Art is My Life: ပထမလူနှင့် ဒုတိယလူ

Tuesday, August 14, 2007

ပထမလူနှင့် ဒုတိယလူ

ပထမလူ။ ။ မင်းက အလကားကောင်ပါကွာ။ မင်းကတော့ မင်းကိုလာကြိုက်တဲ့ မိန်းကလေးတွေ ၀ိုင်းဝိုင်းလည်နေတယ် ဆိုပြီး ဂုဏ်ယူ နေမလားတော့မသိဘူး။ တကယ်တော့ မင်းက ဇရပ်ကြီးကွ။ လမ်းဆုံလမ်းခွက ဇရပ်ကြီး။ မင်းဆီကို လာတဲ့ ကောင်မလေးတွေက ကားမလာခင် ဇရပ်ထဲမှာ ခဏ၀င်နားတာ။ ကားလာတော့ မင်းကို ပစ်ထားပြီး လိုက်ချင်တဲ့နေရာသွားကြတာ။

ဒုတိယလူ။ ။ အေးမင်းက ဇရပ်ကြီးလို့ ပြောရင်၊ လမ်းဆုံ လမ်းခွက ဇရပ်မကလို့ သုသာန်က ဇရပ်ဖြစ်နေပါစေ။ ဘယ်လို အကြောင်းနဲ့ ပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့် ပဲဖြစ်ဖြစ် ဇရပ်ကို ရောက်လာတဲ့သူတွေကို လုံခြုံမှု အပြည့်ပေးနိုင်ဖို့ ငါဘက်က အဆင့်သင့်ပါပဲ။ ငါက မင်းပြောသလို ဇရပ်ဖြစ်တဲ့ အတွက်ကြောင့် အဆင့်မြင့် ဟော်တယ်ကြီးတွေလို အကောင်းစား ၀န်ဆောင်မှုတွေကို မပေးနိုင်တာကိုတော့ စိတ်မကောင်းပါဘူး။ အချိန်တန်လို့ ငါ့ကို ထားခဲ့ချင်ထားသွားပါ ဇရပ်ကိုတော့ မဖျက်ဆီးသွားပါနဲ့၊ ငါတောင်းပါတယ်။


ပထမလူ။ ။ ရုပ်ချောခြင်း အပြောကောင်းခြင်းက မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်နိုင်သလား။

ဒုတိယလူ။ ။ ရုပ်ချောခြင်း အပြောကောင်းခြင်းက ဆွဲဆောင်နိုင်တယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရုပ်ချောခြင်း အပြောကောင်းခြင်းဆိုတာ တံခါးတချပ်ကို ဖွင့်ပေးနိုင်ရုံ သက်သက်ပါပဲ။ တံခါးတစ်ချပ် ပွင့်သွားတဲ့အတွက် မင်းအထဲကို ၀င်ပိုင်ခွင့် ရမယ်။ တစ်ဘ၀စာ ခရီးတစ်ခု သွားဖို့ဆိုရင်တော့ မင့်ဆီက လမ်းပြမြေပုံကို တောင်းကြည့်လိမ့်မယ်။ မြေပုံအရ မင်းသွားမဲ့ ခရီးမှာ ချိုင့်တွေပေါမယ် ခရောင်းလမ်းလို မာကြောမယ် ခြေကျဉ်လျှောက်ရမဲ့ လမ်းတွေများနေမယ် ဆိုရင်တော့ မင်းနဲ့ အတူ ခရီးသွားဖို့ မသေချာတော့ဘူး။
ပိုးဖလန်လို အချစ်မျိုးဆိုတာ မင်းကြားဖူးမှာပါ။ ပိုးဖလန်တွေ မီးပုံကို ဘာကြောင့် ၀င်တိုးကြ သလဲသိလား။ သူတို့လိုချင်တဲ့ အလင်းရောင်ကို တပ်မက်စွာ ဖက်တွယ်ချင်လို့ အသက်အသေခံပြီး အလင်းရောင် ရှိရာ မီးပုံထဲကို ၀င်တိုးကြတာ။ အခုခေတ်မှာတော့ အဲလို ပိုးဖလန်တွေ ရှားသွားပြီ။ ရေနံဆီနဲ့ မီးခိုးထွက်နေတဲ့ မီးခွက်စုတ်လေးက အလင်းရောင်တွေမှာ ပိုးဖလန်တွေ မရှိကုန်ကြတော့ဘူး။ အလင်းရောင်လဲရ အသက်လဲ မသေတဲ့ လျှပ်စစ်မီးပြောင်းတွေမှာပဲ ဖက်တွယ်ကြတော့တယ်။
အေးလေ ခရီးတစ်ခုသွားဖို့ ဆိုရင်တော့ အဖော်ပါချင်ပါ မပါချင်နေ အကောင်းဆုံး ဖြစ်မဲ့ လမ်းကြောင်းတစ်ခုကိုတော့ ရွေချယ်ထားပေါ့။


ပထမလူ။ ။ မင်းဆိုတဲ့ကောင်က အခြောက်ပဲကွ။ ယေကျာင်္းလေး တန်မဲ့မျက်ရည်ကျ ရတယ်လို့။

ဒုတိယလူ။ ။ ယေကျာင်္းလေး ဆိုမျက်ရည်မကျဘူးလို့ မင်းကို ဘယ်သူပြောလဲ။ မျက်ရည်ဆိုတဲ့ နေရာမှာ မင်းသိအောင် ငါပြောပြရဦးမယ်။ အပြင်က ကျတဲ့မျက်ရည်နဲ့ နှလုံးသား ကျတဲ့ မျက်ရည်ဆိုပြီး ကွဲသေးတယ်။
အပြင်ကကျတဲ့ မျက်ရည်ဆိုတာက ကြက်သွန်းလှီးရင် ကျတာမျိုး၊ မင်းငယ်ငယ်က ဓာရှမိလို့ ငိုရင်းကျတာမျိုး ကိုပြောတာ။
နှလုံးသားက ကျတဲ့ မျက်ရည်ဆိုတာ နှလုံးသားရဲ့ ခံစားချက်တစ်ခုကြောင့် ကျလာတဲ့  မျက်ရည်မျိုးကိုပြောတာ။ မိန်းကလေးလည်းလူပဲ ယေကျာင်္းလေးလည်းလူပဲ။ လူဆိုရင်တော့ ခံစားတတ်တဲ့ နှလုံးသားပါတဲ့ လူတိုင်းမျက်ရည်ဆိုတာကျမှာပဲလေ။
ဘယ်တော့မှ မျက်ရည်မကျဘူးဆိုရင် အဲဒီကောင် ခံစားချက်တွေကို ဖုံးကွယ်နေတာ။ လူကြားထဲမှာမို့ မျက်ရည်ကျရမှာ မသင့်တော်လို့ ဆိုရင်တော့ လက်ခံပါတယ်။ လူကွယ်ရာရောက်မှ ဖွင့်ချလိုက်ပေါ့။ ဘယ်တော့မှ မျက်ရည်မကျဘူးဆိုတော့ အဲဒီလူရဲ့ နှလုံးသားဟာ အလုပ်မလုပ်တော့ဘူး။ သေသွားပြီ။

2 comments:

Layma said...

(ဘယ်တော့မှ မျက်ရည်မကျဘူးဆိုတော့ အဲဒီလူရဲ့ နှလုံးသားဟာ အလုပ်မလုပ်တော့ဘူး။ သေသွားပြီ။)

ဟုတ်လား…အင်း..ဟုတ်မှာပါ… အဲလိုတော့ မစွပ်စွဲပါနဲ့ ဟယ်… ငိုဖို့ မလိုဘူးထင်လို့  မငိုတာလဲဖြစ်နိုင်ပါတယ်….

san said...

အားအားရှိနိုနေရင်တော့ဘယ်ကောင်းမလဲ

There was an error in this gadget