Art is My Life: အလင်းရောင်မဲ့ သောရက်စွဲများ

Wednesday, August 29, 2007

အလင်းရောင်မဲ့ သောရက်စွဲများ

အလင်းရောင်ဆိုတာ အမှန်တကယ်ရှိနေပေမယ့် မျက်ကန်းတစ်ယောက် အဖို့ အလင်းရောင်ကို မြင်နိုင်မှာ မဟုတ်ပါဘူး။ ထိုအခါ ကျွန်တော်သည် မျက်ကန်း တစ်ယောက် ဖြစ်သည်။ ရက်စက်မှု များသည် အလင်းရောင် ဖြစ်သည်။

လောဘကြီးတဲ့ လူတွေ အတဲ့ လူတွေ လိမ်ငြာခြင်း ခံရတတ်သည်။ ထိုအခါ ကျွန်တော်သည် လောဘကြီးသူ မဟုတ်ပါ။ သို့ရာတွင် ကျွန်တော့၏ အတိတ်သမိုင်းများတွင် လိမ်ငြာခြင်းခံ့ခဲ့ရသည့် ဒဏ်ရများက အိပ်မပျော်ကြသေးပါ။

ကျွန်တော်သည် ဒိုင်အော်ဂျီးနစ်လို နေ့ခင်းကြောင်တောင် မီးထွန်းပြီး အမှန်တရားကို မရှာဖွေဖူးပါ။ သို့ရတွင် ရင်ခုန်သံများကို အကာကွယ် ပေးမဲ့ ထီးတစ်ချောင်းအား လျှပ်စစ်မီး ရောင်အောက်တွင် တွေ့ရှိခဲ့ဖူးပါသည်။ ရင်ခုန်သံသည် နှလုံးသားမှ လာသော်လည်း ထိုထီးသည် စက်ရုံမှ လာသော အရာတစ်ခု ဖြစ်သည်ဆိုတာကိုတော့ သတိမထားမိခဲ့ပါချေ။

နှလုံးသားသည် လူဖြစ်သည်။ လူသည် စဉ်းစာဥဏ်ရှိသည်။ လူတိုင်းသည် နှလုံးသား တစ်ခုကို ပိုင်ဆိုင်ကြသည်။ ထိုနှလုံးသားသည် လူသားတို့ အတွက်လိုအပ်သည့် ရင်ခုန်သံ၊ အချစ်၊ အမုန်း၊ သံယောဇဉ် အစရှိသည့် ထုတ်ကုန်များကို အခမဲ့ ထုတ်ဝေပေးသည်။ သို့ရာတွင် စက်ရုံသည် ထီးများကို အခမဲ့ ထုတ်ဝေပေးခြင်း မရှိပါ။

ကျွန်တော်သည် နှလုံးသားမှ ထုတ်ကုန်များကို အခမဲ့ ဖြန့်ဝေသူ ဖြစ်သည် ။ စက်ရုံသည် မိန်းကလေး တစ်ယောက်ဖြစ်သည်။ ယင်းမိန်းကလေးသည် သူ့ထီးများကို အလကားမဝေပါ။

ထိုအခါ ကျွန်တော် တစ်ညလုံး မအိပ်တော့ပါ။ တညလုံး မအိပ်ရသော ကျွန်တော်သည် နောက်တက်ရက်တွင် တနေ့လုံး အိပ်သည်။ အိပ်နေစဉ် ကျွန်တော် မျက်စိမိတ်ထားသည်။ မိတ်ထားသော မျက်လုံးများကို အလင်းရောင်သည် ဖောက်ဝင် နိုင်စွမ်းအား မရှိရှာပါ။ ထိုအခါ ကျွန်တော့် အတွက် နေ့ခင်းကြောင်တောင် အလင်းရောင် မဲ့သွားသည်။ ထို့နေသည် ပြက္ခဒိန် ထဲမှရက်စွဲ တစ်ခုဖြစ်သည်။

No comments: