Art is My Life: လူတွေတဲ့လား . . .

Monday, November 13, 2006

လူတွေတဲ့လား . . .

လူတွေလူတွေ ခုနေကောင်း တော်ကြာပြောင်း ဘ၀ဟောင်ကို အသွားလို့ရရင် အသွားအပြန်လုပ်နေကြမလေမလား
ခုနေဒီဟာ တော်ကြာမဟုတ် တော်တော်အလုပ်ရှုပ်ကြတာပဲ
ကိုယ့်ပေါ်ကောင်းကျိုးရမယ်ထင်ရင် ကောင်းလိုက်ကြတာ ဇွတ်ပဲ ကိုယ့်ထက် နိမ့်ပါးတဲ့လူဆိုရင် များများကောင်းပေးမှ သဘောကျတာ
ကုယ်ထက် မြင့်တဲ့လူဆိုရင် အလိုလျောက်ကောင်းပြီးသား။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီကနေ အခွင့်ရေး တစ်ခုခုကို မျှော်ကိုးနေလို့ပေါ့
အဲဒါမျိုးကိုမှခေါင်းငုံ့ပေးတာ။ ငုံ့ထားတဲ့ခေါင်းကို ဖိနပ်နဲ့နင်းထားရင်တောင် အကာကွယ်ပေးတယ် ဆိုပြီး ကျေးဇူးတင်ကြသေးတယ်
ဆိုးတဲ့ ပေတဲ့ ယုတ်တဲ့ နေရာမှာလည်းပြောမနေနဲ့တော့ လူကိုမှီအောင် ဆိုးနီုင်ယုတ်နိုင်တဲ့ သတ္တ၀ါဆိုတာ လောကမှာရှိကို မရှိသေးဘူး
ကောင်းပြီဆိုရင်လည်း ဇွတ်ပဲ
ယုတ်ပြီဆိုရင်လည်း သားသမီးချင်း ကိုယ်ချင်းရယ်မစာ တိရိစ္ဆာန် ကိုတောင် ဘလက်ကာယ လုပ်ကြတာ
ကမ္ဘာကြီးသာယာအောင် လုပ်တာလည်းလူပဲ
ကမ္ဘာကြီးပျက်စီးအောင် လုပတာလည်းလူပဲ
မျိုးတူသတ္တာဝါချင်း အများဆုံး သတ်ဖြတ်တာလူ လူပဲ
အသက်ပေးကယ်နေကြတာလည်း လူပဲ
သူများအမျိုးတွေ သေရင်တော့ တရားနဲ့တာဖြေပါကွာ ဘုရားတောင်မလွန်ဆန်နိုင်ဘူး သေဖို့ရာအတွက် မွေးခဲ့ကြတာမဟုတလားတဲ့
ကိုယ့်အလည့်လည်းရောက်ရော အခုသေတာငါ့အမေကွတဲ့
ဪ. . . . အဲတာလူတွေပေါ့
ဟေ့ အရူး အဲတာလူတွေပေါ့ ဆိုရင်မင်းက ဘာကောင်မို့လဲ
. . . ဗျာ ကျွန်တော်လား လူပဲလေ

No comments: