Art is My Life: ပုစ္ဆာ

Wednesday, May 16, 2007

ပုစ္ဆာ

အစဆုံး ရေးထားသည်။ ( မှတ်ချက်။ ။ သတ်ပုံမှား ခြင်းသီးခံပါ )


ပုစ္ဆာဆိုတာကတော့ လူမှန်းသိတတ်ခါစကတည်းက သေဆုံးချိန်ထိ အမြဲတွေ့ထိနေရတဲ့ အဖြေကို တိုက်ရိုက်မသိနိုင်သော အရာတစ်ခုကို ပုစ္ဆာလို့ခေါ်တယ်ထင်ပါတယ်။ တချို့ ပုစ္ဆာတွေက အလွယ်တကူ အဖြေရှာလို့ တွေ့ပေမယ့် တချို့ပုစ္ဆာတွေမှာ အဖြေမရှိကြပါဘူး။
ကျွန်တော်တွေ့နေတဲ့ ပုစ္ဆာမှာရော အဖြေရှိရဲ့လား . . . .


အဲဒီနေ့က နေမပူပါ။ မိုးမရွာပါ။ လေမုန်းတိုင်ကျလိုသည့် အရိပ်ယောင်များကိုတော့ တွေ့မြင်နေရသည်။ ကျွန်တော်သည် ပျင်းပျင်းရှိသည်နှင့် ခြေဦးတည့်ရာ ကိုထွက်လာခဲ့သည်။ ကျွန်တော်နေသည့် ဆိပ်ကမ်းသာလမ်းမှ ကမ်းနားလမ်းလက်ဆီသို့ လျှောက်လာနေသည်ဖြစ်သော်လဲ ဘယ်သွားမည်ကိုကား ကျွန်တော့်စိတ်တွင် အတိအကျမရှိ။ သည်လိုလျှေက်ရင်းနှင့်ပင် ပန်းဆိုးတန်း နှင့် ကန်းနားလမ်း ဒေါင့်ကိုရောက်လာသည်။ လှမ်းကြည်လိုက်တော့ အလုပ်ဆင်းလို့ ဒလ ကိုပြန်ကြမည့်လူများ သင်္ဘောဆိပ်သို့ ဆင်းနေကြသည်။ ဦးတည်ရာမရှိသည့် ကျွန်တော် သင်္ဘောဆိပ်ကို မြင်မှ ဒလ ဘက်ကိုကူးမည် စိတ်ကူကာ သင်္ဘောဆိပ်သို့ ဆင်းခဲ့သည်။

လက်မှတ်ဝယ်ခါနီးမှ သတိရသည်။ ကျွန်တော်တွင် ပိုက်ဆံအိတ်ကား ပါမလာ။ အကပ်သပ်လေး ကျန်လိုကျန်ငြား လျှောက်စမ်းကြည့်တော့ ဆယ်တန်လေး တစ်ရွက်ကို တွေ့သည်။ ယင်းဆယ်တန်လေးဖြင့် လက်မှတ်ဝယ်ကာ သင်္ဘောပေါ်သို့ တက်လာခဲ့သည်။ သင်္ဘောပေါ်ရောက်တော့မှ သတိရသည်။ အပြန်လက်မှတ် ၀ယ်စရာ ပိုက်ဆံ မကျန်တော့။ ပိုက်ဆံလေး တစ်ဆယ်နှင့် တောင်းပန်စီးရလျှင် အရှက်ကွဲတော့မည်။ ထို့ကြေင့် သင်္ဘောမထွက်မှီ အလျှင်အမြန်ပြန်ဆင်း လိုက်ရသည်။

သင်္ဘောဆိပ် အပြင်ဘက်ကိုရောက်တော့ နန်းသီတာဆိပ်ကမ်းဘက်ကို လှမ်းမျှော်ကြည့်လိုက်သည်။ ရွှေဘဲစားသောက် ဘေးက ကမ်းနဖူးပေါ်က အုတ်ခုံလေးတွေမှာ စုံတွဲတွေတန်း စီနေသည်။ အချို့ကလဲ တစ်ကိုယ်တည်း ထိုင်နေကြည်သည်။ ကျွန်တော်လဲ ရွှေဘဲစားသောက်ဆိုင်ဘက်ဆီသို့ လျှေက်လာခဲ့သည်။ စားသောက်ဘေးက သင်္ဘောကပ်သည့် ဆိပ်ခံဘောတံတားဆီသို့ တက်လာခဲ့သည်။ ထူးခြားသည်က အခြားလူများအားလုံးသည် သင်္ဘောကပ်သည့် ဆိပ်ခံဘောတံတားပေါ်သို့ မတက်ကြပါ။ အားလုံးကမ်းပေါ်က ခုံလေးတွေမှာ ထိုင်နေကြသည်။ကျွန်တော်ကတော့ သင်္ဘောကြိုးချည်တဲ့ ငုတ်တိုင်နီနီကြီးနှစ်ခုကို မှီ ခြေထောက်ကို အလျှားအလိုက်စန့်ချပြီး မြစ်ပြင်ကျယ်ကြီးကိုသာ ငေးနေမိပါတော့သည်။

မိုးမရွာပါ။ နေမပူပါ။ လေလေးဖြူးဖြူး တိုက်နေပါသည်။ မြစ်အလယ်တွင် ပဲခူးအမည်ရှိသင်္ဘောကြီးတစ်စီး ကျောက်ချရပ် နားထားသည်။ ထိုအချိန်တွင် နိုင်ငံခြားသင်္ဘောတစ်စင်း ကွန်တိန်နာများသယ်ဆောင်ကာ မီးခိုးတလူလူနှင့် ဥသြသံပေးရင် လှိုင်မြစ်အတွင်းကို ၀င်လာနေသည်။ စောစောက ဒလ သင်္ဘောကြီး ရန်ကုန်ဘက်မှ ထွက်သွားသည်ကို မြင်နေရသည်။ ဒလဘက်ကမ်းက သင်္ဘောတစ်စီးလည်း ရန်ကုန်ဘက်သို့ မောင်းလာသည် ကိုတွေ့ရသည်။ အချိန်က ညနေငါးနာရီ ကျော်ကျော်ရှိပါပြီ။ နေကတော့ မ၀င်သေးပါ။ ကျွန်တော်သည် မြစ်ပြင်ပေါ်တွင် သွားလာနေသော ပဲ့ထောင်များ လှေများ သင်္ဘေများကို ငေးကြည့်ရင်း နည်းနည်း ညှောင်းသလိုရှိလာသည်။ ထို့ကြောင် မှီနေရာကနေ နေရာပြင်ထိုင်လိုက်သည်။

နေရာ ပြင်ထိုင်လိုက်သည့်နှင့် အနောက်မှ ခေါ်သံတစ်ခုကြားရသည်။ လည့်ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်။ ဘယ်အချိန်ကတည်းက ရောက်နေသည်မသိ။ ကျွန်တော့ အနောက်မှာ တင်ပျင်ခွေ အနေထားမျိုးထိုင်နေသည်။လက်ထဲမှာ ကလစ်ဘုတ်လေးနဲ့ ခဲတံကိုကိုင်ထားသည်။ သူမ၏ အသားအရေ သည်ဝါ၀င်းပြီး ရှည်လျှားသော ဆံနွယ်များက လေထဲတွင်ဝေ့ပျံနေသည်။

အစ်ကို ကျေးဇူးပြုပြီး စောစောကပုံစံလေးအတိုင်း ငြိမ်ငြိမ်လေး ထိုင်ပေးလို့ရမလား။ ညီမပုံဆွဲနေတာ မပြီးသေးလို့

လှပသော သူမမျက်နှာလေးကို အပြုံးနိုင်ဆုံး ပြုံးပြီး ကျွန်တော့်ကို ပြောသည်။ သူက အစ်ကိုဟုသာ ခေါ်သည် သူ့ပုံကြည့်ရတာ ကျွန်တော့ထက် မကြီးရင်တောင် ငယ်မည့်ပုံမပေါ်ပါ။ ကျွန်တော်လဲ ရပါတယ်လို့ ပြောပြီး စောစောက အနေထားလေး အတိုင်းထိုင်နေလိုက်သည်။ ပြီးတော့ မြစ်ပြင်ကျယ်ကြီးကို ပြန်ငေးနေလိုက်သည်။ သို့ရာတွင် စောစောကလို စိတ်ထဲမှာ ပေါ့ပါးလွတ်လတ်မှုကားမရှိ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တော်တော်လေး ညှောင်းနေပြီလေ။ အနည်းဆုံးတော့ နေရာလေးပြင်ထိုင်မှ ဖြစ်မည်။ ခြေလဲကျဉ်လှပြီ။

ဆယ်မိနစ်လောက်နေတော့ သူမဘက်ကို မပြီးသေးဘူးလားဆိုသည့် အကြည့်နှင့် လည့်ကြည့်လိုက်သည်။ သူမသည် အားတုံ့အားနာ ပြန်ပြုံးပြပြီး။ ပြီးတော့မှာပါတဲ့။ ပြီးတာနဲ့ သူမ ပြောပါမယ်တဲ့။ သူမ မပြောမချင်း ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေး နေပေးပါတဲ့။

ကျွန်တော်လဲ သက်ပြင်းချကာ ဆက်ထိုင်နေလိုက်သည်။ ထိုအချိန်တွင် လေက အရှိန်ကောင်းလာသည်။ ဒီရေကကျနေသည်။ မြစ်လယ်တွင် ရပ်ထားသော ပဲခူအမည်ရှိ သင်္ဘောကြီး ထွက်ခွါဖို့ပြင်နေသည်။ ကျောက်ဆူးကို ပြန်နုတ်နေသည်။ ကျွန်တော်လဲတစ်ခါမှ မမြင်ဖူးသော မြင်ကွင်းမို့ စိတ်ပါဝင်စားစွာ ကြည့်နေမိသည်။ သင်္ဘော ကျောက်ကို နုတ်ပြီးသွားပြီ။ သင်္ဘောက ဥသြောဆွဲလိုက်သည်။ ကောင်မလေးပုံးဆွဲတာ ပြီးပြီလားမသိ။ ဥသြသံကြားမှ သတိရလို့ လည့်ကြည့်လိုက်တော့ ပုံဆွဲနေတဲ့ ကောင်မလေးမရှိတော့။ နေလုံးလဲ ၀င်သွားပြီ။ လူကို ပုံဆွဲတုန်းကတော့ဆွဲ ပြီး ပြန်တော့ နုတ်ဆက်ဖော်လေး တောင်မရ။ ရုပ်ကလေး လှသလောက် လူမှုရေးတရာ ခေါင်းပါတဲ့ မိန်းကလေးပဲ လို့ကျွန်တော်မှတ်ချက်ချလိုက်သည်။

ကျွန်တော်အိမ်ပြန် ရောက်ပြီးတော့ ပန်ချီဆွဲတဲ့ ကောင်မလေး အကြောင်းကို ပြန်စဉ်းစာမိနေသည်။ သူ့နေရာမှာ ယောကျာင်္းလေး တစ်ယောက် အကူညီတောင်းပြီး ထိုင်ခိုင်းရင်ကော အညှေင်းခံပြီး ထိုင်ပေးပါမလား။ ကိုယ်ကို ကိုပြန်မေး ကြည့်နေမိသည်။ ထိုင်ပေးမှာ ပေါ့ဟု ဖြေမိသော်လဲ သိပ်မသေချာလှ။ နောက်ဆုံးတော့ ယောကျာင်္းတစ်ယောက်သာ ဆိုရင်လဲ ငါ့ပုံကို ဆွဲမှာ မဟုတ်ပါဘူးလေလို့သာ တွေးလိုက်ပါတော့သည်။

နောက်တစ်နေ့ ရုံးဆင်းချိန်ရောက်တော့ ၇ လွှာကနေ မြစ်တွင်းကို လှမ်းကြည့်ရင်း မနေ့က ညနေခင်းလေညှင်းခံရင်း မြင်ရသည့် မြစ်တွင်းက မြင်ကွင်းတွေကို သတိရတာလား ပန်းချီဆွဲတဲ့ ကောင်မလေးကို သတိရတာလား မသိ ကျွန်တော်၏ စိတ်က ဆိပ်ကမ်းဆီသို့ သွားရန်တိုက်တွန်းနေသည်။

ကျွန်တော် ကင်မရာ လေးကိုင်ပြီး ဆိပ်ကမ်းဆီသို့ ထွက်လာခဲ့သည်။ ဆိပ်ကမ်းရောက်လို့ မနေ့က ဘောတံတားပေါ်ကို လှမ်းကြည့်လိုက်တော့ ကောင်မလေး ရောက်နေပြီ။ မနေ့ကလိုပင် တင်မြင်ခွေလေး ထိုင်ကာ လက်ထဲမှ ကလစ်ဘုတ် လေးပေါ်တွင် ရေးခြစ်နေသည်။ ကျွန်တော် အနားရောက်လို့ ကြည့်လိုက်တော့ သူမသည် မြစ်လယ်က ဘော်ယာ ( သင်္ဘောများ မော်တော်များ ချည်ရန် ပြုလုပ်ထားသည့် ရေထဲတွင် ပေါလော ပေါ်နေသော အလုံး အနီကြီး ) တွင် ဆိုက်ကပ်ထားသော သင်္ဘောငယ်လေးကို ခဲခြစ်ရေးဆွဲနေသည်။ ကျွန်တော် အသံပြုလိုက်တော့ မော့ကြည့်သည်။ ခဏမျှ တွေကြည့်နေပြီး မှတ်မိသွားဟန်ဖြင့် ပြုံးပြသည်။ ပြီးတော့ သူမကပြောသည်

မနေ့က တောင်းပန်ပါတယ်နော်။ ဖေလာခေါ်လို့ နုတ်မဆက်ခဲ့ရဘူး။ နုတ်ဆက်နေရင် သူက ဘယ်သူလဲ ဘယ်ကလဲနဲ့ မေးလို့ ဆုံးတော့မှာ မဟုတ်ဘူးအဲ ဒါကြောင့်ပါ။

ရပါတယ် ကိစ္စမရှိပါဘူး။

မနေ့က လူမှုရေးခေါင်ပါသည်လို့ ပြေခဲ့မိသည့် ကိုယ်ကိုကိုပင် အပြစ်ကျူးလွန်ထားမိသလိုပင် ထင်နေမိသည်။ ထင်မှာ ပေါ့ကောင်မလေးကလဲ လှတာကိုး။

နေ့တိုင်းလာသလားလို့ ကျွန်တော်မေးကြည့်တော့ ရာသီဥတုသာရင်တော့ နေ့တိုင်းလိုလို လာဖြစ်ပါတယ်တဲ့။ အခုတော့ သူဆွဲနေတဲ့ ပုံလေး လက်စပ်သပ်တော့မှာမို့ ခဏလေးစောင့်ပါတဲ့။ ပြီးမှ စကားအေးအေး ဆေးဆေးပြောတာပေါ့တဲ့။ ဒါကြောင့် ကျွန်တော်လဲ သူမကို မနှေက်ယှက်တော့ပဲ ဘောတံတား ထိပ်ဘက်ပိုင်းသို့ လျှေက်လာခဲ့သည်။ ထို့နောက် သူမကို ကြောပေးကာ မြစ်ပြင်ကြီးကို ငေးရင် မြစ်တွင်းက ပဲ့ထောင်လေးများ သင်္ဘောများကို ဓာတ်ပုံ လျှေက်ရိုက်နေမိသည်။ နောက်သို့ လည့်ကြည့်လိုက်လျှင် ကောင်မလေးက ပုံဆွဲရာကနေ ပြုံးပြုံးပြသည်။


ထိုသို့ ဓာတ်ပုံရိုက်နေရင်က ငဇင်ဂါ ရွှေတိံဂုံစေတီ ပေါ်က ဖြုတ်ယူသွားခဲ့တဲ့ ဓမ္မာစေတီ မင်းခေါင်းလောင်းကြီး ပုံပြင်ထဲကအတိုင်း ရွှေတိံဂုံ ဘုရားကို ဖူးဖို့ ရေပေါ်ပေါ် လာလေမလားလို့ တွေးနေမိသည်။ ခေါင်းလောင်းကြီး အကြောင်းစဉ်းစားရင်း စဉ်းစားရင်းဖြင့် ကျွန်တော်၏ အတွေးများသည် ဓမ္မစေတီ မင်းခေါင်းလောင်း ဆီသို့ရောက်သွား ပါတော့သည်။


ဓမ္မာစေတီမင်း ခေါင်းလောင်သည် တန်ချိန် နှစ်ရာနီးပါး အလေးချိန်ရှိပြီး။ မြန်မာ့ သမိုင်းတွင် တစ်ဦးတည်းသော ဘုရင်မကြီး ရှင်စောပု၏ သားမက်ဖြစ်သူု ဓမ္မာစေတီ မင်းက သွန်းလုပ်ခဲ့ခြင်းဖြစ်သည်။ ရှင်စောပု ဘုရင်မကြီး၏ လှုဒန်းမှုကြောင့် တွံတေး မှ တိုက်ကြီး ခရမ်းသုံးခွ လောက်ထိသည် ရွှေတိံဂုံဘုရား မြေများ ဖြစ်နေခဲ့သည်။ ဓမ္မာစေတီမင်း နန်းတက်သည့် အခါ ဘုရား မြေကြီးသည် အဲ့လောက်ကျယ်နေပါက ယင်းမြေအတွင်း နေထိုင်သူများ အပြစ်ကျရောက်တော့မည်ဟု ဆိုကာ ဘုရားမြေကို ချုံ့ပစ်ခဲ့သည်။ ထိုသို့ ချုံ့လိုက်သည့် အတွက် ဘုရားမြေသည် ကျိုက္ကလို့ ကျိက္ကလဲ အထိလောက်သာ ကျန်တော့သည်။ သို့ရာတွင် ယင်းပရ၀ုဏ် အတွင်းမှာလဲ လူများနေထိုင် ကြသည်ဖြစ်ရာ နေထိုင်သူများ အပြစ်ကို ကုသိုလ်ပြုသော အားဖြင့် ခေါင်းလောင်းတစ်ခု သွန်းလုပ်လှု ဒန်းရန် စီစဉ်ခဲ့သည်။
ဘုရင်က အိမ်တစ်အိမ်သည် တတ်နိုင်သလောက် ပါသည်ဆိုရုံမျှ ကြေးများလှုဒန်းကြပါရန် တိုက်တွန်းလိုက်သော်လဲ မင်းချင်းများက နားလယ်မှုလွဲမှားကာ တစ်အိမ်ကို ပိသာနှင့်ချီ၍ တောင်းခံခဲ့သည်။ ထို့ကြောင့် ခေါင်းလောင် သွန်းလုပ်မည့် နေ့သို့ရောက်သောအခါ ကြေးပုံကြီးသည် အဆမတန်ကြီးနေသည်။ ဘုရင်လဲ ဧရာမကြေးပုံ ကြီးကိုကြည့်ကာ မထူးတော့သည့်အတွက် ဧရာမ ခေါင်းလောင်းကြီး တစ်ခု သွန်းလုပ်လိုက်တော့သည်။ ခေါင်းလောင်ကြီးသည် သွန်းလုပ်စဉ်က မိကျောင်းနတ်ခတ်နှင့်မိသောကြောင့် အသံမမြည်ဟုဆိုသည်။


ယင်းခေါင်းလောင်းကြီးကို သွန်းလုပ်ပြီး နှစ်ပေါင်းနှစ်ရာခန့်အကြာတွင် သံလျှင်မြို့စား ငဇင်ဂါ ( ကြေးစာ ပေါ်တူဂီစစ်သား ) ကလက်နက် သွန်းလုပ်ရန် ဖြုတ်ယူသွားခဲ့သည်။ ယင်းသို့ ဖြုတ်ယူသွားပြီး ဒေါပုံ အရောက် သင်္ဘော ကွဲကာ ခေါင်းလောင်ကြီး ရေထဲသို့ နစ်မြုတ်သွားသည်။ ယင်းခေါင်းလောင်းကြီးသည် လပြည့်လကွယ်ညများတွင် ရွှေတိဂုံဘုရားကို လာဖူးလေ့ရှိသည်ဟု ဆိုကြသည်။


ဓမ္မာစေတီမင်း ခေါင်းလောင်းကြီးသည် မော်စကိုမှ လက်ရှိကမ္ဘအကြီးဆုံး ခေါင်းလောင်းထက် တန်ကိုးဆယ် ခန့်ပိုလေးသည်။ ထိုခေါင်းလောင်ကြီးကို ပြန်လည်ဆယ်ယူနိုင်ပါက မြန်မာတို့ အတွက် ဂုဏ်ယူစရာ ကောင်းလိမ့်မည့် တွေးနေမိသည်။ ယင်းခေါင်းလောင် သမိုင်းကိုဖတ်ရစဉ်က ကိုယ်တိုင် ဆယ်ယူလိုစိတ်များ ဖြစ်ပေါ်ခဲ့ဘူးသည်။


ခေါင်းလောင်း အကြောင်းစဉ်းစားနေတုန်း ခြေသံကြားလို့ လည့်ကြည့်လိုက်သည်။ ပုံဆွဲသည့် ကောင်မလေး မဟုတ် ကာကီရောင် ၀မ်းဆက်နှင့် ဆိပ်ကမ်းဝန်ထမ်း။

ညီလေး ခြောက်နာရီ ကျော်ပြီကွ။ ခြောက်နာရီ ထိုးရင် ဒီဆိပ်ကမ်းကို ဘယ်သူမှ လာလို့မရဘူး။

ကျွန်တော်ဟုတ်ကဲ့လို့ ပြောပြီးထလိုက်သည်။ ပန်းချီဆွဲနေတဲ့ ကောင်မလေးကို ကြည့်တော့ မရှိတော့။ ဘယ်အချိန်က ထွက်သွားလဲ မသိတတ်။ ဒီနေ့လဲ သူ့အဖေပဲ လာခေါ်သွားလေသလား ။ ကျွန်တော်လဲ ကောင်မလေးကို မတွေ့ရတော့ ပျင်းရိ လေဖင့်သော ခြေလှမ်းများဖြင့် ဘောတံပေါ်တွင် လျှေက်လာသည်။ စောစောက ပန်းချီဆွဲတဲ့ ကောင်မလေး ထိုင်တဲ့နေရာကိုရောက်တော့ ကြမ်းကြားထဲတွင် ငါးလက်မခန့်ရှိ ခဲတံ တိုလေး တစ်ချောင်းကိုတွေ့ရသည်။ ယင်းဆိပ်ခံ ဘောတံတားကို ပျဉ်ပျားများဖြင့် ထပ်ပိုးခင်းထားပါသည်။ ကျွန်တော်သည် ကြမ်းကြားတွင် ညှပ်နေသော ခဲတံလေးကို လက်သန်းနှင့် ကော်ထုတ်လိုက်သည်။ ခဲတဲထောင် တက်လာသလို လက်သဲကြားထဲသို့ သစ်စူးသွားသည်။ လက်သဲ ကြားကို ဆူးစူးတာ တော်တော်ခံရခက်ပါသည်။ သို့ရာတွင် ကျွန်တော်သည် ဆူးစူးတာကို ဂရုမစိုက်နိုင် ခဲတံလေးကိုသာ ကောက်ယူ အိတ်ထဲထည့်ပြီး ပြန်လာခဲ့သည်။


အိမ်ရောက်တော့ ကြည်လိုက်တော့ ခဲတံက အညှိရောင် ခွေးမြီးတိုတံဆိပ် ခဲတံလေးဖြစ်သည်။ ခွေးမြီးတို တံဆိပ်သည် ကျွန်တော်တို့ ငယ်ငယ်က တော်တော် နာမည်ကြီးသော ခဲတံဖြစ်ပြီး ခဲဆံကျစ်ကာ ကြိုးပဲ့လွယ်ခြင်းမရှိပါ။ သို့ရာတွင နောက်ပိုင်းတွင်တော့ ယင်းတံဆိပ်ကို ဈေးကွက်တွင် မတွေ့ရတော့ပါ။
ယခု ကျွန်တော်ကောက်ရခဲ့တဲ့ ခဲတံလေးကလဲ ကြည့်ရတာ နှစ်တော်တော်ကြာနေပြီဟု ထင်ပါသည်။ ဘာကြောင့်လဲ ဆိုတော့ခဲတံမှာ အရောင်တော်တော် ဖျော့နေပြီ။ သို့ရာတွင်ခွေးမြီးပုံလေးကတော့ အသားတံဆိပ်ဖြစ်တာ ကြောင့်ထင်ထင်ရှားရှားပင် တွေ့ရနေရသေးသည်။ ခဲဖျက်လေးကတော့ ပျက်စီးနေပြီ။ ပျက်စီးနေပုံက ဖျက်လို့ ပျက်သည့် ပုံမပေါ်ပဲ နှစ်ကာလ ကြာလို့ ပျက်စီးနေသည့်ပုံ။ ခဲတံချွန်ထားသည့် နေရာလေးကတော့ ဆေးမရှိတော့လို့လားမသိ မှိုများပင် တက်နေပြီ။ ဒီခဲတံသည် သူမကျန်ထားခဲ့သောခဲတံမှ ဟုတ်ရဲလားလို့ သင်္ကာမကင်း ဖြစ်မိလိုက်သေးသည်။ သို့ရာ သူမ ငယ်ငယ်က သုံးတဲ့ခဲတံ ချောင်ကြိုချောင်ကြားက တွေ့လို့ ယူလာလဲ ဖြစ်ကောင်းဖြစ် နိုင်ပါသည်။

မည်သို့ပင်ဆိုစေ ထိုခဲတံလေးသည့် ကျွန်တော့၏ သော့ဖြစ်သည်။ ထိုခဲတံလေးကို အကြောင်းပြု၍ အကျိုးတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည် မဟုတ်ပါလော။

နောက်တစ်ရက်တွင်။ မနက်လင်းကတည်းက ရွာတဲ့ မိုး။ ညနေအထိ မစဲနိုင်။ ရန်ကုန်မိုးဆိုတာ သိတော်မှုကြတဲ့ အတိုင်း စွေပြီးဆိုလျှင် တော်တော်နဲ့ မစဲတတ်။ နေပူနေရာက ချက်ခြင်းရွာတတ်သည်။ ရွာနေရာချက် ခြင်းရပ်တတ်သည်။ အဲဒီနေ့က ညနေငါး နာရီထိုးခါနီးတော့မှ မိုးရပ်သွားသည်။ မိုးရပ်သည်နှင့် ကင်မရာလေးယူက ဆိပ်ကမ်းသို့ ကျွန်တော် အပြေးဆင်းခဲ့သည်။ ဘောတံတား ပေါ်ရောက်တော့ သူမကို မတွေ့ရပါ။ ကျွန်တော်ဘောတံတာပေါ်တက်ခဲ့သည်။ အခုတော့လဲ ကောင်းကင်ကြီးသည် သူမဟုတ်တော့သလိုပင် ၀င်ခါနီးကျနေလေးတောင် ထွက်လို့နေလိုက်သေးသည်။ ကျွန်တော်သည် ဘောတံတားပေါ်တွင် တစ်ယောက်တည်း ထိုင်လိုက် ထလိုက် မြစ်ပြင်ကျယ်ကိုငေးလိုက် နောက်မှာ ရောက်နေလေမလားလို့ လည့်ကြည့်လိုက်နဲ့ နေမထိထိုင်မသာ ဖြစ်နေသည်။ ဒီလိုနဲ့ မိုးသာချုပ်သွားသည်။ သူမရောက်မလားပါ။ ကျွန်တော် မိုးနတ်မင်းကိုတာ ကျိန်ဆဲနေမိပါတော့သည်။

စတ္ထမြောက်ရက် တစ်နေ့လုံး ရာသီဥတုက ကျွန်တော့ဘက်မှာရှိနေသည်။ သို့ရာတွင် မိုးနတ်မင်းကား ယုံစားလို့မရ။ ပွဲပြီးလို့ နာကျဉ်ချိန်ပို သုံးမိနစ်ရောက်မှ ခြေပဂိုးရော အနိုင်ဂိုးရော သွင်းသွားနိုင်သည်။ ဘောတံတားပေါ်သို့ ကျွန်တော်တို့ နှစ်ယောက်လုံ ရောက်ပြီးမှ ရွာလျှင်ကိစ္စမရှိ သူ့ပစ္စည်းလေးတွေ မိုးမစိုအောင် ကူသိမ်းပေးရင် မှတ်တမ်းတင်ချင် တင်သွားနိုင်သည်။ ကြိုသာ မရွာစေနဲ့ဟု ဆုတောင်းရသည်။

ကျွန်တော်သည် ငါးနာရီ ရုံးဆင်းသည်နှင့် တပြိုင်နက် ဆိပ်ကမ်းသို့ အပြေးပင်ဆင်းလာပါတော့သည်။ စိတ်ထဲမှာ ပန်ချီဆရာမလေးရေး ဓာတ်ပုံဆရာလေး လာပြီကွလို့ ကြုံးဝါးလိုက်သည်။ ဆိပ်ခံ ဘောတံတားရောက်ခါ နားနီးမှ ခဲတံကျန်ခဲ့လို့ ပြန်ယူလိုက်ရသေးသည်။ ဘောတံတားပေါ် ရောက်လာတော့ သူမကို မတွေ့ရ။ စောသေးလို့လား စိတ်စောနေလို့လားမသိ ကောင်မလေး ရောက်မလာသေးပါ။

ကျွန်တော်လဲ စိတ်မပါတပါနဲ့ ဘောတံတားပေါ်တက်လာခဲ့သည်။ ရာသီဥတုက ကျွန်တော့ဘက်တွင် ရှိနေပါသည်။ သို့ရာတွင် ကံကြမ္မာက ကျွန်တော့ဘက်ကမပါ။ ကျွန်တော်လဲ မြစ်တွင်သို့ ငေးရင် ဓာတ်ပုံလေးရိုက်ရင်း သူမ အလာကို စောင့်နေသည်။ ဒလသင်္ဘာကြီးလဲ ၀င်လိုက်ထွက်လိုက်။ ကြာလာတော့ ကြည့်ပျင်းလာသည်။ ထို့ကြောင့် ရွှေဘဲစားသောက် ဆိုင်ဘက်သို့ လည့်ကြည့်လိုက်သည်။ တွေ့ရပါပြီ။ ရွှေဘဲစားသောက် ဟိုဘက်က ဘောတံတားပေါ်မှာ သူမပုံဆွဲနေသည်။ ယခု ပုံဆွဲသည်က အရင်နေ့ကလို ထိုင်၍မဟုတ် ဒေါက်ပေါ်မှာ ကားကိုတင်ပြီး အကျအန မတတ်ရပ်ဆွဲနေသည်။

ပိုသေချာအောင် ကင်မရာ တယ်လီကိုဆွဲကြည့်လိုက်သည်။ သေချာသည် သူမ။ ဆံနွယ်လေးတွေ လေထဲမှာ ပျံ့ဝဲနေသည်။ မြစ်ပြင်ကျယ်။ ဆိပ်ခံဘောတံတား။ မြစ်လယ်က သင်္ဘော။ ဒေါက်တိုင်နဲ့ အကျအနပန်းချီဆွဲ နေသော သူမ၏ ကိုယ်လုံးသွယ်သွယ်လေး။ မြစ်ပြင်ကျယ် မြစ်လယ်က သင်္ဘောနဲ့ သွားနေတဲ့ ပဲ့ထောင်များကို ဖိုးဂရောင်းထားပြီး ပန်းချီဆွဲနေသော သူမပုံသည် ဓာတ်ပုံ သဘောတရားအရ အလွန်ပင် ကြည့်ကောင်းနေသည်။ ထို့ကြောင့် ကျွန်တော်ရိုက်ရန် ပြင်လိုက်သည်။

သို့ရာတွင် မိန်းကလေး တစ်ဦးကို သူ့ရဲ့ ခွင့်ပြုချက် ဆန္ဒမပါပဲ နောက်ပိုင်းမှ မရိုက်သင့်ဟု ထင်သည် ထို့ကြောင့် ရိုက်ရန် ပြင်ပြီးမှ မရိုက်ဖြစ်တော့ပါ။ လှမ်းပြီး အော်ပြောရအောင်လဲ ကိုက်တစ်ရာလောက် ဝေးသည့်အတွက် သူမ ကြားနိုင်မည်မထင်။ ထို့ကြောင့် သူမရှိရာ ဘောတံတားဆီသို့ သွားရန်အတွက် ကုန်းပေါ်ပြန်တက်ခဲ့သည်။ သူမရှိသော ဘောတံတားပေါ်ရောက်ရန် ရွှေဘဲစားတော်ဆက်ကို ပတ်လျှေက်ပြီးမှ ရောက်မည်။

ကျွန်တော် ရွှေဘဲစားသောက်ဆိုင် ကိုကျော်ပြီးသွားတော့ ၀င်းခြားနေသည်။ သူမ ရပ်နေသော ဘောတံတားသည် တစ်ဘက်ဝင်က ပတ်ဝင်ရသည်။ ထို့ကြောင့် ဒလ သင်္ဘော ဆိပ်ဘက်သို့ ပြန်လာပြီး ပြန်ပတ်ကာ ကမ်းနားလမ်း ဘေးမှ ပြန်ဝင်ရသည်။ ကျွန်တော် ထိုကဲ့သို့ ခက်ခဲစွာပတ်ဝင်ပြီး ဘောတံတာသို့ရောက်သော အခါ သူမကို မတွေ့တော့။ ၀င်ပေါက်ရှာနေတာနဲ့ အချိန် ၁၅ မိနစ်ခန့်ကုန်သွားသည်။ ထိုအတောအတွင်း ရဲစခန်းဘက် အပေါက်က ပြန်ထွက်သွားဟန်တူသည်။ ကျွန်တော်လဲ စိတ်ပျက်လက်ပျက်နဲ့ ပြန်ခဲ့ရပါတော့သည်။

ပဉ္စမမြောက်နေ့ သူမလာပါ။ နောက်တစ်နေ့ ထပ်သွားစောင့် ပြန်သည် သူမလာပါ။ ကြားထဲမှာ မိုးရွာသည့် ရက်တွေ ကလည်းရှိသည့် အတွက် ကျွန်တော် နေ့တိုင်းမသွားဖြစ်တော့ပါ။ ကြုံရင်ကြုံသလိုတော့ သွားဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်လာသည့် အခါနှင့်သူမ လာသည့်အခါ မတိုက်ဆိုင်လို့လား မလာတော့လို့လားတော့ မသိ သူမကိုမှုမတွေ့ရတော့ပါ။

ဒီလိုနဲ့ တစ်လခန့် ကြာပြီးသောတစ်ရက်တွင် ရာသီဥတု သာသာယာယာရှိသည်နှင့် ဆိပ်ကမ်းသို့ ထွက်လာခဲ့သည်။ ဘောတံတားပေါ်ရောက်တော့ သူမကို မတွေ့ပါ။ ကျွန်တော်လဲ ပျင်းပျင်းရှိသည်နှင့် ငုတ်တုတ်ထိုင်ကာ ပင်လယ်ကို ကြည့်လိုက် သူမလားမလားလို့ လည့်ကြည့်လိုက်နဲ့ ထိုင်နေလိုက်ပါတော့သည်။ ခြောက်နာရီ ထိုးတော့ ဆိပ်ကမ်းဝန်ထမ်း ရောက်လာသည်။ ဆိပ်ကမ်းပိတ်တော့ မည်တဲ့။ ဒါနဲ့ ကျွန်တော်သူ့ကို ပန်းချီလာလာဆွဲတဲ့ ကောင်မလေးကို တွေ့မိသေးလာလို့ မေးကြည့်တော့ မသိဘူးတဲ့ သူရောက်လာတာ တစ်ပတ်ပဲ ရှိသေးတယ်တဲ့ ကောင်းရော။ ကမ်းပေါ်ရောက်တော့ တခြား ဆိပ်ကမ်း ၀န်ထမ်းတစ်ယောက်ကို ကောင်မလေး ပုံစံပြောကာ မေးကြည်မိသည်။ ဆိပ်ကမ်းဝန်ထမ်းက

သြော်သိတယ် သိတယ် အသားဖြူဖြူသွယ်သွယ် ဆံပင်ရှည်ရှည်နဲ့ ပန်းချီလာလာဆွဲတဲ့ ကောင်မလေး မှတ်မိပြီ။

ဘယ်တုန်းက တွေ့တာလဲ

ကြာပါပြီ
ဘယ်လောက်ကြာလဲ ကျွနတော် စိတ်သိပ်မရှည်နိုင်တော့

၁၅ နှစ်လောက်

ဘာ မနှောက်ပါနဲ့ ဗျာ

အေးသူက ဒလမှာ နေတာ။ ဒီဘက်ကမ်းကို တစ်ခါတစ်ခါ လာလာပြီး ပန်းချီလာလာဆွဲတတ်တယ်။ တစ်ရက်မှာ ဒီက အပြန် ပဲ့ထောင်မှောက်ပြီး ဆုံးသွားတာ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းကပဲ

ထိုလူကြီးသည် ကျွန်တော့်ကို စိတ်မရှည်သလိုပြောပြီး လည့်ထွက်သွားပါတော့သည်။

1 comment:

MELODYMAUNG said...

အဲဒါ သရဲအခြောက်ခံထိတာလား ဟင်