ဟုတ်ပါတယ် ခင်ဗျာတို့ ပြောတာမှန်ပါတယ် မြန်မာပြည် Journalist ဆိုတာကန့်သတ်ဘေင်တစ်ခု အတွင်းကသာ အလုပ်လုပ်နေရတာပါ၊ အမေရိကန်နှင့် လူ့အခွင့်ရေး ဆိုတာကလည်း ကျွန်တော်တပ်တဲ့ခေါင်းစဉ် မဟုတ်ပါဘူး သတင်းစာရှင်းလင်းပွဲက ဆိုတာသိသာအောင်လည်းရေးပေးထားပါတယ်။ Blog မှာရေးတာပဲကွာ ဘယ်သူကလာတားမြစ်မှာလည်း ဆိုပြီး Journalist ဟာ ကိုယ်ထင်ရာကိုယ်ရေးလို့ မရပါဘူး။ ကျင့်ဝတ်လိုက်နာတဲ့ Journalist တိုင်းဟာ ရေးတဲ့သတင်းမှာ ကိုယ့်ရဲ့အယူဆ ထင်မြင်ချက် စိတ်ခံစာချက်တွေထည့်လို့မရပါဘူး။
Journalist ဟာဘာနဲ့တူလဲဆိုတော့ အနီးစပ်ဆုံးဥပမာပေးရရင် လမ်းလျှောက်နေတဲ့ ကင်မရာတစ်လုံးလိုပဲ မြင်နိုင်တယ် ကြားနိုင်တယ် မြင်ခဲ့ကြားခဲ့တာတွေကို အများပြည်သူကို ပြန်ပြတဲ့သဘောမျိုးပဲ ဒါကမှားတယ် ဒါကမှန်တယ် ဆိုတာမျိုး တွေသတင်းမှာ ထည့်လို့မရပါဘူး စာဖတ်သူကပဲ တင်ပြထားတဲ့အခြေနေကို မူတည်ပြီးဆုံးဖြတ်ပါလိမ့်မယ်။
အဲလိုကိုယ်မြင်ခဲ့တာ ကိုယ်မြင်တဲ့အတိုင်းရေးလို့ ငဖားကြီးလို့ဆိုပြီး လာဆဲကြလည်း ဂရုစိုက်မှာမဟုတ်ပါဘူး
ဒါဆိုပြန်မေးစရာရှိပါတယ် ဒီလိုဆိုတခြားအမှန်တရားတွေ အမျာကြီးပဲရေးပါလား လို့မေးရင် မှန်တိုင်းလည်းရေးလို့ မရပါဘူး ဘာကြောင့်လည်းဆိုတော့
ရှင်ပြဖို့တော့ မလိုတော့ဘူးလို့ထင်ပါတယ်
Sunday, November 19, 2006
I am a Journalist
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
2:18 AM
No comments:
Post a Comment