Art is My Life: ကျန်ုပ်၏ပုံ

Sunday, June 03, 2007

ကျန်ုပ်၏ပုံ


ဤပုံသည်ကား ကျွန်တော့ပုံတည်း

လင်ဆေးလိုဟန်လို ကျွန်တော့်ကို ကြိတ်ကြွေနေသူများက လော့ကက်သီးထဲမှာ ထည့်ပြီး အမြတ်တနိုးဆွဲထားလိမ့်မည်
အမှန်တရားကို သိမြင်သူတို့က ခန့်ငြားသော ဥပတိရုပ်ရှိသည် ဟုပြောကြမည်
အဆိုးမြင်ဝါဒီ သမားများက အရုပ်ဆိုးသည်ဟု ပြောကောင်းပြောကြပါလိမ့်မည်
ဂျော့ဘုဘ်လို ကျွန်တော့်ကို ကြည်ညိုသူတို့က အမြင့်တနေရာတွင် ချိတ်ဆွဲကာ အိမ်ရာဝင်တိုင်း ရှိခိုးကြမည်
ဘင်လာဒင်လို အကြမ်းဖက် သမားများက ဆုတ်ဖြဲကောင်း ဆုတ်ဖြဲပါလိမ့်မည်
အိန်ဂျက်လီနာဂျိုလီ တွေ့ပါက အမွေစား အမွေ ခံအဖြစ် မွေးစားကောင်း မွေးစားပါလိမ့်မည်
အကောင်းမြင် ၀ါဒီရိုသူများက ဒီပို့ကို တင်တာ အိုင်ဒီယာ ကောင်းတယ်လို့ ကော့မင့်ပေးလိမ့်မည်
မနာလိုသူများက ပေါကြောင်ကြောင်နိုင်သည်ဟု မှတ်ချက်ချပါလိမ့်မည်
ကွန်ဒိုလီဇာရိုက်လို ကော့မင့်ပေးရန် ဥာဏ်မမှီသူများက အရူးနဲ့တုပြီး မပြောချင်ဘူးဟု အကြောင်းပြချက် ပေးကြလိမ့်မည်

မည်သို့ပင်ဆိုစေ ကျွန်တော်သည်ကား ကျွန်တော်သာဖြစ်ပါသည်

13 comments:

စိုးဇေယျထွန်း said...

မှတ်ချက် ။ ။ ကျွန်ုပ်၏ ပုံကို အလှ ကြည့်ရန် အတွက်သော်လည်းကောင်း ကြွက်ခြောက်ရန် အတွက်သော်လည်းကောင်း တစ်ကိုယ်ရေ တကာယ အသုံးပြုမည် ဆိုပါက ဖျက်ဆီး ပြုပြင်ခြင်း မရှိပဲ မူရင်းပုံ အတိုင်း မည်သည့် နေရာတွင် မဆိုလွတ်လပ် စွာအသုံး ပြုခွင့်ရှိသည်။
ပြည်တွင်း ပြည်ပ သတင်းစာများနှင့် ဝေါရှိများ စီးပွားရေး ကြော်ငြာများတွင် ထည့်သွင်း အသုံးပြုမည်ဆိုပါက ကြိုတင် လျှေက်လွှာတင် ပြီးဝယ်ယူရမည်။
အကယ်၍ စည်းကမ်း မလိုက်နာပါက
မြန်မာ နိုင်ငံတွင် လက်စပ် မသပ်ရသေးသေ ကော်ပီရိုက် ဥပဒေတွင် အမှုမကြီးကြီး အောင်ပြင်ဆင် ရေးသားပြီး ထိရောက်စွာ တရားစွဲ ဆိုသွားမည် ဖြစ်ပါသည်

နိုင်းနိုင်းစနေ said...

ဝင်ကြည့်ပြီး ကော်မန့်မရေးပြန်ရင်လဲ ဥာဏ်မမှီတဲ့လူ ထင်မှာစိုးတာနဲ့
ရေးလိုက်ပါတယ်.. ၂ကြောင်း .. ဘယ်လူကြမ်းနဲ့ တူလဲ မသိဘူး..း)

စိုးဇေယျထွန်း said...

မနိုင်းနိုင်းသည် အဆိုးမြင်ဝါ ဒီတစ်ဦးဖြစ်သည် :P

Anonymous said...

ဘာပြောရမလဲတောင်မသိဘူး.. =)ချော်တယ်..

Mayvelous said...

An interesting post.
Enjoyable read.
A good photo.
Looks like someone...

စိုးဇေယျထွန်း said...

ဒီမိုသည် ကော့မင့်ပေးရန် ဥာဏ်မမှီ သူဖြစ်ပြီး မေဗလပ်သည် အမှန်တရားကို သိမြင်သူ ဖြစ်သည် :P

Anonymous said...

Polytrichidae lar?
Buxbaumiidae lar? :D

Unknown said...

လင်ဆေးလိုဟန်က လည်ပင်းမှာ ဆွဲထားလိုက်ပြီ။ ပုံပေါ်မှာ ဇင်ကိုလတ်ပုံထပ်ကပ်ပြီး၊
ခန့်ငြားသော ဥပတိရုပ်ရှိသည်။ ခန့်ညားသော ဥပဓိရုပ်တော့မရှိပါ။
အကောင်းမြင်ဝါဒီများက အဆိုးရုပ်သည်ဟုမြင်သည်။
ဂျော့ဘုဘ်က အိမ်သာတက်တိုင်းလည်း ကြည့်သည်ဟုပြောသည်။
ဘင်လာဒင်က ဆရာတင်ချင်တာ ဆရာ မလုပ်သောကြောင့် ဆုတ်ဖြဲလိုက်သည်။
အိန်ဂျယ်လီနာက မွေးစားလိမ့်မည်။ စိုးဇေယျကလေးမွေးလျှင်။
အိုင်ဒီယာတော့ကောင်းသည်။ သို့သော် မျက်နှာပြောင်သည်။
ဥာဏ်မှီသောကြောင့် ဇင်ကိုလတ်ဆိုသော ဆရာသမားတစ်ဦးမှ ကော်မန့်ထားခဲ့ပြီ။

စိုးဇေယျထွန်း said...

ပုံပေါ်မှာ ဇင်ကိုလတ်ပုံထပ်ကပ်ပြီး (ကိုဇင်ကိုလတ်သည် ဒုတနသော ကိုမကြောက်သူ ဖြစ်သည် )
ခန့်ငြားသော ဥပတိရုပ်ရှိသည်။ ခန့်ညားသော ဥပဓိရုပ်တော့မရှိပါ။ ( သူ့ကို သူပြောသည်ဟု သာယူဆပါသည် )
ဂျော့ဘုဘ်က အိမ်သာတက်တိုင်းလည်း ကြည့်သည်ဟုပြောသည် ( ကျွန်တော့်ကို မဟုတ်ပါ ကိုဇင်ကို လတ်၏ ရည်စားကို ဖြစ်သည် )
ဘင်လာဒင်က ဆရာတင်ချင်တာ ဆရာ မလုပ်သောကြောင့် ဆုတ်ဖြဲလိုက်သည်။ ( ဘင်လာဒင်သည် အကြမ်းဖက်သမား တစ်ဦး ဖြစ်သည် )
အိုင်ဒီယာတော့ကောင်းသည်။ သို့သော် မျက်နှာပြောင်သည်။ ( ပြောင်မှာပေါ့ လူကချောတာကိုး :P )
ဥာဏ်မှီသောကြောင့် ဇင်ကိုလတ်ဆိုသော ဆရာသမားတစ်ဦးမှ ကော်မန့်ထားခဲ့ပြီ။ ( သူသည် ဆရာ တစ်ဆူ ဖြစ်သည် ဆိုသည်မှာ မှန်ကောင်းမှန်သည် သို့ရာတွင် ကောင်းသော နေရာ တွင်ကား မဟုတ် )

ကိုဖြိုး said...

ဘာပြောရမှန်းကို မသိတော့ဘူး တစ်ခုတော့ရှိတယ်။ ငါသာ မိန်းမဆို ရှောင်မှာ။ (ကြိုက်မိမှာစိုးလို့လို့တော့ မထင်ပါနဲ့နော်...)အဟီး...

စိုးဇေယျထွန်း said...

ဒီလောက်ချောတဲ့ လူကို မနာလိုဖြစ်နေတာလားကိုဖြိုး

Anonymous said...

ကိုစိုးဇေယျထွန်း (အသက်၂၃နှစ်)
အပြန်ရှင်မြတ်၏ အမိန့်တော် ခံယူခြင်းလား ..
ဟီး …

Anonymous said...
This comment has been removed by a blog administrator.