Art is My Life: ဘလော့ဂ်ကာများ စာနယ်ဇင်း ရှင်းလင်းပွဲ အောင်မြင်စွာ ပြီးဆုံး

Friday, August 17, 2007

ဘလော့ဂ်ကာများ စာနယ်ဇင်း ရှင်းလင်းပွဲ အောင်မြင်စွာ ပြီးဆုံး

ဒီနေ့ မြန်မာ ဘလော့ဂ်ကာများရဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ ဘားလမ်းရှိ Mr.Brown ကော်ဖီ ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို နေ့လည် နှစ်နာရီ ၁၅ မိနစ်မှာ စတင်ခဲ့ပြီး တက်ရောက်လာတဲ့ စာဇင်းသမားတွေကို ဘလော့ဂ်ဆင်မနာ နဲ့ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ရှင်းလင်းပြောကြားရာမှာ ကိုနေဘုန်းလတ်က ဘလော့ဂ် အကြောင်းကို အကျဉ်းချုံ့ ပြောကြားခဲ့ပြီး ကိုဇော်ဇော်မျိုးလွင် ( ဘလာကောက်) က ဆင်မနာ ကျင်းပရခြင်း၏ အကြောင်းအရင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ တက်ရောက်လာသူများက သိလိုသည်များကို ဆက်လက်မေးမြန်းရာမှာ ကိုနေဘုန်းလတ် ကိုညီလင်းဆက် နဲ့ ကိုဘလာကောက်တို့က ပြန်လည် ဖြေကြားရှင်းလင်းခဲ့ကြပါတယ်။ အခမ်းအနားကို ညနေ သုံးနာရီ ခွဲလောက်မှာ အောင်မြင်စွာနဲ့ အဆုံးသတ်ခဲ့ပါတယ်။

1 comment:

boedawgyi said...

ှဓာတ်ပုံတွေကောမရှိဘူးလားဗျ။