စက်ရုံဧည့်ရိပ်သာက မန္တလေးက ဟိုတယ်လောက် မကောင်းတာ သေချာပေမယ့် သူပြောသလို အစုတ်ပလုပ်တော့ မဟုတ်ပါ။ VIP အရာရှိများ အတွက် စီစဉ်ထားသောကြောင့် သာမန် Gust House အဆင့်ထက်တော့ သာပါသေးသည်။ သူကိုတိုင်ကိုက ကြီးကြီး ကျယ်ကျယ် လျှေက်ပြော နေခြင်းဖြစ်သည်။

အားလုံးရဲ့ ဆန္ဒကလဲ ပခုက္ကူမှာ ဆက်နေမည့်အစား မန္တလေးကို သွားချင်ကြသည်။ ဟိုရောက်ရင် ဘုရားဖူးကြမည် ဈေးဝယ်ကြမည်ပေါ့။ ကားသည် မန္တလေးကို ညဆယ်နာရီခန့်တွင် ရောက်မည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် တချို့ကလဲ ကမ္ဘာသစ်မှာ KTV သွားဆိုချင်ကြသေး သည်ဟုဆိုသည်။ အခုတော့ . . . .

သည်းထန်စွာ ရွာသွန်းနေသည့် မိုးကြောင့် ကားသည် ထင်သလောက် ခရီးမပေါက်ပါ။ ပိုဆိုးသည်က ကားမှာ ရေသုတ်တံ မပါသောကြောင့် ကားသမားက ကားမောင်းရင်းနှင့်ပင် လက်ကလေးနှင့် လေကာမှန်ပေါ်က မိုးရေးကို သုတ်သုတ်နေရသည်။ ထို့ကြောင့် ခရီးမတွင်။ ရှေ့မြင်ကွင်း ကိုကောင်းစွာ မမြင်ရသောကြောင့် ကားဘီးကို လိမ့်သည်ဆိုရုံလေးသာ မောင်းနေရသည်။

အားလုံးရဲ့ စိတ်ဆန္ဒကလဲ ရောက်ချင်စိတ်က ပြင်းပျနေကြသည်။ ဘာကြောင့်လဲ ဆိုတော့ အားလုံး ပင်ပမ်းနေပြီ။ နားချင်ကြပြီ။ ရန်ကုန်က စထွက်ပြီးကတည်းက တစ်ရက်မှ နားရသည် မရှိသေး။ ပြင်ဦးလွင်က ပြန်ရောက်ပြီး နောက်တနေ့ ညနေတွင် မကွေးသို့ ခရီးဆက်ခဲ့ရသည်။ မကွေးတွင် တစ်ညအိပ်ပြီ ပခုက္ကူသို့ ခရီးဆက်ခဲ့ရသည်။ ပခုက္ကူတွင် တစ်ညအိပ်ပြီး အခုမန္တလေးသို့ ခရီးဆက်ခဲ့ ပြန်သည်။ ထို့ကြောင့် အားလုံးနား ချင်နေကြပြီ။

မုံရွာလမ်းဆုံရောက်တော့ မိုးက ရပ်သွားသည်။ အားလုံး ပျော်ကြသည်။ ကားကိုလဲ အရှိန်မြင့် မောင်းနှင်ခဲ့သည်။ လူတို့သည် အရမ်းအိပ်ချင် သော်လဲ ခရီးသွားရင်း မအိပ်ရသည့် အခါ၌ မိမိအိပ်ရာလေးကို မျက်စိထဲ ပြေးမြင်ကာ တမ်းတမိကြသည်။ ငယ်ငယ်က အခုလို မိုးတွေရွဲလာရင် အမေက အိမ်မှ ဆီးကြို၍ တစ်ကိုယ်လုံး ခြောက်အောင် သုတ်ပေးကာ စောင်လေးထဲ တွင်နွေးထွေးစွာ ကွေးနေခဲ့ဘူးသည့် ရက်တွေကို ပြေးကာ မြင်ယောင်နေမိသည်။ အခုတော့ ကျွန်တော်က အမေနဲ့ အဝေးမှာ . . . . .

ဘာပဲ ဖြစ်ဖြစ်အခု မြင်းမူတောင်ရောက်လာ ပြီဆိုတော့ နောက်တစ်နာရီလောက် ဆိုရင် နားရတော့မည်။ အားလုံးလဲ ကိုယ်အိပ်ရမဲ့ ဟိုတယ်က အိပ်ရာလေးကို ပြေးမြင်ကာ တမ်းတနေ ကြရော့မည် ထင်ပါသည်။ မိုးကြောင့် ညဆယ်နာရီ လောက်ရောက်မည်ဟု ခန့်မှန်း ထားခဲ့သော ကားက အခု ညတစ်နာရီကျော် နေပြီ မရောက်သေး။ ညတစ်နာရီ ခွဲလောက်ရောက်တော့ စစ်ကိုင်းကောင်းမူတော် ဘုရားလေးကို ရောက်ပြီ။ အဲကိုရောက်တယ် ဆိုရင်ပဲ တိတ်နေသောမိုးက ရုတ်ရက် ရွာချလိုက်ပြန်သည်။ မကြာခင်အိပ် ရတော့မယ်ဆိုတဲ့ မျော်လင့်ချက်လေးတွေက ရွာကျလာသော မိုးရေစက်များ နှင့်အတူ လွင့်မျှောကာ ပျေက်ကွယ်ကုန်ကြပြီ။

အဲဒီအချိန်တွင် မန္တလေးသား တစ်ယောက်က သူတို့နှင့်သိသော သီလရှင် ကျောင်းတစ်ကျောင်း စစ်ကိုင်းတောင်ခြေတွင် ရှိသည်ဟုဆိုသည်။ ကားသည် မန္တလေးသို့ ဆက်မမောင်းနိုင်သည့် အတူတူတော့ အဲဒီသီလရှင်ကျောင်းမှာပဲ သွားနားကြဖို့ရာ ဆုံးဖြစ်လိုက ကြတော့သည်။

ကားသည် စစ်ကိုင်းတောင်ခြေ နားက ကုန်းလေးတွေ ကိုတက်ရင် လမ်းကျဉ်းလေးများကို ကွေ့ဝိုက်ကာ မောင်းရင်းနဲ့ သီလရှင်ကျောင်းသို့ ရောက်ရှိသွား ပါတော့သည်။ စစ်ကိုင်းတောင် ခြေတွင် သီလရှင်ကျောင်းများ တော်တော်ပေါများသည်။ အော်ခေါ်လိုက်တယ် ဆိုရင်ပဲ သိပ်မခေါ်လိုက်ရ။ ကျောင်းထဲမှာ သီးလရှင် အဖွားအို ထွက်လာသည်။ ကျွန်တော် တို့အထဲက သီလရှင်နဲ့ ရင်နှီးသော လူက အကျိုးအကြောင်းကို တင်လျှေက်တော့ ဘွားသီလက ကျွန်တော်ကို အိပ်ဖို့ နေရာပေးသည်။ သီလရှင် ကျောင်းက အိပ်ရာကား ကြမ်းပြင်တွင် ဖျာခင်းပေးထား ခြင်းမျှသာဖြစ်သည်။

သို့သော်မတတ်နိုင် အားလုံးဒီတိုင်း အိပ်ရသည်။ အားလုံးပင် ပမ်းလာ၍လား မသိ အိပ်ပြီးမကြာမှီတွင်ပင် ငြိမ်သက် သွားကြသည်။ စောစောက စက်ရုံရိပ်သာကို စုတ်လို့ မအိပ်ချင်ဘူး ဆိုသည့် ပုဂ္ဂိုလ်ပင်လျှင် တင်ဖြူးဖျာ ခင်းထားသော အိပ်ရာလေးပေါ်တွင် အိပ်ပျော်သွားပြီ။ ကျွန်တော်ကတော့ အိပ်ရာခင်းမပါ၍ မအိပ်တတ ဖြစ်နေသည်။ ကျွန်တော်သည် တစ်သက်နှင့်တစ်ကို ခရီးသွားရင်း သီလရှင်ကျောင်းတွင် တစ်ခါမျှ မအိပ်ဘူးပါ။ ထို့ပြင် ကျွန်တော်သည် အိပ်ရာကို ဇီဇာကြောင်သူ ဖြစ်သည်။ အိပ်ရာတွင် အနည်းဆုံး အိပ်ရာခင်းမပါလျှင် မအိပ်တတ်။ အခု ဘွားသီလ ကျောင်းမှာကား တင်ဖြူးဖျာကြမ်းလေး ခင်းပေးသည် အိပ်ရာခင်းမပါ။ ခြုံဖို့ပေးထားသည့် စောင်ကို ခင်းအိပ်ကြည့်တော့ ရွာနေသည့် မိုးအရှိန်ကြောင့် ချမ်းလာသည်။ ထို့ကြောင့် မခင်းပဲ ပြန်ချုံလိုက်သည်။ မိုးအသံသည် သွပ်မိုးပေါ်သို့ ဆူညီညံစွာ ခုန်ဆင်းလျှက်ရှိသည်။ ကျွန်တော့နားထဲ တွင်သွပ်မိုးသံများသည် ဆူညံစွာ ကြားနေရသည်။ ခဏအကြာမှာတော့ ထိုအသံများသည် တဖြည်းဖြည်းတိုး၍ တိုး၍ပျေက်ကွယ် သွားကြသည်။ မိုးတိတ်သွား၍ကား မဟုတ်ပါ။ ဘာကြောင့် အသံတိတ် သွားတာလဲ။ အိပ်ရာတွင် ဇီဇာကြောင်သော ကျွန်တော် ဖျာကြမ်းခင်းထားသော အိပ်ရာလေးတွင်အိပ်ပျော်သွားခဲ့ ပြီလေ။

Read More...

Wednesday, April 18, 2007

ကျွန်တော်နှင့် ချေင်းသာ ၂

နေကအတော် လေးမြင့်နေပြီ။ မြင့်ဆို ၁၀ ရာရီ ကျော်လာပြီကိုး။ ကျွန်တော်စက် ဘီးစီးနေရတာလဲ မောလာပြီ ဒါကြောင့် စက်ဘီးကို ငှားတဲ့ ဆီမှာ ပြန်အပ်လိုက်ပြီး ဧည့်ကြိုကို အခန်းရပြီးလားလို့ စုံစမ်းကြည့်တယ်။ အခမ်းက မရသေးဘူး။ အခမ်းရနေ အောင်စောင့် နေရင်တော့ ပင်လယ်ထဲ ဆင်းဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး။ ၁၀ နာကျော်တာ တောင်နေက တော်တော်လေး ပြင်းနေပြီ။ ဒါကြောင့် ပင်လယ်ထဲကို ဒီတိုင်းပဲ ဆင်းခဲ့တယ်။ ပင်လယ်ထဲ ရောက်တော့ ကဲကဲသဲသဲ အော်ဟစ်ပြီး ဆော့နေတဲ့ မိန်းကလေးတွေကို တွေ့ရတယ်။ ခဏလောက်နေတော့ ရေနစ်လို့ရေနစ် လို့ ဆိုပြီး ၀ိုင်းကယ်နေကြ တာကို တွေ့လိုက်တယ်။ ဒါကြောင့် ကျွန်တော်လဲ စပ်စပ်စုစုနဲ့ သွားကြည့်လိုက်တယ်။
သူများတွေ လားလို့ အောင်းမိပါတယ် ကျွန်တော် အုပ်စုက ကောာင်မလေးတွေ။ ပြီးတော့ ရေနစ်တယ် ဆိုတဲ့ ကောာင်မလေးက ပြောလိုက်သေးတယ်။ သြော် ဘဲချောချော လေးတွေ့လို့ ဇာတ်လမ်းရလိုရ ငြား ရေနှစ်ချင်ယောင် ဆောင်လိုက်တာ လာကယ်တာက ကိုယ့်အုပ်စု ကလူတွေ ဖြစ်နေတော့ ငါပဲ ဆပ်ဆလူးစိန် ဖြစ်သွားတော့တယ်တဲ့။ အင်း သူပြောပုံအရ ဆိုရင်တော့ ရေနစ်တဲ့ သူမှာ အပြစ်မရှိဘူး ကယ်မိသူတွေရဲ့ အမှားတာ ဖြစ်ပါတော့တယ်။
အဲလိုရေကစား နေတုန်း ကမ်းခြေမှာ ဈေးလာရောင်းတဲ့ ဈေးသည်တွေကိုလဲ တွေ့ရပါတယ်။ သူ့တို့ကတော့ ငါးကင် ပုစွန်ကင် ရောင်းတဲ့ ဈေးသည်တွေပါ။ သူတို့ တွေကတော့ ထုံစံအတိုင်း ပုစွန်ကင် တစ်ကင်ကို ၁၀၀ လို့ပြောရောင်း ပါတယ်။ ဆစ်ရင်တော့ ငါးဆယ်နဲ့ ပေးပါတယ်။ ငါးကင်ကတော့ အရွယ်အကြီး အသေးပေါ် မူတည်ပြီး ၃၀၀ ကနေ ငါးရာ လောက်ထိ ရောင်းကြပါတယ်။ ရန်ကုန် ဘီယာဆိုင် တွေမှာ ၈၀၀ လောက်ရောင်းတဲ့ အကောင်ကို သူတို့ရောင်းတာ ၄၀၀ လောက်ပဲရှိပါတယ်။ ဒါပေမယ့် တလားဗီးယားနဲ့ ပင်လယ်ငါး အမျိုးစာချင်းတော့ မတူသလို ကင်တဲ့ပုံချင်းလဲ မတူဘူးပေါ့။ လာရောင်းတဲ့ ငါးကင် ပုစွန်ကင်တွေက စောစောက ဟိုတယ်ဝန်ထမ်း ပြောသလို တချို့ ဟာတွေက မကျက်တကျက် ဖြစ်သလို ကင်ထားတာကို တွေ့ရပါတယ်။ ထုံးစံတစ်ခုက ပိုက်ဆံမပါလဲ ရောင်းပါတယ်။ ကမ်းခြေမှာရှိတဲ့ ဘောကွင်း ငှားခြင်း အုန်းရည်သောက် ခြင်း ငါးကင်ပုစွန်ကင်စား ခြင်းအားလုံး ပိုက်ဆံမပါပဲ ငှားလို့ စားလို့ရပါတယ်။ ပြီးမှ သူတို့က တည်းတဲ့ဟိုတယ် အခန်းကို လိုက်ပြီး ပိုက်ဆံယူကြတပါ။ စီးပြီးသား ဘောကွင်းကိုလဲ ပြန်အပ် စရာမလိုပါဘူး ကမ်းခြေမှာ ပစ်ထားခဲ့လဲ သူတို့တံဆိပ်နဲ့ သူတို့လိုက်သိမ်း ကြပါတယ်။ အဲဒီမှာ ပြသနာက ဘာရှိသလဲဆိုတော့ ဒီအဖွဲ့က ဘောကွင်း သုံးကွင်းငှားတယ် ဆိုရင် တခါတရံမှာ လေးကွင်းငှားတယ် ငါးကွင်းငှားတယ် ဆိုတာမျိုးတွေ လုံးဝမငှားပေမယ့် အခန်းကို ပိုက်ဆံလာတောင်း တမျိုးတွေ ကြုံရပါတယ်။ ဒါကသူတို့ကအကြံ ဖန်လုပ်ပြီး လာတောင်းတာ ဖြစ်နိုင်သလို အကျင့်မကောင်းတဲ့ လူတွေက အခန်းနံပါတ် လိမ်ပြောပြီး ငှားတာမျိုးလဲ ဖြစ်နိုင်ပါတယ်။
အဲလို ဘောကွင်းငှားတာ တို့စက်ဘီးငှားတို့က သာမန်အားဖြင့် ကြည့်ရင် ဘာမှမဟုတ်လောက် ဘူးထင်ပေမယ့် ၀င်ငွေက မဆိုးဘူးဗျ။ ၀င်ငွေ မဆိုးသလို ပေးရတဲ့ အခွန်ကမနည်းဘူး။ ဘောကွင်း ငှားခြင်းလုပ် ငန်းဆိုရင် တစ်နှစ်ကို ငါးသိန်းပေးရတယ် လို့သိရတယ်။ ငါးသိန်းဆိုတာက အကွက် တစ်ကွက်ကို ပြောတာပါ။ အကွက်တစ်ကွက်ကို မီတာ တစ်ရာလောက်တော့ ရှိမယ်ထင်ပါတယ်။ ကိုရထားတဲ့ အကွက်တွင်းမှာ ဘောကွင်းငှား ခြင်းလုပ်ငန်းကို သူများလာလုပ်လို့ မရသလို သူများအကွက်မှာ လဲကိုသွားလုပ်လို့မရပါဘူး။ ဘောကွင်း တစ်ကွင်းကို တစ်ထောင်လောက် ပေးဝယ်ရပါတယ်တဲ့ ။ တစ်ကွင်းကို တစ်ခါငှားရင် သုံးရာ ယူပါတယ်။ တစ်ရက်ကို အနည်းဆုံး ခြောက်ထောင်ကနေ နှစ်သောင်း ကျော်လောက်ထိ ပြန်ဝင်ပါတယ်တဲ့။
စက်ဘီငှားတာလဲ အဲလိုပါပဲ။ ဒါပေမယ့် စက်ဘီးက ကမ်းခြေစီနှင်းခွင့် လိုင်စင်ဝင်ရပါသေးတယ်။ စက်ဘီတစ်စီးကို လိုင်စင်ဝင်ရင် သုံးသောင်းကျပ် ပေးရပြီး နှစ်စဉ်ကြေးကတော့ ခုနှစ်ထောင်ကျပ် ဆောင်ရပါတယ်တဲ့။ စက်ဘီးတစ်စီးရဲ့ တန်ဖိုးကတော့ တစ်စီးကို ခုသောင်းသောင်းကနေ တစ်သိန်းခွဲလောက်ထိ တန်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ၀င်ငွေကတော့ စက်ဘီးအရေတွက် များရင်များသလို ကွာခြားကြပါတယ်။ စက်ဘီကတော့ တစ်ယောက်နင်း တစ်ဘီးကို တစ်နာရီ ငါးရာ၊ နှစ်ယောက်နင်း ဘီးကို တစ်ထောင်ယူပါတယ်။
ကျွန်တော်ရေထဲက တက်တော့ မနက်၁၁နာရီ ကျော်နေပါပြီ။ ဟိုတယ်ကို ပြန်ရောက်တော့ ကျွန်တော်တို့ နေမဲ့ အခန်းက မရသေးပါဘူးတဲ့။ ပထမ ဧည့်သည်ကလဲ ကြည့်ရတာ ၁၂ နာရီအထိ တန်အောင်နေမလို့ လားမသိပါဘူး။ အဲဒီတော့ ကျွန်တော်လဲ အခန်းရပြီးသား လူတွေရဲ့ အဆေင်မှာ ရေချိုးပါတယ်။ ရေချိုးပြီးတော့ အ၀တ်စားလှဲမလို့ ကြည့်လိုက်တော့....။
သေပါပြီ။ ထုံးစံအတိုင်း ဖြစ်လာရင် အရာရာနဲ့ အကြောင်းကြောင်း။ ပါလာတဲ့ အ၀တ်က နှစ်စုံထဲ ပိုဆိုးတာက မလျှော်ရသေးတဲ့ အ၀တ်တွေ။ ဆရာ လုပ်ချင်တဲ့ အကြိုးဆက်ခံ ဦးပေါ့။ ဖြစ်ပုံက ဒီလိုပါ။ ကျွန်တော်က အ၀တ်တွေကို ကိုယ်တိုင် မထည့်ပဲ။ ကျွန်တော့တို့ထဲက လူနိုင်တစ်ယောက် ကို ငါ့သေတ္တာထောင့်မှာ ပုံထားတဲ့ အ၀တ်တွေ ထည့်လိုက်ဆိုပြီး ပြောလိုက်မိပါတယ်။ တကယ်ပဲ မှားတာလား တမင် ပညာပြတာ လားတော့့ မသိဘူးဗျာ။ သေတ္တာထောင့်ပါဆို အခန်းထေင့်မှာ လျှော်မလို့ပုံထားတဲ့ အ၀တ်တွေ ကောက်ထည့်လာတယ်။ သြော် တော်တော်ကံ ဆိုးတဲ့ငါပေပဲ။ ချောင်းသာရယ် ငါရယ် မလျှော်ရသေးတဲ့ အ၀တ်တွေရယ်တော့ တွေ့ကြပြီပေါ့လေ။

Read More...

Sunday, April 15, 2007

ကျွန်တော်နှင့်ချောင်းသာ

ဒီတစ်ခေါက်သွားရတဲ့ ချောင်းသာ ခရီးကတော့ အပန်းပြေမဟုတ်ပဲ အပန်းယူခရီးလို့ ပြောရင်မှန်မလား မသိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စထွက်ကတည်းက အစစအရာရာ ကမောက်ကမတွေ ဖြစ်နေလို့ပေါ့။ ငှားထားတဲ့ကားကို ကိုးနာရီးချိန်းထားတာ ရောက်လာတေ့ ည ၁၂ နာရီ။ ပုသိမ် အ၀င်မှာက ပျက်လိုက်သေးတယ်။ ပုသိမ်ရောက်တော့ မိုးလင်းနေပြီ။ ကျွန်တော်တို့ လူစုကို လက္ဘက်ရည်ဆိုင်မှာ ချထားခဲ့ပြီး ကားသွားပြင်ဦး မယ်ဆိုပြီး ထွက်သွားပါ လေရော။
မြန်မာပြည်က ဘယ်လက္ဘရည်ဆိုပဲဖြစ်ဖြစ် ထမင်းဆိုင်ပဲ ဖြစ်ဖြစ် ကားသမားတွေကို အလကား ကျွေးလေ့ရှိကြတယ် အဲဒါမှလဲ သူတို့ဆိုင်မှာ ကားရပ်မှာကို။ ကားရပ်မှလဲ ကားပေါ်မှာပါတဲ့ လူတွေက သူတို့ဆိုင်မှာ စားကြသောက်ကြမှာ။ ကားထွက်သွားတော့ ကျွန်တော်အကြံ တစ်ခုရတယ် ကားသမားတွေ ကားသွားပြင်နေတုန်း ကားသမား အယောင်ဆောင်ပြီး ဖရီးကြိတ်ရင် ရနိုင်တယ်ပေါ့။ ဒါကြောင့် ကျွန်တော်တို့ အုပ်စု လူ၄၀ ထဲမှာ ကြည့်လိုက်တာနဲ့ ကားသမားလို ပုံစံပေါက်တဲ့ လူသုံးယောက် လောက်ကို ကျွန်တော်လိုက်ရွေးပြီး သတ်သတ် တ၀ိုင်းစီ ထိုင်လိုက်တယ်။ ပြီးတော့ ဒါကားသမား ၀ိုင်းလို့ စားပွဲထိုးလေးကို ပြောပြီး မှာစားချင်တာတွေကို မှာစားပါတော့တယ်။ အဲဒီလို လုပ်နေတာကို အလိုက်ကန်းဆိုး မသိတဲ့ ကောင်တွေက ကျွန်တော်တို့ ၀ိုင်းဘက်ကို ပြောင်းပြောင်း ပြီးလာထိုင်နေလို့ မကြာခဏ မောင်းထုတ်ရတာလဲ အမောပေါ့။
ကားသမား အယောင်ဆောင်တာ ကျွန်တော်နဲ့ ဒီသုံးယောက်ပေါ့
တစ်ခု ကောင်းတာက ပုသိမ် အစားအသောက် ဈေးက ရန်ကုန်နဲ့ တခြားစီပဲ။ မုန့်ဟင်းခါး တစ်ပွဲ အကြော်နဲ့ တစ်ရာ ငါးဖယ်နဲ့ မှ ၁၅၀။ ရန်ကုန်မှာ ဆိုရင်တော့ အလွတ်ဆိုရင် ၃၀၀ ငါးဖယ်နဲ့ ၄၅၀ ဟင်းရေထပ်တောင်းရင် ငါးဆယ်။ အဲဒီဆိုင်မှာက နန်းကြီးသုပ် တစ်ပွဲကို ကြက်သား ကြက်ဥနဲ့ ၄၀၀ ပဲရှိတယ်။ အဲလို စားပြီးသောက်ပြီးတော့ ပိုက်ဆံရှင်းချိန် ရောက်လာတယ်။ စားပွဲထိုးလေးက ပိုက်ဆံတွက် မလို့လုပ်ကာရှိသေးတယ် ဟေ့ကောင် ဒါကားသမားတွေ ၀ိုင်းကွလို့ ပြောလိုက်တော့ ကြောက်ကြောက်နဲ့ လည့်ထွက်သွားပါတယ်။ ပြီတော့ ကောင်တာမှာ သွားပြောတယ်။ ကောင်တာက သူကိုဘာပြောလိုက် သလဲမသိဘူး ကျွန်တော်တို့ ၀ိုင်းမှာ ပိုက်ဆံလာ မတောင်းရဲတော့ ပါဘူး။ ဟုတ်တယ်လေ သူတို့ဆိုင်မှာ လူလေးဆယ်တောင် အားပေးနေတာ လေးယောက်စာ လောက်တော့ ဒစ်စကောင့်ပေး သင့်တာပေါ့။
ဒါပေမယ့် ပြသနာက ကျွန်တော်တို့ ၀ိုင်းထဲက ကောင်က လိပ်ပြာမလုံဘူးဗျ။ တကယ်လို့ ကာသမား အစစ်တွေ ကားပြင်တဲ့ ဆီကနေပြန်လာရင် ဘယ်လို လုပ်မလဲတဲ့။ ကျွန်တော်ကလဲ စိတ်ချပါကွာ ကားသမားတွေ လာတာနဲ့ ကားကိုထွက်ခိုင်းတော့မှာ မပူပါနဲ့ လို့ပြောလိုက် ရပါသေးတယ်။ နောက်တော့ ကားရောက်လာပါတယ်။ ကျွန်တော်တွက် ထားတဲ့အတိုင်းပါပဲ ကားသမားတွေကို တခါတည်း မောင်းခိုင်းပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ် တိုင်လဲ နှစ်ထောင်ကျော်လေးနဲ့ လိပ်ပြာမလုံတာကြောင့် ကျသင့်ငွေကို ဆိုင်ကို ပြန်ပေးလိုက်ပါတယ်။ ဆိုရှင်က အရေးထဲမှာ လော်ဂုတ် ချော်နေ လိုက်တာ ကိစ္စမရှိပါဘူးတဲ့။ သူကိစ္စမရှိပေမယ့် ကိုယ့်လိပ်ပြာ မလုံတာကြောင့် ပေးထားခဲ့ လိုက်ပါတယ်။
ပုသိမ်ကထွက် ပြီး င၀န်မြစ်ကို ကျော်ပြီဆိုတာနဲ့ ငွေဆောင်နဲ့ ချောင်းသာ လမ်းခွဲကို တွေ့ရပါတယ်။ အရင်ကတော့ ချောင်းသာ သွားချင်ရင် ဧရာဝတီမြစ် (ယုခုဗိုလ်မြတ်ထွန်း တံတားနေရာ ညောင်တုန်း) နဲ့ င၀န်မြစ်ကို ဇက်နဲ့ကူးရပါတယ်။ သတင်းစာ ထဲကလေ သံအတိုင်းပြောရရင် အခုတော့ နိုင်ငံတော်က ငွေကြေးမြောက်များစွာ အကုန်ကျခံပြီး တံတားကြီးတွေ တည်ဆောက်ပေးထားတဲ့ အတွက် နေရာဒေသ တစ်ခုနဲ့ တစ်ခု ကို အချိန်တို အတွင်းမှာ လျှင်မြန်လွယ်ကူစွာ သွားနိုင်ပြီ ဘာညာပေါ့။ ဒါပေမယ့် တစ်ခုရှိတာက မြန်မာနိုင်ငံမှာ တံတာကြီးတစ်ခု ဆောက်ရင် နိုင်ငံတော်က ကုန်ကျတဲ့ စရိတ်က တံတားတန်ဖိုးရဲ့ သုံးဆရှိတယ်လို့ ဆိုပါတယ်။ တစ်ဆကတော့ တံတားဖြစ်သွားတာ။ ကျန်တဲ့ နှစ်ဆကတော့ ဘယ်ရောက်သွားလဲ သိဘူး။ ရေထဲကျသွား တယ်ထင်တာပဲလေ။ ဒီနေရာမှာ အလျှင်းသင့်လို့ ပြောပြရရင် ကျွန်တော်တို့ နယ်မြို့နားလေမှာ အရှေ့တောင် အာရှရဲ့ အကြီးဆုံး သဖမ်းဆိပ် ရေလှောင်တံမံဆောက် တုန်းကဆိုရင် အရာရှိ အဆင့်တောာင် မဟုတ်ပါဘူး။ ကားဒရိုင်ဘာက တောင်တိုက်ဆောက်တယ်။ ကားကို ကိုယ်တိုင် မမောင်းဘူး အငှားမောင်းတဲ့လူနဲ့ ဘာနဲ့။ ကားပျက်ရင် အစိုးရပြင်တာကို မစောင့်ဘူး ကိုယ့်ပိုက်ဆံနဲ့ကို မန္တလေးအထိ ဆင်းပြင်တယ်။ ကားထွက်မှ ဆီရမယ်။ ကားပျက်တော့ ဆီမရဘူး။ ဒီတော့ ကားကောင်းအောင် အစိုးရပြင်ပေး တာမစောင့်တော့ဘူး ကိုယ်ဘာသာကို ပြင်တယ်။ အဲလောက်ထိ ကြိုးစာကြတာ။ ဒါကတော့ ထားလိုက်တော့ မဟုတ်ရင် အာတီကယ် တစ်ခုဖြစ် သွားလိမ့်မယ်။
င၀န်မြစ်ကနေ ငွေဆောင်ကို မိုင်သုံးဆယ်ကျော် ချေင်းသာကို မိုင်နှစ်ဆယ် ကျော်ဝေးပါတယ်။ ငွေဆောင်ဟာ ကမ်းခြေအလျှားမိုင် ကိုးမိုင်ခန့်ရှိပြီး ချောင်းသာကတော့ သုံးမိုင်ဝန်း ကျင်လောက်ပဲရှိပါတယ်။ ငွေဆောင်ကမ်းခြေက ချောင်းသာထက် ရွှံ့ကင်းစင်တာကြောင့် သဲတွေကပို ဖြူသလို ရေကလဲ ပိုကြည်တယ် ပိုပြီးလဲလှပါတယ်။ ဒါပေမယ့် ငွေဆောင်ထက် ချောင်းသာကို သွားတဲ့လူပိုများပါတယ်။ များရတဲ့ အကြောင်းကတော့ ချောင်းသာ ငွေဆောင်တဲ့ အရင် ပေါ်လာတာ ဖြစ်တဲ့အတွက် တော်တော်လေး စည်ကားနေပါပြီ။ ရွာနဲ့ ကမ်းခြေနဲ့လဲ နီးပါတယ်။ ငွေဆောင်ကတော့ မြန်မာလို အသံထွက်ရတာ အဆင်ပြေပေမယ့် နိုင်ငံခြား ခရီသွားတွေ အတွက် Ngwe ဆိုတဲ့စာလုံးက သသံထွက်ရတာ အဆင်မပြေဘူးလို့ ချစ်ဆွေမြင့် ( ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ) ရေးတဲ့ ဆေင်းပါးတစ်ခုမှာ ဖတ်ဖူးပါတယ်။ နောက်ပြီးတော့ အစားသောက် နှင့်ဟိုတယ် တည်းခိုစားရိတ်က အစ ချောင်းသာထက် ဈေးကြီးတယ် လို့ဆိုကြပါတယ်။ ဒါကြောင့် အများစုကတော့ ချောင်းသာကိုပဲ သွားကြပါတယ်။
ကမ်းခြေမှာ ပဲများနေတဲ့ ကောင်မလေးတစ်ယောက်
ကမ်းခြေမှာ ဒီလိုပေါကြောင်ကြောင် ကောင်တွေကိုလဲ မကြာခဏတွေ့ရတယ်
တောင်တက်လမ်း မိုင်နှစ်ဆယ် ကျော်ဆိုတာ ကားနဲ့မောင်းရင် တကယ်တမ်းကျတော့ လွန်လွန်းကျွန်လွန်း နှစ်နာရီ ထက်ပိုမကြာ သင့်ပါဘူး။ ကားကြီးတွေ အတွက်ကျတော့ လမ်းကဆိုး ကျဉ်းကလဲ ကျဉ်းပြန်ဆိုတော့ သုံးနာရီလောက် မောင်းမှ ချောင်းသာကို ရောက်ပါတယ်။ ဒါတောင် ချေင်းသာ အ၀င်နားလေးက ဥတိုတံတားပေါ်မှာ ဘင်ကားလေးတစ်စီး ဘိန်းပေါက်နေတာကြောင့် ၁၅မိနစ် ကျော်လောက်စောင့် နေရပါသေးတယ်။ ဥတိုတံတာ ဆိုတာက ချောင်းသာ အ၀င်နားလေးမှာ ရှိတာပါ။ ပေ ၁၅၀ ကျော်လောက်ရှည်ပါတဲ့ တစ်လမ်းမောင်း တံတားလေးပါ။ တံတားလေးက ဆောက်လုပ်ရေး ၀န်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်စောထွန်း တက်ခါစဆောက်ခဲ့ တာလို့ ပြောကြပါတယ်။ ကာဘီးပေါက်နေတဲ့ နေရာကိုသွား ကြည့်တော့ တံတာက သံချောင်းတွေ သစ်သားတွေက ထိုးထိုးထောင်ထောင်တွေ ဖြစ်နေတာကိုတွေ့ ရပါတယ်။ ဒါကြောင့် မကြာခဏဆို သလိုကားဘီများကို ထိုးမိပြီး ပေါက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တကယ်တမ်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုး တက်ဖို့ဆိုရင်တော့ ကမ်းခြေကို လှပအောင် တန်ဆာဆင် ဟိုတယ်ကြီးတွေ တစ်လုံးပြီး တစ်လုံး ဆေက်နေရုံနဲ့ တော့ပြီးမှာ မဟုတ်ပါဘူး။ လမ်းပမ်းဆက်သွယ် ရေးကို လျှင်မြန်ချောမွေ့အောင် လမ်းနဲ့တံတားတွေကို ပြင်သင့်ပါတယ်။ အခုကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ ဥတိုတံတားကတော့ အခြေအနေလေး တော်တော်ဆိုးနေပါပြီ။
ကားပျက်တာက တစ်ကြောင်း လမ်းပျက်တာက တစ်ကြောင်းကြောင့် ကျွန်တော်တို့ ချောင်းသာကို ရောက်တဲ့ အချိန်မှာ နံနက်ကိုးနာရီ ကျော်နေပါပြီ။ ချောင်းသာ အ၀င်မှာတော့ မနှစ်ကနဲ့ မတူပဲတိုးတက် ပြောင်းလဲနေတာကို တွေ့ရပါတယ်။ မနှစ်က ချောင်းသာ အ၀င်နားလေးမှာ ဆေက်လက်စ ဟိုတယ် သုံးလုံးလောက်ကလဲ ဖွင့်လှစ်ထားပါပြီ။ မာလာကြောင့် ပျက်စီးသွားတဲ့ အဆောက်ဦးတွေကို အသစ်ပြန်လည် ပြုပြင် ထားတာတွေကြေင့် ချောင်းသာက မနှစ်နဲ့ မတူပဲပိုပြီးသစ်လွင် လှပနေတာ ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ မုန်တိုင်းများနဲ့ ပတ်သက်လို့ အလျှင်းသင့် လို့ပြောရရင် ချောင်းသာကို မုန်တိုင်းကြီးနှစ်ကြိမ် ကျခဲ့ဘူးပါတယ်။ ပထမအကြိမ်ကတော့ ၁၉၇၅ ခုနှစ်ကဖြစ်ပြီး သာမှန်မုန်းတိုင်းကြီးတစ်ခု မျှသာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ဧပြီလ ၂၉ ရက်နေ့မှာ ချေင်းသာကို အဖျားခတ်သွားတဲ့ မာလာကတော့ ချောင်းသာသက်တန်း တစ်လျှေက်မှာ အကြီးမားဆုံး အပျက်စီးဆုံးဖြစ်ပါတယ်။ မာလာဟာ ချောင်းသာ ကမ်းခြေကိုယင်းနေ့နံနက်ကိုးနာ ရီလောက်မှာ ၀င်ခဲ့ပြီး ရှစ်ပေခန့်ရှိတဲ့ ပင်လယ်ဒီလှိုင်းကြီး တက်လာပါတယ်။ မုန်တိုင်းကျချိန်မှာ ဒီရေကျချိန်ဖြစ် တာတစ်ကြောင်း လေတိုက်တဲ့ပုံးစံက ကုန်းတွင်းက တိုက်တာဖြစ် တာကတစ်ကြောင်း အချိန်မကြာမြင့်တာက တစ်ကြောင်းကြေင့် လူသေပျေက်မူတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် လူတွေ အားလုံးက စူနာမီ လာတယ်ထင်ပြီ အနီးနာက စကားဝါတောင်ပေါ်ကို တက်ပြေးကြတယ်လို့ ပြောပါတယ်။ ဟိုတယ်တွေထဲကိုလဲ ရေတွေက လူရင်ဘတ်လောက် ထိရေတွေ ၀င်ရောက်ခဲ့ပါတယ်။ ဟိုတယ်တစ်လုံးကို ပျမ်းမျှသိန်း တစ်ထောင်ဖိုး လောက်ပျက်စီးခဲ့တယ်လို့ လိုင်းလိုင်း ဟိုတယ်ရဲ့ မန်နေဂျာက ပြောပါတယ်။ ရှစ်ပေလောက်ရှိတဲ့ လှိုင်းကြီးက တစ်လုံထဲလာလို့ ၊ အကယ်၍များ အဲလိုလှိုင်းလုံးကြီးတွေ ဆက်တိုက် ဆက်တိုက်တာ လာခဲ့ရင် ဒီထက်မက ပျက်စီး ဆုံးရှုံးဖွယ်ရာ ရှိတယ်လို့ သိရပါတယ်။
ချောင်းသာ ကမ်းခြေမှာ လက်ရှိဟိုတယ် ၂၃ လုံး နဲ့ တည်းခိုခန်းပေါင်း တစ်ရာကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီဟိုတယ် ၂၃ လုံးထဲမှာ သုံးလုံးက ဒီနှစ်မှ တိုးလာတာလို့ သိရပါတယ်။ ကျွန်တော်တို့ တည်းမဲ့ဟိုတယ် ကိုရောက်တော့ ကိုးနာရီကျော်ကျော် ရှိပါပြီ။ အားလုံး ဘွန်ကင် ကြိုလုပ်ထားတဲ့ အခန်းတွေမှာ သူ့အခန်းကိုယ့် အခန်း သွားနားနေကြပြီ ကံဆိုးသူ ကျွန်တော်တို့ ခြောက်ယောက် အုပ်စုသာလျှင် ဘွတ်ကင်လုပ် ထားသောအခန်းများ မှ ဧည့်သည်များသည် နေ့လယ်၁၂ နာရီမှ အခန်းကထွက် မည်ဖြစ်သောကြောင့် စောင့်ဆိုင်းပေးပါ ဆိုလို့ ဒီတိုင်းကြီး ထိုင်စောင့် နေရပြန်ပါတယ်။ မတတ်နိုင်ဘူးလေး ကိုယ့်ကုသိုလ်နဲ့ ကိုယ်ပဲပေါ့။ ဒါနဲ့ပဲ ပစ္စည်းတွေကို အခန်းရတဲ့ အုပ်စုက လူတွေဆီမှာ သွားထားပြီး ကမ်းခြေဘက်ကို လမ်းလျှေက် ထွက်ခဲ့ပါတယ်။

ပင်လယ်ကို လှမ်းမျှော် ကြည့်လိုက်တော့ ပြာလဲ့လဲ့ ရေပြင်ကြီးရယ် မိုးကုတ်စက် ၀ိုင်းကြီးရယ် ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ သဲဖြူကျွန်လေးရယ် ကမ်းခြေမှာ ရေဆော့နေတဲ့ လူတွေရယ်ကတော့ မနှစ်ကအတိုင်း ပြောင်းလဲခြင်းမ ရှိပါဘူး။ ကျွန်တော် အဲလို ကမ်းခြေမှာ လမ်းလျှေက်နေတုန်း ရဲနှစ်ယေက် ဟိုတယ်ထဲကနေ ဖြတ်ပြီးကမ်းခြေကို ဆင်းသွားတာ သတိထား မိလိုက်ပါတယ်။ ခဏလောက်နေတော့ ကျွန်တော်နဲ့ မီတာ တစ်ရာလောက် အကွာမှာရှိတဲ့ ဟိုတယ်တစ်ခုရဲ့ ၀င်းဘေးမှာ လူစုစု လေးကိုတွေ့ရပါတယ်။ ကျွန်တော်လဲ စပ်စုသူပီပီ သွားကြည့်လိုက်တော့ လူငါးယေက်လောက် စုဝိုင်းနေတဲ့ အလယ်မှာ ဒေသခံလို့ ယူဆရတဲ့ အသက်သုံးဆယ်ခန့်ရှိ အမျိုးသမီး တစ်ဦးငိုနေပါတယ်။ ရဲနှစ်ယောက်နဲ့ ဝေါ်ကီတော်ကီ ကိုင်ထားတဲ့ လူတစ်ယောက်ကတော့ ဟိုတယ်ဘက်ကို ပြန်ဝင်သွားတာကို တွေ့လိုက်ပါတယ်။
ငိုနေတဲ့ အမျိုးသမီးက ပုဆိုးကွက်ကြမ်းကို ရှပ်အင်္ကျီလက်ရှည်ချုပ် ၀တ်ထားပြီး သနပ်ခါးကို ပါးကြားကွက် ထားပါတယ် ပုခုံးပေါ်မှာ ခရစ်ခွေ လို့ယူဆရတဲ့ ပုဆိုးတစ်ဘက်ကို တင်ထားပြီး ပုဆိုးတစ်ဘက်နဲ့ မျက်ရည် တွေသုတ်နေပါတယ်။ ကျွန်တော်ရပ် ကြည့်နေတုန်းမှာ အရပ်ရည်ရည် ဆံပင်တိုတိုနဲ့ အသက်သုံးဆယ်ခန့်ရှိ လူတစ်ယောက် ရောက်လာပါတယ်။ သူလဲ ကျွန်တော့်လို အပန်းဖြေလာတဲ့ ဧည့်သည်တစ်ယောက် ဖြစ်ပုံရပါတယ်။ သူက ငိုနေတဲ့ ဒေခံအမျိုးသမီးကို မေးပါတယ်။ ဘာဖြစ်လို့ လဲပေါ့။ အဲဒီအမျိုးသမီးက ငိုနေတာနဲ့ မဖြေနိုင်ပါဘူး အဲဒီမှာ ဘေးမှာရပ်ကြည့် နေတဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တစ်ယောက် အမျိုးသမီး၏ ဈေးဗန်းကို ဟိုတယ်ဝန်ထမ်းက သိမ်းသွာတာကြေင့် ဖြစ်တယ်လို့ ရှင်းပြပါတယ်။ ဘယ်က ဟိုတယ်ဝန်ထမ်းလဲ လို့မေးတော့ ဈေးသည်တွေက ဝေါ်ကီတော်ကီကို ကိုင်ပြီးထွက်သွားတဲ့ လူကိုလှမ်းပြပါတယ်။ အဲဒီမှာ စောစောက အရပ်ရှည်ရှည်နဲ့ လူက ဟိုတယ်ဝန် ထမ်းနောက်ကို လိုက်သွားပါတယ်။ ကျွန်တော်လဲ ပွဲကောင်းပြီ ဆိုပြီးတော့ စောစောက လူနောက်က လိုက်သွားပါတယ်။ လူရွယ်က ဟိုတယ်ဝန် ထမ်းကိုမှီ ပြီဆိုတာနဲ့ သူ့ကိုသူ စစ်ဗိုလ် တစ်ယောက်ဖြစ် တယ်လို့ ယဉ်ယဉ်ကျေးကျေး မိတ်ဆက်ပါတယ်။ ပြီးတော့ စောစောက ဈေးဗန်းသိမ်းသွားတဲ့ ကိစ္စကိုပြောပါတယ်။
ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တစ်ဦး


ဈေးသည်တွေကို အစကတည်းက ကမ်းခြေမှာ ဈေးမရောင်းကြဖို့ ဒေသဆိုင်ရင် အာဏာပိုင်တွေက တရားဝင်တားမြစ်ထားတယ် လို့ဟိုတယ်ဝန် ထမ်းကပြောပါတယ်။ ပြီးတော့ ဟိုတယ်ဝင် အတွင်းမှာ ဖြစ်စေ ဟိုတယ် အုပ်တံတိုင်း အပုလေးပေါ်မှာ ဗန်းကို တင်ရောင်းလျှင် ဖြစ်စေ သိမ်းဆည်းလေ့ရှိတယ်လို့ ဟိုတယ်ဝန်ထမ်းက ရှင်းပြပါတယ်။ အဲလိုပြောရင်း ပြောရင်နဲ့ ကျွန်တော်တို့ စောစောက ငိုနေတဲ့ အမျိုးသမီးနားကို ပြန်ရောက်လာပါပြီ။ အဲဒီမှာ စောစောကငိုနေတဲ့ အမျိုးသမီးက သူဈေးစရောင်းတာ နှစ်ရက်ပဲရှိ သေးပါကြောင်း သူ့ဈေးဗန်းကို ပြန်ပေးဖို့ တောင်းပါတယ်။ ဟိုတယ်ဝန်ထမ်းက စစ်ဗိုလ်ဆိုတဲ့လူကို အခုလို ဆက်ရှင်းပြပါတယ်။
အရင်က ဒီလိုဈေးရောင်းတဲ့လူတွေကို စနေနေ့တိုင်းမှာ ကမ်းခြေကိုသန့်ရှင်း ရေးလုပ်ဆိုပြီး ရောင်းခွင့်ပေး ထားပါတယ်။ ဒါပေမယ့် သူတို့ရောင်းတဲ့ ငါးကင်တို့ ပုစွန်ကင်တို့က မကျက်တကျက်တွေ ကင်ရောင်းကြပါတယ်။ ကျက်အောင်ကင်ပြီး ရောင်းရင်တော့ တစ်မျိုးပေါ့။ သူတို့ကတော့ ပိုက်ဆံရပြီးပြီးရော ဆိုပြီးရောင်းသွားရော။ အဲဒီမှာစားတဲ့ ဧည့်သည်က ညပိုင်းမှာ ဗိုက်နာတာတို့ ၀မ်းလျှောဝမ်းပျက် တာတို့ဖြစ်ပါတယ်။ အခတ်မသင့်ရင် အဖုအပိန့်တွေပါ ထွက်လာပါတယ်။ ဒါကြောင့် တစ်ချို့ဟိုတယ်တွေမှာ ဆိုရင် ဒီလို ဈေးသည်တွေဆီက အစားသောက်တွေ ၀ယ်မစားကြဖို့ရာ သတိပေးစာ တွေတောင်ကပ်ထားပါတယ်။ ဒါပြင်ပိုဆိုးတာက ခိုးမှုပဲ။ ဧည့်သည်တွေဟာ များသောအားဖြင့် ပင်လယ်ထဲကို ဆင်းတဲ့အခါမှာ ပိုက်ဆံပါသွားလေ့ မရှိပါဘူး။ ဈေးသည်တွေဆီကနေ လာရောင်းတာကို ၀ယ်စား ပြီးမှာ အခမ်းကို ပိုက်ဆံလိုက်ယူ။ ဈေးသည်တွေက ပိုက်ဆံလိုက်ယူ ရင်းအခမ်းအနေထားကို အကဲခတ်သွားပြီး လူမရှိတဲ့ အချိန်ရောက်မှာ ပိုက်ဆံခိုးတာတို့ လှမ်းထားတဲ့ အ၀တ်ရုပ်သွားတာ တို့လုပ်တတ်ပါသေးတယ်။ ဒါကြောင့် နောက်ပိုင်းမှာ သက်ဆိုင်ရာက ကမ်းခြေမှာ ဈေးသည်တွေကိ ဈေးလုံးဝမရောင်းဖို့ တားမြစ်ထားတာပါ။ အခုရောင်းနေကြတယ် ဆိုတာကလဲ သူတို့လုပ်စားပါစေတာ့ ဆိုပြီးနာလယ်မှုနဲ့ ခွင့်ပြုထားတာပါ။ လို့ဟိုတယ်ဝန်ထမ်းက ရှင်းပြပါတယ်။
ဒါဆိုရင် အခုသိမ်းတဲ့ ဗန်းကိစ္စကိုရော ဘယ်လိုဖြေရှင်းပေးမှာလဲလို့ စစ်ဗိုလ်ကမေးတော့။ ဒါကသူ ထွေအုပ်ရုံး ကိုသွားရှင်းရမှာပါ။ အဲဒါကို ထွေအုပ်ကပဲ စည်းကမ်းထုတ် ထားတာပါလို့ ဟိုတယ်ဝန်ထမ်းက ပြောပြီးထွက်သွားပါတယ်။ စစ်ဗိုလ်လဲ ခဏလောက်နေတော့ သူသွားစရာ ရှိတဲ့ နေရာကို ထွက်ခွါသွားပါတယ်။ ကျွန်တော်လဲ ကမ်းခြေမှာစက်ဘီး တစ်စီငှားပြီး လျှေက်စီး နေလိုက်ပါတော့တယ်။ ဟိုတယ်ဝန် ထမ်းပြောတဲ့ စကားတချို့ တကယ်မှန်တယ် ဆိုတာကိုတော့ နောက်ပိုင်းမှာ ပြောပြသွာပါမယ်။

Read More...