Art is My Life: အမျိုးသားနိုင်ငံနေရေး အင်အားစုသတင်းစာရှင်းလင်းပွဲများ

Wednesday, May 23, 2007

အမျိုးသားနိုင်ငံနေရေး အင်အားစုသတင်းစာရှင်းလင်းပွဲများ

အမျိုးသားနိုင်ငံရေး အင်အားစု သတင်းစာရှင်းလင်းပွဲများတွင် မေးမြန်းခဲ့သော်လဲ ဂျာနယ်တွင် ဖော်ပြရန် အခက်ခဲရှိသော မေးခွန်းတစ်ချို့ကို ကောက်နုတ်တင်ပြလိုက်ပါသည်


နိုင်ငံတော် အလံကို ပြောင်းလဲဖို့ အမျိုးသားညီလာခံမှာ အကြံပြုတင်ပြထားကြောင်း သတင်းစာတွေ ဖတ်ရပါတယ်။ တကယ်ပဲ ပြောင်းလဲတော့မှာလား။

‘ဒါက အကြံပြုတင်ပြထားတဲ့ အဆင့်မှာပဲ ရှိပါသေးတယ် မဆုံးဖြတ်ရသေးပါဘူး။ နောက်ဆုံး ညီလာခံမှာမှ အတည်ပြုဆုံးဖြတ်ရမှာပါ
ဦးကြည်ဝင်း ( မင်္ဂလာဒုံ မဲဆန္ဒနယ်မြေ )


ရွေးကောက်ပွဲ ပြီးသွားရင် တိုင်းရင်သားတစ်ချို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်လာမယ် လို့သိရပါတယ် ဘယ်တိုင်းရင်းသားတွေလဲ။

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မြို့နှစ်မြို့တစ်ဆက်တစ်စပ်တည်းရှိနေပြီး အဲဒီဒေသမှာ လူမျိုးစု တစ်စုတည်းသာ အများဆုံးရှိနေရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အနေနဲ့ နာဂ ပလောင် ပအို့ တို့ကရရှိမှာ ဖြစ်ပြီ ၀ ကတော့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအနေနဲ့ ရရှိမှဖြစ်ပါတယ်။ အခု ခေါ်နေကြ စစ်ကိုင်းတိုင်းတို့ ရန်ကုန်တိုင်းတို့အစား စစ်ကိုင်းတိုင်းဒေသကြီး အဖြစ် ပြောင်းလဲ ခေါ်မှာဖြစ်ပါတယ်။ ပြည်နယ်တွေကတော့ ပြောင်းလဲခေါ်ဆိုခြင်းရှိမှာမဟုတ်ပါဘူး။
ဦးသိန်းကြည် ( တောင်တွင်းကြီး မဲဆန္ဒနယ်မြေ )


ညီလာခံ ကိုယ်စားလှယ်တော်ကြီးများကို မေးလိုပါတယ်။ ရွေးကောက်ပွဲပြီးသွားလို့ မဲအနိုင်ရတဲ့ သမ္မတကို လက်ရှိ အစိုးရက အာဏာလွဲပြောင်းပေးမယ်လို့ ယုံကြည်ပါသလား။ ဘာကြောင့် ယုံကြည်တာလဲ။
( ၃.၅. ၀၇ )

ယုံကြည်ပါတယ်။ ဘာကြောင့်ယုံကြည်တာလဲဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ဥပဒေပြီးသွားတာနဲ့ အာဏာကို ဘယ်လိုလွဲမယ် ဆိုတာကို အသေးစိတ်ရေးဆွဲထားပါတယ်။ ဒါကြောင့်ယုံတာပါ။
နောက်တစ်ချက်က ကျွန်တော်တို့ မယုံဘူးဆိုရင် သူတို့ကညီလာခံကို ပြီးအောင်လုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့က ညီလာခံကို မယုံရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြီးအောင်ရေးမှာမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေမရှိရင် လက်ရှိအုပ်ချုပ်ရေးစနစ်က တည်မြဲနေဦးမှပဲ။ ဒါကြောင့် ကျွန်တော်တို့က ယုံပါတယ် ဥပဒေကိုသာ ပြီးအောင်သာမြန်မြန်ရေးပါ ရွေးကောက်ပွဲကို မြန်မြန်လုပ်ပါဆိုပြီး တွန်းအားပေးနေပါတယ်။
ဦးသိန်းကြည် ( တောင်တွင်းကြီး မဲဆန္ဒနယ်မြေ )

No comments: