အပျံသင်စငှက်တစ်ကောင်
သူလည်းမွှေးအတောင်စုံပြီလေ အပျံသင်ပြီပေါ့
ဆယ်ကျော်သက် လူငယ်တစ်ယောက်
အရွယ်ရောက်ပြီလေ အချစ်သင်ပြီပေါ့
အချစ်သင်စနှလုံးသား လဲတဲ့အခါလဲ ကွဲကွဲတဲ့အခါကွဲ
ဒဏ်ရာတွေနဲ့ အလူးအလဲ
ဘယ်လောက်လဲ ဘယ်လောက်ကွဲကွဲ အလင်းရောင်အတွက် အသက်ကိုစွန့်တဲ့ ပိုးဖလံလို သတ္တိမျိုးကတော့ ဘယ်တော့မှ ပျေက်ကွယ်သွားတယ်ဆိုတာ မရှိဘူးလေ အဲဒါ အချစ်ရဲ့ ခွန်အားတွေပေါ့
စက်ဘီးသင်စမှာ လဲကျလို့ရတဲ့ဒဏ်ရာတွေတောင် ချက်ချင်းပျောက်တာမှမဟုတ်ပဲ နှလုံးသားကရတဲ့ဒဏ်ရာ ဆိုတာလဲ ကုစားရတာ အချိန်အတော်ကြာမှာပဲလေ
နောက်ဆုံးမှာတော့ အပျံသင်စငှက်ကလေး ကောင်းကောင်းပျံတတ်သွားတယ် အရင်ကသဘာဝရဲ့ မုန်တိုင်းတွေအောက်မှာ လွှင့်ပါလမ်းပျောက်ခဲ့ရပေမယ့် အခုချိန်မှာ မုန်တိုင်းဆိုတာ အပျင်းပြေလေဟုန်စီးဖို့ ပဲသဘာဝတရားကြီးက ဖန်တီးပေးထားလေသလားကွယ်
တကယ်တော့ ဘ၀ရဲ့အစဆိုတာ အပျံသင်စငှက်လေးတစ်ကောင်ပါပဲ
Sunday, November 05, 2006
အပျံသင်စငှက်
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
12:30 PM
No comments:
Post a Comment