Art is My Life: တင်းပလိတ်ပြောင်းခြင်း

Sunday, August 26, 2007

တင်းပလိတ်ပြောင်းခြင်း

ပျင်းနေတယ်။ ဘာမှလဲ မလုပ်ချင်ဘူး။ အားသလားဆိုတော့ လုပ်စရာတွေတစ်ပုံကြီး။ ဘာတွေပြီးပြီလဲ လို့မေးရင် ဘာမှ မလုပ်ပဲ ပစ်ထားတယ်။ ဒါဆို ဘာလုပ်မလဲဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။
အ၀တ်လျှော်မလား
စာရေးမလား
စာဖတ်မလား
အိပ်မလား
ဘာတစ်ခုမှ မလုပ်ချင်တာနဲ့ တင်ပလိတ်ကိုပဲ ကလိလိုက်တယ်။ Old Template ကို New လုပ်ပစ်လိုက်တယ်။ ရမလားလို့ ဂူဂဲ AD လေးဖမ်းထည့် လိုက်သေးတယ်။ မရတော့လဲ ထားလိုက်တယ်။ ရှိစေတော့ မပေးချင်လို့ မပေးတာကို ဇွတ်တောင်း မနေတော့ပါဘူး။

ဘင်နာကို ဘာတင်မလဲလို့ စဉ်စားတော့ မျက်စိထဲမှာ ခေါင်းဖြူကြီးကကို ပြေးမြင်တယ်။ အဲလူကြီးက ကျွန်တော့်ဘင်နာကို လာလာ ခလုပ်တိုက်နေလို့။ သူကတော့ အကြံကုန်လို့လားမသိပါဘူး။ ဆားတော့မချက်ဘူး ဘင်နာမှာ မြက်စိုက်နေတယ်။ ကြည့်ရတာ မြက်ပဲ ရောင်းစားမလို့လား ဒါမှ မဟုတ် နွားပဲ မွေးမလို့လားတော့ မသိဘူး။ မြက်တွေကတော့ စိုက်ထားတယ် စိမ်းလို့ ။

ဘင်နာလုပ်ဖို့ ခေါင်းစားကြည့်သေးတယ် ပျင်းတယ် မလုပ်ချင်သေးဘူး။ ဘာခက်တာမှတ်လို့ လွန်ခဲ့တဲ့ ဆယ်လ လောက်က တင်ခဲ့ဖူးတဲ့ ဘင်နာဟောင်းလေး ကောက်တင်လိုက်တယ်။ အစွဲလမ်းကြီးတယ်လို့ ပြောရမလားတော့မသိဘူး။ ပထမဆုံး တင်ခဲ့တဲ့ ဘင်နာလေးက လွဲရင် ကြားထဲမှာ တင်ခဲ့တဲ့ ဘင်နာတွေကို တယ်ပြီး သဘောမကျလှဘူး။

နောက်ရှိပါသေးတယ်။ ရင်းနှီးတဲ့ လူတချို့ပြောပါတယ်။ မင့်တင်းပလိတ်က ဘယ်လောက်ပြောင်းပြောင်း နောက်ခံ အနက်ရောင် မပြောင်းတော့ ပြောင်းတယ်လို့ ထူးထူးခြားခြား ဖြစ်မလာဘူးတဲ့။ အင်း မတတ်နိုင်ဘူးလေ။ တကယ်တော့ ကျွန်တော့် အကြိုက်တဲ့ အရောင်က အနီတောက်တောက် အစိမ်းတောက်တောက် အဖြူဆိုလက်လက် အနက်ဆို မဲပြောင်နေမှ။ အဲဒီတော့ ကိုယ်ကြိုက်တဲ့အရောင်ထဲက အဖြစ်သင့်ဆုံးအရောင်ကို စဉ်စားကြည့်တော့ အဖြူနဲ့ အနက်ပဲ ရှိတယ်။ အဖြူကျတော့လဲ ရှင်းလွန်းလို့ မကြိုက်ဘူး။ ဒီတော့ အနက်ပဲ သုံးရုံပေါ့လေ။ ဒါကတော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပဲ။ ရှိစေတော့ ပေါ့။

အင်း စကားမစပ် ပြောရဦးမယ်ဗျာ ဒီရက်ပိုင်းတွင်း ဘာမှ မလုပ်ဖြစ်တာကလဲ ဟိုလိုလို ဒီလိုလို ဘာလိုလိုနဲ့ ဟိုသွားကြည့် ဒီသွားကြည့် လုပ်နေမိတာကို။ အဲခက်တာက ကျွန်တော်သွားကြည့်လို့ မြင်ခဲ့ကြားခဲ့ရတာကို ဘလော့ဂ်ပေါ်မှာရေးပါလား ဆိုတော့လည်း မရေးဖြစ်ဘူး။ ဘာဖြစ်လို့လဲမေးရင် ကျွန်တော်တို့ လုပ်စရာတွေ အများကြီး ကျန်သေးလို့။ ဒါကို တချို့က သတ္တိမရှိဘူးလို့ ပြောလိုပြော ကြောက်တယ်လို့ ဆိုချင်ဆို ကျွန်တော်တို့ စီစဉ်ထားတဲ့ အလုပ်ကလေးတွေ ပြီးအောင်လုပ်ဖို့ ကျန်သေးတယ်။ မတတ်ဘူးလေ။ ကြုံလို့ မေးလာရင်တော့ သိရင် ဖြေလိုက်တာပဲ။ တကူးတကတော့ မရေးဖြစ်တော့ဘူး။

ကဲပျင်းပြီးဗျာ ဒီလောက်ပါပဲ။

သြော် . . . ပြောစရာ ကျန်သေးတယ်။ တော်ပြီဗျာ ထားလိုက်တော့။ ဘာလိုလိုနဲ့ မိုးလင်းနေပြီ အိပ်တော့ တာ့တာ။

No comments: