Art is My Life: ဧရာဝတီလင်းပိုင်

Friday, November 03, 2006

ဧရာဝတီလင်းပိုင်


လင်းပိုင် နဲ့တငါသည် ပူးပေါင်းငါးဖမ်းတာကြိုမြန်မာတနိုင်ငံတစ်ခုတည်းမှာပဲတွေ့နိုင်ပါတယ်
ငါးဖမ်းကြပုံကတော့ . . .
လင်းပိုင်အုပ်စုတွေကို တငါသည်တွေ တွေ့တဲ့အခါမှာ လက်ပစ်ကွန်ရဲ့ခဲသီး၊ လှော်တက် တို့ကိုရေပေါ်မှာရိုက်ပြီးလည်းကောင်း အချို့က ထုလုံးချွန်သဏ္ဌန်ပြုလုပ်ထားသောသစ်သား
ချောင် မှချွန်သောအပိုင်းကို လှေနံတောင်တွင်ခေါက်ပြီး အသံပြု၍ လင်းပိုင်များကိုခေါ်သည်
လင်းပိုင်ကရေလုပ်သားနှင့် ငါးဖမ်းဆီရန်သဘောတုလျှင် အမြီးဖြင့်ရေကိုရိုက်၍အချက်ပြသည်
လင်းပိုင်နှင့်ရေလုပ်သား အပြန်အလန်အချက်ပြသည့်နည်းလမ်းမှာ၊ လင်းပိုင်ကအမြီးကို အ
ပြားလိုက်ချပြလျှင် ရှေ့တိုးရန်အချက်ပြခြင်းဖြစ်ပြီး အမြီးကိုထောင်ပြလျှင် ရပ်နေရန်နှင့် အမြီး
ကိုရေပြင်ပေါ်တွင်ရိုက်ပြလျှင် ကွန်ပြစ်ရန်အချက်ပြခြင်းဖြစ်သည်
ယင်းကဲ့သို့လင်းပိုင်အကူအညီနှင့်ငါးဖမ်းရာတွင် လင်းပိုင်အကူအညီမပါဘဲဖမ်းသည်
ထက်ပိုရကြသည်။ လင်းပိုင်သည်ရေထဲမှငါးများကို ကွန်ပစ်ကွင်းအတွင်းရောက်ရှိလာအောင်
ခြောက်ယူလာခြင်းဖြစ်သည်။ယင်းကဲ့သို့ကွန်ပစ်ရာမှ လျှံထွက်လာသောငါးများကိုလင်းပိုင်က
ဖမ်းဆီးစာသုံးသည်။
ဧရာဝတီလင်းပိုင်ဆိုသည်မှာ ရေနေနို့တိုက်သတ္တ၀ါတစ်မျိုးဖြစ်ပြီး အင်္ဂလိပ်အမည်မှာ
Irrawaddy Dolphin (or) Ayeyawady Dolphin ဖြစ်သည် ရှေးအခါကသမိုင်းမှတ်တမ်း
များတွင် River Pig ဟုလည်းခေါ်ကြသည်။ သိပ္ပံအမည်မှာ Orcaella brevirostris ဖြစ်သည်။
မြန်မာပြည်ရှိ ဧရာဝတီလင်းပိုင်တို့ကို AD ၈၀၀ စုက တရုပ်ပြည် တန်မင်းဆက်၏သမိုင်း
မှတ်တမ်းတွင်ဖော်ပြထာသည်ကိုတွေ့ရပြီး ပျူခောတ်က ရေ၀က်များဟုခေါ်ကြသည်။
ဧရာဝတီလင်းပိုင်ကို အင်ဒိုပစိဖိတ်ဒေသကြီး၏ အပူပိုင်းနှင့်သမပိုင်းဒေသရှိ ကမ်းရိုးတန်း
ရေချိုရေငန်စပ်၊ ဩစတေးလျှမြောက်ပိုင်း၊ နယူးဇီလန်၊ဖိလစ်ပိုင်၊ ဘင်္ဂလားပင်လယ်အော်နှင့်
အန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား တို့တွင် ပျံ့နှံ့နေထိုင် ကြသည်။
သို့ရာတွင်လူနှင့်အတူ ငါးဖမ်းသည့်အလေ့အထမှာ မန္တလေးတိုင်းပြင်ဦးလွင်ခရိုင်
ရှိန်းမကားကျေးရွာ၊ စိန်ပန်းကုန်းကျေးရွာ၊ ဟင်္သာကုန်းကျေးရွာ၊ ဟင်္သာမကျေးရွာ၊ စဉ့်ကူး
မြီု့အနီးရှိ ခတ်သင်ကျေးရွာ၊ဆည်သည်ကျေးရွာ တို့အနီးရှိလင်းပိုင်များကသာ လူနှင့်အတူ
ငါးဖမ်းကူကြသည်။
မြန်မာနိုင်ငံတွင် ဧရာဝတီလင်းပိုင်အကောင်ရေ ၇၀ ခန့်ရှိပြီး ငါးဖမ်းပေးသောလင်းပိုင်မှာ အကောင်ရေ ၂၀ ၀န်းကျင်ခန့်သာရှိသောကြောင့် ငါးလုပ်ငန်းဦးစီးဋ္ဌာနနှင့် UN အဖွဲ့စည်း
များ NGO များပူးပေါင်းကာ ငါးဖမ်းပေးသောအလေ့အထမပျောက်ပျက်စေရန် ထိမ်းသိမ်း
ဆောင်ရွက်လျှက်ရှိသည်။
အသေးစိတ်သိလိုပါက brvboy@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

No comments: