Art is My Life: လေဒီ Phone သို့ . . . . . . . .

Saturday, November 18, 2006

လေဒီ Phone သို့ . . . . . . . .

အိပ်မရတဲ့ညတွေ
အလွမ်းတွေက တပွေ့ကြီး
အလွမ်းပြေလေး မင်းဓာတ်ပုံကြည့်လိုက်ရင်
ရင်ထဲမှာ ဆွေးဆွေးလို့သွားတယ်
ခုချိန်လေး မင်းအသံကြားလိုက်ရရင်
အလွမ်းလေးတွေရယ် သက်သာမလားကွယ်



စာကြွင်း
အလွမ်းလေးတွေသက်သာမလားလို့ ဂဏန်းကိုးလုံးပါတဲ့ ဖုန်းနံပါတ်တစ်ခုကို နိပ်မိလိုက်တယ် . . . တီ…တီ.. ..တီ..
ဟော . . .တစ်ဘက်ကစကား ပြန်ပြောပါပြီ ဒါပေမယ့်ကျွန်တော့ အလွမ်းတွေမသက်ပါဘူး
လူကြီးမင်းခေါ်ဆိုသော GSM တယ်လီဖုန်းမှာ မအားသေးပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါ



No comments: