Art is My Life: မျှောင်လင့်ခွင့်

Thursday, May 10, 2007

မျှောင်လင့်ခွင့်

ချစ်သူရေ နင့်ကိုချစ်တဲ့အကြောင်း စက္ကူပေါ်မှာချရေးရင် ကမ္ဘာမြေမှာ ၀ါးပင်တွေမျိုးတုန်းကုန်လိမ့်မယ်


အဲဒီအခါမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မရှင်က တရားစွဲချင်စွဲလိမ့်မယ်၊ ပျင်းမနားမှာ မြစ်ချင်လုပ်ရောင်းသူတွေ အလုပ်လက်မဲ့ ဖြစ်သွားကြမယ်၊ အညာသားတွေ ကတော့ သူတို့ကို ရေငန်သောက်ပြီး မြစ်ခြောက်စားတဲ့လူ လို့ပြောခံရတဲ့ ဘ၀ကနေလွတ်မြောက်ကြလိမ့်မယ်၊ ယိုးဒယားက ဖိုင်ဘာစက်ရုံးကြီးတွေ နေ့ခြင်းညခြင်း သူဌေးဖြစ်ကုန်မယ်၊ ဘင်လာဒင်လဲ ရေအိမ်သုံးစရာ ဒုတ်ခနောင်းရှိတော့မှာ မဟုတ်ဘူး။
အဲဒီအခါမှာ အ၀ါရောင်ဂျာနယ်တွေ ပျောက်သွားလို့ ဂျက်ကီချမ်းက ကောင်းချီးပေးလိမ့်မယ်၊ လမ်းဘေးက အနှုကတော့ တူနဲ့ မစားရလို့ စိတ်ဆိုးကောင်း ဆိုးပါလိမ့်မယ်။
ဒါပေမယ့်ချစ်သူ ဒါတွေကအရေးမပါဘူး အရေးကြီးတာက နင့်အပေါ်မှာ ငါဘယ်လောက်ချစ်တယ်ဆိုတာကို သိဖို့ပါပဲ

ချစ်သူ . . .

ညကမှောင်တယ် မှောင်တဲ့ညမှာ အလင်းရောင်မရှိဘူး ဖန်တီးတဲ့အလင်းတွေမလာကြဘူး၊ ငါက မီတာခမဆောင်ဘူး မီးစက်လဲမ၀ယ်နိုင်ဘူးလေ၊ ဖရောင်းတိုင်ထွန်းဖို့ မီးခြစ်ဆံ ပါမလာဘူး၊ လမင်းသာဖို့ ကြံကြမ္မာမုန်တိုင်းတွေ နှေက်ယှက်နေတယ်
ဒါပေမယ့်ချစ်သူ မေတ္တာရှင်တစ်ယောက်က ထွန်းညှိပေးမဲ့ အလင်းတစ်ခုကိုတော့ ငါမျှော်လင့်နေတယ်

ချစ်သူ နင်ဟာ ငါ့ဘ၀ရဲ့ အစိုးရမီတာလား မီးစက်လား မေတ္တာရှင်လေးလေလား

ဆက်မေးပါရစေချစ်သူ အစိုးရမီတာဆိုရင် တစ်လကိုဘယ်လောက် ဆောင်ရမှာလဲ၊ မီးစက်တလုံးဆိုရင် ဘယ်လောက် ပိုက်ဆံစုရမှာလဲ
ပြောပြပါချစ်သူ
( ငါမတတ်နိုင်ရင်တောင် စိတ်ကူးလေးတော့ ယဉ်ပါရစေ )


မေတ္တာရှင်လားချစ်သူ
ဆက်ပြောပါ။ ဘယ်လောက်ကြာအောင် ငါ့ဘ၀ထဲကို ထွန်းလင်းပေးထားမှာလဲ . . .

No comments: