Art is My Life: သရဖူကို လုံးချော ကာကွယ်

Monday, September 10, 2007

သရဖူကို လုံးချော ကာကွယ်

ဒီနေ့ မြန်မာ့ရိုးရာ ၀ိတ်တန်းလိုက် ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲကြီကို အားကစားပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏမှာ ကျင်းပခဲ့ပါတယ်။

ရွှေခါးပါတ်ချန်ပီယံ ဗိုလ်လုပွဲ ဆိုတာကတော့ မြန်မားရိုးရာ လက်ဝှေ့လောကမှာ အမြင့်ဆုံး ပြိုင်ပွဲတစ်ခုပေါ့။ ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲကို ကျင်းပတာ အခုအကြိမ်ကတော့ လေးကြိမ်မြောက်ပါ။ ပထမဆုံ အကြိမ်ကို ၁၉၉၆ ခုနှစ်မှာ စတင်ကျင်းပခဲ့ပါတယ်။ အဲဒီပွဲတုန်းက ၀မ်ချိုင်းဟာ အောင်အောင်ထွန်း မန္တလေးကို နိုင်ပြီး နာမည်ကြီး လာခဲ့ပါတယ်။ အဲဒီနှစ်ပွဲရဲ့ အလွတ်တန်း ချန်ပီယံဆုကိုတော့ ရွှေဒူဝံက ရွေဝါထွန်းကို အလှဲထိုးပြီး အနိုင်ရသွားပါတယ်။

ဒုတိယ အကြိမ် ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲကို ၁၉၉၈ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။ တတိယ အကြိမ်ကိုတော့ ၂၀၀၆ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲမှာ ထးခြားတာက မြန်မာ့ရိုးရာ လက်ဝှေ့ လောက ကနေ အချိန်အတော်ကြာ ပျောက်နေတဲ့ ဆယ်နှစ်ချန်ပီယံ ရွှေဝါထွန်း ပါဝင်လာခြင်းပဲ ဖြစ်ပါတယ်။ ချန်ပီယံဟောင်း ရွှေဝါထွန်းဟာ အလွတ်တန်းမှာ ပါဝင်ပြီး လက်ရှိချန်ပီယံ လုံးချောနဲ့ ထိုးသတ်ရပါတယ်။ ပြီးတော့ ရွှေဝါထွန်းဟာ မျက်လုံး တစ်ဖက်လဲ ကွယ်နေပါပြီ။ အဲဒီပွဲမှာ ရွှေဝါထွန်းက လက်သီးထိုးလုံး ကောင်းတာမှန်ပေမယ့် အသက်အရွယ်နဲ့ အင်အား မညီမျှမှုကြောင့် ငါးချီမြောက်မှာပဲ အလဲထိုးခံခဲရပါတယ်။

ဒီနှစ် ကျင်းပတဲ့ ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲမှာတော့ ပွဲတော်တော်များများ ကြည့်ကောင်းပါတယ်။ နောက်ဆုံး အလွတ်တန်း ချန်ပီယံပြိုင်ပွဲမှာတော့ လုံးချော လက်ရှိအလွတ်တန်း ရွှေခါးပတ်ချန်ပီယံ နဲ့ ဈန်ထူး( ၂၀၀၆ခုနှစ် မစ်ဒယ်ဝိတ်တန်း ရွေခါးပတ် ချန်ပီယံ) တို့ထိုးသတ် ယဉ်ပြိုင်ကြပါတယ်။

လုံးချောနဲ့ ဈန်ထးဟာ ပြီးခဲ့တဲ့ မျှော်စင်ကျွန်း လှက်ဝှေ့ပွဲမှာ လုံးချောနဲ့ သရေကျခဲ့ဖူးပါတယ်။ သရေ ကျတယ်ဆိုပေမယ့် အဲဒီပွဲတုန်းက ဈန်ထူးဟာ လုံးချောထိုး သမျှကို ကြံ့ကြံ့ခံ ပြီး လုံးချောက အသာစီးနဲ့ ထိုးသတ်သွားတာပါ။ လုံးချောနဲ့ ဈန်ထူးဟာ အရပ်ချင်း ဘော်ဒီချင်းယှဉ်ရင် လုံးချောက လူကောင်ပိုထွားပါတယ်။ ဒါကြောင့် ဒီပွဲမှာလဲ လုံးချော အသာစီးရမယ်လို့ ထင်ထားကြပါတယ်။ လုံးချော ကိုယ်တိုင်းလည်း အဲလိုထင်ထားပုံရပါတယ်။

ပွဲစပြီဆိုတာနဲ့ လုံချောဟာ ဈန်ထူးကို တရစပ် ၀င်ထိုးပါတယ်။ သို့ပေမယ့် လုံးချောထင်သလို ဖြစ်မလာပါဘူး။ ဈန်ထူးဟာ လုံးချောလောက် အထိုးအသတ် မကောင်းဘူးဆို ပေမယ့် မျှော်စင်ကျွန်းပွဲတုန်းကလို ဒီပွဲမှာ လုံးချောဟာ ထင်သလို ၀င်ထိုးလို့ မရတော့ပါဘူး။ ဈန်ထူးရဲ့ တစ်တစ်ချက် လက်သီးထိုးချက်တွေ ခြေကန်ချက်တွေကြောင့် လုံးချော ဖင်ထိုင်လဲလဲကျသွားပါတယ်။ ဒီလိုနဲ့ ဘတပြန်ကျား တစ်ပြန်ထိုးရင် ငါးချီ အပြီးမှာ သရေ ဖြစ်သွားပါတယ်။

လုံးချောဟာ ဈန်ထူးထက် ထိအောင်တိုက်ခိုက် နိုင်တဲ့ ရာခိုင်နှုန်း ပိုများတဲ့တွက် အမှတ်ပေးစနစ် အရ လုံးချောက ရွှေခါးပတ် ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။

မျှော်စင်ကျွန်းတုန်းက လုံးချောနဲ့ ဈန်ထူးတို့ ထိုးသတ်တဲ့ ပွဲကို ကြည့်ချင်ရင် ဒီနေရာကို နှိပ်ပါ။

6 comments:

နှင်းပွင့်ဖြူ said...

ရွှေခါးပတ်က ချန်ပီယံဆုဆိုတော့..ဒုတိယဆုကကောမရှိဘူးလား ??
ဆုကြေးငွေကကော်...... ဘယ်လိုရတာလည်း ????
ဘယ်လိုသတ်မှတ်ထားတာလည်း ????

စိုးဇေယျထွန်း said...

ရွေခါးပတ် ချန်ပီယံဆုကို ၀ိတ်တန်းတစ်ခုမှာ တစ်ယောက်တည်းပေးတယ်။ ဥပမာ ကိုယ်အလေးချိန် 70 ကီလို တန်း ရှိတဲ့ လူတွေထဲမှာ ဆိုရင် တစ်ယောက်ပဲ ရတယ်။
ဒါပေမယ့် ဗိုလ်လုပွဲ အထိ တက်လာပြီး ဒုတိယရတဲ့လူကိုတော့ ရွေခါးပတ် မပေးတော့ဘူး။ ဒုတိယဆုပြီး ဒိုင်းဆုလေး တစ်ခုနဲ့ ငွေသားဆုချတယ်

နှင်းပွင့်ဖြူ said...

ဒါဆို...ရွှေခါးပတ် ချန်ပီယံက ငွေသားမရဘူးလား ???
ခါးပတ်ပဲရတာပေါ့ အဲဒီလိုလား ?????
မဟုတ်ဘူးထင်တယ် ... !!!!

စိုးဇေယျထွန်း said...

ရတာပေါ့
ချန်ပီယံက ၂ သိန်း ရှုံးတဲ့ ဒုတိယလူက တစ်သိန်း

လုံးချောဆိုရင် ဆုကြေး ဆယ်သိန်းရတယ်။ သူ့ကိုရှုံးတဲ့ ဈန်ထူးက ၈သိန်းရတယ်

Thinzar said...

သတင်းထောက်ကြီးက လက်ဝှေ့လည်း ၀ါသနာ ပါသကိုး :)

pee said...

please keep on writing boxing.i like it verymuck,thanks