Art is My Life: လမ်းဖြတ်ကူးမဲ့ နှလုံးသားလေးသို့

Monday, June 04, 2007

လမ်းဖြတ်ကူးမဲ့ နှလုံးသားလေးသို့

နှလုံးသားလေးရေ ဘ၀ရဲ့ အစမှာတော့ တစ်ကိုယ်တည်း ဆိုတဲ့ ပလက်ဖောင်းလေးမှာ လျှောက်နေတာပေါ့။
အရွယ် ရောက်လာ ပြီဆိုတော့လဲ စုံတွဲ ပလက်ဖောင်းလေးကို မင်းကူးချင်မှာပဲလေ ငါမတားပါဘူး သဘာဝပဲကိုး

ဒါပေမယ့် မင်းကိုမှာ ပြောချင်တာလေးတွေ မှာကြားပါရစေကွာ

တစ်ကိုယ်တည်းလျှေက်ရတဲ့ ပလက်ဖောင်းနဲ့ စုံတွဲလျှေက်တဲ့ ပလက်ဖောင်း နှစ်ခုကြားမှာ အဝေးပြေး ကားလမ်း ကြီးတစ်ခု ခြားထားတယ်

အဲဒီလမ်းမကြီးကို ကူးမယ်ဆိုရင် မော်တော်ပီကယ် မရှိဘူး၊ ဒါပေမယ့် မီးပွိုင့်တစ်ခု ကိုတော့ သတိထားမိရင် မင်းတွေ့ရပါလိမ့်မယ်
လမ်းကူးတော့မယ် ဆိုရင် မီးပွိုင့်ကို မြင်အောင်ကြည့် မီးစိမ်းနေလား.... မီးဝါနေလား.... မီးနီနေလား.....
မီးဝါနေရင် သွားမကူးနဲ့ ဒါဏ်ရိုက်ခံရ လိမ့်မယ်
နီနေရင်လည်း သွားမကူးနဲ့ အခန့်မသင့်ရင် ပွဲခြင်းပြီး သေသွားနိုင်တယ်
စိမ်းနေရင်တော့ အမြန်ဆုံးတာ ကူးပေတော့ မင်းစဉ်းစားနေလို့ ကြံ့ကြာရင် မီးပွိုင့်ဆိုတာ ပြန်နီချင် နီသွားတတ်မျိုးကွ
တစ်ခါတစ်လေ တော့လဲ လူတွေက ၀ါနေတဲ့ မီးကို လတ်ထိုးပြီး ကူးကြတယ်
မီးနီပြနေရင်လဲ စွန့်စွန့်စားစား ကူးတတ်ကြတယ် အဲဒါကလဲ ရင်ခုန်စရာ တစ်မျိုးကောင်းတာပဲ ကွ
ဒါပေမယ့် မင်းကတော့ အခုမှ စပြီးကူးမှာ ဆိုတော့ မီးနီနေရင် မကူးပါနဲ့ ကံမကောင်းလို့ မဆင်မခြင် မောင်းတဲ့ လူတွေနဲ့ တွေ့ရင် မီးစိမ်းမှာ ကူးတာတောင် တိုက်ခံရတတ်တယ်

သြော်တစ်ခုတော့ မှာလိုက်ဦးမယ်
လမ်းကူးခါနီးမှာ မျက်စိကို အိုင်းတက် စစ်သွားဦးနော် တချို့က ကာလာ ဘလိုင်းဖြစ်တော့ မီးနီကို မီးစိမ်းထင်ပြီး ကူးတတ်ကြလို့
ဒါပဲနော် ကံကောင်းပါစေ . . . .

1 comment:

minnthwin said...

တော်တော်မိုက်တဲ့ အတွေးလေးပဲ.....