Art is My Life: မိုးရေထဲက အမှတ်တရ

Sunday, June 17, 2007

မိုးရေထဲက အမှတ်တရ

ကိုဖြိုးဆိုတဲ့လူက တက်ခိုင်းလို့ တက်လိုက်တာ သစ်ပင်ပေါ်ပဲ ရောက်သွားလား ဘတ်စကားပေါ်ပဲ ရောက်သွားလား တစ်ခုခုတော့ တစ်ခုခုပဲ အရေးကြီးတာက ၀က်ရူးမတက်ဖို့ပဲလေ။
ကဲ... ပြောနေကြာရော့မယ် မိုးရေထဲက ဇာတ်လမ်းလေး စစေ။

ဇာတ်လမ်: ၁

အဲဒီတုန်းကပေါ့ဗျာ ကျွန်တော် တစ်တန်းလား နှစ်တန်းလား ကောင်းကောင်း မမှတ်မိတော့ဘူး။ မှတ်မိလည်း မထူးပါဘူး အဓိကပြောချင်တာက အတန်းမှ မဟုတ်တာ။ မိုးရေထဲက ဇာတ်လမ်းလေ . . . .
မှတ်မိသေးတယ်ဗျ ကျွန်တော်တို့ အတန်းပိုင်ဆရာမက အရိုက်ကြမ်းတဲ့နေရာမှာ နာမည်ကြီး။ ကျောင်းကို တစ်မိနစ်လောက်နောက်ကျရင် တစ်ချက်ရိုက်ခံရတယ်။ နှစ်မိနစ်ဆိုနှစ်ချက်။
ကျွန်တော်တို့ အိမ်က ကျောင်းနဲ့ သိပ်မဝေးဘူး ၁၀ မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပြီ။ ဒါကြောင့် မုန့်စားကျောင်း ဆင်းချိန်မှာ အိမ်ကို ကျွန်တော်က ပြန်ပြန်သွားတယ်။ တစ်ရက်မှာ မုန့်စားကျောင်းဆင်းချိန် အိမ်ကို ပြန်တယ်။ အဲဒီနေ့က အတန်း တက်တက်ခြင်း သင်ရမှာက အရိုက်ကြမ်းတဲ့ ဆရာမ။ ဖြစ်ချင်တော့ ကျွန်တော်က နောက်ကျနေပြီ။
ကျွန်တော်လည်း ကျောင်းရှိရာကို အပြေးလေး တစ်ပိုင်းနဲ့ လွယ်အိတ်လေး ကျောပိုးလို့ ပြေးတာပေါ့။ ပြဿနာက အဲဒီမှာ စတာပဲ။ ရူးက အရမ်းကို ပေါက်ချင်နေပြီ။ လမ်းဘေးမှာ ပေါက်လို့လဲ မဖြစ်ဘူးလေ။ အိမ်ပြန်ရင်လည်း နောက်ကျမှာ စိုးရသေး။ ကျောင်းရောက်အောင်လည်း မအောင့်ချင်တော့ဘူး။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာ မိုးသားတွေ ရုတ်တရက်တက်လာပြီး မိုးသီးမိုးပေါက်ကြီးတွေ ကျလာပါတော့တယ်။ အိုကေ အိမ်သာသွား စရာမလိုတော့ ကျွန်တော်ရူးကို ဘောင်းဘီထဲမှာ ပေါက်ချလိုက်တယ်။ တစ်ကိုယ်လုံး မိုးစိုသွားရင် ဘောင်းဘီထဲ သေးပေါက်တာ မသိသာတော့ဘူးလေ။
ကံများဆိုးချင်တော့ မိုးက မိုးပေါက်ကြီး တစ်ပေါက်နှစ်ပေါက် လောက်ကျပြီး ဆက်မရွာတော့ဘူး။ သေပြီလေ။ ဘောင်းဘီထဲကို ရူးကပေါက်ပြီးနေပြီ။ မိုးက မရွာတော့ ဘောင်းဘီတင် ကွက်စိုနေတာ။ ဘောင်းဘီက စိုနေတဲ့ ရူးတွေက ခြေသလုံးဆီကိုတောင် အိနြေ္ဒရရနဲ့ ဆက်ပြီးတောင် စီးကျနေလိုက်သေးတယ်။
သွားပြီ ဆိုတာ ကျွန်တော်သိလိုက်ပြီ။ ဘယ်လို လုပ်ရမလဲ အိမ်ပြန်ရင် ကျောင်းပြေးတယ် ဆိုပြီး အမေကရိုက်မယ်။ ကျောင်းသွားရင် အရှက်ကွဲမယ်။ ကျွန်တော်ဘာ လုပ်လို့လုပ်ရမှန်း မသိတော့ဘူး။
မထူးပါဘူးလေ ဆိုပြီး ကျွန်တော်လည်း ကျောင်းကိုပဲ ဆက်သွားလိုက်တယ် ။ ကျောင်းရောက်တော့ အတန်းထဲမှာ ခပ်တည်တည်နဲ့ ၀င်ထိုင်နေတယ်။ ခဏလောက်နေတော့ ဆရာမရောက်လာတယ်။ ကျွန်တော်က ကျောင်းမှာ ၀မ်းတူ ဖိုက် အတွင်းဝင်တဲ့သူ ဖြစ်နေပြန်တော့လည်း အရှေ့ဆုံးခုံမှာထိုင်ရတယ်။
ဆရာမလည်း လာရော . . . ဟယ်ဒီနားလေးက သေးစော်နံလိုက်တာတဲ့။ အားလုံးက တိတ်နေကြတယ်။ ဆရာမက ဆက်မေးတယ် ဘယ်သူ အတန်းထဲမှာ သေးပေါက်တာလဲတဲ့။ ဘယ်သူမှ ဘာမှ မပြောကြဘူး။ ဒါဆိုရင် အတန်းထဲမှာ သေးပေါက်တဲ့လူကို ကျောင်းဆင်းပေးမယ်တဲ့။ အဲဒီတော့ ကျွန်တော်လည်း ဘာရမှာလဲ သားသား ပေါက်တာဗျ။ ဆင်းပေးတော့ ဆိုပြီး လွယ်အိတ်လေးယူပြီး အတန်းထဲကနေ တစ်ချိုးထဲ ထွက်လာခဲ့တယ်။
ကျောင်းအပြင်တောင် မရောက်သေးဘူး ကောင်လေး ပြန်လာပြန်လာ ဆိုလို့ ပြန်သွားရပါတယ်။ သေချာတယ် ကံမကောင်းတော့ဘူး ဆိုတာ။
အတန်းထဲလည်း ရောက်ရော မကြီးမငယ်နဲ့ ဘောင်းဘီထဲ သေးပေါက်ချင်တဲ့ကောင် ဆိုပြီး ခုံပေါ်တက် မတ်တပ်ရပ်ပြီး အရိုက်ခံ ရပါလေရောဗျာ။ ပြီးတော့ သွား..နောက်ဆုံးမှာ သွားထိုင်တဲ့။
အရိုက်လည်း ခံရသေးတယ် နောက်ဆုံးမှာလည်း တစ်ယောက်တည်း ထိုင်ရသေးတယ်။ အင်း မိုးသာ တကယ်ရွာခဲ့ရင် ငါအဲလို ရိုက်ခံရမှာ မဟုတ်ဘူး။
တော်တော် ဆိုးတဲ့ မိုးရယ်

3 comments:

MELODYMAUNG said...

နင်တော်တော်နောက်၊ အစကဘောင်းဘီထဲ ရှူးပေါက်ချတဲ့ အကြောင်းဆိုတော့ ....တော်ပါသေးရဲ့ တစ်တန်းလား နှစ်တန်းလားမလို့ ဟားဟား

Anonymous said...

ဟုတ်ပ.. မယ်လိုဒီပြောသလို ၁တန်း ၂တန်းပဲ မို့လို့ ။ အောင်မလေး.. ခုထက်ထိရော သေးပေါက်ချတုန်းလား မောင်စိုးဇေး)

Unknown said...

ဟုတ်မဟုတ်တော့ သိဝူးး အသကုန်ရီရတာတော့
အမှန်ပဲ.. :D:D:D