Art is My Life: အလှူရှင်အလိုရှိသည် ...........

Monday, July 14, 2008

အလှူရှင်အလိုရှိသည် ...........



ကျွန်တော်တို့ အဖွဲ့သွားရောက်နေတဲ့ လေမုန်တိုင်း သင့်ဒေသလေးတွေမှာ ရွာသူရွာသားများကို ရုပ်ရှင် ပြဖို့ ပရော့ဂျက်တာ တစ်ခု အလိုနေပါတယ်။

လေမုန်တိုင်းက ပြီးဆုံးသွားခဲ့မေမယ့် သူတို့ရဲ့ ဘ၀လေးတွေကို ပြန်လည်စိတ်ဓာတ် မြှင့်တင်ပေးဖို့ အလွန်အရေးကြီးပါတယ်။ အဲလို ပြန်လည် စိတ်ဓာတ်ကို မြှင့်တင်ပေးတဲ့ နေရာမှာ ဖျော်ဖြေရေးဟာလည်း အဓိက ကျလှပါတယ်။

သူတို့တွေဟာ လေမုန်တိုင်း တိုက်ပြီးကတည်းက ရွာထဲမှာ ရှိတဲ့ ဗီဒီယိုရုံတွေ တီဗီတွေ ရေထဲပါသွားတဲ့အကြောင့် လက်ရှိမှာ ဖျော်ဖြေရေးဆိုလို့ လေဒီယိုလေး တစ်လုံးနဲ့ သီချင်းနားထောင် နေရတဲ့ အဆင့်ပဲရှိပါတယ်။ ဒါကြောင့် ဖျော်ဖြေရေးနဲ့ ကင်းကွာနေတဲ့ သူတို့အတွက် ဗီဒီယိုလေးတွေ ပြပေးခြင်းဟာ ရေငတ်နေသူအတွက် ရေကြည်တစ်ပေါက် ဖြစ်လာမှာပါ။

ဒါကြောင့် ကျွန်တော်တို့ သွားရောက်နေတဲ့ ရွာလေးတွေမှာ ဗီဒီယိုလေးတွေ ပြချင်ပါတယ်။ အဲဒီလို ပြဖို့အတွက် ကျွန်တော်တို့မှာ ပရော်ဂျက်တာလေး တစ်လုံး အလိုရှိနေပါတယ်။ အဲဒီလိုအပ်ချက်လေးကို ဖြည့်ဆည်း သည့်အနေဖြင့် ပရော့ဂျက်တာကို ခေတ္တငှားရမ်း၍ ကုသိုလ်ယူ လိုသူများ အောက်ပါ ဖုန်းနံပါတ်များ ကိုဆက်သွယ်နိုင်ပါတယ် ...........

Handy Myanmar အဖွဲ့

၀၉ ၈၀ ၂၀၄၁၃
၀၉ ၅၀ ၂၆ ၃၀၀
၀၁ ၃၉၃၄၅၇

သို့ဆက်သွယ်နိုင်ပါတယ်

No comments: