Art is My Life: ပြာ

Sunday, August 12, 2007

ပြာ

.


မီးတောက်သည် လောင်စာ၏ အာကိုးဖြင့် မီးစာကို လောင်ကျွမ်းသောအခါတွင်၊ မီးစာဟု အမည်ရသော မီးလောင်ခံ ပစ္စည်းလေးသည် ပြာ ဖြစ်သွားသည် . . . .

ရှုပ်ထွေးလှသော ဘ၀ကို သချာင်္စာအုပ် တစ်အုပ်ဟု သဘောထားမည် ဆိုပါက ထိုကောင်မလေးသည် ကိန်းကဏန်းများ ဖြစ်လိမ့်မည်။ ထိုကိန်းကဏန်းများသည် လွန်စွာမှ ရှုပ်ထွေးလှပြီး ဖြေရှင်းခြင်း အလို့ငှာ ကျွန်တော်တတ်နိုင်လိမ့်မည် မဟုတ်ပါ။

မိမိကို လွမ်းမိုးထားသော အရာများသည် အိမ်မက်ထဲသို့ ရောက်လာလေ့ရှိကြသည်ဟု ပြောလျှင် ထိုကောင်မလေးသည် ကျွန်တော့ဘ၀ကို လွမ်းမိုးခဲ့လေပြီ။ ကျွန်တော်အိပ်သော အိပ်မက်ထဲသို့ ထိုကောင်မလေးသည် အမြဲတမ်း ရောက်လာလေ့ ရှိသည်။ အိပ်မက်ထဲသို့ ထိုကောင်မလေး ရောက်မလာသော နေ့များတွင် ကျွန်တော် အိပ်ရာမထပါ။ အိပ်မက်ထဲကို ရောက်မလာမချင်း ဆက်အိပ်ပစ်သည်။ အထက်ပါ ကိစ္စအတွက် မည်သူက တရားစွဲလိုပါသနည်း။

တခါတရံ မနက်လင်းခါနီး ဗိုက်ဆာသည့်တိုင် . . . အဝေးတနေရာမှ အိပ်ပျော်နေသော တစ်စုံတစ်ယောက်ကို ပစ်ထား၍ ကျွန်တော်တစ်ယောက်တည်း မစားရက်ပါ။ ကျွန်တော်သည် အမြဲလိုလို ဤကဲ့သို့ ပိုလွန်းပါသည်။

ကျွန်တော်သည် ဤသို့ ဤသို့ ရူးသွပ်ပါ၏

ကျွန်တော်သည် ထိုသို့ ထိုကဲ့သို့

တစ်ခါတရံ ။

ဒီလိုဒီလိုနဲ့ အသက်တွေတောင် တစ်ရက်ပြီး တစ်ရက်ကြီးခဲ့ပါချေပြီ

မင်းချစ်သူ ဘယ်သူလဲ ( အကယ်၍ သင်သည် ထိုမေးခွန်းမျိုး မေးခဲ့မည်ဆိုပါလျှင် )

ခံစားရခြင်းသည် ပူလောင်သည်
ထိုပူလောင်မှုကို မီးတောက်ဟု ပြောလျှင်
ကျွန်ုပ်၏ နှလုံးသာသည် မီးစာဖြစ်သည်
အချစ်သည်ကား လောင်စာဖြစ်သည်

ခံစားချက်ဆိုသည် မီးတောက်များသည် မီးစာနှင့်တူသော နှလုံးသာသို့ ကူစက်လောင်ကျွမ်းသည်။ ထိုလောင်ကျွမ်းမူကို ရှင်သန်စေရန် အချစ်ဆိုသည့် လောင်စာ များက ဖိအားပေးသည်။ နောက်ဆုံးတွင် မီးစာဖြစ်သည် နှလုံးသာသည် ပြာ ဖြစ်သည်သွားသည်။

အဲဒီပြာတွေက နင်သွားမဲ့ လမ်းမှာ ချခင်းပးပါ

4 comments:

Layma said...

အော်….ပြာပုံတိုးတဲ့ စိုး ပါလား…. တွေ့ ရတာဝမ်းသာပါတယ်…။ ရူးသွပ်တယ်….ဟုတ်လား….ဒါဆို လေးမရဲ့ သုတေသနစာတမ်းထဲ ထည့်ဦးမှပဲ…။

စိုးဇေယျထွန်း said...

အရူးစပါယ်ရှယ်လစ်ကြီးလေးမ ရပါတယ်။ ခင်ဗျားက အရူးစပါယ်ရှယ်လစ်ပဲ ပြုချင်သလိုသာပြုပါ။ ကျွန်တော်နုပေးပါမယ့် :D

နေလင်း said...

စာသားတွေကတော့ မြောက်တယ်ဗျာ ...ကြွေစင်တွေပဲ... ဆရာတင်ချင်လို့....:P

စိုးဇေယျထွန်း said...

ကိုနေလင်း မမြောက်ပါဘူးဗျာ။ ဆရာကြီးတော့မဟုတ်ပါဘူး။ ခံစားလို့ ရေးလိုက်မိတာပါ။ :D