Art is My Life: ချစ်ခြင်းလား ရက်စက်ခြင်းလား

Saturday, November 11, 2006

ချစ်ခြင်းလား ရက်စက်ခြင်းလား

သိပ်ချစ်တဲ့သူကပဲ မှားနေလား
ပြန်မချစ်သူမှာပဲ အပြစ်ရှိနေလေလား

ကလေးရယ် မင်းကိုရက်စက်ခဲ့တဲ့ ကိုယ်လိုလူတစ်ယောက်ကို မေ့လိုက်ပါ။ ရက်စက်ခဲ့တာတောင် အခုချိန်ထိ ‘အစ်ကို ကိုချစ်တယ် ‘ လို့ ငိုသံတွေနဲ့ ပြောခဲ့သေးတယ်နော်
ဟုတ်ပါတယ် သွေးပူတုန်း အချိန်မို့ ကိုယ်ကိုချစ်တယ် လို့ပြောနိုင်သေးတာပါ အချိန်တွေ ကြာလာတာနဲ့အမျှ ရက်လတွေက မင်းရဲ့ဝေဒနာတွေကို ကုစားသွားလိမ့်မယ်. . . .
တကယ်တော့ ကိုယ်မရက်စက် ချင်ပါဘူး ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ

တကယ်တော့ အချစ်ဆိုတာ

တကယ်တော့ ဘ၀ဆိုတာ အိမ်လေးတစ်လုံး လို့ပြောရင် အချစ်ဆိုတာက အိမ်လေးကို လှပအောင်ခြယ်သတဲ့ ဆေးရောင်စုံ လေးတွေဖြစ်မှာပါ။ သန့်ရှင်းတဲ့ ဆေးနှစ်ရောင်ကို ရောစပ်ခြယ်သလိုက်ရင် လှပတဲ့ အိမ်လေးတစ်လုံး ဖြစ်လာမှာပါ။ ဒါပေမယ့် ဆေးရောင်တစ်ခုက ညစ်နွမ်းနေခဲ့ရင်တော့ အိမ်လေးရဲ့အလှ ပျက်စီးရပြီးပေါ့ကွယ် . .. ..
ကောင်မလေးရယ် ညစ်နွမ်းနေတဲ့ ဆေးရောင်နဲ့တူတဲ့ ငါ့အချစ်တွေနဲ့ မင်းဘ၀အလှလေး ကိုမဖျက်ဆီးရက်လို့ပါ၊ ဆေးသုပ်ဖို့ အသင့်ဖြစ်ပြီးပါမှ မသန့်ရှင်းမှုတွေကြောင့် ဆေးပုံးကို ရိုက်ခွဲလိုက်တာ ရက်စက်တယ် လို့ပြောမလား . . . .

No comments: