ကိုဖြိုးရေ ခင်ဗျားတက်ခိုင်းတာ တစ်ခုတည်း ကျွန်တော်က နှစ်ခု တက်လိုက်တယ်။
ဇာတ်လမ်း နံပါတ် ၂
အချိန်ကား မှောင်ရီပြိုးစ။ မိုးသည် အငြိုးဖြင့် သည်းထန်စွာ ရွာသွန်းလျှက်ရှိသည်။ ထီးအကြီးကြီးကို ဆောင်းပြီး မိုးရေထဲတွင် လမ်းလျှောက်နေသည်။
တပ်ရင်းသုံးမှတ်တိုင်မှ ဒဂုံမြို့သစ် အရှေ့ပိုင်းရပ်ကွက်သို့ သွားရန် လယ်ကွင်းရှည်ကြီးနှင့် အိမ်ယာစီမံကိန်း ကွင်းပြင်ကြီးကို ၁၅ မိနစ်စာလောက် လျှောက်ရသည်။ အခုကျွန်တော် တပ်ရင်းသုံးမှတ်တိုင်မှ ဒဂုံမြို့သစ် အရှေ့ပိုင်း ရပ်ကွက်သို့ ဦးတည်သွားနေသည်။
မိုးကြောင့် ကွင်းပြင်ကြီးတွင် ရေများသည် ခြေမျက်စိလောက် တက်နေပါသည်။ ထိုခြေမျက်စိခန့် ရှိသောရေထဲသို့ ကျွန်တော်ခြေလှမ်းများ ချလိုက်သည့် အခါတိုင်းတွင် လှိုင်းလေးများ ဖြစ်ပေါ်ပြီး ပတ်ဝန်းကျင်သို့ ဖြာထွက်သွားကြသည်။ ကျွန်တော်သည် ခြေချလိုက်တိုင်း ထွက်ပေါ်လာသည့် လှိုင်းလေးများကို အရသာခံကြည့်ကာ တစ်လမ်းချင်း လျှောက်လာခဲ့သည်။
တစ်နေရာ အရောက်တွင် ကျွန်တော်ခြေချလိုက်ရာမှ ထွက်ပေါ်သွားသော လှိုင်းလေးများကို ငေးကြည့်နေခိုက် ဆန့်ကျင်ဘက်အရပ်က လှိုင်းလေးများ ပေါ်ထွက်လာသည်။ လှိုင်းနှစ်ခု ရေလယ်မှာ ဆုံမိပြီး ပျက်ပြယ်သွားသည်။ ကျွန်တော် မော့ကြည့်လိုက်တော့ တစ်ဘက်မှ လှိုင်းလေးများ၏ ပိုင်ရှင်သည် မိန်းကလေးတစ်ယောက် ဖြစ်နေသည်။
ကောင်မလေးသည် ဘောင်းဘီရှည်ကို ဒူးခေါင်းလောက်ထိ ပင့်ထားပြီး မိုးရေထဲတွင် ထီးမပါပဲ လမ်းလျှောက်နေသည်။ ကျွန်တော် သူ့ကိုကျော်သွားတော့ ခေါ်သံတစ်ချက် ကြားလိုက်သည်။ အစ်ကိုတဲ့ . . . .
ဒီကွင်းပြင်ကြီး တစ်ခုလုံးမှာ သူရယ် ကျွန်တော်ရယ် နှစ်ယောက်တည်းရှိတာ။ ကျွန်တော့်ကို မခေါ်ရင် တခြားလူကို ခေါ်စရာမရှိပါ။ ထို့ကြောင့် ကျွန်တော် လှည့်ကြည့်လိုက်သည်။ ကျွန်တော် လှည့်ကြည့်လိုက်သော ကောင်မလေးက ပြုံးပြသည်။
ထီးကြုံလိုက်လို့ ရမလားတဲ့ . . .
ကိုဖြိုးရေ အိပ်ချင်ပြီကွာ ညရောက်မှ ဆက်ရေးမယ် မီးမပျက်ဘူး ဆိုရင်ပေါ့လေ။
Sunday, June 17, 2007
မိုးရေထဲက အမှတ်တရ ၂
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
3:29 PM
5 comments:
သူ့ဟာသူ ထီးဆောင်းချင်တာများ ငါ့လာပြောနေရသေးတယ် ဟင်းနော် ... ငါသိတယ် ... ထီးကြုံလိုက်လိုက်ခေါ်နေတာ ဘယ်နှစ်ယောက်ရှိပြီလဲ ...
ကိုဖြိုးကကြိုသိနေသလိုပဲ ဟဲဟဲ
ဆက်ရေးဆက်ရေး ဖတ်ချင်အောင် သူလုပ်ပြန်ပြီ
တ၀က်တပျက်ကြီးထားပြီးတော့.. တော်တော်ဆိုးတယ်.. :P
ဟိုက်.. စိုးဇေခေတ်မှ စကားလုံးအသစ်ကွ.. ထီးကြုံတဲ့ ။
bro ka lae... zat lann gyi ko tann lan gyi par lar? :P ti chin lar p naw
Post a Comment