Art is My Life: အချစ်သို့ အဓိပ္ပာယ်ဖွင့်ဆိုခြင်း

Friday, November 10, 2006

အချစ်သို့ အဓိပ္ပာယ်ဖွင့်ဆိုခြင်း



အချစ်သို့ အဓိပ္ပာယ်ဖွင့်ဆိုခြင်း

ကွင်းပြင်ကြီး ရှိတယ်
မျိုးစေ့လည်း ရှိတယ်
ဒါပေမယ့် အပင်မပေါက်နိုင်ဘူး
ကွင်းပြင်ကြီးက ခြေက်သွေ့နေလို့ပေါ့
အချစ်ရယ်. . . .
ကိုဘ၀ဟာ ခြောက်သွေ့နေတဲ့ ကွင်းပြင်ကြီးပါ
ချစ်တတ်တဲ့ နှလုံးသားကတော့ မျိုးစေ့လေးပါ
မင်းကတော့ ကိုယ့်ဘ၀ထဲကို ရွာသွန်းလာတဲ့ မိုးပြေးလေးပါ
မိုးပြေးလေးရယ် အရမ်းကို ကျေးဇူးတင်ပါတယ်
ကွင်းပြင်ကြီးကို စိုပြေစေပြီး အချစ်ဆိုတဲ့ သစ်ပင်လေးကို ပေါက်ဖွားရှင်သန်စေခဲ့ လို့ပေါ့ အချစ်ရယ်

အခု ဒီလို မဟုတ်တော့ဘူလား

ဟုတ်တယ်မိန်းကလေး တချိန်က ဒီစကားတွေ ပြောခဲ့ဘူးတာမှန်ပါတယ် အဲလိုစကားတွေ ပြောခဲ့တယ် ပြောမပြတတ်လောက်အောင် ချစ်တယ် လို့လဲပြောခဲ့ ဘူးတယ်
အဲလို အဲလို စကားတွေပြောခဲ့ပြီမှ လမ်းခွဲခဲ့တဲ့ ကိုယ့်ကို လူယုတ်မှာလို့ ခေါ်လိုက်ပါတော့လား ကလေးရယ်
ကလေးရယ် မင်းကအရမ်းကို ငယ်လွန်းပါတယ်


အချစ်ဆိုတာ ဘာကြီးလဲ

တကယ်တော့ အချစ်ဆိုတာ . . .
တစ်ယောက်နဲ့တစ်ယောက် အပြန်လှန် ချစ်နေကြရင် ပရိုးတိန်းဓတ် အပြည့်ပါတဲ့ အသားဟင်း တခွက်လို မြိန်ယျှက်ဖွယ်ကောင်းပါတယ် ဒါပေမယ့် အဲလို မြိန်ယျှက်ဖွယ်ကောင်းပါတဲ့ အသားဟင်းကို သွားမပေါက်သေးတဲ့ ကလေးတစ်ယောက် သွားစားရင် အစာမကြေ ဖြစ်သွားမှာပေါ့ ….
ကလေးရယ် သွားမပေါက်သေးဘဲနဲ့ အသားဟင်းခွက်ကို ဘာကြောင့်စားချင်ရတာလဲကွာ

No comments: